ဂ်စ္စူOctober 25, 20101min1573
မီးလောင်နေသော နေရာကို အဝေးမှ ရိုက်ကူးထားပုံ (photo: AP) မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေနဲ့ ကျွန်းချောင်း ဓါတ်မြေဩဇာ စက်ရုံအကြားရှိတဲ့ ညောင်နီပင်နဲ့ ညောင်လှ ကျေးရွာအကြားဖြတ်သန်းသွားတဲ့ ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်းမှာ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ညက မီးလောင်မှုဖြစ်ပြီး လူ၈ ဦးသေဆုံးကာ ၇ဝ ကျော်ဒဏ်ရာရခဲ့သည်။ ဒီဖြစ်ရပ်ဖြစ်ပွားပုံနဲ့ ထိခိုက် ဒဏ်ရာ ရရှိမှုကို ဒေသခံ တဦးက “မနေ့ညက မြစ်ခြေတောင်ဘက် ညောင်လှနဲ့ ၄မိုင်လောက်အကွာမှာဗျာ ရေနံပိုက်လိုင်းပေါက်တော့ ရေနံပြင်ကြီးဖြစ်နေတယ် အဲဒါကို ရွာသားတွေက သွားခပ်ကြတာပေါ့ အဲဒီမှာ မီးလောင်မှုဖြစ်ပြီး လူ၈ ဦးသေပြီး ၇ဝ ကျော်ဒဏ်ရာရသွားတယ်” ဟုပြောသည်။ ဒဏ်ရာရသူတွေဟာ ဆေးရုံဆေးခန်းကို သွားမပြရဲကြပဲ ကိုယ့်အစီအစဉ်နဲ့ကို ကုသနေကြတဲ့အကြောင်းကိုလည်း အဆိုပါ […]


ဂ်စ္စူOctober 23, 20101min2002
မြန်မာပြည်နဲ့ ဘင်္ဂလားဒေရှ့်ကို ဦးတည်တိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ဘင်္ဂလားပင် လယ်အော်ရဲ့ အရှေ့မြောက်ဘက်တွင် ရောက်ရှိနေကြသော ဘင်္ဂံလားဒေရှ်တံငါသည် (၁၀၀) ကျော့်နဲ့ လှေ (၂၁) စီးပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ယနေ့ပြောဆိုလိုက်သည်။ ဂီရိမုန်တိုင်းဟာ မြန်မာပြည် စစ်တွေကမ်းရိုးတမ်း တလျှောက်ကို ယမန်နေ့ည (၈) နာရီ မှာ ဝင်ရောက်တိုက်ခဲ့သည်။ မိုးသက်မုန်တိုင်းတိုက်လာပြီး (၈) မီတာအမြင့် ရှိတဲ့ လှိုင်း လုံးတွေ စတင်လာတာကြောင့် စိန့်မာတင် ကျွန်းတဝိုက်နေထိုင်ဒေသခံတွေနဲ့ ကော့ဘ ဇားဝန်းကျင်က ဒေသခံ ဘင်္ဂလားပြည်သူတွေကို လုံခြုံဘေးကင်းရာအရပ်ကို တာဝန်ရှိ သူတွေက ပြောင်းရွှေ့ပေးခဲ့ကြောင်းကို စနေနေ့ထုတ် ဒေလီစတားသတင်းစာမှာ ဖေါ်ပြ ထားသည်။ မြန်မာ့ ရုပ်မြင်သံကြားအစိအစဉ်မှာလည်း ပြင်းထန်သော ဂီရီမုန်တိုင်းဟာ ဗဟိုချက် တ နာရီ ၁၇ရ […]


ဂ်စ္စူOctober 23, 20101min2125
ပြည်တွင်းမှာ အင်တာနက်လိုင်းများ သုံးစား၍ မရအောင် ပြတ်တောက်နေပါသည်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ကွန်နက်ရှင် ပုံမှန် မဟုတ်တော့တာဗျ။ ပုံမှန်ကွန်နက်ရှင်ဆိုတာ တက်လာလိုက်.ကျသွားလိုက်နဲ ့   ပေကတ်ကတ် လုပ်တတ်တဲ ့ အနေအထားပါလေ။ကျသွားလဲ ခဏပဲ။ခဏနေရင်  လိမ်ဖယ်လိမ်ဖယ်နဲ ့ ပြန်တက်လာပါသေးတယ်။ အခုက တမင်တကာကို ဖြတ်ထားတာပဲ ဖြစ်တယ်။ဝဘ်ဆိုဒ်တွေကြည့်ဖို ့မပြောနဲ ့ ဂျီတော့ခ် တောင် ဝင်လို ့မရဘူးဗျာ။မနေ ့ကထဲက ဖြစ်နေတာ ဒီနေ ့အထိလဲ မကောင်းသေးဘူး။ တစ်နိုင်ငံလုံးလိုလို အင်တာနက်သုံးလို ့ အဆင်မပြေဘူး ဖြစ်နေတယ်။အကြောင်းတစ်ခုခု ရှိပြီဆို သတင်းအမှောင်ချပြီး ကွန်နက်ရှင် ဖြတ်ဖို ့ပဲ သိတယ်လေ။ ဧရာဝတီ ဘလော့ဂ်မှာတော့ ဒီလိုသတင်းပေးတာတွေ ့ရတယ်။ “မနက်ခင်းကတည်းက ရန်ကုန်မှာ အင်တာနက် ကော်နရှင်နှေးနေတယ်။ […]


