မောင့်ဗစ်တိုးရီးယား
ကျမမှာ နေ့ခင်းကြောင်တောင်မက်တဲ့ အိမ်မက်တခု ရှိခဲ့ဖူးတယ်။ ကျောင်းပြီးခါစလောက်မှာ မြေပဒေသာကျွန်းက သင်တန်းခန်းမထဲမှာ ဒေါက်တာစောလွင်က ပရိုဂျက်တာနဲ့ ကချင်ပြည်နယ် ပူတာအိုရဲ့ တောနက်ထဲက သစ်ခွတွေအကြောင်း ရှင်းပြပြောပြခဲ့တဲ့အချိန်။ ကိုယ်ဘယ်လိုမှ ရောက်နိုင် သွားနိုင်မှာ မဟုတ်ဖူးလို့ တထစ်ချယုံကြည်ထားခဲ့တဲ့ နေရာ အဲ့ဒီနေရာကို ပြင်းပြင်းပြပြ သွားချင်စိတ်ပေါ်ခဲ့ဖူးတယ်။
နုစဉ်အိမ်မက် ဂယောက်ဂယက်ပေါ့။ စိတ်ကူးနဲ့တောင် ရောက်နိုင်စရာအကြောင်းမရှိပါဘူး။
လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က အပေါင်းသင်းများကောင်းမှုနဲ့ hiking နဲ့ ထိတွေ့မိတဲ့အခါမှာ
အိမ်မက်တချို့ကို အကောင်အထည်ဖော်ခွင့်ကြုံလာပါတယ်။ Hiking က အတွေ့အကြုံအသစ်မို့ စစချင်း အတော်လေး စိတ်လှုပ်ရှားစရာကောင်းသလို ပျော်စရာလည်းကောင်းတယ်။ ကျမလူဖြစ်လာတဲ့ သက်တမ်းတလျှောက် ဘဝက အခုမှ ပြည့်စုံသွားသလို ခံစားရတယ်။
ဒီလိုနဲ့ မနှစ်က အခါတွင်း သင်္ကြန် ပိတ်ရက်ရှည်မှာ ချင်းပြည်နယ်က ဝိတိုရိယတောင် ( ပေ ၁၀၅၀ဝ ) ကို တက်ဖြစ်ခဲ့တယ်။
ရထားမစီးဖြစ်တာ ဆယ်စုနှစ်ချီိနေတဲ့ ခရီးမို့ အတော်ပျော်တာ။ မန်းလေးကနေ ပခုက္ကူကိုရထား ပခုက္ကူကနေ မင်းတပ်ကို ကားနဲ့ ၁ဝ နာရီနီးပါးစီးခဲ့ရတယ်။ ကားစီးရတဲ့ခရီးကတော့ အတော်ကြမ်းတာမို့ ဆင်းပြီးလမ်းလျှောက်လို့ရရင်တောင် လျှောက်ချင်တယ်။ ရိက္ခာသယ်တဲ့ ကုန်ကားလိုမျိုးထဲ လူရော အိတ်ရောပစ္စည်းရော စုပြုံလိုက်ရတာမို့ ခုနေပြန်တွေးရင်တောင် အသက်ရှူကျပ်တယ်။
ဒါက ပခုက္ကူကနေ မင်းတပ်ကို ၁ဝ နာရီကြာအောင် စီးခဲ့ရတဲ့ ကားတွေ
အဖွဲ့အစည်းနဲ့သွားရတာမို့ Do နဲ့ Don’t စည်းကမ်းလေးတွေတော့ လိုက်နာရပါတယ်။
စည်းကမ်းမလိုက်နာရင် RTU (Return to Unit) လုပ်မှာမို့ပါ။ ကိုယ့်ဖာသာကိုယ်သွားတဲ့ အပျော်ခရီးမဟုတ်ပါဘူး။
စစချင်းဆောက်နဲ့ထွင်းပဲ အဲ့ခရီးမှာ ကျမကျောပိုးအိတ်ကို မသယ်နိုင်ခဲ့ဘူး။ ထရိန်နင်မမှန်တာရော ပထမဆုံးတောင်တက်ခရီးဖြစ်တာရောမို့ အတွေ့အကြုံကလည်း မရှိနဲ့ အတော်လေးကို ပင်ပန်းပါတယ်။ အဲ့တုန်းကများ လမ်းတဝက်နဲ့ လှည့်ပြန်ချင်စိတ်ခဏခဏပေါက်ပါတယ်။
အစားလည်း ကောင်းကောင်းမစားနိုင်ခဲ့ပါဘူး။( နောက်မှ သဘောပေါက်တာက ဝိတိုရိယခရီးက တကယ့်ကို ပေါ့ပေါ့ပါးပါးလေးပဲ ရှိတယ်ဆိုတာကိုပါ။ )
မင်းတပ်ကနေ ခြေလျင်ခရီးနှင်လိုက်တာ တောင်တွေရွာတွေကိုဖြတ်ပြီးရင် အေးစခန်းကို ရောက်ပါတယ်။ မူလတန်းကျောင်းလေးပါ။ ကားလမ်းပေါက်တာမို့ ကားလမ်းက လျှောက်လိုက် ဖြတ်လမ်းတွေက တက်လိုက်နဲ့ ဆင်းလိုက်တက်လိုက်ပါပဲ။
ဟိုးအရင် ကျမကြားဖူးတာက ချင်းတောင်ပေါ်ကဇလပ်ပန်းနီနီရယ် လက်တကမ်းမှာ လှမ်းဆုပ်လို့ရတဲ့ သစ်ခွတွေအကြောင်းရယ်ပါ။
အဲ့လည်းရောက်ရော ရေနည်းစပြုလာတဲ့ ချီချောင်းရယ် တောမီးကြောင့်ရော လူတွေကြောင့် ရော တောင်ကတုံးဖြစ်နေတဲ့ တောတွေတောင်တွေရယ် ပူပြင်းလှတဲ့ ဧပရယ်နွေရယ် ကျမကို ကြိုနေပါတယ်။ တောင်ပေါ်ရှုခင်းကတော့ ကိုယ်ထင်ထားသလို ပဲ လှတယ်။ သစ်ပင်တွေကတော့ ကိုယ်မျှော်လင့်ထားသလောက်မများတော့တာမို့ ရင်ထဲ ဟာတာတာပါ။
လမ်းမှာ မီးကျွမ်းနေတဲ့ သစ်ပင်တွေ ကို ခုတ်လက်စရော လဲနေတာတွေရော အများကြီး တွေ့ခဲ့ပါတယ်။ အဲ့ဒီမီးကျွမ်းသစ်တောကို ဖြတ်တော့ စိတ်ထဲ မှောင်မှောင်မှိုင်းမှိုင်းနဲ့ပါ ။ အပင်တွေကို တောင်အောက်သယ်ဖို့ အလွန်ခက်တာမို့ ကောင်းတဲ့ သစ်ပင်ကြီးတွေကို ဘာလို့များ ခုတ်ရတာလဲလို့ပါ။ အကြောင်းတွေအများကြီးထဲက တချို့ကတော့ အိမ်သုံးအတွက် သုံးတာ။ နောက်တခုက သစ်ခွမုဆိုးများက အပင်ထိပ်ဖျားမှာ ရှိတဲ့ သစ်ခွကို လိုချင်လို့ အပင်ကို အရင်းက လှဲပြီး ယူတာတဲ့။ အဲ့အပင်ကို သယ်ဖို့ဆိုတာ လူတောင် မနည်းတက်ရတဲ့လမ်းတွေမို့ ဘယ်လိုမှ အောက်ရောက်နိုင်စရာ မရှိဘူးရယ်။
အဲ့ဒီနားက သစ်ပင်တုံးလုံးပက်လက်တွေကို ကြည့်ပြီး လူက ငုတ်တုတ်မေ့တော့မလို့။ လက်တကမ်းမှာ ရှိတယ်ဆိုတဲ့ သစ်ခွတွေက ပုံပြင်ဖြစ်သွားပြီ။ သစ်ခွတွေကလည်း ရှိတော့ရှိတယ် ရှားတယ်။ လွယ်ကူမြင်သာတဲ့နေရာမှာ မဟုတ်တော့ဘူး။ တက်ခဲ့တဲ့ လမ်းတလျှောက် အိမ်လေးတွေ ကြိုးကြား ကြိုးကြားပါ။ ယူနီဆက်က လုပ်ပေးထားတဲ့ ရေပိုက်တွေ ရှိလို့ ရေကတော့ မပြတ်လှပါဘူး။
ဒါပေမဲ့ ပေ ၆၀၀ဝ ကျော်သွားရင်တော့ သစ်ပင်ကြီးတွေစတွေ့ရပါပြီ။ ရေလည်းရှားပြီ။ တဖြည်းဖြည်းလည်း အပူလျော့လာတယ်။ အေးစပြုြုပီ။ အဲ့ခါကျမှ တကယ့်တောကိုတွေ့ရတာ။ အပင်ကြီးတွေများလာပြီ။ လမ်းတလျှောက်တွေ့ ရတဲ့ ချင်းခွေးတွေက အရမ်းချစ်စရာကောင်းတယ် ။ လူနဲ့လည်း ယဉ်တယ်။
ပေ ၆ ထောင်ကျော်လာတော့ အပင်ကြီးတွေစတွေ့ပြီ
အေးစခန်းမှာတရက်ညအိပ်ပြီး နောက်ရက်မှာ တောင်ထိပ်စခန်းကို ဆက်ပါတယ်။ တောင်ထိပ်စခန်းမှာ ညအိပ်ပြီး မနက် ၅ နာရီလောက်မှာ summit ကိုတက် ပြီးတာနဲ့ အေးစခန်းကို ပြန်လာနားပါတယ်။
ဧပရယ်ဆိုပေမဲ့ နေ့ခင်းဘက်သာ ပူတာ ညဘက်ရောက်တော့ စိမ့်နေအောင်အေးပါတယ်။ လေကလည်းတဟူးဟူးနဲ့ ပါ။
တကယ်တမ်းတော့ ဝိတိုရိယတက်တယ်ဆိုတာ ရေခဲတောင်တက်ဖို့အတွက် ထရိန်နင်ဆင်းတဲ့ သဘောနဲ့လာတက်ရတာပါ။ ဒီခရီးပင်ပန်းတယ်ဆိုတာ မပြောပလောက်ပါဘူး။
ဒီဒေသနဲ့ ပတ်သတ်ပြီး ကျမမြင်မိ ခံစားမိ သိခဲ့မိတာ တချို့ရှိပါတယ်။ ကျမရောက်ခဲ့တဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသက ဆင်းရဲပါတယ်။ (ဒီလိုပြောလိုက်တော့လည်း တခြားဒေသတွေက ချမ်းသာနေတာ ကြလို့နော်။ တကယ်တမ်းပြောရမယ်ဆိုရင် ကျမတို့ ဆင်းရဲတာထက် သူတို့ ပိုဆင်းရဲတာကို ပြောတာပါ။ ) အထူးသဖြင့် စိုက်ပျိုးရေးမှာ အောင်မြင်သင့်သလောက်မအောင်မြင်ဘူး။ အကြောင်းက ဟိုးအရင်က သူတို့ ဆီမှာ အမျိုးသားက အမဲလိုက်တယ် အမျိုးသမီးက တောင်ယာစိုက်တယ်။ အိမ်ထောင်ဦးစီး ဟင်းစားရှာသလို ကျန်သူ အိမ်သူကလည်း တနိုင် ကူတဲ့သဘောပေါ့။
