susunosukiJune 1, 20101min440
အရူးတွေကတော့ သူတို့ဟာ လုပ်ငန်းတစ်ဦးတည်း ပိုင်လိုကြတယ်။ သူတို့သာလျှင် အနိုင်ရမယ် လို့ထင်နေကြတယ်။ သူတို့ရဲ့လုပ်ငန်းဟာ တိုးတတ်မှုနှောင့်နှေးတယ်။ လူတော်တွေကတော့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို တောင်းဆိုကြတယ်။ အပြည့်အဝ ယှဉ်ပြိုင်မှုရှိတဲ့လွတ်လပ်စွာ ကုန်သွယ်ရာမှာ သူတို့ဟာ ပြဿနာထဲကို တိုးသွား ဝင်ရောက်နေတယ်ဆိုတာကို သူတို့မသိကြဘူး။ ပညာရှိတွေကတော့ မျှတတဲ့ကုန်သွယ် မှုကို လိုလားတယ်။ မိမိကိုင်တွယ်နိုင်သော ခြေနိုင်လက်နိုင်ရှိတဲ့ တိုးတက်မှုများနဲ့ အောင်မြင်တိုးတက်တဲ့ လမ်းကိုဖွင့်ပေးထားတယ်။


susunosukiJune 1, 20101min490
အရူးတွေကတော့ သူတို့ရဲ့လုပ်ငန်း ပန်းတိုင်ကို လောဘနဲ့ အခြေခံ ကြတယ်။ သူတို့ကိုဆက်ဆံသူ ဖေါက်သည်များ အနေအထိုင် ကျပ်တယ်။ ဒါနဲ့ပဲသူတို့ဟာ မှေးမှိန်ပျောက်ကွယ်သွားတယ်။ လူတော်တွေကတော့ လုပ်ငန်းပန်းတိုင်ကို အပေးအယူ သဘောမျိုးနဲ့မြင်တယ်။ ဖေါက်သည်များက သူတို့ကိုသတိနဲ့ဆက်ဆံကြရတယ်။ သူတို့ဘယ်လိုအကျိုးရှိမလဲဆိုတာ စဉ်းစားပြီးမှ ဆောင်ရွက်ကြတယ်။ ပညာရှိတွေကတော့ လုပ်ငန်းပန်းတိုင်ကို ဝန်ဆောင်မှုနဲ့ အခြေခံတယ်။ သူတို့ကိုဆက်ဆံသူ ဖေါက်သည်များဟာ နစ်နာကြေးများ ပေးရသည့်တိုင် အေးအေးဆေးဆေး နဲ့ အဆင်ပြေကြတယ်။


susunosukiJune 1, 20101min660
အရူးတွေကတော့ တခြားသူများကို လှည့်ဖျားတတ်ကြတယ်။ နောက်လိုက်တွေဟာ ရန်သူတွေဖြစ်လာကြတယ်။ သူတို့ဟာဆင်းရဲကြတာပေါ့။ လူတော်တွေကတော့ ဥပဒေဘောင်အတွင်းက ယှဉ်ပြိုင်တယ်။မဆုံးနိုင်သော ယှဉ်ပြိုင်မှုပဲ၊ ရပ်လိုက်တာနဲ့သူတို့ဟာ နင်းခြေခြင်းကို ခံရတယ်။ ပညာရှိတွေကတော့ သူတစ်ပါးကို မျှဝေတယ်။ အတူတကွဆောင်ရွက်တယ်။ ထုတ်လုပ်တယ်။သုံးစွဲတယ်။ သူတို့ဟာတစ်ယောက်နဲ့ တစ်ယောက် ရက်ရောတဲ့ မိတ်ဆွေအပေါင်းအသင်းတွေဖြစ်လာကြတယ်။


susunosukiJune 1, 20101min680
အရူးတွေကတော့ ကြွယ်ဝချမ်းသာဖို့ဖြတ်လမ်းကလိုက်တတ်ကြတယ်။ သို့သော်မကြာခဏဆိုသလို ဆင်းရဲတွင်းထဲကို ဖြတ်လမ်းကနေ ရောက်သွားကြတယ်။ လူတော်တွေကတော့ကြွယ်ဝချမ်းသာဖို့အတွက် စနစ်တကျလုပ်ဆောင်ရတာကို သဘောကျတယ်။ အဲဒီစနစ်ပျက်စီးရင်တော့ သူတို့ရဲ့ကြွာယ်ဝချမ်းသာမှု လည်းပျက်သုဉ်းသွားတယ်။ ပညာရှိတွေကတော့ ကျေနပ်ရောင့်ရဲခြင်းဟာ ဘဝမှာ ချမ်းသာခြင်းပဲလို့ သတ်မှတ်တယ်။ ဒါကြောင့်သူတို့မှာ ရှိသမျှကို တန်ဖိုးထားတယ်။ ပစ္စည်းဥစ္စာများရဲ့ တန်ဖိုးအစစ်အမှန်ကို သိရှိတယ်။ ဒီအတွက်သူတို့ဟာ အမြဲတစ်စေချမ်းသာနေကြတယ်။


