ဂ်စ္စူOctober 18, 20101min1469
ရန်ကုန်မြို့ရေတွင်းကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွန့်မြိုနယ်၊၁၂၁လမ်း၊ရှိရယကဥက္ကဌဦးစံသိန်းဧ။်နေအိမ်ရှေ့တွင်၁၄.၁၀.၂၀၁ဝနေ့ည ၈း၃ဝ နာရီခန့်ကနှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ၁၂၁လမ်းတွင်နေထိုင်သူမောင်ဘိုဘိုမှ၁၂၅လမ်းသပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအားဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။ အချင်းဖြစ်ပွားချိန်တွင်၁၂၁လမ်းတွင်းရှိပြည်သူများရုပ်ရုပ်သဲသဲဖြစ်ပြီးဈေးဆိုင်များလည်းပိတ်ကုန်ကြသည်၊အတန်ကြာမှရဲများရောက်လာပြီးလျှပ်စစ်မီးများထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် ၁၂၁လမ်းတွင်းရှိပြည်သူများပိုမိုထိတ်လန့်ခဲ့ကြသည်။ ယခုအခါအခြေနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့်ရယကဥက္ကဌအိမ်ရှေ့တွင်ဖြစ်ပွားမှု့အား အချိန်မှီသိရှိတားဆီးနှိင်ခြင်းမရှိသည့်အပေါ်၎င်းရယကဥက္ကဌနှင့်ရယကအဖွဲ့အားစိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါအချင်းဖြစ်ပွားသောနေရာနှင့်ရယကရုံးမှာကိုက်၅ဝခန်သာကွာဝေးသည်။ အထက်ပါအဖြစ်အပျက်မဖြစ်ပွားမှီကပင်အဆိုပါရယကဥက္ကဌဦစံသိန်းဧ။်အစ်စလမ်ဘာသာဝင်ဇနီးမှ အစ်စလမ်ဘာသာဝင်များအကြားပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ရန်လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေပြည်သူများမှ မကျေနပ်မှုများရှိနေခဲ့ကြသည်။ ပြည်တွင်းကပေးပို့လာတဲ့စာဖြစ်ပါတယ်။ Ref:Dawnmanhon news


ဂ်စ္စူOctober 17, 20101min6911
ရန်ကုန်-October 17, 2010 မြန်မာ အင်အားကြီး စီးပွားရေး ကုမ္ပဏီ ဖြစ်သော ထူး ထရေးဒင်း  မှ ရန်ကုန်မြို့တော် ကန်တော်ကြီးစောင်းရှိ Kandawgyi Palace ဟိုတယ်ကို ထိုင်း ပိုင်ရှင်ထံမှ ပြန်လည် ဝယ်ယူမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁ရ ရက်နေ့က ဖော်ပြခဲ့ကြောင်း monstersandcritics သတင်းဆိုက် ကရေးသားခဲ့သည်။ ထူး ထရေးဒင်း  မှ ပြောရေဆိုခွင့် ရှိသူတစ်ဦးက ဟိုတယ်ကို ဝယ်ယူရန် သေခြာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဈေးနှုန်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ သို့သော် ဒေသတွင်း မီဒီယာ အချို့က ဟိုတယ်၏ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂၉ သန်းခန့်ဟု ဖော်ပြခဲ့ကြကြောင်း သိရသည်။ Kandawgyi Palace […]


ဂ်စ္စူOctober 17, 20101min20719
တို ့လဲ အားကျလို ့ ဒေါက်တာချက်ကြီးဆီက ကူးတင်ပေးလိုက်တယ် ဘူအထွားဆုံးလဲ တိလား..  ဒါတွေပဲ တင်ကြတော့မှာလား ဟရို ့..