ဆိုတော့ တွေးမိသလောက် အမျိုးသမီးကပဲ လယ်ယာလုပ်တော့ ယောက်ျားသားတွေလုပ်တာလောက် ခရီးမတွင်ဘူးပေါ့။ အဲ့ဒီဒေသလို တောင်ယာစိုက်ပျိုးရေးဆိုတာ မြေပြန့်ထက် ပိုပင်ပန်းတယ် ခက်ခဲတယ်။ စိုက်ပျိုးရေးမှာ အားနည်းတော့ အစာရေစာမပေါကြွယ်တော့ဘူးပေါ့။ ပေါပေါများများ ရောင်းချနိုင်လောက်အောင် မစိုက်ပျိုးနိုင်ဘူး။ နောက်မိန်းမသားခွန်အားက နည်းတယ်လေ။ သူတို့မှာ ကိုယ်ဝန်ဆောင်တာ မီးဖွားတာတွေ ကလေးငယ်စောင့်ရှောက်ရတာလည်း ရှိသေးတာကိုး။ ကာလတခု ဖြတ်ကျော်ပြီးတဲ့အခါ တောင်တွေက လည်း တောင်ကတုံး စိုက်ပျိုးမြေကလည်းရှားသွားတာပေါ့။ (ဒါက မနှစ်က ကျမရောက်ခဲ့တဲ့ သိခဲ့တဲ့ အနေအထားပါ၊ ကျမနေခဲ့တဲ့ ရက်ကလည်းတိုတော့ အသိမပြည့်စုံတာ အမှားရှိတာကိုလည်း သိသူရှိရင်ပြင်ပေးပါ။ )
အဲ့ဒီဒေသမှာ ချင်းလူမျိုးချည်း မျိုးနွယ်စုပေါင်း ၅ဝ ကျော်နီးပါးရှိတယ်။ မျိုးနွယ်စုများပေမဲ့ လူဦးရေနည်းတယ်။ မျိုးနွယ်စုအချင်းချင်း သင့်မြတ်တာရှိသလို မသင့်မြတ်တာလည်းရှိတယ်။ သူတို့မှာ ဟိုးအရင်တုန်းက ကျင့်သုံးခဲ့တဲ့ ဓလေ့တခုရှိတယ်။ ဥပမာ အေ မျိုးနွယ်စုက လူတယောက်က ဘီမျိုးနွယ်စုက လူတယောက်ကြောင့် အသက်ဆုံးရှုံးသွားတယ်ဆိုရင် အေမျိုးနွယ်စုက လူက ဘီမျိုးနွယ်စုထဲက ကျန်ခဲ့တဲ့ ဘယ်သူ့ကို မဆို တယောက်ကို အစားပြန်သတ်ခွင့်ရှိပါတယ်။ သူတို့ဘယ်သူ့ကို် ဘယ်အချိန်မှာ သတ်မယ်ဆိုတာမသိတဲ့ အတွက် အမြဲတမ်းတထိတ်ထိတ်နဲ့ စောင့်နေရပါတယ်။ သူတို့ကလည်း တဖက်မျိုးနွယ်စုထဲက အတော်ဆုံးယောက်ျားကို ရွေးပြီး တခါတလေ မင်္ဂလာဆောင်ခါနီးမှာတောင် သတ်တတ်ပါတယ်တဲ့။ ဒါက ဟိုးအရင် သူတို့မျိုးနွယ်စုတွေမှာ ရှိခဲ့ ကျင့်သုံးခဲ့တဲ့ ဓလေ့ပါ။ အခု အကျုံးဝင်သေး သုံးသေးလားတော့မသိဘူး။
ဆိုတော့ ကောက်ရရင် သူတို့မျိုးနွယ်စုတွေ အားလုံး အခုလိုအချိန်မှာ အတူတူ ပေါင်းနေဖို့ နည်းနည်းတော့ ခက်ခဲမယ်ထင်ပါတယ်။ အခုမရှိတောင် အရင် ကအစအနလေးတွေရှိနေအုန်းမှာလေ။
ဘာဖြစ်လို့ ပေါင်းနေဖို့ ပြောတာလဲဆိုတော့ အကြောင်းရှိပါတယ်။ သူတို့ မျိုးနွယ်စုလေးတွေ နေတဲ့ တောင်ပေါ်လေးတွေမှာ (အိမ်ခြေက ဆယ်ဂဏန်းပဲ ရှိပါတယ် ) အစိုးရက မူလတန်းကျောင်းစသဖြင့် ထားပေးတဲ့အခါ ကျောင်းသားဦးရေက အလွန်ဆုံးရှိမှ ဆယ်ဂဏန်းပေါ့။ တခါတလေ ဆယ်ယောက်တောင် ပြည့်ချင်မှ ပြည့်ပါလိမ့်မယ်။ သွားရေးလာရေး စားရေးသောက်ရေးလည်း ခက်တော့ ဆရာဝန်ဖြစ်စေ ကျောင်းဆရာမဖြစ်စေ ဘယ်လောက်တောင့်ခံနိုင်မှာမို့လဲ။ ဒီတောင်တွေပေါ်ကို နေ့စဉ်တက်လိုက်ဆင်းလိုက်ဆိုတာ ဒေသခံတွေအတွက် ထမင်းစားရေသောက်ပေမဲ့ မြေပြန့်နေသူအဖို့ ခက်ခဲပါတယ်။ ယူနီဆက်ကောင်းမှုနဲ့ ရေဘုံပိုင်လေးတွေ တောင်တွေပေါ်ထိရောက်ပြီး ရေကတော့ မရှားလှပါဘူး။ ပေါတော့ မပေါဘူးပေါ့။
ဆိုတော့ ဆိုင်ရာက ပြန့်ကျဲနေတဲ့ မျိုးနွယ်စုတွေကို တောင်ပေါ်မဟုတ်တဲ့ မြေပြန့်ချိုင့်ဝှမ်းလို စိုက်လို့ ပျိုးလို့ သွားလို့ လာလို့ အဆင်ပြေမဲ့ နေရာမှာ ရွာကြီးသဘောမျိုးတည်ပြီး ကျောင်းလည်းဆောက် ပြီး ကလေးတွေ စာကောင်းကောင်းသင်လို့ ရအောင် စိုက်ပျိုးတဲ့အခါလည်း စုပေါင်းအားနဲ့ အထွက်တိုးအောင် ကြိုးစားပေးခဲ့ ဖူး တယ်ပြောပါတယ်။ ဒါပေမဲ့ စည်းရုံးလို့ မရခဲ့ပါဘူးတဲ့။ သူတို့အနေနဲ့လည်း ကိုယ့်ဒေသကို မြတ်နိုးတဲ့ တွယ်တာတဲ့ စိတ်လေးတွေလည်း ရှိနေမှာကိုး။ ( အခုတော့ ဘယ်အခြေနေရှိတယ် မသိဘူး)
ဆိုတော့ ရှားပါးဆင်းရဲတဲ့အခါ ဒုက္ခသယ်အဖြစ်နဲ့ နယ်စပ်သွားတဲ့သူတွေ ဟိုဘက်အခြမ်းက ကမာ္ဘ့တိုင်းပြည်တွေကို သွားတဲ့သူရှိတယ်။ ဖုန်းဆိုးမြေလို စွန့်ခွာသူတွေ ရှိတယ်။ ပညာတတ်ဖြစ်သွားရင်တောင် ကိုယ့်နယ်ကိုယ် ပြန်လာချင်ရင်တောင် အခြေနေမပေးတဲ့ ဒေသခံတွေ ရှိကောင်းရှိပါလိမ့်မယ်။
ဒီလိုဒေသတွေအတွက် ကျမ မရင်းနှီးသေးတဲ့ နားမလည်သေးတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဝေါဟာရနဲ့ ဘယ်လို ကျင့်သုံး ဆောင်ရွက်ပေးကြမလဲ ဆိုတာလည်း စိတ်ဝင်စားပါတယ်။
ပြောရရင်တော့ ချင်းသူပုန်မရှိတာ ဒေသဆင်းရဲလို့ ပါ။ ဒေသက ကြွယ်ဝရင် ရှိကောင်းရှိပါလိမ့်မယ်။
ဒါပေမဲ့ အားသာချက်က သူ့ရဲ့ တောတောင် ရေမြေသဘာဝအလှတွေ ဒေသခံတွေရဲ့ ရိုးသားဖြူစင်မှု အရိုင်းပန်းအလှတွေကို အရှိအတိုင်းထားပြီး ခရီးသွားလုပ်ငန်းတခုအနေနဲ့ ကောင်းကောင်းကြီး ဆွဲဆောင် လုပ်ကိုင်နိုင်ပါတယ်။ အခုလက်ရှိလည်း တော်တော်များများဒေသတွေ ဒါကို ဦးတည်ပြီး လုပ်နေကြပါတယ်။
အခုဧပရယ်တောင် တောင်ထိပ်မှာ တော်တော်လှပါတယ်။ တောင်ထိပ်အထိလည်း ကားလမ်းပေါက်ပါပြီ။ နောက် လမ်းတဝက်လောက်မှာလည်း Guest House အသေးစားတခု ဒေသခံက ဖွင့်ထားပါတယ်။ သစ်သားအိမ်ဖြစ်ပြီး ကုတင်မပါ ပဲ အခန်းမှာ အခင်းနဲ့ အိပ်ရမှာပါ။ ဈေးကလည်း တညကို တသောင်းခွဲလောက်ပဲ ရှိပါတယ်။
ဒီတောင်တန်းတွေ ရှုခင်းတွေကို ကမာ္ဘလှည့်ခရီးသွားဆွဲဆောင်စရာဒေသ တခုအနေနဲ့ လည်ပတ်ခိုင်းလို့ရတယ်။ စကားစပ်လို့ ပြောရရင် ဒီဇင်ဘာလမှာ ဝိတိုရိယကို ခရီးသွားဖို့ အကောင်းဆုံး အလှဆုံးတခုအနေနဲ့ Tourist Destination မှာ ပြောထားပါတယ်။ တော်တော်လေးကို လှတယ်ပြောပါတယ်။ ဒါကြောင့်မို့ အခြေနေပေးရင် ဒီဇင်ဘာလိုရာသီမှာ တခေါက်လောက်တော့ ထပ်သွားကြည့်အုန်းမလားလို့ပါ။ ကားလမ်းကပဲ ဖြစ်ဖြစ်ပေါ့။
ကျန်နေသေးတဲ့ သစ်ခွတချို့တလေ
အမြင့်ရောက်လေ သဘာဝတရားကသာယာလေပဲ
တောင်ဇလပ်နီပင်
တောင်ရဲ့ဒီဘက်အခြမ်း လူမနေတဲ့ဘက်မှာတော့ တောကကောင်းနေသေးတယ်၊ ပေတသောင်းနီးနီးမြင့်တဲ့နေရာမရောက်ခင်
တောင်ထိပ်ကနေ လှမ်းမြင်ရတဲ့ရှုခင်း
ချင်းခွေး
မင်းတပ်မြို့လည်ခေါင်
ဒါကတော့ ၂၀၁၃ ဧပြီလက သွားဖြစ်ခဲ့တဲ့ ဝိတိုရိယ (Mt.Victoria) ပါ။
မဆုံးသေးတဲ့ အိမ်မက်တွေကို ဆက်ပါအုန်းမယ်။
79 comments
ရွှေတိုက်စိုး
July 29, 2014 at 1:40 pm
မောင့်ဗစ်တိုးရီးယားရယ်…. လှမှလှ…
စာထပ်ဖတ်လိုက်အုံးမယ်… နေရာလာဦးတာ… ဟေ့ဟေ့…
အခုလိုတွေ.ရတာဝမ်းသာပါ၏..