ဂ်စ္စူOctober 22, 20101min2896
ယမန်နေ့က နိုင်ငံတော် အလံသစ်လွှင့် တင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေဟာ အထက်အာဏာပိုင်တွေက ဗေဒင်ကိန်ခန်းအတိုင်း အချိန်နာရီ၊ နေ့သင့်နံသင့် မွေးနေရှင်တွေကအစ အတိအကျ လုပ်ရမယ်ဆိုတဲ့ အမိန့်စာကို ကြံ့ဖွံ့တွေ အကြားမှ ယခင်ကတည်းက လျှို့ဝှက်ဖြန့်ချိထားတယ်လို့ သိရပါတယ်။ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က) ပါ နိုင်ငံတော်အလံ စတင်လွှင့်ထူ ခြင်း” ဖြစ်ပေါ်လာသည့် ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ဥပဒေကို ပြဋ္ဌာန်းပြီးနောက် အလံဟောင်းနှင့် အလံသစ်ကို လဲလှယ်လွှင့်ထူရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ၁။ အလံနှစ်ခု လဲလှယ်သည့် အချိန်တွင် အလံတိုင်၌ နိုင်ငံတော်အလံ လစ်ဟာသွားခြင်း မရှိစေရေး ဆောင်ရွက်ရမည်။ ၂။ အလံလဲလှယ် လွှင့်ထူမည့်သူများအဖြစ် နေ့သင့်နံသင့် အလိုအရ အင်္ဂါနေ့ မွေးဖွားသူတဦးနှင့် ဗုဒ္ဓဟူးနေ့ မွေးဖွားသူတဦးတို့ […]


ဂ်စ္စူOctober 22, 20101min1500
ချီလီနိုင်ငံ ဆန်းဂျို့စ်မိုင်းတွင်း ပြိုကျမှုတွင် ၆၉ ရက်ကြာ ပိတ်မိနေ ခဲ့သော မိုင်းသား ၃၃ ဦး ကိုအောင် မြင်စွာ ကယ်တင်နိုင်ပြီးသည့် နောက် ဂုဏ်ပြုပွဲဆင်နွှဲနေချိန်တွင် တရုတ်နိုင်ငံမှ ကျောက်မီးသွေးမိုင်း တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြန် သည်။ ထိုပေါက်ကွဲမှုကြောင့် မိုင်းသား ၂၆ ဦး သေဆုံးပြီး ၁၁ ဦး ပိတ်မိနေကြောင်း သိရသည်။ ၎င်းတိုု့အား အသက်ရှင်လျက် ပြန် တွေ့နိုင်ခြေမှာလည်း နည်းပါး ကြောင်းသိရသည်။ ယခင်အတွေ့ အကြုံများအရ ပိတ်မိနေသော ၁၁ ဦးသည် ကျောက် မီးသွေး မှုန့်များ ပိ၍ သေနိုင်ဖွယ်ရှိကြောင်း ကယ် ဆယ်ရေး တာဝန်ရှိသူ လက် ထောက်အကြီးအကဲက မီဒီယာ များကို ပြောကြားခဲ့သည်။ […]


ဂ်စ္စူOctober 22, 20101min2073
မြန်မာနိုင်ငံ၏ အနှစ် ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည် ဖြစ်သော ၂၀၁ဝ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း ကြားသိရသည်။ သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် […]


