ကျူရှင်ဆရာလေး ကျနော် အောင်ထက်ဟာ..စာသင်ပြီးရင်.. ကျတော်တို့ သူငယ်ချင်းတစ်စု..အုပ်ချုပ်နေတဲ့..စာကြည့်တိုက်မှာပဲ..အချိန်ကုန်နေတတ်ပါတယ်.. စာကြည့်တိုက်မှာက..internet လဲရပါတယ်.. တစ်နေ့တော့ စာအုပ်ဟောင်းတွေမွှေနှောက်ရင်း..ဖတ်ဘူး..ကြိုက်ခဲ့ဘူးတဲ့ ကဗျာလေးတစ်ပုဒ် ပြန်တွေ့ပါတယ်..ငယ်ချစ်လေးပြန်တွေ့သလိုမျိုးပေါ့လေ.. စာပေဗိမ္မာန်ထုတ်..ဟာသစာပေစာတမ်း (စာတမ်းရှင်..အိုးဝေ ဦးညိုမြ) ထဲမှာပါ.. မူရင်း ပိုင်ရှင်က..ရတနာပုံ သတင်းစာပါ..သတင်းစာဆရာကြီး ဘိုးဝဇီရရဲ့ သတင်းရေးသားချက်ပါ.. အသက်လေးရပါမှ ပြန်ဖတ်ရတော့..ငယ်ငယ်တုန်းက ခံစားရသလိုမျိုးမဟုတ်တော့ပါဘူး.. ငယ်ဘဝ ဖတ်ဘူးခဲ့စဉ်ကတော့..ဖတ်ပီးရီလိုက်ရတာ..အူနာလုမတတ်..ဟိုလူပြ..ဒီလူပြနဲ့.. ခုတော့ ဖတ်ပီး..ရင်ထဲမှာ..အီလည်လည်ကြီးပါ..စိတ်မကောင်းသလိုလို ဘာလိုလိုကြီး.. ဖတ်ကြည့်လိုက်လေ.. “ ငါ..ငယ်ငယ်ခိုက်ကယ်က..မိုက်မိတယ်..စောကြွယ်ရယ် ” ဒွေးစိန်ရဲ့တူ..ငသာမြတ်ကယ်နဲ့ သနပ်ကန် တောင်ယာထဲမှာ ကျွဲကြောင်းရတယ်..အိုလေ..အဝေး.. တကြော့တမော့ အကျွန်ကန်တော့ပါရဲ့.. အပေါ့အလေးများသည်တွင်..သွားရင်ဖြင့် တောဖျားကနတ် ဖမ်းစားတတ်သည်ဟု ငသာမြတ်သူက ပြောသောခါ တောထဲမှာ စေကြွယ်ရယ်..ငါယုံမိသေး.. တကြော့တမော့ အကျွန်ကန်တော့ပါရဲ့.. အပေါ့ပေါက်ရန် အိမ်ကိုပြန်လျှင် နင့်ထံတွင်…တဲ့ တကယ်အေရယ်..ငသာမြတ်နှစ်ခါတွယ်လို့ သက်နှစ်ဆယ် အရွယ်ရှိခါမှ..ငါသိတယ်လေး.. ကဲဘယ်လိုလဲ..စာဖတ်သူ..ဆိုလိုရင်းသဘောပေါက်မှာပါ.. ကျနော်မျက်စေ့ထဲမြင်ယောင် […]