Mon LayJune 29, 20181min5692
အဟမ်းဟမ်း…ခရီးမသွားတာ ၃လလောက်ကြာသွားတော့ နောက်လထဲလည်း ပိတ်ရက်ကလည်းရှိနေတော့..မွန်လေးပြည်တွင်းခရီးစဉ်အနေနဲ့ ပုဂံကိုသွားမလားလို့စိတ်ကူးပါတယ်။ ပုဂံကို ဆယ်တန်းအောင်ပြီး တစ်ခေါက်ပဲရောက်ဖူးပါသေးတယ်..အဲ့နောက်ပိုင်းတစ်ခါမှမရောက်သေးပါ။ ခုတစ်ခါ ထပ်သွားမယ်ဆိုပြီး ပြင်နေတယ်ပေါ့နော်။ ပြီးတော့ တစ်နေရာသွားရင် စာဖတ်ပြီးမှသွားလေ့ရှိတဲ့မွန်လေးက စာတွေလည်းရှာဖတ်တယ် ပေါ့နော်။ အဲ့မှာ စာရေးသူတစ်ယောက် နာမည်တော့မသိတော့ပါ။ သူက ပုဂံကကလေးတွေအကြောင်းတွေကိုရေးထားတာလေးသွားတွေ့ပါတယ်။ သူတို့လေးတွေက ကျောင်းပိတ်ရက်ဆို မိဘတွေကိုကူညီဖို့ဘုရားမှာပန်းရောင်းတဲ့သူနဲ့ စကားပြန်ဂိုက်လုပ်တဲ့သူနဲ့ အဲလို လုပ်ကျွေးကြတယ်လို့ဖတ် ရပါတယ်။ ဖတ်လည်းပြီးရော သနားစိတ်လေးတွေဝင်ရော။ အရင်ကဆို ခရီးသွားရင်စားမယ်သောက်မယ်ဝယ်မယ်လည်မယ်ပဲစိတ်ရှိခဲ့တာ။ ခုတော့ ကလေးတွေကိုလှူချင်စိတ်လေးပါဖြစ်ပါလို့..ခရီးသွားရင်းလှူမယ်စိတ်ကူးပါတယ်။ ခုရွာထဲကလူတွေလည်းလှူဖို့ သဒ္ဓါတရားထက်သန်ရင် လှူစေချင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးလည်းပို့စ်ပြန်တင်ပေးပါမယ်။ မွန်လေးဘဏ်အကောင့်ပေးပါမယ်.. Yoma Bank 014335036237 Daw Aye Myat Mon + Daw Aye Aye Khine KBZ ATM card 99930713300423101 – […]


