ဆုိးဆုိးAugust 12, 20101min1396
မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး အခုထိ သက်ရှိထင်ရှားရှိနေသေးသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေကြောင်း chocolatemyotaw.ning.com တွင် ဖော်ပြထားသည်။ အဖြစ်မှန် တခုအတွက် အကူအညီပေးကြပါရန် တောင်းခံအပ်ပါသည်။ chocolatemyotaw.ning.com မှ  သူငယ်ချင်း  မြို့စာလေး က ကျွန်တော်ကို မေးလ်ပို့ပေးသောကြောင့် သိရခြင်းဖြစ်ပါသည်။ အပြည့်အစုံကို အောက်ပါ link မှ ကြည့်ပါရန် Blog post link:  မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် […]


ဆုိးဆုိးAugust 11, 20101min570
နံနက်ခင်းရဲ့ ရောင်နီအတွက် ညအမှောင်ကို ကျော်ဖြတ်မယ်ဆိုလည်း အတူရှိနေမယ်တဲ့…။ အပေါ်ယံအရောင် ဘယ်လိုပဲမတူခဲ့ပင်မယ့် ရင်ထဲမှာအဖြူရောင်အင်္ကျီလေး အမြဲဝတ်ဆင်ခဲ့တယ်…။ သူငယ်ချင်းဆိုတာနဲ့ ငါဆိုတဲ့အတ္တ တိမ်တိုက် လေနှင်ရာကိုလွင့်ပြယ် မာနမပါတဲ့အပြုံး ဟန်ဆောင်ခြင်းကင်းတဲ့ ရယ်သံ ကမ္ဘာတည်သရွေ့ တဲ့ သစ္စာမပြုပဲ ခိုင်မြဲကြသည်…………………………………..။


ဆုိးဆုိးAugust 11, 20101min872
အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက် ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့ နေကြတယ်။ သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင် အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင် လာခဲ့ပါလေရော။ ခက်ပြီ။ အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ အရှက် ဟက်တက် ကွဲတော့မှာပဲ။ လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက “အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ […]


ဆုိးဆုိးAugust 11, 20101min863
အမေ…………………. ကျွန်တော်ရောက်နေတဲ့ ကမ္ဘာ က ငွေကြေးဆိုတဲ့ ဘုရင်ကြီး အုပ်ချုပ် အမတ်တွေက အတ္တ လောဘ မာန်မာန စစ်သူကြီးကတော့ ကိုဒေါသ တဲ့………………။ အမေ………………….. ကျွန်တော်ရောက်နေတဲ့ ကမ္ဘာက လူတွေဟာ အပေါ်ကိုကြည့်ပြီး ပြုံးပြတက်ကြတယ် အောက်ကိုကြည့်ပြီး ရှုံမဲ့တက်ကြတယ် ရှေ့တည့်တည့်ကြည့်ပြီး သဝန်တိုကြတယ်………..။ အမေ………………….. ကျွန်တော်ရောက်နေတဲ့ ကမ္ဘာက လူတွေမှာ စေတနာ နဲ့ မေတ္တာ တွေကို သူခိုး အခိုးခံထားရသေးတယ်………။ ရိုးသာမှုဆိိုတာ အမှိုက်သိမ်းကားလာရင် ပစ်တင်ပေးနေကျ……။ အကူအညီဆိုတာ ရယူစရာရှိမှ ထုတ်သုံးတဲ့ လက်နက်တဲ့………….။ ဟန်ဆောင်လိမ်ညာမှုတွေလည်း တောထနေပါပြီ။ သူတို့အိမ်ရှေ့ မောလို့ ခဏ ထိုင်နားမိရင်တောင် သွား………သွား………….ဖုန်းဆက်လိုက်ရမလားတဲ့……………..။ အမေ……………………. ဘယ်သူမပြုမိမိအမှုဆိုတဲ့ အမေ ဆုံးမခဲ့တဲ့အတိုင်း ကျွန်တော်စိတ်လေး ဖြူစင်အောင်လျှော်ဖွတ်လို့ ဝတ်ဆင်ခဲ့တာ […]