ဂ်စ္စူOctober 21, 20101min2154
မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ပြိုင်ကားမောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ရန်စီစဉ် လျက်ရှိကြောင်း Galaxyပြိုင် ကားမောင်းကွင်းမှ သိရသည်။၂ဝ၁၃ ဆီးဂိမ်းတွင် ပြိုင်ကား မောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပ ဖြစ်ခဲ့ပါက ပြင်ပကုမ္ပဏီများနှင့် ပူး ပေါင်း၍ ကားမောင်းသမားများကို ပိုမိုစနစ်တကျလေ့ကျင့် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ပြိုင်ကားမောင်းကွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။”ပြိုင်ကားမောင်းပြိုင်ပွဲထည့် သွင်း ကျင်းပသွားနိုင်ဖို့အတွက် သက် ဆိုင်ရာကိုတင်ပြထားပြီးပါပြီ။ ခွင့်ပြုချက်ရရင် ကစားသမားတွေ ကို စနစ်တကျရွေးချယ်လေ့ကျင့်ပြီး ယှဉ်ပြိုင်သွားမှာပါ။Galaxy ပြိုင်ကားကို လက်ရှိမှာ ၁၅ ယောက်လောက်ပဲ ကျွမ်းကျင်စွာ မောင်းနိုင်သေးတယ်၊ ပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် တခြားကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးနိုင်ငံတကာ  စံချိန် စံညွှန်းမီမောင်းနိုင်အောင် လေ့ကျင့် ပေးသွားဖို့ရှိပါတယ်။ ကိုယ့်နိုင်ငံ […]


ဂ်စ္စူOctober 21, 20101min1190
အမျိုးသား အဆင့် ရေးဆွဲပြီး စမ်းသပ် လွှင့် တင် ထားသည့် Yatanarpon Web Portal တွင် ဖုန်း ဘီလ် များကို online မှ တစ်ဆင့် ပေးသွင်းနိုင် မည့် ဝန်ဆောင်မှု ကို မကြာမီ စတင်မည် ဖြစ်ကြောင်း web portal တွင် ရေးသား ဖော်ပြ ထားသည်။ Yatanarpon web portal ကို စက်တင် ဘာ ၃ဝ ရက်မှ စတင်ကာ အောက်တိုဘာလ ကုန် အထိ စမ်းသပ် ထုတ်လွှင့် လျက်ရှိပြီး web portal ၏ homepage တစ်နေရာ တွင် online phone bill ဝန်ဆောင်မှု […]


ဂ်စ္စူOctober 21, 20101min1724
အေက်တိုဘာ ၃ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရုံးများသို့ အလှည့်ကျဓာတ်အား ဖြန့်ဝေပေးမည့် အချိန်ဇယားထွက် ပေါ်လာသော်လည်း လောလောဆယ် အလှည့်ကျမီးပေးမှု ပြုလုပ်ဦးမည် မဟုတ်သေးကြောင်း မြို့တွင်း ဓာတ်အားပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ”အလှည့်ကျ ဘယ်တော့စ ပေးရမလဲဆိုတာတော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး” ဟု အထက်ပါပုဂိ္ဂုလ်က ပြောသည်။ ရန်ကုန်မြို့၌ မြို့နယ်အချို့တွင် ယခုလအတွင်း  မီးပျက်မှုအချို့ ရှိနေခြင်းမှာ ဓာတ်အားခွဲဝေပေးရေး ရုံးများရှိ မိန်းကျခြင်းသာဖြစ်ကြောင်း သိရသည်။ ”မီးက အလှည့်ကျပေးမယ်လို့ ကြားတာပဲ။ ဒီရက်ပိုင်းအတွင်း မီးပျက်တာတော့ရှိတယ်။ ပုံမှန်ပျက်တာ မဟုတ်ဘဲ ခဏကြာရင် ပြန်လာတာ။ အလွန်ဆုံးကြာ တစ်နာရီ ၂ နာရီပဲ” ဟု သာကေတမြို့နယ် နေသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား […]


ဂ်စ္စူOctober 20, 20101min1050
မြန်မာနိုင်ငံထဲက သတင်းလွတ်လပ်ခွင့်ဟာ ၂၀၀၉ ခုနှစ်ကထက် ပိုဆိုးပြီး အဆင့် ၃ ဆင့်ကို နိမ့်ကျသွားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြောလိုက်ပါတယ်။ RSF ရဲ့ သတင်းလွတ်လပ်မှုမရှိတဲ့ နိုင်ငံများ စာရင်းမှာ ၂၀၀၉ ခုနှစ်က ၁၇၁ နိုင်ငံမြောက်မှာ ရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၁ဝ စာရင်းမှာ ၁၇၄ နိုင်ငံကို ကျသွားပါတယ်။ ဘယ်လိုကြောင့် အခုလို ကျဆင်းသွားရတာပါလဲ၊ ဘယ်လိုအခြေအနေမှာ သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေရသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။ ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာကို အကဲဖြတ်တဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဆင့် အညွှန်းစာတမ်းမှာ နယ်စည်းမခြား သတင်းသမားများအဖွဲ့က ၂၀၁ဝ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ […]


