ယခုလမှာ ခေတ်စားပြီး လူအသုံးများနေတဲ့ Expression လေးတွေကို နားလည်လာအောင်၊ ကိုယ်တိုင် စကားပြောတဲ့အခါ သုံးတတ်လာအောင် dialog လေးတွေနဲ့ ပူးတွဲပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဉီးစွာပထမ G.O.A.T ဆိုတဲ့ expression လေးကို တွေ့ဖူးကြမှာပါ။ G.O.A.T ဆိုရင် ဆိတ်ပေါ့။ ဆိတ် ဆိုရင် ချက်စားပစ်လိုက်မယ် မထင်ကြပါနှင့်။ G.O.A.T ဆိုတဲ့ expression လေးရဲ့ အဓိပ္ပါယ်ကတော့ greatest of all time ပါ။ ဉပမာ – မြန်မာတွေ ငြင်းခုံကြမယ်ပေါ့။ ဘောလုံးသမားတွေထဲမှာ ယခု နံမည်ကြီးတွေ ဖြစ်တဲ့ Ronaldo တို့ Messi တို့ Neymar တို့နဲ့ တချိန်က နံမည်ကြီးခဲ့တဲ့ Pele […]