Mon LayApril 20, 20212min6171
ငယ်ပါသေးတယ်ဆိုပြီးဘဝကို ဖြစ်သလို့ မနေပါနဲ့ပိုက်ဆံရှာပါလောကမှာပိုက်ဆံရှိမှပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာကြည့်ပါပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်။ အပေါင်းအသင်းတွေကြားထဲကြည့်ပါပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှသင်ချစ်တဲ့သူတွေအတွက်သင်လုပ်ချင်တဲ့အရာတွေအတွက်သင်ပြောချင်တဲ့စကားတွေအတွက်သင်လိုချင်တဲ့အရာတွေအတွက်အားလုံးမဟုတ်ရင်တောင်တော်တော်များများလုပ်လို့ရမှာပါ။ “#ခင်မင်မှုကပိုအရေးကြီးတယ်”ဟုတ်ကဲ့လူတော်တော်များများကတော့ငွေရှိရင် ပိုခင်ကြပါတယ်။ “#ရိုးသားမှုကပိုအရေးကြီးတယ်”ဟုတ်ကဲ့လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။ “#ပညာကပိုအရေးကြီးတယ်”ဟုတ်ကဲ့ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ။ “#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး”ဟုတ်ကဲ့ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖို့ခြေလှမ်းသိပ်နှေးလွန်းပါတယ်။ “#စိတ်ချမ်းသာဖို့အရေးကြီးတယ် “ဟုတ်ကဲ့ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့နည်းနည်း ပိုသက်သာတာပေါ့။ “#အချစ်ကအရေးကြီးတယ်”ဟုတ်ကဲ့ရယ်စရာအကောင်းဆုံးပြက်လုံးပါလူအားလုံးလိုလိုကတော့ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်ငွေမရှိရင် နံတယ်လို့ထင်တယ်ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။ ဒါပါဘဲဘယ်နည်းနဲ့တွေးတွေးဘယ်ဖက်ကတွေးတွေးငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်။ ထို့ကြောင့် ပိုက်ဆံရှာပါ။


Mon LayApril 17, 20211min6490
Online Business တစ်ခုတည်းကိုပဲ မှီခိုနေရသူများ အခုဆိုရင်ဝင်ငွေမရှိတာ ၂ လတိတိ ရှိပါပြီ အားလုံးသိကြတဲ့အတိုင်းပဲ…တော်လှန်ရေးအစကတည်းက အခုချိန်ထိKeyboard Fighter တာဝန်ကိုအများဆုံး ထမ်းဆောင်ခဲ့တာလဲ Online Business သမားတွေပါပဲတစ်ချို့ဆို လှူတဲ့နေရာမှာတောင် အတက်ကြွဆုံးပါဝင်ခဲ့ကြပါတယ် အခု 2/4/2021 ကစပြီးတော့ ဈေးပြန်ရောင်းသင့်ပြီလို့ မွန်လေး မြင်ပါတယ်။ အဲ့ဒါကြောင့် Facebook သုံးနေ​ကြတဲ့ကျန်တဲ့ Online Business သမားမဟုတ်သူများတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စားဝတ်နေရေးအတွက်တွေးပေးရင်း အပစ်မတင်ပဲကျေးဇူးပြုပြီးနားလည်ပေးကြပါရန် မေတ္တာရပ်ခံပါတယ် ပြီးတော့….