ခင်ဇော်
July 29, 2014 at 1:42 pm
ဝေ။
ဂလို ဝေဝေဆာဆာ နဲ့ ပြန်လာတာကို ဝမ်းသာလိုက်တာ။
ပြန်လာမယ် အပုလေးးး။
:chit:
စကားမစပ် ဗစ်တိုးရီးယားကို ဘက်ခမ်းယူသွားကတည်းက စိတ်နာတာ။
pooch
July 29, 2014 at 2:05 pm
me too… ဘက်ခမ်းခေတ်တုန်းက မဆလာမလေးများ က အပြိုင်ဆိုတော့ မကြာပါဘူး
အသဲခွဲခံလိုက်ရတယ်
ရွှေတိုက်စိုး
July 29, 2014 at 1:50 pm
အခုလိုအဖွဲ.လိုက် တောင်တက် သဘာဝရှုခင်းတွေကြည့် ဓာတ်ပုံရိုက် စိတ်လွတ်လက်လွတ်နဲ. fresh ဖြစ်တာပေါ့ဗျာ…. ဓာတ်ပုံကြည့်ရတာနဲ.တင် တော်တော် အပန်းပြေနေပြီ…
ဟို တောင်စောင်း ဗွီရှိတ်လေးနဲ. အပင်တွေ တစောင်းပေါက်နေတဲ့ ပုံလေး အတော်သဘောကျမိသားဗျာ……
pooch
July 29, 2014 at 2:15 pm
တိုက်တိုက်ရေ ကျမလည်း ခရီးသွားဖြစ်မှ အလုပ်ပိုလုပ်နိုင်လာသလိုပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် လူကသာ ပင်ပန်းတာ စိတ်ကတော့ အတော်လေး ကြည်လင်လာတယ်။
သမီးလေးအလှည့်ကျရင် ခရီးများများသွားနိုင်အောင် ပံ့ပိုးပေးနော်။
ရွှေတိုက်စိုး
July 29, 2014 at 3:59 pm
အေးဗျ… ကျွန်တော် သမီးအတွက် စဉ်းစားထားပါတယ်ဗျာ…. ကိုယ်တတ်နိုင်သရွေ.တော့ မသေမချင်း တောက်လျှောက်ပံ့ပိုးပေးမှာပါ….
ကျွန်တော်တို.ဘဝတွေမှာ ဖြတ်သန်းလာတဲ့ မလိုအပ်တဲ့ တားဆီးပိတ်ပင်မှုတွေကို ကိုယ်ချင်းစာပြီး ပံ့ပိုးပေးဖို. ပြင်ဆင်ထားပါတယ်ဗျာ….
ဦးကျောက်ခဲ
July 29, 2014 at 1:59 pm
ဂွဇက်တကျော့ပြန်မယ်ပုချ်ကို ကြိုဆိုပါတယ်ဗျား…
ဓာတ်ပုံရိုက်ကလည်းကောင်း တောတောင်သဘာဝကလည်းလှတာမို့ ဗရာဗိုပါ…
အဲသည့်လို မြင်ကွင်းတွေကိုမြင်ရရင် ကျောင်းသားဘဝ ကွင်းဆင်းခရီးတွေကို အလွမ်းသား…
အဟိ… စခန်းလေးတွေအသင့်ရှိတော့ အိမ်သာကျင်း မတူးရဘူးပေါ့…
pooch
July 29, 2014 at 2:19 pm
မှတ်မှတ်ရရ အဲ့ခရီး မသွားဖြစ်ခင် ဦးကျောက်နဲ့တွေ့ဖြစ်တာလေ ထရိန်နင်ဆင်းနေဆဲကာလ
ကျောက်ရဲ့ နှင်းနဲ့တောင် ဖုန်းပြောလိုက်ရသေးတယ် ဟုတ်
အိမ်သာကျင်းကတော့ တူးရတယ် ဦးကျောက်ရေ ဒါပေမဲ့ ယောက်ျားလေးတွေ လုပ်ရတာပေါ့။
အနော်တို့က အချက်အပြုတ် အဆေးအကြော ။
kai
July 29, 2014 at 2:05 pm
ဒီနှစ်ပိုင်းထဲ.. ယူအက်စ်က အမျိုးသားဥယာဉ်တောကြီးတွေထဲလိုက်သွားဖူးနေတော့ကာ…
အခုမြင်ရတဲ့အပင်တွေအားမလိုအားမရဖြစ်မိတယ်..။
ယူအက်စ်အပင်တွေက.. နှစ်ထောင်ချီသက်တမ်းတွေမို့.. လုံးပါတ်..အမြင့်မနည်းမနောကြီးတွေ..
စကားအတင်းစပ်…
လမ်းဘေးတွေ့တဲ့ရေကို.. စုပ်သောက်လို့ရတဲ့.. ရေစစ်ပိုက်ကလေးတွေ့လို့.. ခရီးသွားတွေကို.. မဲဖောက်လက်ဆောင်ပေးမယ်ဆိုပြီး.. ဝယ်ထားသေး..
ရေလီတာ ၁၀၀ဝ ကိုစစ်ပေးတယ်ဆိုပဲ..
ဒေါ်လှ ၂ဝလောက်ကျတာလေးပေမယ့်.. ခရီးသွားတွေအသုံးဝင်မယ်ထင်လို့..
LifeStraw – Wikipedia, the free encyclopedia
LifeStraw is a water filter designed to be used by one person to filter water so that they may safely drink it. It filters a maximum of 1000 litres of water, enough for ..
pooch
July 29, 2014 at 2:32 pm
ဟုတ်တယ် သူကြီး ၈ဝပြည့် လောက်က သွားဖူးတဲ့ လူကြီးများ တခေါက်ပြန်ရောက်လာတဲ့အခါ မြင်ကွင်းက တောင်ကတုံးပဲ ကျန်တော့တယ်ဆိုပြီး ပြောကြတယ်။
ရေရှည်ထိန်းသိမ်းမှ ရတဲ့ အရာတွေကို တန်ဖိုးသိအောင် အရင်ဆုံး ကြိုုးစားပေးရမှာ။
ရေစစ်သောက်တာတော့ စိတ်ဝင်စားတယ် မဲပေါက်မှပေးမှာလား ဟင်
kai
July 29, 2014 at 4:38 pm
နောက်ခရီးသွားဆောင်းပါးတပုဒ်ပေးရင် ပေးမယ်လေ..။
ဒါပေမယ့်ရန်ကုန်အထိပဲလူကြုံရှိတယ်..။ ကျန်တာ ကိုယ့်ဖာကိုယ်ကြံဖန်လေ..။ :i:
မဲဖောက်ဖို့အတွက်.. စစ်တပ်သုံးဓါးလေးတချောင်းရယ်..။
ပိုက်ဆံအိပ်ထဲထည့်လို့ရတဲ့.. ကရက်ဒစ်ကဒ်လိုခေါက်သိမ်းလို့ရတဲ့ ဓါးပိစိတချောင်းရယ် ရှိသေးတယ်..။ :k:
ခရီးသွားဖြစ်နေတာမို့.. လိုတာတွေသွားဝယ်ရင်း.. ဝယ်ထားတာ..။
pooch
July 29, 2014 at 4:55 pm
ဂယ်လား ကလောပေးမယ် ရေးပေးမယ်ခဏစောင့် ဘယ်နေ့နောက်ဆုံးလဲ ။
ဟီး ဒါဆို ရေးပြီးသားတွေ တန်းစီထားတာ ဖုန်ကန်ထိပဲတင်မယ် ။
ကျန်တာ သူကြီး သတင်းစာထွက်ပြီးမှပဲ တင်မယ် ဒန်တန်တန်……
ရန်ကုန်ကနေ မန်းလေးရောက်ဖို့များ လွယ်လွယ်လေး ရောက်မှသာပြောတော့။
ကိုယ်တိုင်သွားယူပလိုက်မယ် ဒီက စိတ်ကြီးတယ်။
ဒီနေ့အိပ်ဖို့ မေ့နေသလား သူကြီး ကျန်းမာရေးလေးလည်း ဂရုစိုက်ပါအုန်း
မအိပ်မနေ အသက်ရှည်များ လုပ်နေသလား
kai
July 29, 2014 at 5:02 pm
အဟမ်း..
ပြီးခဲ့တဲ့တပါတ်ကတင်.. ဆေးသွားစစ်ထားတာ.. ဘာရောဂါထူးမှမရှိ..
