ေမာင္ရိုးOctober 10, 20121min46237
“အများအကျိုးဆောင် ၊ ကိုယ် ့ အကျိုးအောင် ” တဲ ့ ….ငယ်စဉ်ကတည်းက ကြားဖူးခဲ့တာ ။ လူကြီးမိဘ ၊ ဆရာသမားတွေကလည်း ကြုံသလို သင်ကြားကြတာပေါ ့လေ …..မောင်ဆာမိတို့ တစ်တွေလည်း အခါအားလျော်စွာ လိုက်နာပါတယ် ၊ ဆောင်ရွက်ခဲ့ကြပါတယ် ….။ သို ့သော်လည်း ပေါ ့လေ ….တစ်ခါတစ်ရံ မိမိအကျိုးစီးပွားလေးတော့ ရှေ ့တန်းတင်မိကြတာပါပဲ ။ လူပဲ ….တစ်ခါတစ်လေ အတ္တကြီးမှာပေါ ့ …… ဒီလိုဖြေသိမ် ့တတ်ပါတယ်  ..။ သူများ အမျိုးသေတော ့ အနိစ္စ …ကိုယ် ့အမျိုးသေတော့ ဒုက္ခ ဆိုသလိုပေါ ့ ။ လူတွေများ … ကိုယ့် ဘက်ထိမှာသိပ်သိ […]


ေမာင္ရိုးOctober 3, 20121min39776
မကြာမီက .….မောင်ဆာမိတစ်ယောက် ထောင်မှထွက်လာသည် ။ အပြစ်ကတော ့ အခြားမဟုတ် ….. ရပ်ကွက်အတွင်းတွင် နားစွန်နားဖျား ကြားခဲ ့သော“ပြည်သူပိုင်ပစ္စည်း ခိုးလျှင် အပြစ်မရှိ”ဟူသောစကားကြောင့် ရထားလမ်းဘေးတွင် ပုံထားသော မီးရထားသံလမ်းများကို တောင်ဒဂုံ သံရည်ကြိုစက်သို ့ ရောင်းစားခဲ့ လေသဖြင် ့ အိုးဘိုထောင် သို့ ထမင်းစားကြွခဲ့ရခြင်းဖြစ်လေတော့သည် ။ မိမိနေထိုင်ရာ ရပ်ကွက်တွင်းသို့ ပြန်ရောက်သော် ထောင်ထွက်ဆာမိဟုခေါ်ကြသည် ။ ထိုမျှမကသေး …. အတိတ်က ဘဝစာမျက်နှာများကိုလှန်လှော၍ ကြာကူလီဆာမိဟုလည်း မကြားတကြား ပြောပြန်သေးသည် ။ အဖြစ်ကဤသို့တည်း……။ တစ်ခါက မင်းဓမ္မလမ်းဘေးရှိ ရေအိုင်ကြီးများထဲတွင်ပေါက်သော ကြာပင် ၊ ကြာရိုး များကို စည်းနှောင်ထမ်းပိုး၍ ဒညင်းကုန်းဈေးသို့ပို့သောအခါ ………ကုန်စိ်မ်းသည်မလေးများက ချစ်စနိုးဖြင် ့ ကြာပင်များထမ်းလာသောဆာမိကို …..ကြာကူလီဆာမိ […]


ေမာင္ရိုးSeptember 13, 20121min46390