ဂ်စ္စူOctober 18, 20101min1712
ဖိလစ်ပိုင် နိုင်ငံတွင် မက်ဂီ အမည် ရှိအင်အား ပြင်း မုန်တိုင်း တိုက်ခတ်သည့် ဒဏ်ကြောင့် လူထောင် ပေါင်းများစွာ နေအိမ်များ ကို စွန် ့ခွာထွက်ပြေးနေရပြီး ယနေ ့ညနေ နောက်ဆုံး သိရသည့် သတင်းများ အရ အနည်းဆုံး လူ သုံးဦး သေဆုံး သွားပြီ ဟု သတင်းရရှိသည်။ မုန်တိုင်းသည် မနီလာ မြောက်ပိုင်း တူဂေးဂါရာဂို မြို ့ကို ဦးတည် တိုက်ခတ်နေပြီး မုန်တိုင်း၏ ဗဟိုချက် နေရာတွင် လေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၄ဝ မှ ၁၇ဝ အထိ ရှိသည် ။ မြို ့တော် မနီလာတွင် လည်း စီးပွာရေး လုပ်ငန်းများ […]


ဂ်စ္စူOctober 18, 20101min1421
ဒေါက်တာဦးထွန်းလွင်၏ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော tunlwin.com ၏ အဖွင့်စာမျက်နှာ ယင်းဝက်ဘ်ဆိုက်တွင် မိုးလေဝသသတင်များကိုအချိန်နှင့်တစ်ပြေးညီ တင်လျှက်ရှိပြီး tunlwinclimatewatch.info တွင်မူ သူရေးသားခဲ့သော ဆောင်းပါးများကို တင်ထားသည်။ မြန်မာ့မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်၏ အင်တာနက်ဝက်ဘ်ဆိုက်နှစ်ခုဖြစ်သော tunlwin.com နှင့် tunlwinclimatewatch.info တို့ကို အများပြည်သူများ ကြည့်ရှုနိုင်ကြပြီ ဖြစ်ပြီး မြန်မာနိုင်ငံနှင့်သက်ဆိုင်သော မိုးလေဝသ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တင်လွှင့်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ ”စာနယ်ဇင်းဆရာတွေနဲ့ မိုးလေဝသကို စိတ်ဝင်စားသူတွေအတွက် စီစဉ်ပေးထားတာပါ။ အဲဒီအတွက် တစ်နေ့ကို ၁၂ နာရီလောက်ကို အလုပ်လုပ်နေပါတယ်”ဟု ဦးထွန်းလွင်က ပြောသည်။ ထိုဝက်ဘ်ဆိုက်များ တင်လွှင့်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်ကို သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည့် အောက်တိုဘာလ ၂၃ ရက် နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး၊ မည်သည့်နေရာတွင် ပြုလုပ်မည်ဆိုသည်ကိုမူ […]


ဂ်စ္စူOctober 18, 20101min1743
ဖိလစ်ပိုင် နိုင်ငံတွင် အင်အားပြင်း မုန်တိုင်း ဖွတ်ဖွတ်ညက်ညက်ကျေအောင် တိုက်ခတ် နေသောကြာင့် မြန်မာအလုပ်သမားများ အခက်တွေ ့ နေတယ်လို ့ သိရပါတယ်။ Ref:freedomnewsgroup မက်ဂီလို့ အမည်ပေးထားတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဟာ လေပြင်း တနာရီ ၁၅၅ မိုင်နှုန်းနဲ့ တိုက်ခတ်ပြီး ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ဘက်ကို ဦးတည် ရွေ့လျားနေပါတယ်။ ဒီနေ့ညမှာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းပေါ်ကို မက်ဂီမုန်တိုင်း ကျရောက်မှာဖြစ်ပြီး လူဇုန်ကျွန်းပေါ်မှာ နေထိုင်ကြတဲ့ လူပေါင်း ၇,၀၀၀,၀၀ဝ အနေနဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်း သိုလှောင်ထားဖို့ အစိုးရက အကြံပြုနေပါတယ်။ လူတွေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို စတင် ရွှေ့ပြောင်းပေးနေပြီး အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေကိုလည်း အာဏာပိုင်တွေက ဆောင်ရွက်နေကြပါတယ်။ မနက်ဖြန် […]