မွန်လေးတို့အနေနဲ့ အတတ်နိုင်ဆုံး အနှောက်အယှက်အနည်းဆုံးဖြစ်အောင် ပိုစ့်တင်ကြမှာဖြစ်ပါတယ် နည်းလမ်းတွေကိုတော့ Page မှာ မွန်လေးဆက်တိုက်တင်ပေးသွားမှာဖြစ်ပါတယ်..ဆက်လက်ကြည့်ရှုဖို့မမေ့ပါနဲ့နော်


Mon LayApril 15, 20211min7490
၁ – မိတ်ဆွေများအောင်လုပ်ရပါမယ် ၂- lifestyle မှာချပြရပါမယ် ၃- ဘုရားတရားမမေ့ပါနဲ့ ၄- စီးပွားရေးအမြင်ကို update လုပ်ပါ အကျယ်သိချင်ရင်တော့ မွန်လေးရဲ့ Training ကိုတက်လို့ရပါတယ်


Mon LayApril 3, 20211min3570
လမ်းထွက်တဲ့လူက လမ်းမထွက်တဲ့သူကို Profile ပုံမပြောင်းသူက ပြောင်းတဲ့သူကို ပို့စ်တွေကို public တင်ရဲတယ်ဆိုပြီး အကြောင်းကြောင်းကြောင့် friend only တင်သူတွေကို ငွေတတ်နိုင်လို့ လှူနေသူတွေက ကြပ်တည်းနေလို့မလှူကြသူတွေကို …. စသည်ဖြင့်အပြစ်ပြောနေကြရင်း ဘုံရန်သူပျောက်ပြီးအချင်းချင်းပြန်စကားများကြ၊ ပြန်သတ်နေရင် ပန်းတိုင်အလှမ်းဝေးနေပါလိမ့်မယ်။ Pls campaign, but dont blame. (နှိုးဆော်သင့်တာ နှိုးဆော်ပါ။ အပြစ်တော့ မတင်ပါနှင့်) လို့ပြောလိုပါတယ်။ လူတဦးနှင့်တဦး risk profile ခြင်း၊ risk appetite ခြင်းမတူညီပါ။ သူ့ friend list နှင့် ကိုယ့် friend list မတူပါ။ ပြည်ပနေ နှင့် ပြည်တွင်းနေ မတူပါ။ နှေးနှေးသွားသူနှင့် မြန်မြန်သွားသူခြင်းမတူညီပါ။ အဆုံးမှာတော့ လမ်းချင်းတူရင် လူချင်းတွေ့ပါလိမ့်မယ်။ လူတယောက်ခြင်းစီ […]


Mon LayApril 3, 20211min55970
“ စျေးမရောင်းချင်ဘူး ရှက်တယ် စျေးရောင်းရမှာ ရှက်စရာကြီး“ တဲ့ ရှိသမျှလုပ်ငန်းရှင်တိုင်းစျေးရောင်းဖူးကြတယ် စျေးမရောင်းရတဲ့ အလုပ်ဆိုတာ နေရာတိုင်းမှာမရှိပါဘူး…. ကိုယ့်ရဲ့ ဝန်ဆောင်မှု ထုတ်ကုန်တစ်ခုခုကို ရောင်းချနေမှသာ စီးပွါးရေးက လည်ပတ်လို့ရတာပါ… ဘယ်လောက်ပဲ သေးငယ်တဲ့ အလုပ်ဖြစ်ပါစေ…. သမာအာဆီဝကျတဲ့ အလုပ်ကိုလုပ်ကိုင်တာ ရိုးသားစွာ ရှင်သန်ရပ်တည်နေတဲ့ လုပ်ငန်းတိုင်းရှက်စရာမဟုတ်ပါဘူး… အလုပ်မလုပ်တတ်ရင်သာ ရှက်စရာပါ…. မိဘကျွေးမွေးပညာသင်ရတဲ့အရွယ်ထိ အလုပ်အကိုင်မရှိတာ အပြစ်မဟုတ်ပါဘူး.. ဘွဲ့ရပညာတတ်ပြီးနောက် ကိုယ်ပိုင်ဝင်ငွေမရှိရင်တော့ အပြစ်ရှိပါတယ်… တစ်ချို့အတွေ့အကြုံတွေက စာအုပ်ထဲမှာ မဟုတ်ဘူး… ဘဝထဲမှာ သင်ယူရတယ် ပိုက်ဆံရှာတယ် ဆိုတာ ကိုယ်ပေးနိုင်တာ တစ်ခုခုနဲ့ ငွေနဲ့ လှဲလှယ်ရတာပါ….ဝန်ဆောင်မှုတစ်ခုကိုပေးမလား ကုန်ပစ္စည်းတစ်ခုကိုပေးမလား ဝယ်သူက နှစ်သက်လို့ ငွေပေးဝယ်လိုက်တယ်ဆိုရင် အလုပ်ဖြစ်သွားတာပါပဲ…“ဘယ်သူမှ အစကတည်းက မတတ်ပါဘူး လုပ်ရင်းသင်ယူရတာပါပဲ… စျေးမရောင်းတတ်သေးရင် ရောင်းတတ်အောင်သင်ယူပါ ကြိုးစားချင်စိတ်ရှိတာဂုဏ်ယူစရာပါ…စျေးရောင်းတတ်တာ ဂုဏ်ယူစရာပါ”“အလုပ်ဟူသမျှ […]


Mon LayJanuary 8, 20211min32430
တုံးအ တာနဲ့ ရိုးသားတာနဲ့မတူဘူးခေတ်နဲ့အညီ စီးပွားရေးလုပ်န်ုင်မှာအောင်မြင်မယ်။အခုခေတ် Tv ထက် ဖုန်းပိုကြည့်လို့ဖုန်းခေတ် internet ခေတ်ကမ႓ာလုံးခေတ် ကို ရအောင်တတ်ပြီးအလုပ် လုပ်တယ် သမာအာဇီဝ လုပ်ကိုင်စားသောက်တယ်။ဦးနှောက်ရယ် အရည်အချင်းရယ် ခေတ်အမြင်ရယ်သတ္တိရယ် ယုံကြည်မူရယ် ဇွဲရယ်ထက်တူ ကျမှ အောင်မြင်မယ်။ဘဝင်လေဟက် ကိုယ်တိုင်လည်း ဘာမှ မသိသူများကိုလည်း ပုတ်ခက်ဖြစ်မယ် အယ်လိုလူတွေ သူဌေးဖြစ်မယ် အားကြီးကြီးပြီးရင်ပြောအုန်းမယ်လောဘမရှိဘူး သူဌေးမဖြစ်လဲနေပါ $ပို စကားတွေ 😁😁😁လောကကြီး မှာ လျှောက်မအော်နဲ့ ကိုယ်ပိန်း တာ လူသိတယ်။နေထိုင်မကောင်းသေမလိုဖြစ်ရင် ဒီငွေနဲ့ ဖို့ ပြီး ဆေးကုရတာကိုာ် မိသားစု ဒုက္ခရောက် ဒီငွေနဲ့ ကူညီရတာငွေမလိုဘူးလို့ ထင်နေတယ်ဆိုတာဘဝမှ ဒုက္ခမရောက်ဖူးလို့ အနိမ့်မခံရဘူးလို့ထမင်းမငတ်ဖူးလို့😁😁အပိုတွေ သိပ်မပြောနဲ့ online လုပ်နေသူ တွေ ကို ထိုင်လေမကန်နဲ့ ခေတ်နဲ့အညီ အဆံရှာကျအုန်းခေတ်နောက်လိုက်ခဲ့ […]


Mon LayJanuary 4, 20211min37930
အိမ်မက်တွေ အများကြီးကို ပုံဖော်မယ် စားလဲ ဒီစိတ် သွားလဲဒီစိတ် အိပ်လဲဒီစိတ် Plan တွေချထားတဲ့အတိုင်း ဘယ်product က ဘယ်လောက် အမြတ်ရရမလဲဆက်ကြိုးစားမယ် ဈေးဇယား တွေနဲ့ အနီးဆုံးမှာပဲနေမယ်မှန်ရှေ့မှာ အလုပ်လုပ်မယ်လူတွေကို မှန်တစ်ချက်လိုသာ တုန့်ပြန်မယ် ခွန်အားအပြည့်နဲ့ ရှေ့ဆက်မယ်ငါ့ လုပ်နိုင်တယ် ငါ့ အလုပ်စားပွဲမှာ ငါ့ အနာဂတ် အိမ်မက်တွေအများကြီးရှိနေတယ် ငါကိုယ်တိုင်ပုံဖော်ရမယ် ဘာမဆို လုပ်နိုင်တဲ့ စိတ်စွမ်းအား ငါ့မှာရှိတယ် ငါလုပ်နိုင်တယ် Fashion La Princesse Online Shop (MD)


Mon LayJanuary 2, 20211min37670
အခုမှ OS စလုပ်မဲ့ ညမလေးတွေကိုအကြံလေးပေးချင်လို့ ဒီစာလေးကိုရေးဖြစ်တာပါ Product တခုကို ကိုယ့်နံမည်လေးနဲ့တွဲပြီးသိအောင်အရင် အားထုတ်ပါ Brand တခုနဲ့ကိုယ့်ကိုလူသိလာပြီဆိုမှ တခြားတွေကိုအားထုတ်စေချင်ပါတယ် ခုကဟိုဟာ ဒီဟာအကုန်ရောင်းကြတော့ကိုယ်ကဘယ်နေရာမှာမှ ထိထိရာက်ရောက်မဖြစ်လာဘဲ မရောင်းရဘူးဆိုပြီး စိတ်ဓာတ်ကျပြီး လမ်းတဝက်မှာပြတ်မကျန်စေချင်ပါဘူးအတူတူလက်တွဲပြီးအဆုံးထိလျှောက်ချင်တာပါနော် quality တကယ်ကောင်းတဲ့ product ဆို ယုံယုံကြည်ကြည် ရူးသွပ်စွာနဲ့သူ့အပေါ်စိတ်နှစ်ပြီးကြိုးစားစေချင်ပါတယ် နေရာတခုရလာရင်brand ပိုင်ရှင်တွေကသင့်ကို့စောင့်ကြည့်ပြီးသူ့တို့ product ကိုသင့်အားယုံကြည်စွာ အပ်နှံလာကြမှာပါအာ့ကြောင့် ကိုယ့်မှာ agent တွေများလာအောင် အရင်ကြိုးစားပါ ကိုယ်ရောင်းတဲ့ product ကိုကိုယ်တိုင်အရင်သုံးကြည့်ပါဒါမှမေးလာသမျှကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်မှာပါcustomer တွေ ယုံကြည်ရတဲ့ OS တစ်ယောက်ဖြစ်အောင် အရင်ကြိုးစားကြပါလို့OS သက်တမ်း4 နှစ်ကျော် အတွေ့အကြုံနဲ့ညီမလေးတွေကိုအကြံလေးပေးချင်ပါတယ်သိချင်တာအကုန် Cb ကမေးနိုင်ပါတယ်အိပ်ချိန်ကလွဲပြီးလိုင်းဖွင့်ထားပါတယ်ညီမလေးတွေ


Mon LayDecember 30, 20201min38050
လူတိုင်းမှာကောင်းကွက် နှင့် ဆိုးကွက်တွေ ကိုယ်စီရှိကြပါတယ်…. ပုထုစဉ် ဖြစ်နေသရွေ့ မလွတ်ကင်းနိုင်ပါဘူး အများစုက အောင်မြင်ကျော်ကြားလာတဲ့ လူတစ်ဦးကို ပိုပြီး ဆိုးကွက်တွေရှာတတ်ကြပါတယ်…. “လူတစ်ဦးက တစ်ဦးကိုချီးမွမ်းနေရင် မင်္ဂလာပါ… အဲဒီမင်္ဂလာကို ပျက်အောင် ဆိုးကွက်တွေကို ရှာကြံပြောတတ်ကြပါတယ်….”ဒီနေရာမှာ ကျွန်မ ခံယူချက်တစ်ချို့ပြောပြချင်ပါတယ် …အောင်မြင်ကျော်ကြားသူများကို ပြည်တွင်းမှာရော နိုင်ငံခြားမှာရော တွေ့ဖူးပါတယ် နေရာစုံမှာ… လူတစ်ဦးရဲ့ အကြောင်းကိုသေသေချာချာ ခရေစေ့တွင်းကျ ကျွန်မတို့ မသိနိုင်ပါဘူး…. ဘဝမှာ နေရာတိုင်းမှာ သင်ဆရာ မြင်ဆရာ ကြားဆရာတွေရှိပါတယ် ကိုယ်နေ့စဉ်မြင်တွေ့ကြားတွေ့သင်ယူနေတဲ့ အရာတွေထဲက ကောင်းတာတွေကိုပဲ ဦးနှောက်က မှတ်ယူရမှာဖြစ်ပါတယ်…ကိုယ့်ရဲ့ဦးနှောက်ထဲကို အရေးမကြီးတာတွေ နေ့တိုင်းထည့်နေမယ်ဆို ဘဝတက်လမ်းနဲ့ပိုဝေးပါတယ်…ဘဝမှာ စကားဝိုင်းမျိုးစုံနားထောင်ဖူးပါတယ်…. ကိုယ်ရဲ့ဘဝကို စိတ်တိုင်းမကျသူတွေ ကိုယ်ဖြစ်တဲ့ဘဝကို မရသူတွေ ကိုယ့်ရဲ့ဘဝကို မကျေပ်သူတွေမှာ “ဂုဏ်ယူပြီးပြောစရာ စကားမရှိသလို… ဘာကိုဦးတည်ပြောရမယ် ဘာကိုမျှဝေရမယ်ဆိုတာ […]


Mon LayDecember 30, 20203min39530
စိတ်ထားတတ်ရင်မြတ်တယ်လူ့လောကမှာကိုယ့်အပေါ်တိုက်ခိုက်ခံရတာတွေပုတ်ခတ်ခံရတာတွေများစွာကြုံဖူးမှာပါဒါပေမယ့်ဒေါသတွေကြီးပဲထွက်ခဲ့ပြီးသင်ခန်းစာမယူတတ်ခဲ့ကြဖူးမလားစဥ်းစားကြည့်ပါလားသူတို့တွေဆိုတာကိုယ့်စိတ်ခံနိုင်ရှည်စွမ်းကိုစိတ်ထားတတ်အောင်ကျင့်ပေးနေတာမို့ကိုယ်ဘယ်တော့မှပြိုလဲမပြပါနဲ့သူများအပူကိုယ်မယူပါနဲ့…သူတို့ဘာတွေပဲ ပြောပြောကိုယ်လုပ်စရာရှိတာလုပ်ရမှာပဲမဟုတ်လား..ကဲ့ရဲ့(7)ရက်..ချီးမွမ်း(7)ရက်မို့ဘယ်သူတွေဘယ်လိုလာတိုက်ခိုက်နေပါစေ ကိုယ်ပြုံးနေပေးလိုက်ပါဒေါသ နဲ့ဆိုအမှားပါတတ်လို့ချိုမြိန်သောလက်စားချေခြင်းနည်းနဲ့ရလာဒ်ရအောင်လုပ်ပြရမှာကိုယ့်တာဝန်နော်ဒီစာကိုမြင်ရင်”Onlineလုပ်လို့​ဘယ်လိုတွေတိုက်ခိုက်ပုတ်ခတ်ခံနေရပါစေစိတ်ထားတတ်အောင်ကျင့်ပြီးအောင်မြင်ပြမယ်“လို့ရေးခဲ့နော်


Mon LayDecember 26, 20202min31910
မွန်လေးရေ, Congratulationsပါ…မင်းလုပ်ငန်းရှင်ကြီးဖြစ်နေပြီ…မင်းသိရဲ့လား……မင်းစိတ်အရမ်းညစ်ခဲ့ရတဲ့ ၀◌န်ထမ်းဘ၀ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုမင်းလုပ်ကိုင်နိုင်နေပြီ။  အပျော်ကြီးပျော်ပလိုက်စမ်းပါ…. ထပ်ပြီး Congrats လုပ်ချင်တယ်…မင်းစိတ်ပင်ပန်းမှုဒဏ်ကိုရဲရဲကြီးခံနိုင်ရည်ရှိသွားပြီ…ကိုယ်ပိုင် လုပ်ငန်းနဲ့ ၀◌န်ထမ်းက အဲ့ဒါကွာတယ်လေနော်…၀◌န်ထမ်းဆို အချိန်တန်လကုန်ရင် မင်းလစာရမှာ..