မောင်ဆာမိတစ်ယောက် ခုတလော စီးပွားရေးသိပ်မကောင်းဘူးဗျ ။ ရာသီဥတုကလည်း ဖေါက်ပြန်လိုက် မမြင်ရတဲ့ အန္တရယ်တွေက ချိန်းခြောက်လိုက်နဲ ့ဆိုတော့ ဂျလေဘီလည်း အရောင်းကျတာပေါ့ဗျာ ။ ရွာထဲပြေးချောင်းလိုက် ဂျလေဘီရောင်းလိုက်ဆိုတော့ စိတ်လည်းမဖြောင့်ပါဘူး။ သတင်းဦး သတင်းထူး ဆိုရင် မောင်ဆာမိတို့က စပ်စုပြီးသား ……။ ဟုတ်တယ်လေ …..ဒီခေတ်မှာက သတင်းကိုအခြေခံပြီး လက်ဦးမှုရယူတဲ ့စီးပွားရေးဆိုတော့ …… အင်း းးးးး ….ဘာဘဲဖြစ်ဖြစ် ရွာနဲ့တော့ ပြတ်လို့မရဘူးမဟုတ်လား ……။ရွာထဲကသတင်းတွေကလည်း တကဲ့ အမိုက်စားတွေဆိုတော့ ……..။ ဒီလိုနဲ့ …..ဒီမနက်ရွာထဲလည်းချောင်းလိုက်ရော …….. …….လား…လား……သတင်းထူးနေပါပေါ့လား ….။ သဂျီးမင်းက အမိန့်ထုတ်လိုက်သတဲ့…..အရင်တုန်း ကလို အားအားယားယား အကောင့်လေးရှိတိုင်း ရွာသူား လုပ်မရတော့ဘူး တဲ့ …..။ အစဉ်လာရှိတဲ့ အမာခံ ရွာမျက်နှာဖုံး ဂုဏ်သရေရှိ […]


ေမာင္ရိုးSeptember 11, 20121min34539
မနေ့က နေ့လည် (၂)နာရီကျော်လောက်မှာတော ့ ဂဇက်ရွာကြီး ပြန်လည် အသက်ဝင်လာခဲ ့ပါတယ် ။ ပျော်လိုက်သည့် ဖြစ်ခြင်း ….(၂၄)နာရီနီးပါး အိမ်ခြေယာမဲ ့ ခဲ့တဲ့ မောင်ဆာမိ ထခုန်မတတ် ဝမ်းသာမိ တာပေါ့ ။ ရွာသူရွာသားတွေကိုများ ပြေးပြီးပြောလိုက်ချင်ပါရဲ ့ ……။ဒါပေမဲ့လည်း ချက်ချင်းတော့ ဝင်လို့ မရသေးပါဘူး ။ တိုင်းတပါးက ထမီအလံထူထားတာလေး ပျောက်ပြီး ရွာရဲ ့အလံလေး မြင်ရခါစပေါ ့ ။ ဒီလိုနဲ့ …..စောင့်ရင်း …..မကြာခဏဝင်ကြည် ့ရင်း ……… စတွေ ့ပါပြီ ….။ သဂျီး ဦးခိုင်က ရွာသူားတွေကို စိတ်အေးစေဖို့  “ ရွာသူားများခင်ဗျား” ဆိုပြီး … အစအဆုံး ပြန်တင် နေရလို့ […]


ေမာင္ရိုးSeptember 4, 20124min905121
  ဂဇက်ရွာကြီးကား အထူးပင်စည်ကားလှသည် ။ ရွာသူရွာသားများ၏ မိတ်ဆုံစားပွဲများ ၊ စာပေဆုပေးပွဲများ နှင် ့ အလှူအတန်းများမှာပြတ်သည်မရှိ  ……ထို ့ကြောင်.့ ….မကြာခဏဆိုသလိုပင် အလှူခံခြင်းများ ပြုရပေ တော ့သည် ၊။ ….တစ်ခါကနှစ်ခါ …..နှစ်ခါကသုံးခါ …ရှိသောအခါတွင် အလှူခံရသောတာဝန်ရှိသူများမှာ မျက်နှာပူလေပြီ ….။ ဤသို့ဖြင့် ….ရံပုံငွေလေးများထားရှိလျှင်ကောင်းလေစွဟု ကြံစည်ကြ၍ မန်းဂဇက်ရံပုံငွေ ပဒေသာကပွဲကြီး ကိုစီစဉ်ကြလေတော့သည် ……။ သူကြီးမှဦးဆောင်ပြီး ရွာသူူားများစည်းဝေးကြလျက် ဇတ်ဆရာဦးနေးချားအား တာဝန်ပေး၍ ရွာသူားများမှလည်း ကျရာဇတ်ရုပ်မှ ကူညီသရုပ်ဆောင်ကြမည်ဖြစ်လေတော့သည် ……။သို ့ .နှင် ့ ……..ဦးနေးချားမှာ ရွာသူား (၁၀၀) ခန့်ပါဝင်ဖျော် ဖြေမည် ့ အစီစဉ်ကိုစတင်ရေးဆွဲလေတော့၏..……။ ဇတ်ရူး ရူးနေသော မောင်ဆာမိမှာ ကျိတ်၍ပျော်လေပြီ ။ […]


ေမာင္ရိုးAugust 22, 20121min78860
MGရွာထဲကပုံပြောကောင်းတဲ.ဦးဦးပါလေရာကိုအားကျလို. ပုံပြင်လေးတစ်ပုံလောက်တော.ပြောချင်ပါရဲ.ဗျာ ….။ ပုံပြင်ဆိုလို.ထူးထူးဆန်းဆန်းတော.မဟုတ်ပါဘူး ။ ကြားဖူးပြီးသားဖြစ်တဲ.မူလတန်းဖတ်စာထဲက ပုံပြင်လေးပါပဲဗျာ ….။ တစ်ခါက ….ကျေးညီနောင်နှစ်ကောင်ရှိသတဲ. ..။ တစ်နေ.မှာလေပြင်းမုန်တိုင်းတိုက်လို.တစ်ယောက်တစ်နေရာစီလွင်.မျောခဲ.ပါတယ်။တစ်ကောင်ကအကျင်.သီလကောင်းတဲ. ရသေ.ကြီးထံပါးမှာရောက်ရှိပြီး ၊ တစ်ကောင်ကတော.ခိုးသားဓားပြတွေဆီမှာနားခိုမိတာပေါ. …..။ အဲ …..ဆာမိ စဉ်းစားမိတာတော.အကျင်.သီလကောင်းတဲ.ရသေ.ကြီးဆီမှာရောက်သွားတဲ.ကျေးသားလေးကဆင်းရဲမှာပါ…ခိုးသားဓားပြ တွေဆီမှာရောက်ရှိခဲ.တဲ.ကျေးသားလေးကတော. ချမ်းသာရှာမပေါ. ။ ဒီလိုနဲ. ……ခုလဲ ….. ပုံပြင်ထဲက ကျေးညီနောင်နှစ်ကောင်ဟာ လေဘေးသင်.ပြီး ရန်ကုန်မြို.ကိုရောက်ရှိလာပြန်ပါတော.တယ် ……..။ ====== ======= ======== ========== =========== အခုရာသီကတော.စိုစိုစွတ်စွတ် မိုးရာသီပါ ။ ဒီဇတ်လမ်းရဲ.အစပျိုးချိန်ကတော. ပြီးခဲ.တဲ.ဆောင်းရာသီကပေါ. …။ ရန်ကုန်ဆောင်းဟာသိတော်မူတဲ.အတိုင်းသိပ်မချမ်းပါဘူး ။ အနွေးထည်အမိုက်စားလေးတွေလက်ဆောင်ရရင်တောင်မှ မဝတ်ရဘဲသိမ်းထားရတဲ.ဆောင်းဥတုပါ ။ နောက်ပြီး ရန်ကုန်သားတွေအိပ်ယာထချိန်ကလည်း မနက်(၈)နာရီ ဆိုတော. သိပ်မချမ်းတော.ဘူးပေါ.ဗျာ …..။ဒါပေမဲ. နှစ်စဉ်လိုလို မြောက်ဘက်ကလေအေးတွေ ဝင်တဲ.အခါတိုင်းတော. […]


ေမာင္ရိုးAugust 9, 20121min39523
မနေ ့က (၈၈) လူထုအုံကြွမှု နှစ်ပါတ်လည်ခဲ့ ပြန်ပြီ ။ ကိုကြောင်ကြီးရဲ ့ပို ့စ်မှာ ဝင်ဖတ်ရင်း ၈၈ ကိုပြန်သတိယလာပြန်တယ် ……။ အဲဒီတုန်းကမောင်ဆာမိ ပါဝင်ခဲ ့ပုံလေးလည်း သတိတရ ပြန်ပြောပါရစေ …….။ တချိန်က မောင်ဆာမိဟာ ဓမြ (ဓားပြ) တစ်ယောက်ဖြစ်ခဲ ့ပါတယ် ………။   ၈၈ အရေးးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်တော ့ မောင်ဆာမိတစ်ယောက် အလုပ်လက်မဲ ့ပေါ ့….. (ဒါနဲ ့သဂျီးရေ …နှုတ်ကျိုးနေလို ့ အရေးအခင်းလို ့သုံးပါရစေ စိတ်ထဲမှာတော ့ မြန်မာတစ်မျိုးသားလုံးရဲ ့ လူထုအုံကြွမှုကြီးလို ့ မှတ်ယူထားပါ ့မယ် …။) ဒီလိုအလုပ်လက်မဲ ့ဖြစ်နေတုန်း  နေ ့ခင်းဆိုရင် […]


ေမာင္ရိုးAugust 7, 20121min35535
သတိယတယ်နွေး …………။ လွမ်းစရာတွေကလွမ်းရသလို  သတိယစရာတွေကလည်းဖျောက်ဖျက်ပစ်လို.မှမရ နိုင်ပဲလေ…..။မေ.သွားရင်ကောင်းမှာဘဲလို. အကြိမ်ကြိမ် တွေးခဲ.မိပေမဲ. တကယ်တန်းမေ့ နိုင်ဖို.အတွက် မဝံ့ ရဲပြန်ဘူး …..  ဟိုး …အရှေ.ဘက်မှာတွေ.ရတဲ. အရှေ.ရိုးမတောင်တန်းကြီးတွေရယ် ပြီးတော. ကနွဲ.ကယနဲ. စီးဆင်းနေတဲ. ရွှေကျင်ချောင်းလေးရယ်က ကိုယ်ဘယ်လောက်လွမ်းနေတယ်ဆိုတာ သိနိုင်ကောင်းပါရဲ.လေ ။ နွေးရယ် …..မရှိဘူးဆိုတာသိပေမဲ. ကိုယ်တို.လျောက်ခဲ.ဘူးတဲ.သဲသောင်ပြင်လေးပေါ်မှာ နွေးရဲ.ခြေရာလေး တွေပြန်ရှာမိသေးတယ် ….တစ်ချက်ချက်ဝေ့ဝဲပြီးတိုက်ခတ်လာတဲ. ညလေပြေထဲမှာလဲ နွေးရဲ့ ကိုယ်သင်းနံ. လေးများပါလေမလားလို.   …….      တစ်နေ ့  ပြန်ဆုံလေမလားဆိုတဲ.အတွေးကလည်း မဖြစ်နိုင်မှန်းသိပေမဲ့လွမ်းစိတ်နဲ.နွမ်းနေသူတွက်  ကောက်ရိုးလေးတစ်မျှင်ပေါ.နွေးရယ် …….. နွေးရေ …….ဟိုးတောင်ကုန်းမြင်.ပေါ်မှာ ပန်းတွေပွင်.နေပြီလေ ……..ပြီးတော. …..မြို.ဒေါင်.စေတီကြီးမှာလဲ နွေးနဲ.စတွေ.တုန်းကလို ဘုရားဖူးသူတွေ စည်ကားနေပြီ နွေး ……………………။ ­   xxxxx    xxxxxx     xxxxxx        xxxxxxxx   […]


ေမာင္ရိုးJuly 25, 20121min70975
ဂေဇက်ရွာ၏ ရံပုံငွေဘောလုံးပွဲကြီးကား စပေတော.မည် ။ယနေ့ နံနက် ဈေးသို.အသွားတွင် လမ်းဆုံလမ်းဂွ၌ မနောဖြူ၏ဒီဇိုင်းလက်ရာဖြင်. ကြော်ငြာဘုတ်ကိုတွေ ့ခဲ.ရသည် ။ မှန်းစမ်း …..ဘာပွဲများလဲ ……မောင်ဆာမိ ပြူးပြဲ၍ကြည်.သည်တွင် ……..အပြာရောင်ဝတ်စုံများဖြင်.ဟန်ရေးပြနေသည်ကား ပြာထွန်းဖြန် ့ အသင်း …။ အဝါရောင်ဝတ်စုံများဖြင်. ခန် ့ငြားနေသည်ကား …..သာထွန်းပြန် ့အသင်း …….။ ဟုတ်ပြီ …မောင်ဆာမိဂျလေဘီရောင်းရတော.မည် ။ ဤသို.ဖြင်. …ဆာမိတစ်ယောက်အပျော်ကြီးပျော်လျက် ဘောပွဲ စမည်.ရက်ကို လက်ချိုး၍စောင်.နေတော.သည် ။ MG ရွာ၏ ရန်ပုံငွေဘောလုံးပွဲဖြစ်သောကြောင်. နှစ်ဘက်အသင်းသားတို.မှာ ရွာသူားများပင်ဖြစ်လေသည် ။ သာထွန်းပြန် ့အသင်း၏ ပဲ.ကိုင်ရှင်နည်းပြချုပ်ကား ဦးနေးချား …..တိုက်ပွဲဝင်ဘောသမားများမှာ ရွာ၏ နာမည် ကျော် ဒိတ်ဒိတ်ကျဲများဖြစ်သည်. တိုက်စစ်မှုးကြောင်ကြီး ၊ ကြောင်လေး ၊ အောင်ပု […]


ေမာင္ရိုးJuly 13, 20121min50754
မနက်ကပဲ ကမန်းကတန်းရွာထဲဝင်လိုက်တော. ဆရာမဝင်.ပြုံးမြင့်ရဲ ့ဆောင်းပါးလေးကိုဖတ်လိုက်ရတယ်  …။ ဖတ်ပြီးချက်ချင်းဘဲ အများသူငါလိုအသဲကွဲရတော.တာပါပဲ …။ဆာမိတို.ကငပိကြိုက်တာကိုး ….။မခွဲချင်ဘဲ ခွဲရတော.မဲ.ငပိဘူးလေးကိုကြည်.ပြီး ငယ်ဘဝလေးကိုပြန်မြင်ယောင်မိပါတယ် ……။ ငယ်ငယ်ကဆို ငပိရည်လေးဆမ်း ….ငရုပ်သီးမှုန်.လေးဖြူးလို. လမ်းထိတ်ကအကြော်လေးနဲ.  မနက်စာ စားခဲ.ကြတာလေ…။ဘာဟင်းဘဲချက်ချက်ငပိရည်တစ်ခွက်ကအမြဲပါတာမု့ိထမင်းစားလို.မကောင်းတဲ.နေ.ဆို တာ မရှိသလောက်ပါပဲ …….မှတ်မှတ်မိမိ နွေကျောင်းပိတ်ရက်တစ်ရာသီမှာ ငပိရည်နဲ.ချည်း နေ.တိုင်းနယ်စား လို. ဝ လာတဲ.ဆာမိကိုသူငယ်ချင်းတွေက “ ငပိဖေါ  ဖေါနေတာလား”တဲ. ။ အဲသလောက်ထိငပိကိုကြိုက်တာ ။ ကြိုက်မယ်ဆိုလည်းကြိုက်လောက်တယ်လေ …..ငပိဆိုတာ ဆာမိတို.ငယ်စဉ်ကတည်းကအိမ်မှာ ကိုယ်.ဖာသာ ကိုယ်လုပ်လာခဲ.ကြတာ ။ တစ်မိသားစုလုံးကလည်းကြိုက်တယ် …အပြင်ကလည်းဝယ်မစားချင် …လုပ်တဲ.နည်း ကိုလည်းသိတော. ကိုယ.်ဟာကိုယ်လုပ်ရတာ အပန်းမကြီးလှပါဘူး ……။မှတ်မိနေတာကတော. သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ ငပိလှန်းခဲ.ကြတာပါပဲ ………………။ သီတင်းကျွတ်လမှာဆိုရင် အင်း လေလံဆွဲထားတဲ.သူတွေက သူတို.အင်းကိုဖေါ်လေ.ရှိကြပါတယ် ။ […]


ကျွန်တော်ဒီပို.စ်ကိုရေးရခြင်းအကြောင်းလေးကိုဦးစွာရှင်းပြပါရစေ ။ ဒီပို.စ်ကိုရေးရခြင်းက ကျွန်တော့်ခံစားမှုနဲ. ကျွန်တော်.အတွေးသက်သက်သာလျှင်ဖြစ်ပါတယ် ။ ဘယ်သူ ဘယ်ဝါ ကိုမှဆရာလုပ်ခြင်း ဝေဖန်ခြင်းနဲ. တိုက်ခိုက်ထိပါးခြင်း မရှိပါဘူး …..။ ကျွန်တော် တခါတရံ ပို့စ်ရေးတင်ပါတယ် ….တခါတရံ ကွန်မန်.ရေးပါတယ် ဒါပေမဲ. ကျွန်တော်က စာဖတ်တဲ.ဖက်ကိုဘဲအားသန်တာပါ ….။ ဒီပို့စ်ဟာ ၂၅ ပုဒ်မြောက်ပါ ….မရေးတတ်လို. မရေးခဲ.ပေမဲ. အိပ်ချိန် နားချိန်တွေကနေ အချိန်ယူပြီး ဖတ်ပါတယ် ။ ကျွန်တော်.လိုပဲ ဒီရွာထဲကလူတွေအားလုံး ဟာ အချိန်ပေးပြီးရွာထဲဝင်ခဲ.ကြရမှာပါ ။ နိုင်ငံခြားကသူတွေအတွက် အချိန်နည်းပါးသလို မြန်မာပြည်ကလူတွေ အတွက်လည်း ကွန်နက်ရှင်က စုတ်ချာလွန်းပါတယ် …..။ အခြားဆိုဒ်တွေမှာ ပျော်သလိုမနေဘဲ ဒီဆိုဒ်ထဲမှာ သင်.တော်သလိုနေ နေကြတာ ဒီဆိုဒ်ရဲ.စွဲမက်စရာလေးတွေကြောင်.လို.ထင်ပါတယ် ။ သုတ ၊ရသ ၊ ကဏ္ဍစုံလှတဲ. […]


ေမာင္ရိုးJune 28, 20121min28149
ခုတလော ဆာမိတို. ရွာကြီး တော်တော်လေးစည်ကားနေတယ်ထင်ပ ။ရွာသူသစ်တွေ ရွာသားသစ်တွေနဲ. တော်တော်လေးအောင်ပွဲခံနေတယ် …။ ဝမ်းသာသဗျ ….ဒီလိုစည်ကားတာမျိုးလေးကို ၊ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲလို.နော …….။ရောက်လာတဲ.ရွာသူရွာသားတွေထဲမှာလဲ အတော်လေးလက်စွမ်းထက်တဲ. သူများကိုတွေ.ရတော. ကိုယ်.ကိုကိုယ်တောင်အားငယ်မိသေး ။ တကယ်ပါ ဟိုတလောက အလှူဓတ်ပုံတွေမှာ တွေ.ရတဲ.သူများဆိုရင် မထင်လောက်အောင်ငယ်နေကြတာ ။ သူတို.အရည်အချင်းနဲ. သူတို.အသက်ကိုကြည်. ပြီး ကိုယ်ညံ.တာ ကိုသတိထားမိပါရဲ. ။ ခုလဲ ရွာထဲမှာ နှုတ်ဆက်ခွင်.မကြုံသေးတဲ.ရွာသူရွာသားသစ်တွေကို အားရဖွယ်တွေ.ရပြန်သေးတော. ဒို. ရွာကြီးတော. ပိုတောင်.တင်းလာပြီလို.ထင်မှတ်မိပါတယ် ။ ဒီပို.စ်ကိုရေးရခြင်းကလည်း ရွာသူရွာသားသစ်တွေကိုအားပေးနှုတ်ဆက်ချင်လို.ပါ ။ ဆာမိ ကအသစ်မဟုတ်တော.ပေမဲ. အဟောင်းစစ်စစ်လဲမဟုတ်ပါဘူး ။ ရွာထဲသိပ်မရောက်လို. လူစုံသက်စုံ မကြုံ ရသေးတော. တစ်ခါတလေ ရွာသားသစ်မိတ်ဆက်ပွဲတွေနဲ. လွဲခဲ.ရသေးတာပေါ. ။ ခုလဲ ကိုမြတ်ကျော်သူရဲ. […]


ေမာင္ရိုးJune 21, 20121min52937
ဒီတစ်နေ.လုံး ရန်ကုန်မှာ မိုးရွာလိုက်တာများ အပြင်တောင်မထွက်ချင်ဘူးဗျို. ။ သို.သော်လည်းပေါ.လေ …… လက်လှုပ် ခြေလှုပ်မှ စားဝတ်နေရေးပြေလည်တာဆိုတော.လည်း မိုးထဲလေထဲမှာဘဲ တစ်မြို.လုံး လျောက်ပတ်နေရတော.တာပါဘဲဗျာ …….။ အဲ …နေ.လည်ရောက်တော. အလုပ်ကမပြီးသေး ၊ ထမင်းစားချိန်လဲရောက်ပြီ ထမင်းချိုင်.က မပါ …. ဒါနဲ. ဝယ်စားဖို. ဆိုင်ရှာရတော.တာပေါ. …..။ရောက်နေတဲ.နေရာက ပါရမီ လမ်းကစိန်ဂေဟာစူပါမတ်နားမှာဆိုတော. စားစရာဆိုင်တွေကပေါပါတယ် ။ ဘာစားရမလဲစဉ်းစားရင်း ဟိုကြည်.ဒီကြည်.သွားကြည်.တော. ရခိုင် ထမင်းဆိုင်လေးသွားတွေ. သဗျ ။ အတော်ပဲ လောလောဆယ်ဆယ် ရခိုင်ချစ်တဲ.စိတ်ကလဲ ငယ်ထိတ်ရောက်နေတာဆိုတော. ဘာမှစဉ်းစားမနေတော.ဘူးဆိုင်ထဲခတ်သွက်သွက်ဝင်လိုက်တော.တယ် ။ မိုးကအေးအေး ရခိုင်ဟင်းက ပူစပ်စပ် …….တကယ်.ကိုမှ လိုက်ဘက်ညီသဗျ ။ ဆိုင်ကတော.မြေညီထပ်တိုက်ခန်းလေးမှာဖွင်.ထားတာပါ ။ ခတ်နွမ်းနွမ်းပေမဲ. သန်.သန်.လေးရောင်း တာပါ ။ ဈေးကလဲမဆိုးဘူး […]