Mon LayJanuary 10, 20181min2391
ဟိုတစ်နေ့ကအဒေါ်ကမွန်လေးကို သတင်းစာထဲဖတ်ကြည့် Aya ဘဏ်က အကြွေးဝယ်ကဒ်တွေသုံးတဲ့သူတွေ ငွေသွင်းဖို့ပျက်ကွက်တဲ့သူတွေကို တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ရေးထားတယ်လု့ိပြောပါတယ်။ “အကြွေးဝယ်ကတ်အတွက် ငွေသွင်းဖို့ ပျက်ကွက်နေသူတွေအနေနဲ့ အမြန်ဆုံး ပြန်သွင်းကြဖို့ ဧရာဝတီဘဏ်က နိုင်ငံပိုင် သတင်းစာတွေကတဆင့် ကြေညာလိုက်ပါတယ်။ ငွေသွင်းဖို့ ပျက်ကွက်နေသူတွေကို ဘဏ်က အသိပေးစာတွေ ပို့ထားပေမယ့် လာမသွင်းကြဘူးလို့လည်း ဆိုပါတယ်။ ငွေတွေကို လာမယ့် ဇန်နဝါရီ ၂ဝ ရက်နေ့ နောက်ဆုံးထား ပေးသွင်းဖို့နဲ့ ပျက်ကွက်ခဲ့ရင် နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ထပ်မံကြေညာပြီး တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့လည်း ဖော်ပြကြေညာထားပါတယ်။ အခု ကြွေးကျန်သူတွေဟာ အနည်းဆုံး ၆ လအထိ ငွေမသွင်းကြသူတွေ ဖြစ်တယ်လို့ သိရပြီး ဦးရေ ဘယ်လောက်ရှိတယ်၊ စုစုပေါင်း ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မေးမြန်းစုံစမ်းလို့ မရခဲ့ပါဘူး။ လက်ရှိမှာ […]


Mon LayJanuary 5, 20181min3483
ဒီခေါင်းစဉ်လေးကတော့ 7 days news ကဆောင်းပါးလေးကနေကောက်နှုတ်ထားတာပါ။ သဘောကျလို့ပါ။ နှစ်တစ်နှစ်ပြီးသွားတိုင်း နောက်တစ်နှစ်ရောက်ရင် ကိုယ်နှစ်သစ်မှာ ဘာတွေပဲကောင်းတာလုပ်တော့မယ်။ မနှစ်ကအတိုင်းလုပ်မနေတော့ဘူးဆိုပြီး အကောင်းမြင်စိတ်လေးထားမယ့်သူများ ဒီဂဇက်မှာ ရှိပါလား..ဆွေးနွေးဖလှယ်ကြတာပေါ့။ မွန်လေးကတော့ မနှစ်ကလည်းခရီးတွေသွားတယ်..ဒီနှစ် ၂၀၁၈မှာလည်း ထပ်သွားဖို့ရှိပါတယ်။ ဖြစ်နိုင်ရင် ဗီဇာကင်းလွတ်ခွင့်ရတဲ့ အရှေ ့တောင် အာရှနိုင်ငံ9ကို ပြည့်အောင်သွားချင်ပါတယ်။(မလေးရှားကဗီဇာမရသေးလို့) ကျန်တဲ့သူတွေကိုကော ဘာတွေလုပ်ကြမှာလဲ။ ၂၀၁၈ မှာ ဘာတွေအဖြစ်ချင်ဆုံးလဲ ??????  


Mon LayJanuary 5, 20181min2330
နှစ်သစ်ကူးညတွင် သေ ဆုံးသူလေးဦးအပါအဝင် အရေး ပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိမှု ကြောင့် ရောက်ရှိသည့် လူနာ ၂၀ဝ ဦးရှိကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက် တာခင်သိင်္ဂီမြင့်က ပြောသည်။၂၀၁၆   နှစ်သစ်ကူးညက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေး ပေါ်ဌာနသို့ ရောက်ရှိသည့် လူနာ ၁၇ရ ဦးရှိပြီး ၂၀၁ရ တွင် လူနာ ၂၃ ဦးပိုများခဲ့သည်။ #credit 7 days news. New Year လို့ခေါ်တဲ့နှစ်သစ်ကူးညမှာ လူငယ်တွေမို့ပျော်ကြတာလည်းပျော်ကြပေ့ါ။ ဒါပေမဲ့ ခုလိုခိုက်ရန်ဖြစ်ပြီးထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးသွားကြတဲ့သူတွေရှိတော့ ကြားမိတာစိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်တွေလည်းလူငယ်ပါပဲ။ လူငယ်ပီပီကဲကြသောက်ကြပေမယ့် ကိုယ်စည်းကိုယ်တော့စောင့်ကြပါသေးတယ်။ ဘာကြောင့်များသူတို့ အဲလိုဖြစ်ကြသလဲ တွေးတော့တွေးကြည့်မိပါတယ်။ သူတို့မိဘတွေကိုလည်း သနားမိတာ အမှန်ပါပဲ။ အဲလောက်တောင်ကဲကြရသလားလို့ လူကြီးပီပီပြောမိလိုက်ချင်ပါတယ်။


Mon LayDecember 22, 20177min5062
ခုတစ်ခေါက်နဲ့ဆိုအင်းထဲကိုပြန်ရောက်တာ ၂ကြိမ်မြောက်ပါ။ အလုပ်က staff partyက အင်းထဲက Sanctum Inle Resort မှာလုပ်တာမို့ပါ။ အရင်တစ်ခေါက်ကဘာနဲ့သွားခဲ့လဲဆိုတာသိချင်ရင်တော့ ဒီလင့်လေးကို ပြန်ဖတ်ပေးပါ။ https://myanmargazette.net/wp-admin/post.php?post=229773&action=edit ရန်ကုန်ကနေ ရုံးကကားစင်းလုံးငှားပြီးအင်းလေးညောင်ရွှေကိုတိုက်ရိုက်သွားခဲ့ကြပါတယ်။ မနက် (၈)နာရီဝန်းကျင်မှာ လမ်း Heart to Heart မှာမနက်စာဝင်စားကြပါတယ်။ ပြီးတော့ Sanctum Inle Resortကိုဆက်သွားကြတာပေါ့။ အဲ့နေ့မနက်မှာတော့ ဟိုတယ်မှာ Team building ဆော့ကြရင်းတစ်နေ့ကုန်သွားကြပါတယ်။ #ကိုယ်တည်းခဲ့တဲ့Sanctum Inle Resort သူလေးက 5 star ဟိုတယ်လေးပါ..ရေကူးကန်လေးနဲ့ အခန်းထဲကနေလှမ်းကြည့်ရင် ဟိုးအဝေးကရှမ်းတောင်တန်းတွေနဲ့အင်းလေးကန်ကိုလှမ်း မြင်နေရတယ်။ ပြီးတော့ surprise ဖြစ်ပြီးပျော်သွားတာကတော့ ဝင်ဝင်ချင်းအခန်းရဲ ့စားပွဲမှာ ကိုယ်တို့နာမည်လေးကိုစာရွက်မှာရေးထားပြီးကြို ဆိုနေတယ်ဆိုတာလေးပေါ့။ သိပ်ချစ်ဖို့ကောင်းတယ်နော်။ ကိုယ်က surprise လုပ်ခံရရင်သိပ်ပျော်တာသူသိများသိနေသလားကွယ်။    နောက်နေ့ […]


Mon LayDecember 19, 201732min3474
💛💙💜💚🧡ဘယ်လောက်တောင်အဲ့မြို ့လေးကိုချစ်သွားသလဲဆိုရင် ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်ဘူး။ အရင်တုန်းကဆိုအင်းလေးသွားမယ်ဆို ပိုပြီးလည်ချင်တာပင်းတယနဲ့တောင်ကြီးလောက်ပဲ  ဒါပဲ။ ကလောဆိုဘာမှလည်စရာမှမရှိတာ..ပျင်းတယ်မသွားချင်ပါဘူးtrekking ကလွဲပြီးဘာမှမရှိဘူး ဆိုပြီးဖြစ်ခဲ့တဲ့ကိုယ်။ ဟိုတလောက ကလောကိုသွားလည်ပြီးတော့မှပဲ..ငါမှားလေစွ မှားလေစွလို့ နောင်တရမိတဲ့အထိကို ဒီမြို ့လေးကိုချစ်သွားခဲ့ရတာ။ မွန်လေးနိုင်ငံ (၄)နိုင်ငံရှိပါပြီ။မြို ့ပေါင်းလည်း ၁ဝကျော်ပြီ ရောက်ဖူးတာပေါ့။ ဒါပေမဲ့ ဒီမြို့လေးလိုချစ်ဖို့ကောင်းပြီး အေးချမ်းတာမျိုးမတွေ့မိသေး ပါ။ ပြောရရင်အဆပေါင်းများစွာတိုးတက်နေတဲ့နိုင်ငံခြားတွေထက် ဒီကလောမြို ့လေးကိုပဲမေတ္တာသက်ဝင်မိပါတယ်။ ဘယ်လောက်တောင်ချစ်မိသွားသလဲဆိုရင် ငါတစ်နေ့အသက်ကြီးလာတဲ့အခါ ဒီမြို့လေးမှာပဲအိမ်နဲ့ခြံနဲ့ဝယ်ပြီးပဲနေတော့မယ်လို့တောင်ဆုံးဖြတ် လိုက်ရတဲ့အထိကို ချစ်မိသွားတာပါပဲ။ ရောင် စုံစိုက် ခင်း တွေ နဲ့ တောင် တန်း တွေ ကို background ထားပီး ဓာတ် ပုံ ရိုက် ရင် အရမ်း မိုက်ပါတယ်! View ကောင်း တဲ့ နေ ရာ […]


Mon LayDecember 8, 20174min3513
ခရီးသွားတဲ့အခါ မျက်နှာပေါ်တဲ့ပုံရိုက်မှ လှတာမျိုးမဟုတ်ပဲ မျက်နှာ ကိုကွယ်ထားပြီး ရှုခင်းအသားပေးပြီး အထာကျကျ ပို့စ် တွေပေးလို့ရတယ်နော် 🌸  


Mon LayDecember 5, 20177min4860
မုံရွာမှာလည်ပတ်ခဲ့ပြီးတော့ ဒီတစ်ခါ မန်းလေး၊အင်းဝကို လည်ပတ်ခဲ့တာလေး ဆက်ရေးပါမယ်။ #မင်းကွန်းပုထိုးတော်ကြီး 😲😲 မင်းကွန်းကိုရောက်ဖို့ဆို လမ်းက၂လမ်းရှိပါတယ်။ ကားနဲ့သွားလို့ရသလို့ boat စီးပြီးလည်းသွားလို့ရပါတယ်။ မွန်လေးပထမတစ်ခါသွားတုန်းက တော့ ကားနဲ့သွားခဲ့ပါတယ်။စစ်ကိုင်းတံတားကိုဖြတ်ပြီးသွားခဲ့တာပါ..လမ်းမှာစစ်ကိုင်းတောင်လည်းဝင်ဖူးရင်းနဲ့ပေ့ါ။ ခုတခါကတော့ နိုင်ငံခြားဧည့် သည်တွေကိုပို့တဲ့နည်းအတိုင်းဘုတ်နဲ့သွားခဲ့ကြပါတယ်။ ဘုတ်ကစီးချိန် ၄၅မိနစ်တော့ကြာပါတယ်။ ရှုခင်းလေးကြည့်၊ဓါတ်ပုံလေးရိုက်၊မုန့်လေးစား ရင်း၊ လေလေးတွေတိုက်တာခံရင်း မှေးရင်းနဲ့ အိပ်ပျော်မလိုတောင်ဖြစ်သွားခဲ့ပါတယ်။ 😛 မင်းကွန်းပုထိုးတော်ကြီး (သို့မပာုတ်) ကမာ္ဘ့အကြီးဆုံးပုထိုးတော်ကြီးအကြောင်းလည်းဗဟုသုတအဖြစ်ဖတ်ကြည့်ကြပါဦးလို့။ စစ်ကိုင်းတိုင်း မင်းကွန်းမှာ တည်ရှိသော မင်းကွန်းပုထိုးတော်ကြီးကို ၁၈ ရာစုနောက်ပိုင်းမှာ ကုန်းဘောင်မင်းဆက် ၆ဆက်မြောက်ဖြစ်သော ဘိုးတော်ဘုရားမင်းမှ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဘိုးတော်ဘုရားပာာ ဒီဘုရားကြီးကို မင်းကွန်းမှ မိုင် ၆ဝ ခန့်ဝေးသော ရွှေဘိုမှ မြင်ရအောင် ရွှေဘိုမှ ဖူးမြှော်လို့ရအောင်လို့ရည်ရွယ်ပြီး အလွန်ကြီးမားလှသော ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ သို့သော် ဘိုးတော် […]


Mon LayNovember 8, 201712min7804
ဒီတစ်ခေါက်သွားခဲ့ရတဲ့ခရီးစဉ်လေးကတော့ မုံရွာကနေ မန္တလေး ကိုသွားခဲ့တဲ့ခရီးစဉ်လေးပါ။ ရုံးကနေ Fam Trip ခရီးစဉ်ဆိုလည်းမမှားပါဘူး။ #ဘယ်လိုသွားခဲ့ကြလဲ ရန်ကုန် ကနေ မုံရွာထိ high way express ကားနဲ့ပဲသွားခဲ့ကြပါတယ်..Lumbiniနဲ့လေ..VIPကားဆိုုငြိမ့်ပြီးအေးဆေးလိုက်သွားရုံပဲ။ (ကားလက်မှတ် လည်းမှာလို့ရတယ်နော် :P) ညကားဆိုတော့ (၇)နာရီလောက်ထွက်ပြီး မုံရွာကိုမနက်(၇)နာရီကျော်ကျော်လောက်ရောက်သွားပါတယ်။ #ဘယ်မှာတည်းလို့ရလဲ မုံရွာမှာတည်းစရာဟိုတယ်တွေတော်တော်များလာတာတွေ့ရပါတယ်. မွန်လေးတို့ကတော့ Win Unity Resort မှာပဲတည်းခဲ့ကြပါတယ်။ ဘန်ဂလို လေးတွေရှိသလို Building တွေလည်းရှိပါတယ်။ ဟိုတယ်မှာအထုပ်တွေချပြီးတာနဲ့ မွန်လေးတို့ လည်ပတ်ခြင်းအစီအစဉ်ကိုစကြတာပေ့ါ။ မုံရွာမြို့ဆိုတာ မြန်မာနိုင်ငံရဲ့အနောက်ဖက် ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းမှာ တည်ရှိပါတယ်..မြို့လေးက အမှိုက်တွေရှင်းပီး သပ်ရပ်နေတယ်..လမ်းပန်းဆက်သွယ်ရေးအနေနဲ့ကတော့ ကားတွေထက် ဆိုင်ကယ်အသုံးများပါတယ်…. King & Queen ဟိုတယ်နဲ့ Jade Royal ဟိုတယ်လေး၂လုံးလည်းရှိပါသေးတယ်။ #ဖိုလ်ဝင်တောင် ✔✔ ဖို်လ်ဝင်တောင် […]


Mon LayNovember 1, 20171min2531
ချစ်ရတဲ့ မြန်မာဂဇက်သူ ဂဇက်သားတွေကို မွန်လေးရဲ ့ခရီးသွားပို့စ်တွေချည်းပဲ..ဖတ်ရင်းငြီးငွေ ့နေမှာစိုးလို့ ရှလွတ်ဖြစ်စေမယ် ့ဟင်းလျာလေးတွေ တင်ပေးလိုက်ပါတယ်..ရှလွတ်ဖြစ်နိုင်ကြပါစေ။


Mon LayNovember 1, 20171min2632
မွန်လေးလည်းစာရေးရတာဝါသနာပါတာကတစ်ကြောင်း၊ ခရီးသွားရတာလည်း အထူးဝါသနာပါတာကတစ်ကြောင်းနဲ့ မို့ ထပ်ထပ်ရေးပေးပြီး တင်ပေးဖို့ကျန်တာလေးတွေလည်းရှိပါသေးတယ်။ ခရီးသွားနေတဲ့အချိန်ဆိုပို့စ်လေးတွေမတင်ပေးနိုင်လို့ ခုလိုနည်းနည်းအားတဲ့အချိန်လေးမှာသာ လုပြီးတင်ပေးမှာဖြစ်ပါတယ်။ ကျန်ရှိနေသေးသော ဆက်ရန်ရှိတဲ့ခရီးစဉ်များကတော့ ကလော၊ပင်းတယ၊ရွာငံ ခရီးစဉ် အင်းလေး ခရီးစဉ် ကျိုက်ထီးရိုး ခရီးစဉ် ပြင်ဦးလွင် ခရီးစဉ် ကျောက်ဖြူ ခရီးစဉ် မော်လမြိုင်၊ကျိုက်ခမီ၊စက်စဲ ခရီးစဉ် နည်းပါသေးတယ်နော်…..ထပ်ရေးပေးပါဦးမယ် ..စောင့်မျှော်ပေးပါဦးနော်..အာဘွား