ဂ်စ္စူOctober 17, 20101min13911
       ပြည်တွင်း၌ အလုပ်အကိုင်ရရှိ လိုသူဦးရေမှာ တိုးတက်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊ အလုပ်ပေးနိုင်မှုမှာ နည်းပါးနေဆဲဖြစ်ကာ ယင်းတို့အကြား ကွာဟမှု အချိုးအစားမှာလည်း ကြီးမားလာကြောင်း အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူနှင့် အလုပ်အကိုင် ရှာဖွေလျက်ရှိသည့် လူငယ်အချို့ထံမှ သတင်းရရှိပါသည်။      အလုပ်အကိုင်ရရှိလိုမှုနှင့် အလုပ်အကိုင်ပေးရန် ဝန်ထမ်းများ ခေါ်ယူမှုတို့မှာ ယခင်ကတည်းက အချိုးအစားကွာဟမှု ရှိခဲ့သော်လည်း ယခု နောက်ပိုင်းတွင် ပိုမိုကွာဟလာခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။     “အလုပ်အတွက် လူခြောက် ယောက်လောက်ပဲလိုလို့ခေါ်တဲ့အချိန် မှာလူဦးရေ ၂၀ဝလောက်လာလျှောက် ပါတယ်။ အဲဒီ၂၀ဝလောက်ထဲကနေ  ကိုယ်လိုချင်တဲ့ အရည်အသွေးရှိနိုင် မယ့်သူတွေကို အင်တာဗျူးခေါ်ဖို့ ပဏာမရွေးချယ်ခဲ့ရပါတယ်”ဟုစီးပွား ရေးလုပ်ငန်းရှင်တစ်ဦးကပြောပြသည်။     “အခုနောက်ပိုင်း အလုပ်လိုအပ်ချက်က သိပ်များလာတယ်။ ပေးနိုင်တာကတော့ သိပ်မရှိပါဘူး။ ဝန်ထမ်းတွေ […]


ဂ်စ္စူOctober 17, 20101min410
  အောက်တိုုဘာ ၁၄ ရက်နေ့က ဩစတြေးလျနိုုင်ငံ၊ ပါ့တ် (Perth) သိုု့ မြန်မာပြည်က ဧည့်သည်အနုုပညာရှင်များ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ရောက်ရှိလာရာမှာ စစ်အစုိုးရရဲ့ ဝါဒဖြန့်သရုုပ်ဆောင် ခန့်စည်သူတယောက် ပါမလာဘူးလိုု့ ဩစတြေးလျ၊ ပါတ့်ရောက် မြန်မာများရဲ့ အီးမေးသတင်းများက တဆင့် သိရပါတယ်။ ပါ့တ်မြို့မှာ ကျင်းပမယ့် မြန်မာပျော်ပွဲရွှင်ပွဲမှာ ခန့်စည်သူတယောက် ပါဝင်ကပြခဲ့ရင် မြန်မာဒီမိုုကရေစီရေး အင်အားစုုများက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြကြရန် စီစဉ်ထားရာမှာ မြို့နယ်ရဲတပ်ဖွဲ့က ခန့်စည်သူ ပါ့တ်ကိုု ရောက်ရှိလာခြင်း မရှိဘူးလိုု့ ဆန္̔ဒပြမယ့်သူများထဲက ကိုုဘုုန်းကျော်ကိုု အကြောင်းကြားတယ်လိုု့ သိရပါတယ်။ ဒါကြောင့် သူတိုု့ ဆန္̔ဒပြပွဲကိုု ရုုတ်သိမ်းလိုုက်တယ်လိုု့ ဆိုုပါတယ်။ ယခုု အောက်တိုုဘာ လလည်ပိုုင်းမှာ ဩစတြေးလျက ပါ့သ်နဲ့ ဆစ်ဒနီမှာ မြန်မာ့ဖျော်ဖြေပွဲတွေ ရှိရာမှာ […]