susunosukiJune 1, 20101min760
အရူးတွေကတော့ ရေးထားတဲ့အတိုင်းလုပ်တတ်ကြတယ်။ ဒါနဲ့ပဲသူတို့ဟာ တစ်သက်လုံး စာရေးကြီးတွေဖြစ်နေတယ်။ လူတော်တွေကတော့ရည်မှန်းချက် ပန်းတိုင်နဲ့အညီအလုပ်လုပ်တယ်။ ဒါကြောင့်သူတို့ဟာ အမှုဆောင်အရာရှိချုပ်တွေဖြစ်လာတယ်။ ပညာရှိတွေကတော့ အမြင့်ဆုံးဖြစ်နိုင်ချေ တစ်ခုအတွက် အလုပ်လုပ်တယ်။ ဒါကြောင့်သူတို့ကတော့ အလုပ်ရှင်တွေဖြစ်လာတာပေါ့။


susunosukiJune 1, 20101min770
အရူးတွေက တော့ စည်မျဉ်း စည်းကမ်းအတိုင်းသာ အလုပ်လုပ်တတ်ကြတယ်။ မှန်မှန်ကန်ကန်လိုက်နာတယ်။ ဒါနဲ့ပဲ ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးကြတယ်။ လူတော်တွေကတော့ သူတို့အလုပ်နဲ့ သင့်တော်တဲ့ စည်မျဉ်း စည်းကမ်းကိုချမှတ်တယ်။ ဒီတော့သူတို့လိုချင်တဲ့ရည်မှန်းချက်ကို တိုက်ရိုက်ရောက်ရှိတယ်။ သို့သော် မကြာခဏဆိုသလို အဲဒီထိန်းချုပ်မှုတွေကြား ပဋိပက္ခ တွေနဲ့ရင် ဆိုင်ရတယ်။ ပညာရှိတွေကတော့ အလုပ်နဲ့ စည်မျဉ်း စည်းကမ်း နှစ်ခုလုံးကို ညှိနှိုင်းကာ ချင့်ချိန်တယ်။ အားလုံးအတွက် လိုအပ်ရင်လိုအပ်သလို ပျော့ပျောင်းစွာ ဆောင်ရွက်တယ်။ သူတို့ဟာ လုပ်ငန်းတွေအတွက် အခွင့်ကောင်းတွေကို ဆုံးရှုံ့းမှုနည်းပါးတယ်။


susunosukiJune 1, 20101min500
အရူးတွေဟာ ငွေအတွက်အလုပ်လုပ်ကြတယ်။ တန်ဖိုးတစ်စုံတစ်ရာ အတွက်လုပ်ကြတာမဟုတ်ဘူး။ ဒါကြောင့်ငွေကြေးကိုပဲ သူတို့ရကြတယ်။ လူတော်တွေကတော့သူတို့ကိုယ်သူတို့ပြုပြင်ဖို့အလုပ်လုပ်ကြတယ်။ ဒီတော့သူတို့ဟာ ငွေကြေးနဲ့အောင်မြင်မှုကိုရတယ်။ ပညာရှိတွေကတော့ကောင်းကျိုးချမ်းသာနဲ့ အလှူဒါန အတွက်အလုပ်လုပ်ကြတယ်။ သူတို့ဟာ မိတ်ဆွေ၊ ငွေကြေး၊ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတို့ကို ရကြတယ်။


susunosukiJune 1, 20101min742
အရူးတွေဟာ အမြဲတမ်းသူတပါးကို ပြစ်တင်ပြောဆို တတ်တယ်။ ဒီတော့သူတလို့မှာ မမြင်ရတဲ့ ရန်သူများပြီးတော့ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေတယ်။ လူတော်တွေကတော့ သူတို့ကိုယ်သူတို့ပဲ ပြစ်တင်ပြောဆို ကြတယ်။ အခြားသူတွေက သူတို့ကိုကိုယ်ချင်းစာကြတယ်။ သို့သော် သံသယ ရှိကြတယ်။ ပညာရှိတွေကတော့ ဘယ်သူ့ကိုမှပြစ်တင်ပြောဆိုခြင်းမရှိဘူး။ ဘယ်သူမှ အမှားကို တမင်တကာ မပြုချင်ကြပါဘူး ဆိုတာသိရှိကြတယ်။


susunosukiJune 1, 20101min510
အရူးတွေဟာ သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ပြောခွင့်ပြုတယ်။ သူတို့ဟာအမှားတွေ ကို ဆက်တိုက်ကြူးလွန်တယ် ဝမ်းနည်းကြေကွဲမှုကို ဖြစ်စေတယ်။ လူတော်တွေကတော့ သဘာဝကျကျ ပြောတတ်ကြတယ်။ သူတို့ဟာ အမှန်တရားတွေကို ပြောတယ်။ သို့သော် အသက်မပါဘူး။ ပညာရှိတွေကျတော့ ပညာစကားပြောကြားတယ်။ ဒီစကားတွေဟာ စကြာဝဠာရဲ့ အမှန်တရား (သစ္စာတရား) တစ်ပိုင်းတစ်စ ဖြစ်လာတော့တယ်။