Mon LayJune 8, 20181min8195
မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေး မြို့ကို သွားလည်ရင်သမိုင်းအကြောင်းကို လေ့လာနိုင်တဲ့အပြင် မြန်မာနိ်င်ငံရဲ့အလှဆုံးနေရာတွေမှာ ဓာတ်ပုံရိုက်လို့လဲ ရပါတယ်။ဓာတ်ပုံရိုက်တာ ဝါဿနာပါတဲ့လူတွေအတွက် ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေကို ပြောပြမယ်နော်။ ဦးပိန်တံတား ဧည့်လမ်းညွှန်စာအုပ်တွေဓာတ်ပုံစာအုပ်တွေထဲကအလှဆုံးဓာတ်ပုံတွေကိုကြည့်ရင် ကမာ္ဘ့ဟောင်းဆုံးနဲ့အရှည်ဆုံးဖြစ်တဲ့ဦးပိန်တံတားမှာရိုက်ထားတာကိုတွေ့ရမှာပါ။ဦးပိန်တံတားနဲ့ရေကန်ဟာရေ အတက်ဆုံးဖြစ်တဲ့ဒီလိုအချိန်မှာအလှဆုံးပဲဖြစ်ပါတယ်။နေမဝင်ခင် ၂နာရီလောက်အလိုဟာတစ်နေ့လုံးမှာဓာတ်ပုံရိုက်လို့အလှဆုံးပဲဖြစ်ပါတယ်။ ရွှေကျောင်း မြန်မာ့ရိုးရာဗိသုကာလက်ရာနဲ့ဆောက်လုပ်ထားတဲ့ရွှေကျောင်းကတော့မူလတော်ဝင် နန်းတော်ရဲ့မူလအတိုင်းကျန်ခဲ့တဲ့တစ်ခုတည်း အဆောက်အဦးဖြစ်ပါတယ်။ရွှေကျောင်းကတော့နံရံနှင့်ခေါင်းမိုးမှာထွင်းထား တဲ့ဗုဒ္ဓပုံပြင်တွေကြောင့်ထင်ရှားပါတယ်။ ရွှေကျောင်းမှာဓာတ်ပုံလှလှလေးတွေထွက်အောင်ရိုက်ချင်တယ်ဆိုရင်တော့နေ့လည် ဘက်သွားတာအကောင်းဆုံးပါပဲ။ မန္တလေးတောင် မန္တလေးတောင်ကတော့မန္တလေးမြို့တစ်ခုလုံးကိုမြင်ရတဲ့နေရာပဲဖြစ်ပြီးဓာတ်ပုံဝါဿနာရှင်တွေ စိတ်ပျက်စေမှာမဟုတ်ပါဘူး။ မြစ်အကွေ့အကောက်တွေ၊ထိုးထွက်နေတဲ့စေတီတွေသာမက မန္တလေးမြို့မြင်ကွင်းကိုကအလွန်လှပပါတယ်။ ဒါပေမဲ့ဓာတ်ပုံလှလှရချင်တယ်ဆိုရင်တော့မနက်စောစောသွားရပါလိမ့်မယ်။ အင်းဝ ဒါဟာတော့မန္တလေးမြို့ထဲကနေရာတစ်နေရာမဟုတ်ပါဘူး။မန္တလေးမြို့ကနေတစ်ဆင့် သွားလို့ရတဲ့အင်းဝမြို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ အလျှောက်အင်းဝမှာဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ်။ ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့လူတွေအတွက်အင်းဝဟာမသွားမဖြစ်သွားသင့်တဲ့နေရာပဲဖြစ်ပါတယ်။ အပေါ်မှာပြောပြတဲ့နေရာတွေကမန္တလေးမြို့ကဓာတ်ပုံရိုက်လို့လှတဲ့နေရာအနည်း ငယ်ပဲရှိပါသေးတယ်။ကျန်တဲ့နေရာတွေလည်းရှိသေးတာမလို့မန္တလေးကိုသွားလည်ပြီးအလှဆုံးဓာတ်ပုံတွေရိုက်ခဲ့ပါလို့။  


Mon LayMay 30, 20182min5652
ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။ ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။ အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ် အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ တယ်။ သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။ ထိုင်းပိုက်ဆံ ဘတ် သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ ဗီယက်နန်ပိုက်ဆံ ဒေါင် သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ လာအိုပို်က်ဆံ ကစ် သူတို့ချစ်ရတဲ့ […]


Mon LayMay 25, 20181min3461
မြန်မာဂဇက်ကို ဖေ့ဘွတ်မှာလည်းဖတ်လို့ရတော့ ဒီဖတ်ခဲ့ရတဲ့ ရင်နင့်ဖွယ်၊သနားဖွယ်၊ အော့နှလုံးနာဖွယ် သတင်းလေးကို အများသူငါသိစေချင်တဲ့စိတ်နဲ့ တင်ပေးလိုက်ပါတယ်။ များမာျးလေးရှယ်ပေးကြပါ။ ကလေးတွေကိုသွားရောက်လှူဒါန်းလို့ရရင်သိပ်ကောင်းမှာပဲ။ ———————————————————————————————————————————- ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေသို့ သွားရာ လမ်းဘေးရှိ အိမ်လေးတစ်လုံး တွင် ကျေးရွာအုပ်ချုပ်ရေးခေါင်း ဆောင်များနှင့် အမျိုးသမီးအချို့ ကြမ်းပြင်ပေါ်တွင် ထိုင်နေကြ သည်။ သားရေကွင်းကို လက်ချောင်းများတွင် ရစ်ပတ် ဆော့က စားနေသော ဆယ်နှစ်အရွယ် မိန်း ကလေးတစ်ဦးလည်း သူတို့နှင့် အတူ ရှိနေသည်။ ဤကလေးအပါအဝင် မူလ တန်းကျောင်းသူ လေးဦး ရွာ၏ တစ်ပါးတည်းသော ဘုန်းကြီး၏ ကျောင်းတွင် လပေါင်းအတန် ကြာ သွားရောက်နေထိုင်စဉ် လိင်ကျွန်ပမာ ပြုမူခံရမှုများအ ကြောင်းကို ၎င်းတို့က ဝမ်းနည်း တုန်လှုပ်စွာ ပြောပြနေကြသည်။ ကလေးများ နေ့ခင်းဘက်တွင် စာသင်ကျောင်းသွား၊ […]


Mon LayMay 23, 20181min48941
ဒီတစ်ခါတော့ ဗုဒ္ဓဘာသာဝင်တို့နဲ့နီးစပ်မှုရှိတဲ့ ကိုးရီယားကားလေးတစ်ကားကို ပြန်ပြီး review ရေးချင်ပါတယ်။ ကားနာမည်လေးက Along with gods, Two world တဲ့။ ကိုရီးယားနိုင်ငံမှာ 2017က ရုံတင်သွားခဲ့တဲ့ကား။ ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးထားတဲ့ကားပါ။ အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးသွားပြီး ဘဝ ကူးပြောင်းသွားခဲ့ပါတယ်။ အဲ့ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက […]


Mon LayMay 9, 20181min59923
အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။ ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။ Alibaba Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။ ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။) အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင် သူ […]


Mon LayApril 27, 20181min45602
ဒီတစ်ခါကတော့ မွန်လေးကို Hotel Grand United Ahlone ကဖိတ်ခေါ်မှုနဲ့ မနက်စာသွားစားဖြစ်ခဲ့ပါတယ်။ #နေရာ ဟိုတယ်လေးကတော့ အလုံမြို ့နယ်၊ဗဟိုအမျိုးသမီးဆေးရုံရှေ ့တည့်တည့်မှာရှိတာပါ။ သွားရလာရတာတော့ တော်တော်လေးလွယ်ကူပါတယ်။ #အခင်းအကျင်း 2nd floor မှာ မနက်စာကိုသပ်သပ်ရပ်ရပ်နဲ့ အသေအချာလေးခင်းကျင်းထားတာကိုတွေ့ရတော့ဗိုက်ကမရတော့ဘူးလေ…မြင်တာနဲ့စားချင်သွား တာပေ့ါ။ပြီးတော့ စားတဲ့နေရာကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်စရာလည်းမလိုတော့ဘူးလေ။အစာစားနေရင်း နဲ့ကိုမပျင်းရလေအောင် ဘက်စုံထောင့်စုံမှာ TVတွေထားပေးထားတော့ မိုက်တာပေါ့။ #အစားအစာ ကျွေးတဲ့အစားအစာကလည်း International Buffet ဖြစ်တဲ့အပြင် မြန်မာအစားအစာအနေနဲ့မုန့်ဟင်းခါး၊ပေါက်စီ၊ကောက်ညှုင်းပေါင်းနဲ့ ခေါက်ဆွဲ ပြုတ်၊ကြာဇံပြုတ် တို့ကိုအသားမျိုးစုံနဲ့လည်းစားလို့ရလို့အရမ်းကိုအဆင်ပြေတဲ့မနက်စာလေးပါ။ စားသောက်ဆိုင်နာမည်လေးကလည်း Carpe Diem Restaurantတဲ့။ In house guestတွေကတော့ complimentary ပါ။ အပြင်ကနေလာစားကြမယ့်သူများအတွက်ကတော့ တစ်ယောက်ကို  15$ပါ။ မြန်မာငွေပေးလည်းရပါတယ်။ သူတို့ဟိုတယ်ပေါက်ဈေးနဲ့ပေါ့နော်။ ကဲ တစ်ခါလောက်ဟိုတယ်မှာ […]


Mon LayApril 25, 20181min1280
ကလေးတွေကို ခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာ ဒီသင်ခန်းစာကိုထည့်ပြီးသင်ပေးလာတယ်လို့သိရပါတယ်။ အရှေ ့နိုင်ငံတွေမှာလည်း ဒီလိုသင် ခန်းစာကိုထည့်ပြီးသင်ပေးနိုင်ရင် သိပ်ကိုကောင်းမှာပဲ။ (၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း (၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း (၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ – အဘိုး ကို မျက်နှာသစ်သုတ်ပဝါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း) (၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း (၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို […]


Mon LayApril 23, 20181min31070
ခရီးတွေသွားပြီး review တွေပြန်ရေးတယ် ခုတစ်ခါ အရမ်းကိုကြိုက်ခဲ့ရတဲ့ရုံတင်ကားတစ်ကားအကြောင်းကိုလည်းreview ရေးချင်ပါတယ်။ ဘာလို့ ဆိုခါတိုင်းပြနေတဲ့ ချစ်ကြိုက်ကွဲညား မဟုတ်ဘဲ ကွဲထွက်သွားတဲ့အပြင် နာမည်ကြီး မင်းသမီးကြီးတွေနဲ့ မင်းသမီးငယ်တွေပါ ဖက်ရှင်ဒီဇိုင်းကျကျ လှလှပပဝတ်ပြီး Fighting Action ပီပီသရုပ်ဆောင်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုမွန်လေးသိပ်ကြိုက်တယ်လေ။ ကိုယ်ကြိုက်တဲ့မင်းသမီးလည်းပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်းလန်ပြန်ထွက်ဆိုတော့…အိုးအို။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ မခိုင်ကြီးက မေနက္ခတ်တဲ့။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပေါ့။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော […]


Mon LayApril 18, 201811min4612
😉😉ဗီယက်နမ်တိုးတွေမြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတုန်းက သယ်ရင်းတွေနဲ့မြောက်ပိုင်းဟနွိုင်းသွားရင်ကောင်းမလား….တောင်ပိုင်း ဟိုချီမင်းကိုပဲသွားရင်ကောင်းမလားဆိုပြီး တိုင်ပင်ပြီးတော့ ခုခရီးစဉ်ဟနွိုင်းကိုထားခဲ့ပြီး တောင်ပိုင်းနဲ့အလယ်ပိုင်းနဲ့ပဲရွေးပြီး Viet Jet နဲ့သွားခဲ့ပါတယ်။ 😊အဲ့လိုစီးပြီးသွားခဲ့တော့ ဟိုချီမင်းလေယာဉ်ကွင်းကနေ လေဆိပ်ထဲရောက်ဖို့ကားနဲ့တဆင့်ထပ်သွားရပါတယ်။ အဲလိုကားနဲ့သွားတဲ့အချိန်မှာ Vietnam Airline ကို ရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်။😳😳 အရမ်းကိုကြီးပြီး အရမ်းမိုက်တဲ့အဲလိုင်းပါ။ အဲဒါနဲ့မွန်လေးစိတ်ထဲမှာ ငါနောက်တစ်ခေါက်ဗီယက်နမ်သွားရင် ဒီအဲလိုင်းပဲစီးပြီးသွားမယ်လို့စိတ်မှာတေးမှတ်ထားလိုက်တာ..ခုညီမလေးက တစ်နိုင်ငံကိုတော့ အလည်သွားချင်တယ်လို့ ကိုယ့်ကိုပြောလာပါတယ်။ ဘာလီသွားမလားလို့ ဈေးစုံစမ်းပါတယ်။ Air Asia တောင် ၃၀ဝ လောက်ဖြစ်နေပြန်တော့လည်းဘတ်ဂျတ်ကြိုက်တဲ့မွန်လေးက လက်တွန့်နေတာပေါ့။ 😧😧 စင်ကာပူကျတော့လည်း promotion ချတတ်တဲ့အချိန်ပဲသွားချင်ပြန်တော့ ဘယ်နိုင်ငံကျန်သေးလဲစဉ်းစားတာ လက်မှတ်စုံစမ်းလိုက်တော့ ကိုယ်စီးချင်ခဲ့တဲ့Vietnam Airline က 144 ပဲရှိတယ် Promotion ချနေလို့တဲ့။ တအားပျော်သွားတာပဲ။ 🤗🤗အဲဒါနဲ့ဘွတ်ကင်တင်လို့ရတော့ မြန်မြန်ဘွတ်ကင်တင်ပြီးသွားဖို့၃လအလိုလောက် ကတည်းက လက်မှတ်ဖြတ်ပြီးဝယ်ခဲ့ပါတယ်။ 😝😝 #ဘယ်လိုသွားလို့ရလဲ ✈ […]


