စဆရ ႀကီးMarch 16, 20111min1240
ကျွန်တော်မနေ့က ဒီ Site မှာ စဖွခဲ့စဉ်တုန်းက ကိုယ်ကိုယ်တိုင် ဆုတောင်းမိတာလေးကိုပြောရပါမယ်ဆိုရင်… ဖျား…ဖျား… ဂယ် မဟုတ်ပါစေနဲ့ ဆုတောင်းနေတာ ခုတော့… ဆုတောင်းမပြည့်တော့ဘူးဗျာ.. ကျန်တဲ့သူတွေလဲ (အဝေးတစ်နေရာစီရောက်နေတဲ့ ချစ်ခင်၊ ကြင်နာကြသူတွေလဲ) ယူကျုံးမရ၊ အပူလုံးကြွပြီး နေမထိ၊ ထိုင်မသာ ဖြစ်နေကြမယ်ဆိုတာ ကိုယ်တိုင်ခံစားနေရလို့ နားလည်ပါတယ်.. မြန်မာပြည်မှာ ဝင်ငွေမကောင်းလို့ နိုင်ငံခြားမှာ အလုပ် လာလုပ်နေလို့ ဂျစ်ဂျစ်နဲ့ခွဲနေရပါတယ်ဆိုကာမှ ခုတိုင်းဆို လုံးဝ အဆက်အသွယ်ပြတ်ဖို့ပဲ ကျန်တော့တယ်။ စိတ်များညစ်လိုက်ပုံများ… ဓါတ်ပုံရှိရင် တစ်ခါတည်း တွဲတင်ပေးလိုက်ချင်ရဲ့။   အောက်မှာ Link ပါဗျာ။ အတည်ပြုလိုက်ပါပြီတဲ့။ :'(   http://www.news-eleven.com/index.php?option=com_content&view=article&id=7622:2011-03-16-18-23-24&catid=42:2009-11-10-07-36-59&Itemid=112

0011-529x800.jpg

စဆရ ႀကီးMarch 15, 20111min2947
မြန်မာပြည်သူ ပြည်သားများ အကျိုးကို ရယ်ရွယ်မျှော်မှန်းကာ ပြည်သူပြည်သားများ ဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြိုးပမ်းအားထုတ်မှုတစ်ရပ်အဖြစ် Internet ဆိုင်များသို့ ပေးပို့သော စာများဖြစ်ပါသည်။     Myanmar IT Development Site မှတွေ့ရှိသည်ကို ပြန် Share ပေးခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် Facebook ပေါ်တွင်လည်း အတော်လေးပျံ့နှံ့နေတယ်လို့လဲ သိရပါတယ်။ တစ်ခါတစ်လေ ဝင် ” ဖွ ” ကြည့်တာ 😀


စဆရ ႀကီးMarch 14, 20111min1170
ဒီနေရာလေးမှာ သွားကြည့်နိုင်ပါတယ်.. http://www.nytimes.com/interactive/2011/03/13/world/asia/satellite-photos-japan-before-and-after-tsunami.html?ref=asia တော်တော်လေး ကြည့်ရတာအဆင်ပြေသလို ပြောင်းလဲသွားမှုကို မျက်မြင်ထင်ရှားမြင်ရပါတယ်။


စဆရ ႀကီးFebruary 28, 20112min44624
အချိန် – နံနက် ၅း၃၀ နေရာ – Singapore ဟု ခေါ်တွင်သောအရပ် စံမြန်းရာ သာစွဌာနေ Limchukang တောအုပ်ကြီးထဲမှာ ခန့်ညားစွာ ဆောက်လုပ်ထားတဲ့ အလုပ်သမားဆောင်ကြီးက အခန်းတစ်ခန်းထဲကနေ ကျွန်တော်နဲ့ အမြဲအတူရှိနေပေးတဲ့ ကြမ်းပိုးတွေ၊ လူသားစား ပိုးဟပ်ပေါက်စနလေးတွေကို စိတ်မကောင်းစွာနှုတ်ဆက်ရင်း India တွေ၊ ဘင်္ဂလားတွေ တရုန်းရုန်းနဲ့ရှိနေတဲ့ ရေချိုးခန်းမှာ မျက်နှာသစ်ဖို့တစ်နေရာကို လုရတာပေါ့လေ။  ဒီလိုနဲ့တိုးဝှေ့ပြီး ကိုယ့်မျက်နှာဟောင်းကြီးကို သစ်လာမလားလို့ ရေနဲ့ ဆေးကြောပြီးသကာလ အပြာရောင်လို့ မနည်းသေချာပြောယူရတဲ့ Uniform ကို ကသုတ်ကရိုက်ဝတ်၊ ညကတည်းက ပြင်ဆင်ထားတဲ့ ထမင်းဘူးနဲ့ ကိုယ့်အထုပ်လေးကို ကိုယ်ဆွဲပြီး အကြိုတော်ထောက်နေမယ့် စီးတော်ယာဉ် Lorry ကားကြီးမှာ ထိုင်စရာတစ်နေရာမရမှာစိုးလို့ အပြေးတစ်ပိုင်းခြေလှမ်းလေးနဲ့ တောအုပ်ကြီးကို နောက်မှာလွှင့်ပစ်ထားခဲ့ရတယ်။ အချိန် – […]