ဆိုတော့.. ၃နာရီလဲခွဲနေပြီ.. ခလောလိုက်ပါဦးမယ်..။
…. ဒီလိုပဲ.. အိပ်ချိန်ကနေ.. ရှင်ချိန်ကို.. ခိုးတာ…။ :k:
စာကို အရင်အတိုင်းအနေလောက်ပဲ.. တောင်တက်ဆောင်းပါးလေး…… နောက်လ ၁ဝအရောက်ဖြစ်မလား..
pooch
July 30, 2014 at 4:34 pm
oki သူကြီး
ခင်ဇော်
July 29, 2014 at 2:15 pm
ဟို တခေါက် တောင်တက်တုန်းက ရှုခင်းပုံတွေ ပိုရလိုက်သလားပဲ။
အရမ်းလှလို့။
အပင်တွေကို အောက်ကပင့်ပြီး ရိုက်ထားတဲ့ တစ်ပုံဆို မျက်စိထဲက မထွက်ဘူးးး
လက်ရာ အရမ်းတက်လာတယ်။
ပြီးတော့ အများကြီးမှာ ရိုက်ချက် မထပ်ဘူးးး
ဒီမှာ ရှယ်ပါဦးလားဟယ်။
မြန်မာပြည်ရှုခင်းထဲမှာ မြင်ရခဲတာလိုမျိုးမို့။ ရန်ကုန် မန်းလေး ရှုခင်းတွေက ရိုးနေပြီ။
ဟိုနားဒီနား ရေထသောက်ရမှာ ပျင်းတဲ့ မိန်းမတစ်ယောက်ကိုရော အဲလို ခရီးထွက်ချင်လာအောင် ဆွဲဆောင်ပေးနိုင်မလားဟင်?
ဥပမာ ဒီ အဖွဲ့ထဲ ဘယ်မင်းသား ပါတယ် ဆိုတာမျိုးးး၊ အဟိ။
:mrgreenn:
သစ်ခွတွေကို ရင်ခုန်သွားတယ်။
လှလိုက်တာ၊
:chit:
pooch
July 29, 2014 at 2:43 pm
အဲ့ပုံတွေ လှတာက ဖိုတိုကူရှော့ပေးတဲ့ ဖားတကောင်ကျေးဇူးကြောင့်
သေချာ အရိုင်းတင်ပေးလိုက်တာပါ။ အရှိတိုင်းမြင်ရအောင်။
ခုရေခဲတောင်ပုံတွေ ကျတော့ စိတ်မဝင်စားဘူးတဲ့ ဘီကီနီ ဝတ်တွေပဲ စိတ်ပါတော့တယ်ဆိုပဲ ဖြစ်ပုံများ ;'(
ခင်ဇော်
July 29, 2014 at 2:47 pm
ဟီးးး
သူပြလို့ မြင်တာပဲဟာ။
:mrgreenn:
မယ်ပု ပုံတွေ ပြင်ပေးနေတယ် ဆိုပြီးးးး
ပြီးမှ ဟိုဘက် ချမ်းမြေ့ မှာတွေ့တာ။
🙂
ခုတော့ ကု စရာ ဆေးမရှိတော့မရှိတော့ဘူးးး
ဇ ပြင်းတာတွေ့ ကိုင်နေတယ်။
:kwi:
black chaw
July 29, 2014 at 2:18 pm
ဟမ်း!!!!!
ကောင်းမှကောင်း!!!!
အေးအေးဆေးဆေး ဖတ်ဖို့ ဒေါင်းလုဒ်ဆွဲ
ယူသိမ်းသွားပါတယ် မမပုချ်ရေ။
ပြီးမှ တစ်ခေါက် ပြန်လာခဲ့ပါ့မယ်ဗျာ။
ဓါတ်ပုံလေးတွေ ထူးထူးခြားခြားလှတာတော့
ပြောခဲ့ပါရစေဦးဗျာ။
ချစ်ခင်လေးစားတဲ့…
ဦးဘလက်…။
pooch
July 29, 2014 at 2:47 pm
စာပြန်ရေးဖြစ်တာ ကိုဘလက်ကြောင့်လည်းပါတယ်။
အရေးကျဲရတဲ့အထဲ မရေးဖြစ်တာ နှစ်ပေါက်နေတာမို့ အတော်မုဒ်သွင်းရတယ်။
ခရီးတွေ သွားပလိုက်စမ်းပါ ကိုဘလက်ရယ် ဘာပူရတာမှတ်လို့ ကျန်းမာရေးကောင်းတုန်း သွားနိုင်သမျှ များများသွားပါ။
ခင်ဇော်
July 29, 2014 at 2:49 pm
ခေါ်သွား ဇမ်းဘာ အေ။
ဒီလူဂျီးးး နာ့ ကို ချော့တခါ ခြောက်တလှည့် စာတွေ ဇွတ်ရေးခိုင်းနေလို့။
သူခရီးသွားရင် နာ အပျင်းတစ်လို့ရပြီ။
alinsett (gazette)
July 29, 2014 at 3:04 pm
ချင်းပြည်နယ်က ဝိတိုရိယတောင် ( ပေ ၁၀၅၀ဝ )
ရင်ခုန်လိုက်တာ။။။။။
တစ်နေ ့…အရောက်သွားပြီး..တက်ပါဦးမည်… ။
pooch
July 30, 2014 at 4:36 pm
ဟုတ်ကဲ့ သွားဖြစ်အောင် သွားလိုက်ပါ ။
Crystalline
July 29, 2014 at 4:26 pm
အဲ့ဒီအိမ်မက် ကိုယ့်မှာလည်းရှိခဲ့ပါတယ်.. ပုပ္ပါးတောင်တက်တာတောင် မောဟိုက်နေအောင်တက်ရကတည်းက လက်လျော့လိုက်တာ.. :mrgreenn: အခုတော့ ပုချ်ကျေးဇူးနဲ့ ပင်ပန်းစရာမလိုဘဲ ခရီးစဉ်အစအဆုံးလိုက်ရသလိုပဲ.. ချင်းပြည်ထဲ ပလက်ဝမြို့ပဲရောက်ခဲ့ဖူးတယ်.. အဲ့မှာတွေ့ခဲ့တဲ့.. ချင်းခွေးလေးတွေလည်း အရမ်းချစ်ဖို့ကောင်းပဲ.. စုတ်ဖွားလေးတွေ.. အခုအရမ်းသွားချင်နေတာ.. ရိဒ်ရေကန် :))
pooch
July 30, 2014 at 4:42 pm
ရိဒ်ရေကန်က ပုလည်း သွားချင်နေတာ ဒါပေမဲ့ လမ်းက မကောင်းသေးဘူးဆိုတော့လေ
အမှန်က ဒီဇင်ဘာသွားကြဖို့ အားခဲထားတာ
အကြောင်းကြောင်းတွေကြောင့် တခြားနေရာပဲ စီစဉ်ဖြစ်သွားတယ်။
အမောကတော့ စစချင်း ပုလည်း မခံနိုင်ဘူးရယ်။ အလေ့အကျင့်ပါပဲ ။ ထရိန်နင်မှန်ရင် အဆင်ပြေသွားရော။
မဖြစ်ဖူး ဆိုတာ မရှိဘူး မဖြစ်သေးတာပဲ ရှိတယ် ခရစ်ရဲ့။
သွားချင်ရင် သွားသာ သွားပလိုက်။ ပုတို့ အဖွဲ့ထဲ အသက် ၆ဝ ကျော်တဲ့ လူကြီးတောင်ပါတယ် ။
အဓိကက စိတ်ပါပဲ။
pooch
July 30, 2014 at 4:43 pm
ပြောဖို့ မေ့သွားလို့ ချင်းခွေးကို ဘယ်လောက်ထိ ခရေဇီဖြစ်သွားလဲဆို အခု မွေးဖို့ စိတ်ကူးနေပြီ
ရှိပြီးသား အယ်လ်ဇေးရှင်းနဲ့ မတည့်မှာစိုးလို့ စဉ်းစားနေတာ
ချင်းခွေးတွေက သစ္စာလည်း ရှိတယ် အညှိုးလည်း ကြီးတယ် လို့ ကြားဖူးတယ်
နှူးဘာ မိဂီ
July 29, 2014 at 4:26 pm
မောင့် ဝိတိုရိယ ထက်
ဝိတိုရိယ ရဲ့ လျှိ့ဝှက်ချက် ကို ပိုစိတ်ဝင်စားတယ်ဗျာ..