susunosukiJune 1, 20101min570
အရူးတွေဟာ ငြင်းခုန်ရတာကို သဘောကျတယ်။ သူတို့ဟာ ပညာရရှိဖို့ ဆောင်ရွက်ရမယ့်အစား အတိုက်အခံနဲ့ အခြေအတင်ဖြစ်အောင် ဖန်တီးကြတယ်။ လူတော်တွေကတော့ မေးခွန်းတွေမေးတတ်ကြတယ်။ သူတို့ဟာဆက်သွယ်မေးမြန်းရာမှာ ပညာတွေတတ်လာကြတယ်။ ပညာရှိတွေကတော့ ဆိတ်ဆိတ်နေလေ့ရှိကြတယ်။ သူတို့ဟာ နက်နဲစွာလေ့လာဆန်းစစ်တယ်။ နောက်သင့်တော်တာကို အကြံပြုတယ်။


susunosukiMay 22, 20101min621
အရူးတွေဟာ သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ပြောခွင့်ပြုတယ်။ သူတို့ဟာအမှားတွေ ကို ဆက်တိုက်ကြူးလွန်တယ် ဝမ်းနည်းကြေကွဲမှုကို ဖြစ်စေတယ်။ လူတော်တွေကတော့ သဘာဝကျကျ ပြောတတ်ကြတယ်။ သူတို့ဟာ အမှန်တရားတွေကို ပြောတယ်။ သို့သော် အသက်မပါဘူး။ ပညာရှိတွေကျတော့ ပညာစကားပြောကြားတယ်။ ဒီစကားတွေဟာ စကြာဝဠာရဲ့ အမှန်တရား (သစ္စာတရား) တစ်ပိုင်းတစ်စ ဖြစ်လာတော့တယ်။


susunosukiMay 22, 20101min49
အရူးတွေဟာသူတို့ကိုယ်သူတို့ ကြီးကျယ်မြင့်မြတ်တယ်လို့ ယူဆထားကြတယ်။ သူတို့ဟာ သဘာဝအရ (လေထဲမှာ ဝဲပျံနေတဲ့) ဖုန်မှုန့်တွေပဲဆိုတာ မသိကြဘူး။ သူတို့ဟာသေးငယ်ပြီး ခေတ္တခဏသာ ‘ဖြစ်တည်’နေတဲ့ သတ္တဝါတွေပါပဲ။ လူတော်တွေကတော့ ဘဝရဲ့ကြီးကျယ်မြင့်မြတ်မှု့ကို သိကြတယ်။ သူတို့ဟာ သဘာဝထံမှာ (အသက်ကို) စွန့်လွှတ်ပေးလှူကြတယ်။ သူတို့ဟာနားမလည်နိုင်သော ဖြစ်စဉ်များကို သဘာဝလက်ဝကွက်ကာအပ်သွားကြလေတယ်။ ပညာရှိတွေကတော့(သဘာဝရဲ့) သန့်စင်မွန်မြတ်မှု့နဲ့ ကြီးကျယ်မြင့်မြတ်မှုကို သိရှိကြတယ်။ လူသားတွေနဲ့ သတ္တဝါအား လုံးဟာ စစ်မှန်သော သန့်စင်မွန်မြတ်မှုကို ဦးတည်နေတာကို လည်းနားလည်ကြတယ်။ Xxxxx ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။ […]


susunosukiMay 22, 20101min832
အရူးတွေဟာ သူတို့ကိုယ်သူတို့ တော်တယ်တတ်တယ်လို့ ထင်ကြတယ်။ သူတို့ဟာ မိမိကိုယ်ကို ပြုပြင်ဖို့အတွက်လစ်လျှူရှု့ထားကြတယ်။ ဒီလိုနဲ့မိုက်မဲခြင်းရဲ့ထာဝရ နေထိုင်ရာအရပ်(အိမ်ရှင်)ဖြစ်လာလေတော့တယ်။ လူတော်တွေကတော့ သူတို့ဟာ မိမိကိုယ်ကို လစ်လျှူရှု့ထားသယောင် နေထိုင်ကြတယ်။ ဒါတွေဟာ သူတို့တွေးတော ကြံဆထားသယောင် ဟန်ဆောင်ကြတယ်။ နောက်ဆုံးမှာ သူတို့ဟာ လစ်လျှူရှု့ခြင်းဖြင့်သာ အဆုံးသတ်ရရှာတယ်။ ပညာရှိတွေကတော့ ဖုံးကွယ်နေသော လစ်လျှူရှု့ခြင်းနဲ့ ပညာရှိခြင်းတို့ကို မြင်တွေ့ကြတယ်။ သူတို့ဟာ ကြီးမြတ်သော ပညာညဏ်များတည်ရှိရာ လမ်းပေါ်ကို ရောက်လာတော့တယ်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ လစ်လျှူရှု့ခြင်းနဲ့ သိတက်ခြင်းတို့မှ လွတ်မြောက်လာတော့တယ်။ xxxxx ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက […]