မြင့်မားသော တောင်တန်းကြီးများကိုကျော်လွန်လာပြီး လမောင်ဆိုသည့်ရွာလေးကို သူငယ်ချင်းတစ်စုရောက်ခဲ့ကြသည်။ တောင်ကုန်းမို့မို့ပေါ်မှာတော့ ဘုရားတစ်ဆူကို ပြီးလုပြီးခင် အနေအထားနှင့်တွေ့မြင်ကြရသည်။ သည်လို တောခေါင်ခေါင်နေရာမှာ ထူးခြားမှုကို အထူးတလည်ရှာနေစရာမရှိလောက်ဘူးဟု ထင်မြင်မိသည်မှာ ကျနော့်ရဲ့ မဟာအမှားပေါ့။ လမောင်ရွာ လေးကတော့ သူ့ဆီကို လာလည်သည့် လူတစ်စုကို အသိအမှတ်မပြုတာလား တော့မသိ။ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လို့နေသည်။ လေအေးတဖြူးဖြူးနှင့်မို့ ပတ်ဝန်းကျင်၏ အလှတွေကို ရှုစားလို့ကောင်းသည်ကတော့ အမှန်ပင်။ သူငယ်ချင်းတစ်ယောက်ကပြောလာသည်။ မင်းတို့ကို ဒီခေါ်လာတာကတော့ ငါထူးထူးဆန်းဆန်းပြစရာရှိလို့ ခေါ်လာတာ ဘာကိုပြမယ်လို့ မင်းတို့ထင်လဲ သိဘူးလေ ဗြူးကောင်းလို့ခေါ်လာတာမဟုတ်လား ကောင်းသားပဲကွ မျက်စိပသာဒဖြစ်တယ် အာအဲဒါကိုပြောတာမဟုတ်ဘူး ဘာကို ထူးထူးဆန်းဆန်းပြမလဲလို့ထင်လဲလို့မေးတာ ဘာကိုမှကြိုမပြောတာ ဘယ်သိမလဲ ဒီင်္မယ် ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု လမောင်ရွာမှာ ထူးခြားတာရှိလို့ ခေါ်လာတာ ဟုပြောလာတော့ အနည်းငယ်တော့ စိတ်ဝင်စားမိတာအမှန်ပင်။ […]


တစ်နေ့ကပေါ့(တကယ်တော့ အရင်လလောက်ကပါ) ဖားကန့်ကို မထင်မှတ်ပဲရောက်ခဲ့တယ်။ တကယ်တော့ အတွေ့အကြုံရလိုရညား သွားမိခဲ့တာပါ။ အလုပ်တစ်ခုကိုပေါ့ပေါ့လေးတွေ့မိပြီးလုပ်ခဲ့မိတယ်လို့တော့ မဟုတ်ရပါဘူး။ ခုအသက်အရွယ်ဆိုရင်  အလုပ်အကိုင်လေး အတည်တကျရှိဖို့လိုပြီလို့ စဉ်းစားမိလို့ပါ။ တကယ်တမ်း ကြုံတွေ့ရတော့ ထင်သလောက်မလွယ်လှပါဘူး။ အကြမ်းပတမ်းခံနိုင်ဖို့ရာကျတော့ မလွယ်ပြန်ဘူး။ ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့ပြီး အလုပ်အကို်င်ရဖို့ကြိုးစားရပြန်တော့ တက်လိုက်ရတဲ့ လှေကားတွေ များလှပါလားလို့ တွေးမိပြန်တယ်။ ကိုယ်ရထားတဲ့ ဘွဲ့ကလည်း ဘူမိဗေဒဆိုတော့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ကိုက်တယ်ပေါ့။ တကယ်တမ်း ကြုံတွေ့ရတော့ ထင်သလောက်မလွယ်လှပါဘူး။ အကြမ်းပတမ်းခံနိုင်ဖို့ရာကျတော့ မလွယ်ပြန်ဘူး။ ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့ပြီး အလုပ်အကို်င်ရဖို့ကြိုးစားရပြန်တော့ တက်လိုက်ရတဲ့ လှေကားတွေ များလှပါလားလို့ တွေးမိပြန်တယ်။ ဘွဲ့တစ်ခုရအောင်ယူတယ်ဆိုတာလည်း အလုပ်လုပ်ရင် သက်သက်သာသာနဲ့လုပ်ရအောင်လို့ ကိုယ်ကတော့ ယူခဲ့တာပါ။ နေပူစပ်ခါးမှာ နဖူးကချွေး ခြေမကျအောင်လုပ်စားမယ်လို့ ဘဝကိုခံယူခဲ့ရင်တော့ ဘယ်မှာဘွဲ့တစ်ခုရအောင်ယူတော့မှာလဲ။ အလုပ်အကိုင်ကြော်ဲငာတစ်ခုကို သတင်းစာမှာတွေ့တော့ လုပ်ကြည့်ဦးမဟဲ့လို့။ လျှောက်ကြည့်လိုက်တယ်။ […]