အလကားနောက်တာပါ ပုံတွေ အကုန်မပေါ်သေးဘူးဗျ…
စောင့်ကျိနေပါဂျောင်းးးး
pooch
July 30, 2014 at 4:45 pm
အုပ်စုပုံ ရှေ့ဆုံးကမျက်မှန်အမည်းကြီး တပ်ပြီး ပျောက်ကျား ဘောင်းဘီကြီးဝတ်ထားတာ ညည်းသူငယ်ချင်း သူတော်လေ မှတ်မိတယ်ဟုတ် ။
အရီးခင်
July 29, 2014 at 11:35 pm
ပုချ်လေး ဂတိတည် တယ်။ :-))
ဒီလိုတောင်တက်တာ လူငယ်တွေ အတွက် တကယ်ကောင်းပါတယ်။
ဒေသန္တရ ဗဟုသုတရတယ်။ အဖွဲ့အစည်း နဲ့ နေတတ် လုပ်ကိုင်တတ် သွားတယ်။ အခက်အခဲ တွေ့တိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုကောင်းကောင်း နဲ့ ဖြေရှင်းလာနိုင်မယ်။
အနောက်တိုင်းက ပညာရေးစနစ် ထဲ မှာ တောင်တက်တာမျိုး မဟုတ်တောင် တောစခန်းထွက်တာမျိုး တွေ လုပ်ဖို့ အားပေးပါတယ်။
အသက်တော်တော်ကြီးသူတွေ ပါ ပါတာ အားကျစရာဘဲ။
သစ်ခွ တွေ ရှိနေသေးတာကိုး။
အရီး က ဒါမျိုး တွေ မရှိလောက်တော့ဘူးတောင်ထင်မိနေတာ။
ရှုခင်းတွေ က အရမ်းလှတယ်၊
ပုံတွေ ကြည့်ရတာ ပျော်စရာဘဲ။
စီးရတဲ့ ကားကြည့်ရတာ အတော် ဖင်ကြိမ်း မဲ့ ပုံ။
ချင်းအမျိုးသမီးကြီး တွေ မှာ ပါးရဲ တွေ တွေ့လို့ အခုရော ဒီလို မိန်းကလေးတွေ မျက်နှာ မှာ ပါးရဲ ထိုး ရတဲ့ အလေ့ ရှိနေသေးလား မသိ။
ချင်းခွေးလေးတွေ က တကယ်ချစ်ဖို့ကောင်းတယ်။
တောင်ဇလပ် တွေကလဲ လှတယ်။
အဲဒီ ချင်းပြည် ခရီး သွားရင်း ဂျူးးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ကို သတိမရဘူးလား။
ကျေးဇူးပါ ပုချ် ရေ။
ဒီလို ခရီးကြမ်း ကို ဒီလို နုနုနွဲ့နွဲ့မိန်းကလေးတစ်ယောက် က အောင်မြင်အောင် သွားပြနိုင်တာကိုလဲ ချီးကျူးးပါရဲ့။
စိတ်မာကြောင်း သက်သေပေါ့။ နော။
နောက် ခရီးစဉ် ကို ဆက်မျှော်နေပါတယ်။
ဒါထက် ခရီးမှာ လမ်းတဝက်နဲ့ လှည့်ပြန်သွားသူတွေ ရောရှိလား။
ချင်းသူပုန် လဲ ရှိခဲ့ဖူးတယ် ထင်ရဲ့။
pooch
July 30, 2014 at 4:58 pm
အရီးက မေးမေးနေတော့ စာရေးတာကို ပထမဦးစားပေးအနေနဲ့ ခေါင်းထဲထည့်ပြီး အားတာနဲ့ ရေးဖြစ်အောင်ရေးတယ်။
ကားစီးရတဲ့ခရီးကတော့ အီစိမ့်နေတာပဲ။
ပါးရဲထိုုးထားတာက သက်ကြီးပိုင်းပဲတွေ့ခဲ့တယ်။ လူငယ်တွေ မထိုးကြတော့ဘူး။
ဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုးက ချင်းပြည်မြောက်ပိုင်း မို့ ပိုလှမယ်။ အနော်သွားတာက တောင်ပိုင်း ။
တကယ်တမ်း တိမ်နဲ့ချည်တဲ့ ကြိုးကို သတိရမိတာက ဖုန်ကန်သွားတဲ့ လမ်းတလျှောက် ပြီး ကလောဘက်ကို သွားမိတဲ့အချိန် ။
အနော် ဝိတိုရိယသွားတော့ ပူတဲ့အချိန်ရယ် စစချင်း တောင်ကတုံးရယ်မြင်တာမို့ အဲ့ချိန် နှမြောတသစိတ် စိတ်မကောင်းတဲ့စိတ်က ပိုအလေးသာတယ်။
လမ်းတဝက်နဲ့ လှည့်ပြန်သူ မရှိပေမဲ့ သွားရင်း ဖိနပ်ကျပ်တာကြောင့် ခြေမတွေပုပ်တဲ့သူရှိလို့ အပြန်ကားနဲ့ဆင်းဖြစ်တဲ့သူ ၂ ယောက် ၃ ယောက်လောက်တော့ ရှိတယ်။
အနော်က ကျောပိုးအိတ်ကို လမ်းတဝက်လောက်တော့ သယ်နို်င်သေးတယ် မဟန်တော့မှ ဘက်ကီလိုက်တဲ့သူက ကူသယ်ပေးတာ ဟီး
ချင်းသူပုန်က အဲ့ဖက်မှာ ၂ ယောက်လောက်ရှိဖူးပြီး အလင်းဝင်ခဲ့ဖူးတယ် ပြောတယ်။ ချင်းမြောက်ပိုင်းတော့ မသိဘူး အရီးရယ်။
thit min
July 30, 2014 at 2:15 am
မပူးချ်ရေ..
Congratulations! ပါဗျ။
ဇွဲနဲ့အားမာန်ကို ဂုဏ်ပြုရင်း…
ပို့စ်မှာမေးထားတာလေးတွေကို သိသ လောက်
ဖြေကြည့်ပေးမယ်နော်..
ဒေသဖွံ့ဖြိုးရေး Regional and Local Development ရှုထောင့်က နေ ပြောပါမယ်။
Development(ဖွံ့ဖြိုးတိုးတက်မှု)ဆိုတာ
ရုပ်ပစ္စည်းတွေတိုးတက်ကေါင်းမွန်လာစေတာ
ဆိုပေမဲ့ အရင် ဆုံးလိုအပ်ချက်က
လူတွေရဲ့ အ တွေး အ ခေါ် အယူ
အဆ တွေကို အရင် ကေါင်းအောင်
ပြင် ရတာပါ။
Mindset တွေ ချိန်းရ တယ်ပေါ့။
ဖွုံ့ဖြိုးမှုစံနှုန်းကိုက် Mindset တွေ လူအများစု
မှာရလာမှ အဲဒီ ဒေသ အဲဒီ နိုင် ငံ ဖွံ့ဖြိုးတိုးတက်
ပါသတဲ့။
(A.B.C/A.R.Tလို့ ရှင်းပြခဲ့ဘူးပါတယ်ထင် ပါရဲ့)
ပြောရရင် ရေရှည် လုပ်ငန်းစဉ်တွေပါ။
ဒေသတခုချင်း မှာတော့ အောင်မြင် ဘို့ရာ ဒေသခံတွေ ရဲ့ လိုလားမှုကအခရာ ကျ ပါတယ်။
ဘာလို့လဲဆိုတော့ ကိုယ်တွေကသာ သူတို့
ရဲ့ လိုအပ်ချက်လို့ထင်နေတာ သူတို့က သူတို့ ဘဝနဲ့သူတို့ နေသား ကျ နေလို့ပါဘဲ။
အဲဒီလို နေသားကျ နေတဲ့ သူတို့ ဒေသကိုတခြားနေရာကလာသူတွေက
အမြတ်လာထုတ်တယ် လာဖျက်စီးတယ်လို့
ထင် သွား နိုင် လို့ပါ။ သူတို့နဲ လိုအပ်သလို
ညှိုနှိုင်း လုပ်ဆေါင် ဘို့ လိုပါ မယ်။
(ဥပမာ..ရခိုင်ပြည်နယ် မြောက်ဦး ရထားလမ်း)
ကေါင်းပြီ..
ချင်းတောင်တွေဘက် လှည့်ရ အောင် ဗျာ။
ဖက်ဒရယ် မူနဲ့ သွား လို့ တော့ မရနိုင်လောက်ဘူး။
ဖက်ဒရယ် မူဆိုတာက အနီးစပ်ဆုံးပြောရရင်
အရွယ်ရောက်..အလုပ်အကိုင် ရပြီး
အိမ်ထောင် ကျ သွား တဲ့ သားသမီးနဲ့ တူတယ်။
မိဘကိုတော့ အ လေး ထား ရပါရဲ့..တဘက်မှာ
ကိုယ့်ထမင်း ကိုယ် ရှာစား၊ ကိုယ့်ပြဿနာကိုယ်
ရှင်း ဆိုတာမျိုး။ ဒါပေမဲ့ သားသမီး ငတ်နေရင်တော့
ကျွေး ထားမယ်ပေါ့။
ဆိုတော့..ရန်ကုန်မှာတောင်
မီးမှန်မှန် မလာသေးတာ..သေးတာ။
ချင်းတောင် ဖွံ့ဖြိုုးရေး ဆို ရင်..အင်း
၁။ ငွေကြေးအင် အား
၂။ လူ အင် အား (ကျွမ်းကျင် ပညာရှင် အပါအဝင်)
၃။ အချိန်
လိုပါတယ်။
်
၁ နဲ့ ၂ အတွက်တော့
International Aid အဖွဲ့အစည်းတွေကိုဘဲ
ပြေးမြင် မိတာပါဘဲ။
အဲဒါမျိုးဆိုတာ အစိုးရအချင်းချင်း ကမ်း လှမ်း
ရတာမျိုး ဆိုတော့…..
သူတို့ သူတို..့
စိတ်ပါလာအောင်..ပေါက်ရောက် သူများထံ
ချဉ်းကပ် တိုက်တွန်းကြပါဟူလို။
(ဥပမာ..ဦးတေဇကတဆင့် ဆိုတာမျိုး)
အဲဒီလို နိုင် ငံ ရပ် ခြား အကူအညီမလိုပါဘဲ
ပြည်တွင်း ဘီလျံနာ များ.နှင့် အစိုးရ ပူးပေါင်း
လုပ်မယ်ဆိုရင်…လဲရပါတယ်။
{နိုင် ငံ ခြား တိုင်း ပြည် တွေ မှာတော့
(မြန်မာပြည်မှာ ခရိုနီ ဆိုပြီးနာမည်ပျက်နေတဲ့)
လုပ်ငန်းရှင် သူဌေးကြီးများရဲ့ ဘဏ်အပ်
ငွေတွေနဲ့ အစိုးရက တိုင်းပြည်အတွက်
လုပ်တာဗျ}
အဲဒီလိုဆိုရင်..
ဒီနည်းလမ်းမျိုးလုပ်တာတွေ့ဖူးတယ်။
၁။ပြည်မ (ပြည်တွင်း) မှာ အိမ်ယာစီမံကိန်းတွေ
လုပ်နေတဲ့ ဒီ ဗလော့ပါတွေကို မက်လုံးပေး
စည်းရုံး
၂။ဒေသခံတွေ ကို လဲ ပူးပေါင်း ပါဝင် လာဖို့
မက်လုံးပေး စည်းရုံး
၃။ မြို့ကြီးတွေမှာဘဲ.တွယ်ကပ်.နေသူအလုပ်
လက်မဲ့တွေကို မက်လုံးပေး စည်းရုံး
(၁.၂.၃= incentive )
၄။ဒေသခံထဲက လူတချို့ ကို တာဝန်ပေး
၅။ ဘော်လန်တီယာတွေကို တာဝန်ပေး
(၄.၅ =Command and Control)
……
လူတဦးတ ယောက် အ ခြေခိုင် ခိုင်
အောင်မြင် ဖို့၊ ကြီးပွားဖို ့အနဲဆုုံး ၃ နှစ် လောက်
တက် ကြွ နေရပါ မယ် တဲ့။
ဒေသ ကြီး တခုလုံး ဖွံဖြိုးဖို့ရာ အဲဒိထက် ပိုနိုင်
မယ်လို့ တွေးမိပါတယ်။
kai
July 30, 2014 at 4:11 am
ဆရာသစ်လာတာ.. ဝမ်းသာသဗျာ…
ခုတလောရွာလည်း ကံဇာတာပဲတက်သလားမသိ…။ :k:
အဲဒီစာလေးသဘောကျသဗျို့..။
အိုဘားမားအစိုးရကိုယ်တိုင်က.. မြန်မာပြည်မယ်ရင်းနှီးမြုတ်နှံမယ့်ကုမ္ပဏီတွေကို.. ကောင်းတာတွေလုပ်ပေးမယ်.. ဆိုစေဦး.. ဒီအချက်ကို အင်မတန်သတိထားခိုင်းတယ်..။
အမေဇုံဒေသက.. လူသားစားနေဆဲ.. ကိုယ်တုံးလုံးနေနေဆဲ.. ဒေသခံတွေကို.. ဗီဒီယိုရိုက်.. မှတ်တမ်းတင်ဖို့သွားကြတာမှာ.. ဒေသခံတွေကို.. သူတို့ဆက်ဆံပုံ ပြေးပြေးမြင်မိတယ်..။
တကယ်တော့.. လူဆိုတာ.. သူ့အတိုင်းအတာရှိပုံရပါတယ်….။ :i:
ဇီဇီ ခင်ဇော်
July 30, 2014 at 7:47 pm
ဆြာသစ်။
ဒါလေးကို ပို့(စ) အရှည်လေး မရေးပေးချင်ဝူးလားဟမ်??