ဂ်စ္စူOctober 16, 20103min964
ဘာလင်- October 14, 2010 ဂျာမနီနိုင်ငံ ဘာလင်မြို့တော်တွင် နှစ်စဉ် အောက်တိုဘာလအတွင်း ကျင်းပလေ့ရှိသော မီးထွန်းပွဲတော် (The Festival of Lights) ကာလအတွင်း မီးရောင်စုံများဖြင့် လှပနေသော ဘာလင်မြို့တော်ရှိ ထင်ရှားသော နေရာများနှင့် အထင်ကရ အဆောက်အအုံများကို မြင်တွေ့ရသည်။ ကမာ္ဘလည့် ခရီးသွားများကြားတွင် အထင်ရှားဆုံးဖြစ်သော ဘာလင် မီးထွန်းပွဲတော်ကို သီတင်း နှစ်ပါတ်ကြာ ကျင်းပလေ့ရှိပြီး ခရီးသွားဧည့်သည်များ သန်းနှင့်ချီ၍ လာရောက်လေ့ရှိသည်။ ယခုနှစ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ညစဉ်လာရောက်ကြည့်ရှုသူ ၃သိန်းခန့်ရှိသည်ဟု သိရသည်။ PatheinCity News | Source:festival-of-lights | Photo:Xinhua/Reuters Photo


ဂ်စ္စူOctober 16, 20101min11810
ဒီကနေ့ညနေပိုင်း အင်းစိန်ထောင်မှာ အကျဉ်းသား ၁၀ဝ ကျော်ကိုလွှတ်ပေးနေပါတယ်။ ထောင်ဆရာတော်က တရားပွဲကျင်းပပေးပြီး တရားပွဲအပြီးမှာ လွတ်ရက်နီးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့အကြောင်း ထောင်နဲ့နီးစပ်သူ တဦးက ပြောပြသည်။ “အရင် ဦးဉာဏိဿရ တရားပွဲအပြီးမှာ လွှတ်ပေးတုန်းကလည်း တရာကျော်တယ် စက်တင်ဘာ ၁ဝ ရက်က ထောင်ဆရာတော်တရားပွဲအပြီးမှာလည်း ၁၀ဝ ကျော်လွှတ်တယ်။ ခုညနေ လွှတ်တာလည်း ၁၀ဝ ကျော်ပဲ လွတ်လာသူတွေကိုမေးကြည့်တော့ သူတို့ လွှတ်ဖို့ နည်းနည်းပဲ လိုတော့တဲ့သူတွေလို့ ပြောတယ်။ ” ဟု ဆိုသည်။ဒီလူတွေလွတ်ဖို့လိုတယ် မကြာခင်ရက်ပိုင်းကလည်း အစိုးရသတင်းရပ်ကွက်အဆိုအရ ရွေးကောက်ပွဲ ကျင်းပမဲ့ရက်မတိုင်ခင် အကျဉ်းသား ၁သောင်းကျော်ကို လွှတ်ပေးဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အပြစ်မရှိပဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရင်တော့ ကောင်းတာပေါ့။ ခုတော့ ရာဇဝတ်အကျဉ်းသားတွေပဲ လွှတ်ပေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို […]


ဂ်စ္စူOctober 16, 20101min450
The US Administration wants to intercept Internet phone calls! နည်းပညာတိုးတက်လာသည်နှင့်အမျှ အကြမ်းဖက်သမားများ၊ ဒုစရိုက်သမားများနှင့် အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားသူများဟာ သာမန်ဖုန်းဖြင့်ဆက်သွယ်ခြင်းထက် Online ဆက်သွယ်ရေး စနစ်များကို ပိုမိုအသုံးပြုလာနေကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာတစ်ခု မှာ ဖော်ပြခဲ့ပါတယ်။ ထင်ရှားတဲ့ သာဓကအဖြစ် ၂၀၁ဝ ပြည့်နှစ် မေလအတွင်းက Time Square ဗုံးဖောက်ခွဲမှုကို စီစဉ်ခဲ့တဲ့ Fasial Shahzad သည် လုံခြုံရေးအဖွဲ့များ ကြားဖြတ်ဖမ်းယူနိုင်စွမ်းမရှိ သော Internet Online ဆက်သွယ်မှုကို အသုံးချခဲ့ကြောင်း ဖော်ထုတ်သိရှိရပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတကြီး အိုဘားမားက အီးမေးလ်အပြန်အလှန်ပေးပို့ခြင်း အပါအဝင် အင်တာနက်ကွန်ရက်စနစ်များကို တရားဝင်ကြားဖြတ်ဖမ်းယူနားထောင်ခွင့်ရှိအောင် ဥပဒေသစ် တစ်ရပ်ပြဌာန်းပေးရန် စီစဉ်လျက်ရှိပါတယ်။သမ္မတ၏အစီအစဉ်အရ အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများဟာ […]