မိုးတွေရွာနေပြီ။ ကြည့်လေရာ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာတော့ မြူခိုးတွေဖွေးဖွေးနှင့် အေးမြမြ အထိအတွေ့ကိုလည်း ခံစားရသည်။ ကြည်နူးစရာ မြင်ကွင်းလေးကို ထိတွေ့ခံစားရသော်လည်း စိတ်မချမ်းမြေ့နိုင်ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် နေ့စဉ်တောင်ပေါ်ကနေ့တောင်အောက်ကို ခြေကျင်လျှောက် ကျောက်ကြိုကျောက်ကြား ခက်ခက်ခဲခဲ လမ်းလျှောက်နေရ၍ပင်။ မှော်ဒေသ၏ မိုးရာသီကို ကြုံတွေ့ရမည်ဆိုလျှင် ထိုင်ငိုချင်လောက်အောင် စိတ်ညှစ်ကြမည်မှာ အမှန်ပင်။ ရာသီချိန်တလျှောက်လုံးလုံးလျှင်လည်း ဖုန်တလုံးလုံးနှင့်သောသော ထနေသလောက် မိုးရာသီဆိုလျှင်လည်း ဗွက်တွေပေါက်နေသည်မှာ ကြည့်လေရာရာမြင်တွေ့နေရ၏။ ကားတွေသွားလာ၍မရ။ ဆိုင်ကယ်တွေသွားလာ၍မရ။ ဘယ်နားသွားသွား ခြေကျင်လျှောက်နေရသည်မှာ မိုးရာသီ မှော်ဒေသ၏ ထုံးစံ။ ကုမ္ပဏီလုပ်သားတွေအဖို့တော့ မိုးရာသီတွင် မြောတိုက်၊ ကျောက်ရှာ၊ ဈေးဝယ်ဆိုသည်မှာ လွယ်လှသည်တော့ မဟုတ်။ မြင့်မားလှသည့် မြေစာပုံကြီးတွေကို ကုမ္ပဏီတိုင်းလိုလို မိုးကြီးကြီးရွာပြီဆိုလျှင်တော့ တောင်ကျမိုးရေနှင့် ရေဖျော်တိုက်ချသည့် သဘောကို ဒေသအခေါ်မြောတိုက်သည်ဟု ခေါ်ကြသည်။ သို့ကြောင့် အနီးအနားရွာများတွင် ဈေးဝယ်ရန်အတွက် […]


  မကြာခင်ပြန်ရတော့မယ်ဆိုတော ့လည်း ဝမ်းတော့အနည်းသား..။ ကျွန်တော်ကျင်လည်ခဲ့သော ပတ်ဝန်းကျင်မှ ခဏတာထားပြီးသွားရမယ်ဆိုတော ့ ပြန်ချင်သလိုလို မပြန်ချင်သလိုလိုနှင့် သံယောဇဉ်တွေတွယ်နေမိသည်လေ.။ သည်လိုနှင့် ခဏတာခွဲခွာရမည့် နေရာလေးကို ဘာရယ်မဟုတ် အလွမ်းပြေလျှောက်ကြည့်နေမိ သေးသည်..။ ငါမရှိရင် ဆိုသောအတွေးသည် လူတစ်ယောက်လစ်လပ်သွားသော နေရာတစ်ခုအတွက် အဆင်ပြေမှုတွေရှိပါ့မလားဟု ပူပန်မှုသက်သက်ရယ်ပါ..။ လူတစ်ယောက်၏ အသုံးဝင်မှုသည် သို့မဟုတ် တန်ဖိုးသည် အဲဒီလူမရှိမှ သိတတ်ကြသည်ဆို၏..။ လူတစ်ယောက်၏ ကောင်းခြင်းဆိုးခြင်းသည် ရှိနေစဉ်အခါမှာတော့ မသိသာသလိုဖြစ်နေပေမယ့် အဲဒီလူမရှိသောအခါ ကောင်းကွက်တွေကိုလည်းချီးက ျူးမိသည်..။ ဆိုးကွက်တွေကိုလည်း ဖြေတွေးနိုင်သည်..။ အပြစ်မြင်မိသောသူတွေတောင် ဘာကြောင့်သည်လိုဖြစ်သည်ဆို တာကို ဖြေတွေးနိုင်နေပြီ..။ အိမ်နှင့်ဝေးပြီး အလုပ်ခွင်ရောက်နေတော့လည်း နေ့ရှိတိုင်း ၊ စကားစပ်မိတိုင်း ကိုယ်အိမ့်အကြောင်း၊ သူ့အိမ်အကြောင်း ပြောနေကြတာတွေသည် ရိုးနေပြီဆိုပေမယ့် သည်အရသာကိုက နုတ်ကိုပိုချိုစေသည်..။ အိမ်ပြန်ချင်စိတ်တွေသည် နေ့တိုင်းဖြစ်ပေါ်နေသည်..။ […]


