၁၈.၃.၁၂နေ့က လပွတ္တာမှ လိုအပ်ချက်တွေရှိနေတဲ့ အဖွဲ့မှစာတတ် ပုဂ္ဂိုလြ်ကီးရေးတဲ့စာကိုကျွန်တော် ဖတ်လိုက်ရတယ် ကျွန်တော်အထင်ကတော့ မစားရတဲ့ အမဲ သဲနဲ့ပက်ဆိုသလို မကြေနပ်တဲ့သူကို တိုက်ရိုက်မပြောပဲ မဆိုင်တဲ့ဝန်ထမ်းတွေကို ဂုဏ်သိက္ခာထိခိုက်အောင် ရေးခြင်းဟာ အလွန်စိတ်ဓာတ် အောက်တန်းကျပါတယ် ဆေးရုံဝန်ထမ်းတွေက ဆေးရုံသွားရတယ် ဆေးကုရမယ့်လူနာကလည်းဆေး ရုံလာရတယ် ဒါသဘာဝပဲ ဆေးရုံဝန်းထမ်းဆိုတာသတ်မှတ်ချိန်အတွင်း ဆေးရုံမှာအသင့်ရှိမှလည်း လူနာလာတဲ့အခါ ကုသလို့ရမှာပါ သုံးဘီးဆိုင်ကယ်တိုးစီးရအောင်လည်း ဘယ်အချိန်ရောက်ရောက် လုပ်လိုရတဲ့နေရာလည်းမဟုတ်ဘူး ဆိုင်ကယ်တက္ကစီငှားစီးရအောင်လည်း အသွား(၁၀၀၀)အပြန်(၁၀ ၀၀)နဲ့ ထမင်းကြတော့ ဘုန်းကြီးကျောင်းမှာသွားစားရမှာလား ဝန်ထမ်းအိမ်ယာမပြီးသေးလို့ ကိုယ့်ဌာ နမှာရှိတဲ့ကားနဲ့ ဆီထည့်ပြီးသွားတာတောင် ရွှေမြို့တော်သားကြီးများကသိက္ခာချ ချင်သေးတယ်လား ဝန်ထမ်းတွေဆေးရုံသွားပြီးပျော်ပွဲးစားထွက်တာ မဟုတ်ဘူးဆိုတာကိုတော့ လူ့အသိစိတ်ရှိရင်တော့ ခင်ဗျားတို့သိမှာပါ သုံးမိုင်ဆေးရုံကို လုူနာမရွှေ့လို့တိုင်တာလည်းခင်ဗျားတို့၊သုံးမိုင်ကိုရွှေ့တော့ လည်း ၊ ၊ဒုက္ခရောက်တယ်ဆိုပြီး ပြောတာလည်းခင်ဗျားတို့ပဲ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရေးသလိုဆေး ရုံဝန်ထမ်းတွေ အရှက်မရှိတဲ့မျက်နှာနဲ့ […]