:s:
ရီကွက်(စ)
ပလိ(စ)။
:mrgreenn:
pooch
July 30, 2014 at 8:20 pm
ဗျို့ ကိုသစ် ဝင်ဖြေပေးလို့ ကျေးဇူးအထူးတင် တယ်
ဖုန်းနဲ့သုံးနေလို့ မနက်ဖြန် အေးဆေးပြန်လာခဲ့မယ်
အရီးခင်
July 31, 2014 at 2:00 am
ကိုသစ် ရေ
ဒီအတိုင်း ပြန်ပြီး ပျောက်မသွားပါနဲ့ ဦး။
ဇီဇီ ပြောသလိုဘဲ အဲဒီ အကြောင်းလေး ကို အကျယ်ချဲ့ပေးပါ။
စကား မရမက စပ်ရရင်
ကျောင်းတော်ကြီး ရဲ့ နှစ် ၅ဝ ရွှေရတု အတွက် စိုင်းပြင်း နေကြတယ်။
အဝေးကနေဘဲ လှမ်းလွမ်း နေရတယ်။
pooch
July 31, 2014 at 7:04 pm
ကိုသစ်ပြောသလိုပဲ အစိုးရမဟုတ်တဲ့ ယူနီဆက်လို အဖွဲ့စည်း တွေအရင်ဝင်မှပါ
ကိုယ်တွေမြင်သလို ဆိုင်ရာတွေ သိနိုင် ဖို့အရေးကြီးတယ်
ဟာသတခုကြားခဲ့တာပြောရရင် အသိထဲ ကားလိုင်စင်ဖြေတော့
သမ္မတကြီးက ယာဉ်တိုက်မှုတွေများတာ မင်းတို့ လိုင်စင်တွေအလွယ်တကူထုတ်ပေးလို့လို့ ပြောတယ်
ဒါကြောင့်မို့ကျနော်တို့ကအခု ဖြေနိုင်နိုင် မနိုင်နိုင် တခါထဲနဲ့အအောင်မပေးဘူးတဲ့
ဒါနဲ့ ၂ ဆပေးတော့ လိုင်စင်ရခဲ့လေရော
သူတို့ပိုယူကောင်းသွားအောင် ပြောသလိုဖြစ်နေ
ခုတ်ရာတခြားချရာတခြား
ပြောသာပြောရတယ် အားတော့သိပ်မရှိဘူး
မုန့်လုံးစက္ကူကပ်နေလို့ 🙁
weiwei
July 30, 2014 at 9:57 am
အရမ်းကောင်းတဲ့ဓါတ်ပုံတွေပဲ … ကိုယ်တိုင်မမြင်နိုင်တဲ့မြင်ကွင်းတွေ ..
အဲဒီလိုမျိုး သွားချင်တဲ့ အိမ်မက် ရှိခဲ့တယ် .. အခုထိလဲ ရှိနေဆဲ ..
အခုမှပဲ လူတွေစုံသွားသလို .. ပျော်စရာကောင်းလာတယ် ..
pooch
July 30, 2014 at 7:25 pm
မဝေသွားချင်ရင် ဖြစ်တယ် စိတ်မပူနဲ့ ကားလမ်းကနေ ကားနဲ့တက် ဓာတ်ပုံကောင်းလိုချင်ရင် မနက်အစောရောက်အောင်သွား
သိချင်တာရှိရင်မေးလ်ပို့ သိသမျှအကုန်ပြောပြမယ်
weiwei
August 5, 2014 at 3:11 pm
ချင်းပြည်နယ်ဘက်ကို မရောက်ဖူးသေးလို့ သွားချင်နေတာ ..
ရိဒ်ရေကန်လဲ ရောက်ဖူးချင်တယ် ..
ချင်းတောင်တန်းတွေကိုလဲ ကြည့်ချင်တယ် ..
သူငယ်ချင်းတွေနဲ့ အရင်အဖော်စပ်ကြည့်အုန်းမယ် ..
ကျေးဇူးတင်ပါတယ်မယ်ပုရေ ..
လုံမလေးမွန်မွန်
July 30, 2014 at 10:10 am
အောင်မယ်လေး..
ဒီပို့စ်ခုမှတွေ့တယ်.. နောက်ကျလိုက်လေခြင်း..
လောလောဆယ်တော့ ပြေးပြေးလွှားလွှားမို့လို့… ကူးထားတယ်.. အိုညိ..
အေးဆေးဖတ်ပြီးမှ ပြန်လာမယ်နော်… 🙂
အားကျလိုက်တာ..
pooch
July 30, 2014 at 7:33 pm
အိုညိလို့အခေါ်ခံရတာ သဘောကျတယ်
သတိရတိုင်းခေါ်ပေးနော်
အမလည်းကိုးရီးယားဆိုက်ကို ရှိတယ် 2pm 2am 2ne1 big band jay park f(x) အကုန်ကြိုက်တယ် ဟီး
ညလေးကိုလည်း စိတ်သဘောပြည့်တဲ့ ချစ်သူတယောက်ပိုင်ဆိုင်ထားလို့ အိုညိက အားကျတယ်
Ma Ei
July 30, 2014 at 2:48 pm
ပုချ်ရေ… မောင့် ဝိတိုရိယ နတ်မတောင်ကို အိမ်မက်မက်ကြသူတွေထဲ ဒို့လဲပါတယ်…
တစ်နေ့တော့ အရောက်သွားပါဦးမည်..ဒါပေသိ ခရီးကြမ်းတော့ မတက်နိုင်လို့
ကားနဲ့ဘဲ သွားမှာပါ..ပုဂံ၊ပခုက္ကု ၊ ဆော ဘက်ကနေ သွားရမှာလို့ သိထားတယ်..
ရှာဖွေဖတ်ထားတာလေးတွေပါ…
http://mamasusiemay.blogspot.com
မဆုံးသေးတဲ့ အိမ်မက်တွေကို စောင့်မျှော်ပါဦးမည်….
pooch
July 30, 2014 at 7:35 pm
မအိ ကားလမ်းကသာသွား ဘာမှမဖြစ်ဖူး အမစိတ်ကြည်လင်သွားစေရမယ်လို့အာမခံတယ်
အာဂ
July 30, 2014 at 4:01 pm
အရင်က ကျနော့် အိပ်မက်က ကမ္ဘာပတ်ဆိုတာဝေလာဝေး..မြန်မာပြည် တိုင်းနဲ့ ပြည်နယ် ၁၄ခုလုံးရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်။ အခုထိ အကောင်ထည်မပေါ်နိုင်သေးဘူး။ အဓိက ပုစ်သွားတဲ့ နေရာလိုမျိုးဒေသတွေကို အရမ်းသွားချင်တာ..။
pooch
July 30, 2014 at 8:03 pm
တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ရမည်တဲ့
သွားချင်တဲ့စိတ်သာရှိ သွားကိုသွားရတယ်
secrect သဘောတရားအရ universe ထဲကို ပြင်းပြတဲ့စိတ်ဆန္ဒတွေ လွှတ်ထားလိုက်
TNA
July 30, 2014 at 6:11 pm
မတွေ့တာကြာပေါ့ လွမ်းလှပါတယ် နန်းမတော်မယ်ပုရေ။ ပြန်လာတော့လဲ ပါလာတာ အံ့မခန်းဖွယ်ပိုစ့်နဲ့ပါလား။ အားကျလိုက်တာ ဒီခရီးစဉ်ကို။မရောက်ဖူးတဲ့ဒေသကိုသေချာလေ့လာသွားပါတယ်။ စိတ်မကောင်းစရာကတော့ လွင်မိုးခရီးသွားနေသည်ထက်ပိုပြီးအပင်တွေနဲသွားသလိုပဲ
pooch
July 30, 2014 at 8:08 pm
ဟုတ်တယ် အမ အပင်တွေကုန်တာ အရမ်းမြန်တယ်
တခါတလေ
ကျမ eco ဘော်လန်တီယာတယောက်အနေနဲ့ ကူညီပေးချင်တယ်
နှမ်းတစေ့လောက်ပဲဖြစ်ဖြစ်ပေါ့
ဒါပေမဲ့ အခြေနေမပေးသေးဘူးအမရယ်
ခုအချိန်မှာ ကိုယ့်အတ္တက ပထမ ဖြစ်နေတယ်
Ko chogyi
July 30, 2014 at 10:04 pm
ကိုယ်မရောက်နိုင်တဲ့နေရာ ကို စိတ်ကူးနဲ့ရေက်အောင်ပို့နိုင်ပါပေတယ်
pooch
July 30, 2014 at 11:16 pm
နောက်တင်မဲ့ခရီးတွေလည်း လိုက်လည်အုန်းနော် 🙂
ခင် ခ
July 30, 2014 at 10:47 pm
မန်းတောင်ကိုတောင် မနည်းတက်ရတာဗျာ
အခုလိုတက်နိုင်တာကို ချီးကျုးပါတယ် ကိုယ်တိုင်သွားတက်ကြည့်ဖို့ အလှမ်းဝေးသမို့ ဓာတ်ပုံရှုခင်းတွေအတွက်လည်း ကျေးဇူးပါဗျ
pooch
July 30, 2014 at 11:38 pm
ထရိန်နင်ဆင်းရင် ကျုံးတပတ်နဲ့ မန်းလေးတောင်တက်ရတာပဲ ဦးခရဲ့
တခုတော့ရှိတယ် အချိန်တော့ သတ်မှတ်တယ် သတ်မှတ်အလေးချိန်နဲ့ ကျောပိုးအိတ်တော့ လွယ်ရတယ်
နောက်ဆို မန်းလေးတောင်တက်လို့ လမ်းမှာတွေ့ရင် ခေါ်နော်
kyeemite
July 31, 2014 at 10:36 am
တော်တော်တောင်နောက်ကျနေပြီပဲ….. :p:
ခရီးသွားဆောင်းပါးနဲ့ ဓါတ်ပုံလေးတွေ မျှဝေတင်ပြတာ ကျေးဇူးတင်ကြောင်းအရင်ပြောပါရစေ
ပုံလေးတွေကြည့်ရတာနဲ့တင် စိတ်ကြည်နူးရပါတယ်ဗျာ…သစ်ခွပန်းလေးတွေသဘာဝအတိုင်းတွေ့ရတာလည်း
လှမှလှပါပဲ…ချင်းအမျိုးသမီးတွေတွေ့တော့..ကျုပ်ငယ်ငယ်ကနေခဲ့ဖူးတဲ့ ကျောက်ဖြူက ချင်းကွက်သစ်ကို
သတိရမိတယ်..အဲ့လိုပဲ မျက်နှာမှာ ပရဲ ထိုးတဲ့ ချင်းတွေတွေ့ဖူးတယ်(တောင်ပေါ်ကပြောင်လာသလား
နကိုထဲက ရခိုင်ကလားတော့မသိ)
ကျုပ်အစိုးရအလုပ်လုပ်တုန်းက ထီးလင်း နဲ့ ဂန့်ဂေါ ကိုသွားဖူးတယ်..ပုချ် တို့စီးတဲ့ အာတီစီ ကားကြီးတွေနဲ့
ကုန်ထုတ်တွေပေါ်ထိုင်လိုက်ရတာ…အတက်အဆင်းလမ်းတွေဆိုကြောက်စရာြကြီး …
တောင်တက်ခရီးတော့သွားဖူးချင်ပါဘိ
pooch
July 31, 2014 at 12:54 pm
သားနဲ့သမီးကို သွားခိုင်းလို့ရသေးတယ်လေ ။ သူတို့နဲ့ အတူ ရောလိုက်သွားလဲ ရတာပဲကို ။
အဲ့ဒီ အာတီစီကားက ပူတာအိုရောက်တော့လည်း ဒါတွေစီးပြီး သွားရတာပဲ ။ ဒါကတော့ ပထမဆုံးအကြိမ်စီးရတာလည်းဖြစ် နောက်ပြီးတော့ ကားကလမ်းမှာ တောင်တက်မောင်းနေရာနေ နောက်ပြန်လိမ့်တာ ချောက်ထဲကျတော့မလို့ အော်လိုက်ရတာမှ။ ကားမောင်းတော့ အတော်ကျွမ်းကြတယ်။
•*¨နန်းတော်ရာသူ •*¨
July 31, 2014 at 10:49 am
မမြင်ဖူး မကြုံဖူးတာတွေကို ဓာတ်ပုံဝေဝေဆာဆာနဲ့တင်ပြထားတာ အံ့မခန်းပါပဲ
pooch
July 31, 2014 at 12:56 pm
ဒီခရီးတွေက လူတို်င်းသွားလို့ရပါတယ် နန်းသူရယ် မသွားဖြစ်ကြသေးလို့ပါ သိပ်တော့ လည်း အံ့ဩစရာမဟုတ်ပါဘူး။
kyeemite
July 31, 2014 at 10:50 am
ပြောဖို့မေ့လို့…pdf လုပ်ပြီးသိမ်းထားလိုက်ကြောင်း
manawphyulay
July 31, 2014 at 3:55 pm
ဖတ်ရင်းနဲ့ ဝီတိုရိယကို ရောက်ရှိသွားသလိုပဲ ရင်ထဲမှာ ခံစားမိတယ်။ နောက်ပြီး ဒေသခံ ပြည်သူတွေရဲ့အကြောင်းလည်း သေချာသိလာမိတယ်။
မနောက တောင်တက်ဖို့လည်း ဝါသနာပါပေမယ့် တစ်ခါမှ ကြီးကြီးမားမားတွေ မတက်ဖူးသေးဘူး။
ဒေသခံတွေရဲ့ စိတ်ရင်းလေးတွေ၊ ပုံရိပ်လေးတွေက ရင်ကို အေးမြကြည်လင်စေပါတယ်။
အပြင်လူကို လာတက်လို့ရလားဟင်..
pooch
July 31, 2014 at 4:14 pm
အပြင်လူ အတွင်းလူရယ်လို့ မရှိပါဘူး။ အသက်အရွယ်မရွေး အတန်းအစားမရွေး ဝါသနာပါရင် Join လို့ရပါတယ်။
ဟိုလူကြီး လာပြီး ဩဝါဒခြွေတာက လမ်းကြုံသက်သက်ပါ။
ရန်ကုန်မှာလည်းခြေလျင်တောင်တက်အဖွဲ့တွေရှိတယ်လေ Join လို့ရတယ်
ခုတောင် သဘာဝခေါ်သံအဖွဲ့က ခါကာဘိုရာဇီတက်ဖို့ သွားကြပြီ ၂ လလောက်တော့ မှန်းတယ်ပြောတယ်
amatmin
July 31, 2014 at 4:19 pm
မင်္ဂလာပါ မယ်ပုချ် ။
ဒီရေးလက် မမြင်တာကြာမို့ ပုံကြည့်စာဖတ် လိုက်တွေးရင်း
အိမ်မက်ထဲ လိုက်မြောဘလိုက်ဒယ် ။
သူူများတွေ ရေးတဲ့အထဲမှာလည်း ချင်းပြည်နယ်အကြောင်း
တစေ့တစောင်းပုံဖော်တာဖတ်ဖူးတာပဲ ။
ကိုယ်အားပေးတဲ့ ခင်တဲ့သူရေးတာကျ ပိုမြင်ပီး ပုံပေါ်လာသလိုရယ် ။
အားပေးစောင့်ရတဲ့ ပိတ်သတ်ဖြစ်ရကျိုးနပ်ပ ။
ပုဂံပို့စ်တုန်းက ညွှန်းရေးတောင်ဖတ်ပီး မသွားနိုင်ခဲ့သေးတာ
ခုတော့ နှစ်ထပ်ကွမ်း ။ 😛
အောက်ကမန့်တွေနဲ့ ဆြာသစ် ဆက်ဆွဲထားတာလေး ဖတ်ရတော့ ပို့စ်က ပိုလှသွားသေး ။
pooch
July 31, 2014 at 6:22 pm
ကိုသစ် လား မဖြေမှာစိုးလို့ နားပူနားဆာ လုပ်ထားတာ အတင်းကာရော
ကိုအမတ်လည်း စာလေးဘာလေးရေးပါအုန်း
သူများတွေပဲ ရေးခိုင်းမနေနဲ့လေ
ကိုဘလက်လည်း ကျမတို့ကိုသာရေးခိုင်းနေတာ ကိုအမတ်ကိုတော့နိုုင်ပုံမရဘူး
Foreign Resident
July 31, 2014 at 7:02 pm
အဟိ ၊ အဘတို့ ဝိတိုရိယတောင် တက်တုန်းကလေ ။
၁ ။ ပေ ၆၀၀ဝ ကျော်က နိုင်ဂျန်ဂါးသားတွေ ငှက်ကြည့်တဲ့ ၊
Pine Wood Villa ဆိုတဲ့ ဟော်တယ်ကို တစ်လုံးလုံး ငှား ။
( အဘတို့က အဲဒီ ဟော်တယ် မှာဘဲ ဘုန်းကြီး ဝတ်ပြီး ၊
ချင်းတောင် မှာ တောရ ဆောက်တည်ခဲ့ကြသေးသပေါ့ ၊ ဟဲ ဟဲ )
၂ ။ ပေ ၈၀၀ဝ ကျော်က နတ်မတောင် အမျိုးသား ဥယျာဉ် အဝင်ဝ အထိ ၊
ကား နှင့် တက် ။
( အဲဒီ အဝင်ဝနားက ဇရပ်မှာ နားပြီး ဟင်းပွဲ ၂ဝ လောက်နှင့် ထမင်းစားကြသေး )
( ဟီ ဟိ ၊ ဟင်းပွဲ တွေ များမှာပေါ့ ၊
အဘတို့ တောင်တက်မယ့်အဖွဲ့က ၁၂ ယောက်လောက်ဘဲ ရှိတာကို ၊
ခေါ်ထားတဲ့ အထမ်းသမားက ၂၁ ယောက် ၊ ဟီ ဟိ ၊ ပင်ပန်းအုန်းမှာ )
( ဟီ ဟိ ၊ မနက်စောစော ချမ်းလို့ ဝတ်လာတဲ့ အနွေးထည်တောင် ၊
ပူလာရင် ချွတ်ပြီး အထမ်းသမား ခြင်းထဲ ထည့်ပေးလိုက်တာ )
( အဲလို အဲလို ကို အပင်ပန်း ခံခဲ့ကြတာ )
၃ ။ ဒါတောင်မှ ပေ ၁၀၀၀ဝ ကျော် ဝိတိုရိယတောင်ထိပ် ရောက်တော့ ၊
တစ်ဖွဲ့လုံး တောင်ထိပ်က ဇရပ်မှာ ပက်လက်ကို လန်လို့ ။ ဟီ ဟိ ။
Foreign Resident
July 31, 2014 at 7:13 pm
ကြုံလို့ ပြောရဦးမယ် ။
အဲဒီ စေတီ နာမည်က မာရ်အောင် ဆုတောင်းပြည့် စေတီ တဲ့ ။
၂ရ – ၃ – ၁၉၇၁ ငွေရတု တော်လှန်ရေး နေ့ မှာ ၊
သံမဏိ ဦးမောင်မောင် က တည်ထားခဲ့တာ ။
pooch
July 31, 2014 at 7:21 pm
ဖြစ်ရလေ အဘဖောရယ်
ကားလမ်းပေါက်တယ်လေ ရိုးရိုးလည်တဲ့သူက ဘာအတွက်အားကုန်ခံနေမလဲ
ထရိန်နင်အနေနဲ့သာ လမ်းကြမ်းကနေ သေချာတက်ရတာ အတွေ့ကြုံသေချာယူတာ
ကိုယ့်ဖာသာ လာလို့ကတော့ အပင်ပန်းခံစရာမလိုဘူးလေ
တောရဆောက်ချင်တောင်ပုလုဆရာတော်ကျောင်းရှိတယ်လေ သာယာလိုက်တာမှ ပုံတင်ဖို့မေ့သွားတာ
Foreign Resident
July 31, 2014 at 7:58 pm
ပုရှ်လေးရဲ့ ။ မတူဘူးကွယ့် ။
အဘတို့က ကန်ပက်လက် ဘက် လမ်းကနေ တက်ကြတာ ။
ဘုန်းကြီးဝတ်တော့လည်း ကန်ပက်လက် ဗဟိုကျောင်းမှာ ဆံချ သိမ်တက်တာ ။
မင်းတပ် ကိုတော့ သီတဂူ ဆရာတော်ကြီး မျက်စိ ဆေးရုံ ဖွင့်ပွဲတုန်းက ရောက်ဖူးတယ် ။
Mr. MarGa
August 1, 2014 at 1:04 pm
ကယ်ဘာာ
နောက်ထပ် ပိုးတစ်မျိုး ထပ်တိုးလာပြီ
တောင်တွေ တက်နိုင်အောင် ကြိုးစားဦးမယ်ဗျာ
လောလောဆယ်တော့ ကွန်ပျူတာရှေ့ကနေ မခွာနိုင်သေးးး 🙁
pooch
August 1, 2014 at 4:33 pm
ဟုတ်ကဲ့ သွားနိုင်ပါစေလို့
မဟာရာဇာ အံစာတုံး
August 2, 2014 at 2:58 am
ဂျီးဒေါ် …
စုံလှချည်လားဗျ …
အင်း … တောရိပ်တောင်ရိပ်တွေ မြင်ရပြန်တော့
တောခိုချင်စိတ်ပါ ပေါက်သွားမိသေးတယ် …
မဖြစ်သေးပါဘူး …
သေနတ်လေး တစ်လက်လောက်တော့ ခိုးထားဦးမှ …
pooch
August 2, 2014 at 4:57 pm
ဒီမှာ သူငယ်အံ အိမ်မပိုင်ရင် ဂေါ်လီမရိုက်ပါနဲ့
သံယောဇဉ်တွေ တပွေ့တပိုက်ကြီးနဲ့ ဘာစကားတွေ လာပြောနေတာလဲ
သေနတ်က ဘာသေနတ်လဲ ရေသေနတ်လား မီးခြစ်သေနတ်လား
ကျိူက်ထီးရိုးမှာတော့ ရိုးရာ မပျက် ဝါးသေနတ်တွေ ရှိသလားလို့
ဦးကြောင်ကြီး
August 2, 2014 at 12:01 pm
ပုရှ်လေးဂို ဂုံးပိုးပီး အဲဒိတောင် တက်ပြမြီ.. လိုက်မား
အရီးခင်
August 2, 2014 at 2:06 pm
သူက ရောက်ပြီး သား ကြောင်ကြောင် ရဲ့။
သူများ မထမ်းခင် ကိုယ့် အမြီး ကို တောင်ကိုယ် ထမ်းတက် နိုင်ရဲ့ လား အရင် စမ်းလိုက်ဦး။ lol:-)))
pooch
August 2, 2014 at 5:01 pm
နေပါစေ အရီး
အဲ့ဒီဦးကြောင်က အဲ့လောက်စိတ်စေတနာ ထက်သန်နေရင်လည်း ရိက္ခာထုပ် သယ်ခို်င်းလိုက်မယ်။
😆
thit min
August 2, 2014 at 6:58 pm
မင်္ဂလာပါ သူကြီး ရေ။ ကြိုဆိုမှုအတွက် ကျေးဇူးပါ ခင် ဗျာ။ ဂေဇက်.မိသားစုဝင် မိတ်ဟောင်း မိတ်သစ်များ အားလုံးကို လဲ မင်္ဂလာပါ လို့ နှုတ်ခွန်း ဆက်ပါတယ်ဗျ။ စာပြန်ရေးဖို့တော့ လောလောဆယ် မဖြစ်နိုင်သေးပါဘူးလို့… အနူးအညွတ် တောင်းပန်စကါး.ဆိုပါရ.စေ.ခင် ဗျာ။ ပြန်ရေးနိုင်အောင်တော့.ကြိုးစားပါ့မယ်လို့ (ခပ်တိုးတိုးလေး) လဲတောင်းပန်ပါရ စေ။
**************
မပုချ်ရေ.. JICA (ဂျပန်) ပ ရော ဂျက် တွေ မြန်မာ ပြည်ထဲ.ရောက်နေပါ.ပြီ။ လာအို..ကမ်ဘောဒီးယား.မှာတော့ တော်တော် လုပ်ပေးခဲ့ကြတဲ့ အဖွဲ့ပါဘဲ။ အဲဒီလို မျိုး နေရာတွေက.. အဲဒီလို third person တခုခုကဝင်.လုပ်ပါမှ..ဒေသခံတွေက ပိုလက်ခံတတ် လုပ်လို့.ကိုင် လို့ ရတတ်တာမျိုးပါ။မြန်မာပြည်မှာ..အဲဒီလို.အဖွဲ့တွေ.. လွတ်လွတ်လပ်လပ် လှုပ် ရှုားလို့ မရ သေးဘူး/ရပြီ ဆိုတာတော့..နောဇာနာမိပါ..ခင် ဗျ။
အရီးခင်
August 2, 2014 at 8:54 pm
ဒီလို ခဏ ပေါ်ပေါ်လာတာကဘဲ ရွာ ကို သံယောဇဉ် ရှိနေကြောင်း ပြလိုက်လို့ ဝမ်းသာပါတယ် ကိုသစ်ရယ်၊
အလုပ်များနေတဲ့ အကြောင်း ကို နားလည်နိုင်ပါတယ်။
နှစ် ၅ဝ ရွှေရတုက မေခဆောင် လဲ ပါပါတယ်။
{ ၁၉၆၄ ၊အောက်တိုဘာလ (၁၅)ရက်နေ့တွင်….မေခဆောင်စတင်ဖွင့် ပြီး နိုဝင်ဘာလ(၂)ရက်နေ့တွင်…စီးပွားရေးတက္ကသိုလ် ပထမနှစ်သင်တန်းများစတင်ဖွင့်လှစ်ခဲ့သည်…။ }
ကိုသစ် အဆောင် နဲ့ ကျောင်းကြီးကို မလွမ်းဘူးလား။ :-)))
nozomi
August 2, 2014 at 9:41 pm
ဒေါ်ပု
မမြင်ရတာကြာပြီ ဖြစ်တဲ့ မြင်ချင်တဲ့ လက်ရာလေးတွေ့ ရလို့ ဝမ်းသာသွားတယ်
တောင်တက်သူ တစ်ယောက် တောင်ပေါ်ရောက်ချိန် စာဖွဲ့ပြဘို့ မလွယ်တဲ့ ခံစား ကျေနပ် ရမဲ့ အရသာလေးအတွက်
အားကျ ဂုဏ်ယူပါတယ်နော , တောင်တွေလဲတက် စာတွေလဲ ရေးပါ
You can do it !
black chaw
August 3, 2014 at 2:19 am
ကိုနို ကြီး ပြန် ပေါ်လာပါပြီ ခင် ဗျာ။
pooch
August 5, 2014 at 2:43 pm
ဟုတ်ကဲ့ပါ ကိုနိုဇိုမိ ကြိုးစားနေပါတယ်
သူများပဲ ပြောမနေပါနဲ့ ကိုယ်တိုင်လည်း လာပြန်ရေးပါအုန်း
တကယ်ကတော့ အားကျစရာ မရှိပါဘူး ရှင်
ဒီလိုပဲ လုပ်ချင်တာကို လုပ်ကြည့်လိုက်တော့လည်း လုပ်ဖြစ်သွားတာလောက်ပါပဲ
padonmar
August 3, 2014 at 9:08 pm
မယ်ပုလေး ပြန်ရောက်လာတာရော
ပျောက်နေကြတဲ့ ကိုသစ်၊မောင်မတ်၊ကိုနို တို့ ပါ ဝင်မန့်ကြတာရော
တွေ့ရတာ ဝမ်းသာလိုက်တာ။
မလတ် ပြန်ပေါ်လာတုံးကလိုပဲ။
တကယ်တော့ ဒို့ရွာကြီးဟာ မိသားစုကြီးလိုပါပဲ။
အနေဝေးလည်း သွေးချင်းကတော့ နီးလျက်ပါပဲ။
(ဘစ်ဇီးနေလို့ မယ်ပုရောက်ကြောင်းတောင် မသိလိုက်မိတာ ခွေးလွှတ်ပါ)
…………………………….
ချင်းတောင်က လှဆဲပေမယ့် သစ်ပင်တွေ လျော့သွားတာ စိတ်မကောင်းပါ။
I Love Myanmar က ချယ်ရီပင် ၁ သိန်းစိုက်မယ် လို့ ဖတ်လိုက်မိတာ တကယ်မဟုတ်ဘူးလား။
pooch
August 5, 2014 at 2:56 pm
ချယ်ရီပင် ၁ သိန်းလာ စိုက်နိုင်ရင် စိုက်ဖြစ်ရင်တော့ ကောင်းတာပေါ့
စိုက်မစိုက် ဒီနှစ်ဒီဇင်ဘာ ထပ်သွားကြည့်ပေးရမလား ဒေါ်ဒေါ်
ဒီရက်ပိုင်း ဘီးဇီးနေလိုု့ ကွန်းမန့်နောက်ကျမှ ပြန်ဖြစ်တာပါ ဒေါ်ဒေါ်ရေ သတိရပါတယ်။
ပွဲတွေဆက်နေလို့ပါ။
နောက် ၂ ရက်ကျန်သေးတယ် သူကြီးကိုပေးမဲ့ဆောင်းပါးတောင် ရေးနိုင်ပါ့မလား မသိဘူး 🙁
ကိုပေါက်(မန္တလေး)
August 5, 2014 at 3:26 pm
မယ်ပု ဂျူး ရဲ့ တိမ်နဲ့ချည် တဲ့ ကြိုးကို ဖတ်ပြီး ချင် း ပြည် နယ် ကို စိတ်ဝင်စားခဲ့ တယ်။
လွင်မိုး ခရီးသွားနေသည်ကို ငြိ ခဲ့ တယ်။
ဒါပေမယ့် ခု ထိ မရောက်သေး။
ချင်းပြည်နယ်ကို ဓါတ်ဖမ်းချင်ပါသေးတယ်
pooch
August 8, 2014 at 1:06 pm
သွားချင်ရင်အနီးလေးပါ လေးပေါက်ရဲ့ ရောက်ဖြစ်ပါတယ်။