ဂ်စ္စူOctober 16, 20102min981
နာမည်ကြီး လူမှုကွန်ယက် ဝဘ်ဆိုတ် တစ်ခု ဖြစ်သည့် Face Book တည်ထောင်သူ မာခ်ဇူကာဘာဂ် အကြောင်း ရိုက်ကူးထားသည့် The Social Network သည် လူကြိုက် များ သည့် နံပါတ် ၁ နေရာတွင်ရှိနေဆဲ့ ဖြစ်သကဲ့သို ့ Bruce Will သရုပ်ဆောင်ထားသည့် RED ၊ဘင် အဲဖလက် နှင့် ကီဗင် ကော်စနာ တို ့၏ The Company Man နှင့် နစ်ကိုလပ်(စ) ကေချ် ၏ Drive Angry ဇာတ်ကားများ လည်း စတင်ပြသတော့မည်ဖြစ်သည်။ Fall စီစဉ် တွင် လူကြိုက်များ သည့် ဇာတ်ကားများ လည်း ပြသ သည့် […]


ဂ်စ္စူOctober 16, 20101min440
ဆိုမာလီပင်လယ်ဓားပြများသည် အိန္ဒိယသမုဒ္ဒရာအတွင်းမှ တရုတ်(တိုင်ပေ)သင်္ဘောတစ်စင်းကို အပိုင်စီးသိမ်းပိုက်လိုက်ကြောင်း သိရသည်။ ထိုသင်္ဘောမှာ ငါးဖမ်းသင်္ဘောအမျိုးအစားဖြစ်ပြီး သင်္ဘောသား ၁၄ ဦး ပါဝင်သည်။  International Maritime အဖွဲ့အစည်းတစ်ခုဖြစ်သော Mauritius ရှိရာ အနီး အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ ကင်ညာနိုင်ငံအခြေစိုက် အီကိုတာရာ နိုင်ငံတကာကုမ္ပဏီမှ ၎င်းတို့သည် အဖမ်းခံရသောသင်္ဘောနှင့် ဆက် သွယ်မှု ပြတ်တောက်သွားသည်မှာ အောက်တိုဘာ ၄ ရက်ကတည်းကဖြစ်သဖြင့် ထိုနေ့ကတည်းက တရုတ်(တိုင်ပေ)သင်္ဘောမှာ ဓားပြများလက်ဝယ် ရောက်သွား သည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။ သင်္ဘောသားများအား ဓားပြများက ပြန်ရွေးရန်မပြောမီတွင် ထိုသင်္ဘောကို နောက်ထပ်သင်္ဘောများ ဓားပြတိုက်ရာတွင် အသုံးပြုလိမ့်မည်ဟု Mauritius မှ ပြောကြားသည်။ ထို့ကြောင့် အီကိုတာရာမှလည်း အဖြူရောင် ငါးဖမ်းသင်္ဘောတစ်စင်းကို မသင်္ကာဖွယ်နေရာတွင်တွေ့ပါက သတိပြုနိုင်ရန် ပြောကြားထားသည်။ […]


ဂ်စ္စူOctober 15, 20101min873
မီးပွိုင့်များအနီး ယာဉ်သွား လာမှု အနည်းအများကို အဝေး ထိန်းချုပ်စခန်းမှ ကြည့်ရှု စိစစ်ကာ ယာဉ်သွားလာမှု အခြေ အနေကို ကြည့်ပြီး မီးစိမ်း မီးနီ လိုသလို အချက်ပြနိုင်သည့် Command  Centre ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရ သည်။အဆိုပါစနစ် တည်ဆောက် ရန် အလိုအလျောက်စနစ်သုံး Future  Intelligent  Transport System နှင ့်TD-SCDMA အထူးကွန်ယက် တည်ဆောက် ရေးကို စမ်းသပ်ခဲ့ရာ အောင်မြင် ခဲ့သဖြင့် Command Centre ကိုတည် ဆောက်ခြင်း ဖြစ်သည်။ရန်ကုန်မြို့ရှိ အဓိကကျ သော ဆက်သွယ်ရေးလမ်းများ ပေါ်တွင် အဆိုပါစနစ်ကို  တည်ဆောက်နိုင်ရေး အတွက် စမ်းသပ်မှုကို ဩဂုတ် ၂၃ ရက်မှ ၂၆ […]


ဂ်စ္စူOctober 15, 20101min843
ရွှေသံလွင်မီဒီယာမှ စီစဉ်ဆောင်ရွက်သည့် Multi Play Services(MPS) အစီအစဉ်တွင် ရုပ်ရှင်ရုံများ၌ပြသနေသည့် ရုပ်ရှင်များကို ဂြိုလ်တုစနစ်ဖြင့်ချိတ်ဆက်ပြီး မိမိနေအိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema လုပ်ဆောင်ချက်ပါဝင်မည်ဖြစ်ကြောင်း အဆိုပါမီဒီယာနည်းပညာဆိုင်ရာအရာရှိချုပ် ဦးမျိုးမင်းကပြောသည်။ “e-Cinema ဆိုတာ ထိန်းချုပ်မှုတစ်ခုကို စနစ်တကျဖြစ်အောင်လုပ်ပြီးတော့ တစ်ပြည်လုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ထိန်းချုပ်ပြသနိုင်ခြင်းပါ။ မြန်မာ့ရုပ်ရှင်လောကလည်း ပြောင်းလဲတိုးတက်လာမယ့်အခြေအနေပါ။ MPS စနစ်ထဲမှာတော့ e-Cinema, e-education စသည်ဖြင့် Application အများအပြား ပါဝင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။ အဆိုပါ MPS အစီအစဉ်၌ ဂြိုလ်တုစနစ်ပေါ်တွင်အခြေခံသည့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းနှင့် ရုပ်သံလိုင်းတို့ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစနစ်ဖြင့်လည်း သုံးစွဲနိုင်မည်ဖြစ်သည်။ ရောင်းချသည့်ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း MPS အစီအစဉ် စတင်ချထားပေးသည့်အခါတွင် နိုင်ငံ၏နယ်မြေ ၇၅ ရာခိုင်နှုန်း၌ ဂြိုလ်တုမှတစ်ဆင့် ရုပ်ရှင်ရုံများရှိ ဇာတ်ကားများကို ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။ Ref:Internet […]


ဂ်စ္စူOctober 15, 20101min884
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ငဝန်မြစ်အတွင်း အောက်တိုဘာ ၆ ရက်က ကျောင်း ကြိုပို့စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ ၃ ဦးအား အောက်တိုဘာ ရ ရက်တွင် ကယ် ဆယ်ရေးအဖွဲ့ဝင်များမှ သေဆုံး လျက်ရှိသည့်အနေအထားဖြင့် ပြန် လည်တွေ့ရှိခဲ့ကြောင်း လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရ ာချထားရေးဝန်ကြီးဌာနမှသိရ သည်။ အဆိုပါ ကျောင်းကြိုပို့ ဖားကူး စက်လှေမှာ အောက်တိုဘာ ၆ ရက် နံနက် ရ နာရီခွဲအချိန်၌ လပွတ္တာမြို့နယ်မှ မိုင် ၃ဝ ခန့် ဝေး ကွာသော စလူဆိမ့်ကျေးရွာမှ ပိတောက်ကုန်းကျေးရွာသို့ ငဝန် မြစ်လက်တက်အား ဖြတ်ကူးမောင်း နှင်လာစဉ် ပဒဲကောကျေးရွာအနီး သို့အရောက် ရေဝဲမိကာ စက်လှေ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို စက် […]