တိကျတဲ့ ၊ သိရတဲ့လစာရမှာ…အခုကကိုယ်ပိုင်လုပ်ငန်းလုပ်တော့ မင်းရဲ့၀◌င်ငွေက လကုန်မှပဲသိရမယ်…ဘယ်လောက်ရမလဲဆိုတာမင်းမသိနို်င်တော့..မင်းကြိုးစားဖို့လိုအပ်တယ်။ နေ့တိုင်းကြိုးစားရမယ်။ မင်းရဲ့အခုလုပ်ငန်းလေးကို ၂၀၁၄ မှာ အကောင်အထည်စဖော်ခဲ့ပြီး..တစ်လကို သောင်းဂဏန်းမြတ်တာကနေ အခု လက်ကားပေးနိုင်တဲ့အဆင့်အထိမင်းရင်းနိုင်လာခဲ့ပြီ။ မင်းအရမ်းပင်ပန်းခဲ့ရတာကိုး…deli ကို သူများအပ်လည်းရရဲ့နဲ့ လမ်းကြုံရင်ကိုယ်တိုင်သွားပို့တာတို့၊ အပို၀◌င်ငွေရအောင် လိုင်းကားတိုးစီးတာတို့ မင်းအရမ်း ပင်ပန်းခဲ့ရတော့….အခုအဲ့ပင်ပန်းမှုရဲ့အသီးအပွင့်ကိုမင်းခံစားနေရပြီ။ ဆက်ကြိုးစားပါ။ ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ဖြစ်အောင်သွားပါ။  မင်းပတ်၀◌န်းကျင်ကလူတွေထဲမှာ မင်းကိုချစ်လို့ အားပေးဖို့စောင့်ကြည့်နေတာမျိုးရှိသလို…မုန်းလို့ လှောင်ဖို့စောင့်ကြည့်နေတာမျိုးလည်းရှိနေမှာပဲ။ အဲ့တော့ စိတ်ဓါတ်တွေပြိုလဲမသွားပါနဲ။ ယိုင်လဲသွားခဲ့ရင်တောင် အဲ့လိုလူတွေရှိလို့ မင်းပြန်ထပါ။ ထပ်ကြိုးစားပါ။ မင်းအနောက်မှာ မင်းအားကိုးလို့ရမယ့် သူမရှိသေးဘူး။ မင်းကိုယ်မင်းပြန်ထမှရမယ်။  မင်းကသိပ်ကိုရည်မှန်းချက်ကြီးတော့ ..တခါတလေ..ကျန်းမာရေးလည်းဂရုစိုက်ဦး။ ကြိုးစားတာကောင်းပါတယ်..မကောင်းဘူး..မပြောဘူး..ဒါပေမဲ့ ကျန်းမာရေးကအရေးပါတော့..ကျန်းမာရေးကောင်းမှ မင်းရည်မှန်းချက်တွေပြည့်အောင်လုပ်နိုင်မှာမို့…စောစောအိပ်စေချင်တယ်။ အားဆေးပုံမှန်မသောက်ဘူးနော်…အမြဲသောက်ပါ။  ပြီးတော့ တစ်ပတ်မှာ ၁ရက် အားလပ်ရက်လေးထားပါ။..အားလပ်ရက်မထားနို်င်ရင်တောင်မှ အားလပ်ချိန်လေးတော့ တစ်နေ့မှာ ဘယ်နှစ်နာရီဆိုတာသတ်မှတ်ပြီးထားစေချင်တယ်။ မင်းဘ၀က rich kid မဟုတ်တော့ သူများတွေလိုနီးပါး ဖြစ်ချင်လို့ ကြိုးစားတာသိပေမဲ့..