“ကုသိုလ်မရ ငရဲရ“ (၁) မိုးတစိမ့်စိမ့်ရွာနေသည့်နေလည်ခင်းအချိန်တွင်ဖြစ်သည်။ သူနှင့် သူ့သူငယ်ချင်းတို့နှစ်ယောက်သည် သည်ကနေ့ အားလပ်ရပ် တနင်္ဂနွေနေ့ဖြစ်သောကြောင့် ဘုရားဖူးရန် ထွက်လာကြခြင်းဖြစ်သည်။ မိုးကလည်း သည်ကနေ့မှ ရွာနေလိုက်သည်မှာ တစ်နေကုန်ပင်။ မိုးအေးအေးကြောင့် အပြင်မထွက်ချင်သော်ညားလည်း အလုပ်ပိတ်ရက်ကို သည်အတိုင်း ကုန်လွန်သွားမည်ကို နှမြောမိသောကြောင့် ထီးဆောင်းကာ အပြင်သို့ထွက်လာမိခြင်းဖြစ်သည်။ အလုပ်ရှိရာရပ်ကွက်နှင့် မဟာမြတ်မုနိဘုရားကြီး ကိန်းဝပ်ဆံပါယ်ရာနေရာသည် သိပ်မဝေးလှ။ ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်လျှင်ရောက်သည်။ သို့ကြောင့်လဲ ထီးဆောင်းကာ စကားတပြောပြောနှင် ့ထွက်လာလိုက်သည်။ မန္တလေးသို့ရောက်နေသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သော်လည်း ဘုရားကြီးသို့သွားရောက်၍ မဖူးမြော်ဖြစ်။ ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ဖူးမြော်ရတော့မည်ဟူသော အတွေးနှင့် ဝမ်းသာကြည်နူးနေမိသည်။ မိုးရွာထဲ လမ်းလျှောက်လာခဲ့ရ၍လား မသိ သူစီးလာသော ကွင်းထိုးဖိနပ်ဖြူဖြူလေးမှာ ညစ်နွမ်းလို့နေသည်။ ဘုရားကြီးအရှေ့ဘက်မုဒ်သို့ရောက်တော့- “ မောင်လေးတို့ရော ့ ရော့ ကျွတ်ကျွတ်အိတ် “ “ […]