Friday,April 29,2011ခိုးဝင်တဲ့ မြန်မာ ၆၁ ယောက် အဖမ်းခံရ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီး၊ အမျိုးသား ၆၁ ယောက်ကို ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီး လိုက်တယ်လို့ ထိုင်းဘာသာနဲ့ ရေးသား ထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အတူ ဘန်ကောက်မြို့ကို ဦးတည် သွားဖို့ ကြိုစားနေတဲ့ အချိန်မှာ ထိုင်း အာဏာ ပိုင်တွေရဲ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။ အဖမ်းခံရတဲ့ သူတွေကတော့ မြန်မာနဲ့ ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာပြည်သားတွေကို […]