ရေရည်မှာ ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။ မင်းကစိတ်ကြီးတယ်။ စိတ်မြန်တယ်။ လျှော့ပါ။ ဒါမကောင်းတာပဲ။ အမှားလုပ်မိတတ်တယ်။ ဂရုစို်က်စေချင်တယ်။ မင်းဖြစ်ချင်တာတွေဖြစ်သွားခဲ့တဲ့နေ့ကျရင်လည်း မာနမထောင်လွှားပါနဲ့။ အရင်လို ပုံမှန်လေးနေပါ။ ဘုရားတရားလုပ်၊ တရားများများထိုင်စေချင်တယ်..နောင်ဘ၀ကူးကောင်းအောင်ပေါ့။ ကျေးဇူးရှင်တွေကိုလည်းသိတတ်ပါ။  မင်းကိုချစ်တဲ့သူ..မင်းကချစ်တဲ့သူတွေနဲ့ အချိန်ပေးပါ။ သူတို့နဲ့ အပြင်မှာမုန့်ထွက်စားတာတို့…စကားပြောတာတို့လုပ်ပေးပါ။ မင်းအရမ်း၀◌ါသနာပါတဲ့ Travel Blogger ကြီးဖြစ်ချင်တယ်ဆို… Europe ထိရောက်အောင်သွားပါ။ အရှေ့တိုင်းရော..အနောက်တိုင်းရော…ပြဲပြဲစင်အောင်သွားဖို့…ငွေစုပါ။ လိုအပ်တဲ့နေရာမှာငွေသုံးပါ။  အခုနောက်ပိုင်းမင်းငွေကို အရင်လိုသိပ်မဖြုန်းတာတွေ့လို့၀◌မ်းသာပါတယ်။ ငွေတန်ဖိုးနားလည်လာပြီ။ ပြီးတော့ ၀◌ယ်ချင်တဲ့ ပစ္စည်းတစ်ခုကို ဘယ်တော့မှ အရစ်ကျအတိုးနဲ့မ၀◌ယ်လေနဲ့။ အခန့်မသင့်ရင် ဒါမျိုးက နာမည်ပျက်ကိန်းဖြစ်တတ်လို့ပါ။ ဒါကိုမင်းနားလည်ပါတယ်။  ၂၀၂၁ မှာလည်း အခုလိုစိတ်ဓါတ်တွေကြံ့ကြံ့ခိုင်နိုင်ပြီး လုပ်ငန်းရှင်ဘ၀ကိုပဲကြိုးစားလျှောက်လှမမ်းပါ။ အောင်မြင်မှုနဲ့နီးလာလေလေ..မင်းခက်ခဲကြမ်းတမ်းနေရင်တောင်…ဆက်ကြိုးစားပါ။ အစွမ်းကုန်ကြိုးစားပါ။ 


Mon LayDecember 26, 20201min3510
မွန်လေးရေ, Congratulationsပါ..မင်းအခုလ ဒီဇင်ဘာထိ အသက်ရှင်နေထိုင်ခွင့်ရပြီး ကျန်းမာစွာနဲ့ ဘ၀ကိုဖြတ်သန်းနေနိုင်နေတယ်။ ၂၀၂၀ အစကို ပြန်ပြောကြမယ်နော်။ မင်းရဲ့ ခရီးသွားဆောင်းပါးတွေရေးသားမှု၊ ကြိုးစားအားထုတ်မှုကိုလူတွေသိမြင်လာလို့ မင်းကို  ဇန်န၀ါရီလလောက်တုန်းက ငွေဆောင်က guesthouse တစ်ခုရဲ့ review ရေးခိုင်း ခြင်းကို မင်းရခဲ့တယ်။ ထပ်ကြိုးစားပါ။ ဒါမင်းဖြစ်စေချင်တဲ့အရာပဲ။  ပြီးတော့ ကိုဗစ်ဖြစ်သွားတယ်။ မင်းဆောင်းပါးတွေဆက်မရေးတော့ဘဲ..ရောဂါအခြေအနေပို့စ်တွေပဲ ဆက်ဆက်တင်နေတယ်။ မင်းဘာဖြစ်သွားခဲ့တာလဲ။ နောက် မင်းဆက်မတင်တော့ဘဲ..အရင်ကသွားခဲ့ဖူးတဲ့..ခရီးသွားစရာမလိုသေးဘဲ…ထပ်ရေးလို့ရသေးတဲ့ အကြောင်းအရာတွေနဲ့ မင်းpage ကိုပြန်လာပြီး ပြန်ရေးလာတာတွေ့တယ်။ အဲ့လိုပဲဖြစ် နေရမယ်လေ။ Blogger တစ်ယောက်က follower တွေကို ထိန်းထားဖို့..