Mon LayOctober 31, 20171min2071
ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီ (ပဲရစ်)ကို ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ယဉ်ကျေးမှုအနုလက်ရာနဲ့ဖက်ရှင်ကျတဲ့နေရာ ၁၀ဝ စာရင်းမှာ နံပါတ်တစ်နေရာက ရပ်တည်နေတာဖြစ်ပါတယ်။   ဒီစာရင်းဟာ ဗိသုကာဆိုင်ရာအလှအပကနေ လူတွေနေထိုင်ကြပုံ၊ အလုပ်လုပ်ပုံ သို့မဟုတ် လည်ပတ်ခဲ့ကြပုံ စတဲ့အချက်အလက်တွေကို အခြေခံထားတယ်လို့ သိရပါတယ်။ သန့်ရှင်းမှု၊ ယဉ်ကျေးမှုလက်ရာနဲ့ စတိုင်လ်တွေကလည်း အဆင့်သတ်မှတ်ရာမှာ ထည့်သွင်းတွက်ချက်နိုင်ဖို့အတွက် ဖက်ရှင်ကျွမ်းကျင်သူတွေ၊ ဗိသုကာပညာရှင်တွေနဲ့ အခြားပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။     ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ရာမှာ ပါရီရဲ့နောက်က လန်ဒန်၊ ဗီယင်နာမြို့တို့ ရပ်တည်နေပြီး နယူးယော့ခ်နဲ့ ဘာစီလိုနာတို့လည်း ပါဝင်ပါတယ်။ အချက်အလက်တွေကို စုဆောင်းတာကတော့ ဖက်ရှင်အက်ပလီကေးရှင်း Zalando ဖြစ်တယ်လို့ သိရတယ်။   အလှဆုံးမြို့တော်စာရင်းရဲ့ ထိပ်ဆုံးမြို့တော် ၃ဝ မှာ တိုကျိုလည်းပါဝင်ခဲ့ပါတယ်။ ဥရောပနဲ့ […]


Mon LayOctober 31, 20171min2480
ခရီးထွက်သူတွေက လုပ်ငန်းခွင်မှာပိုပြီး အောင်မြင်သူတွေ ဖြစ်လေ့ရှိပါတယ်။ play   ကျွန်တော်တို့ အားလုံး အပန်းဖြေခရီးထွက်ပေးဖို့ လိုပါတယ်။ တစ်နှစ်ကို အနည်းဆုံးတစ်ခါလောက်ပေါ့။ နှစ်ခါဆိုရင် ပိုလို့တောင် ကောင်းပါသေးတယ်။ ဒီလိုအပန်းဖြေခရီးထွက်သူတွေ ဘာကြောင့် အောင်မြင်လေ့ ရှိကြသလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ပါ။ ၁။ သဘောထားကြီးလာခြင်း ခရီးထွက်ပြီး ပြန်လာတဲ့အခါ သဘောထားကြီးလာတက်ကြပါတယ်။ ခရီးကပြန်လာတာနဲ့ လုပ်ငန်းခွင်မှာ ညှိနှိုင်းရမှုတွေ အလွယ်တကူ အဆင်ပြေသွားလေ့ရှိပါတယ်။ အဲဒီအချိန်မှာ သင့်ရဲ့စိတ်က လတ်ဆတ်တက်ကြွနေမှာပါ။ ၂။ လူမှုဆက်ဆံရေး ပိုကောင်းလာမယ် ခရီးသွားပြီဆိုတာနဲ့ မိတ်ဆွေသစ်တိုးဖို့က သေချာသလောက်ရှိသွားပါပြီ။ ပြည်ပနိုင်ငံတစ်ခုခုမှ ညီလာခံ တက်ရောက်တာမျိုးလည်း အကျိုးရှိတာပါပဲ။ ဒါကြောင့် ခရီးသွားလေ လူမှုဆက်ဆံရေး ပိုကောင်းလေပါ။   ၃။ စီစဉ်ဖန်တီးနိုင်စွမ်း ကောင်းလာမယ် ခရီးထွက်သူတွေဟာ စီစဉ်ဖန်တီးနိုင်စွမ်းလည်း ကောင်းတက်ကြပါတယ်။ […]