Mon LayApril 18, 20181min2220
ဒီဆောင်းပါးလေးကတော့ 7 days ဂျာနယ်ကနေ မွန်လေးတော်တော်လေးသဘောကျလွန်းလို့ ဂဇက်ကရွာသူရွာသားတွေကိုဖတ်စေချင်လို့ တင်ပေးလိုက်တာပါ။ တချို ့အခမ်းအနားတွေသွားရင် သားသားနားနားဝတ်သွားမှ လူကခေါ်ချင်၊ပြောချင်ကြတယ်။ မဟုတ်ရင် မတူမတန်သလိုလိုနဲ့။ အောက်ပါဆောင်းပါးလေးတော့ခုခေတ်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုစုပြီးရေးထားတာဖြစ်ပါတယ်။ လူတချို ့ရဲ ့ဟိတ်ဟန် ကိုအစွဲအလမ်းကြီးပုံကိုလည်း နှိုင်းယဉ်ထောက်ပြထားတာတွေ့ရပါတယ်။ လူတွေရဲ ့ဟန်ဆောင်အပြုံးတွေကလည်း ဘယ်လောက်ရွှံရှာဖွယ်ကောင်း ကြောင်းကိုလည်းရှင်းပြထားပါတယ်။ (တစ်) ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။ ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ […]


Mon LayApril 11, 20181min35813
သင်္ကြန်ရောက်တော့မယ်နော်….ဂဇက်ကလူတွေအပေါင်းမြန်မာ့နှစ်သစ်မှာ ပျော်ရွှင်မှုတွေအတိဖြစ်ပြီး ကံကောင်းခြင်းတွေနဲ့ကြုံကြပါစေလု့ိ မွန်လေး ဆုတောင်းပေးလိုက်ပါတယ်။


Mon LayApril 6, 20181min1710
ရန်ကုန်နောက်ဖေးလမ်း ကြား ဥယျာဉ်စီမံချက်၏တစ်စိတ် တစ်ပိုင်းဖြစ်သော ပန်းဘဲတန်းမြို့ နယ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား (အလယ်ဘလောက်) ရှေးဟောင်းဓာတ်ပုံလမ်းကို ရုပ် ရှင်သရုပ်ဆောင် အေးဝတ်ရည် သောင်းနှင့် ကလေးငယ်များက ကမ်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့တယ်လို့ သတင်းမှာသိလိုက်ရတော့ အတော်လေးဝမ်းသာသွားရပါတယ်။ မွန်လေးတို့ငယ်ငယ်တုန်းကဆို အိမ်ရှေ ့မှာ ကွင်းပြင်ကြီးရှိလို့ အစ်မတွေ အစ်ကိုတွေနဲ့ တစ်နေကုန် တစ်နေခမ်းဆော့လိုက်ကြရတဲ့ကစားနည်းတွေ၊ တချို ့ကစားနည်းတွေဆိုမှတ်တောင်မမှတ်မိတော့ဘူး။ နွေရာသီကျောင်းပိတ်ရက်ဆို နေ့လည်တည်းကကစားဖို့ထွက်သွားလိုက်တာ ညမိုးချုပ်တော့ မှအိမ်ပေါ်တက်တဲ့အထိ။ ပြီးတော့အဲ့ကွင်းပြင်ရှိလို့ အိမ်ကနေမြောင်းဟိုဘက်ခြမ်းက တိုက်တွေ၊လူသွားတာတွေတောင်လှမ်းမြင်လို့ရသေးတယ်။ ခုများကျတော့အဲ့အိမ်ရှေ ့မှာ ၅ထပ်တိုက်ကြီးဆောက်လို့၊ မြင်ကွင်းတွေလည်းပိတ်လို့၊ အရှေ ့တိုက်ကနေ ကိုယ့်အိမ်ထဲကိုချောင်းကြည့်မှာစိုးလို့ အပင် တွေစိုက်ရတာကတစ်မျိုး၊ လိုက်ကာတွေနဲ့ ကာရတာကအလုပ်တစ်ခု။ ခုခေတ်ကလေးတွေခမျာကြည့်ကြည့်နေတာ သူတို့အတွက် ဆော့စရာကွင်းပြင်မရှိတော့ ကားပါကင်လွတ်ရင်ဆော့ကြတယ်။ မလွတ်ရင်မဆော့ကြတော့ဘူး။ ရပ်ကွက်မှာ […]