သူ့တို့ကို တစ်ခုခု  message ပေးဖို့ မင်းကအမြဲကြိုးစားနေရမှာလေ…မင်းဆက်ကြိုးစားပြီးရေးသင့်တာ ပေါ့။ မင်းပြန် ရေးလာတယ်။ Good ပါ…keep going နော်။ ခရီးသွားရင်း မင်းဟိုတယ်တွေတည်းခဲ့ရတယ်မှတ်လား..ပြန်ရေးပေးလေ…ခရီးသွားရင်း ဘာတွေအမှတ်တရဖြစ်စေခဲ့လဲ…ဘာတွေရှောင်ရမလဲ…ဘာတွေစားလို့ရလဲ..ဘာတွေမြင်တွေ့နို်င်လဲ..မင်းရေးလေ…မင်းမအားဘူးဆိုတာနားလည်တယ်။ အရင်လို၀◌န်ထမ်းမဟုတ်တော့ဘူး။ ကိုယ်ပို်င် အ လုပ်လုပ်မှ စားရမှာ ဖြစ်ပေမဲ…အားတဲ့အချိန်လေးမှာ စာလေးတွေဆက်ရေးပါလို့ အားပေးချင်တယ်။ မင်းကဇွဲရှိတယ်။ ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်လေ. Travel Blogger ကြီးဖြစ်ချင်တယ်ဆို….ဆက်ရေးပါ..ချပြပါ…မင်းကိုယ်တိုင်ကအားပေးမှ မင်းကိုအားပေးတဲ့ သူတွေရှိမှာပေါ့…ဆက်ရေးပါလို့ပြောချင်တယ်။ ၂၀၂၁ ရောက်တော့မယ်…ကိုဗစ်ဖြစ်နေသေးလို့..ခရီးတွေဆက်မထွက်နိုင်သေးရင် လည်း…စာတွေဖတ်ပြီး…ပြန်ရှယ်ပါ…ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတတွေပေါ့။  Fighting!!! အားပေးနေပါမယ်။


Mon LayDecember 25, 20201min37760
ဘဝမှ လူတစ်ယောက်ကိုမုန်းတီးတိုင်းမာန်တတ်လာတိုင်းကိုယ် ဘဝကို အမြဲ သုံးသပ်ကြည့်မိတယ်။မွန်လေး အသက် ၃၀အခု လူ့သက်တန်း ၇၅ နှစ် ပျှမ်းမျှထားလိုက်မယ်၄၅နှစ်အသက်ရှင်ရမယ် ရက်ပေါင်း 16200သာအသက်ရှင်ဖို့ရက်ကျန်မယ်။ဒါတောင်နေထိုင်ကောင်းမှဒီလောက်ပဲ ကျန်တော့တဲ့ ရက်မှ ငါ ကောင်းမှုကုသိုလ်ဘယ်နှစ်ခု လုပ်ပြီးဘီလဲ??မိဘတွေကို ဘယ်လောက်ကျေးဇူးဆပ်ပြီးပြီလဲ??တစ်နေ့ ၅ပါးသီလ ဘယ်နှစ်နာရီ ထိန်းနိုင်လဲ??နောက်ဘဝ ငါ ဘာတွေ အာမခံချက်ယူပြီးဘီလဲ??တခြားသူများအတွက်ကနောက် ကိုယ်ဘဝသံသရာများ အမြဲကြည့်တယ်။လောဘဒေါသမောဟတွေထက် သတိဝင်စေပါတယ်။ဘဝကို ဒီတရားသဘောနဲ့ အမြဲသတိကပ်တယ်။ငါ ဆိုပြီးသိ်ပ်ဘဝင်မမြင့်နဲ့ လူတိုင်းသေမျိုးကြီးပဲနောင်သံသရာအတွက် အထုပ်ပြင်ထားကျပါ။ငါကြောင့်ဘယ်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမရောက်စေရ ငါ ရှာတဲ့ ငွေ သန့်ရှင်းပါစေ။ဒီဘဝကော နောက်ဘဝတွေပါ အသိသတိကပ်ကြီးမားတဲ့နှလုံးသား ပြည့်ဝတဲ့ လူ ဖြစ်ပါစေ