ခုလိုမိုးအေးအေးနဲ့ မိုးရာသီမှာ မိုးတွေရွှာနေတဲ့နေ့တွေမှာ အိမ်ထဲမှာပဲ ဘာလုပ်ရမှန်းမသိဘူး ပျင်းလိုက်တာ၊ ဘာစားရမှန်းမသိဘူး တစ်ခုခုစားချင်လိုက်တာဆိုတဲ့ မိန်းမသားတွေအတွက် သည် ပို့စ်လေးကိုတင်လိုက်တာပါ။ မိုးရွှာလို့ ဈေးသွားပျင်းသူတွေအတွက်တော့ သိပ်ပြီး အဆင်ပြေမယ်လို့တော့ မထင်ဘူး။ ကဲ မိန်းမသားတွေ နဲ့အတူ ကိုကိုကာလသား၊ ပုရိသယောက်ျားများလည်း ပျင်းလည်းပြေ စားလို့လည်း မြိန်မြိန်လေးဖြစ်သွားအောင် စမ်းလုပ်စားကြည့်ကြစို့လား…။ ပြောပြဦးမယ်ဆိုရင်…အိမ်ရှင်မတွေရော…အဆောင်နေကျောင်းသူတွေအတွက် ရော အဆင်ပြေစေမယ့် စားစရာနည်းလေးတစ်ခုပေါ့..။ လုပ်ရတာလည်း အလုပ်မရှုပ်သလို ရှာရမယ့် အမျိုးအမည်တွေ ကလည်း မိမိပတ်ဝန်းကျင်ဈေးတွေမှာ အလွယ်တကူရှာရလွယ်ပါတယ်..။ စားစရာရဲ့ အမည်က မြန်မာလိုတော့အမည်မရှိသေးဘူး လို့ထင်ပါတယ်။ အလွယ်တကူပဲ ယိုးဒယားမုန့်တီထုပ်လို့ပဲ ခေါ်ရမယ်ထင်ပါတယ်..။ ကဲ…စလိုက်ကြရအောင်..။ လိုအပ်မယ့်  အမယ်တွေကတော့… ဆလပ်ရွက်(ခပ်ကြီးကြီး)………………………အနည်းငယ် နံနံပင်……………………………..အနည်းငယ် မုန့်တီ(အခြောက်(သို့)အစို)…….(၁)ပိဿာ ယိုးဒယားငံပြာရည်(ပုဇွန်တံဆိပ်)..(၁)ပုလင်း သကြား…………………………….အနည်းငယ် ငါး( ကြိုက်နှစ်သက်ရာ)……………(၅၀)သား သံပုရာသီး…………………………..(၃)လုံး ငရုပ်သီး…………………………….အနည်းငယ် […]


  နုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်းဟာ ရိုင်းလား မရိုင်းဘူးလားလို့ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ် တတ်ဖို့လိုပါတယ်..။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ သူတိုင်း အပြောကြောင့် လူမုန်းမခံ သင့်ဘူးမဟုတ်လား..။ အရွယ်ငယ်သော်ညားလည်း ပြောတတ်ရင် လူတိုင်းချစ်နိုင်ပါတယ်.။ အလုပ်ခွင်မှာတော့ စိတ်အခန့်မသင့်တဲ့အခါ ပြောမှားဆိုမှားတွေရှိနေနု ိင်တာကြောင့် ကိုယ်ပြော မယ့်စကားတစ်ခွန်းရဲ့ ဆိုလိုရင်းကို ကိုယ်ကိုကိုယ့်အမြဲ သတိထားနေရတယ်..။ ကိုယ်ဆိုလိုတာကို နားလည်တဲ့လူ ရှိသလို  တည့်တည့် ဗွင်းဗွင်းပြောမှ နားလည်တဲ့ လူတွေလည်းရှိတယ်လေ..။ နေ့စဉ်ဆက်ဆံ နေရတဲ့ လူတွေဟာ အမြဲစိတ်အေးငြိမ်နေတယ် မထင်လိုက်ပါနဲ့..။ အမျိုးမျိုးသော အပူတွေက လူတိုင်းမှာရှိတယ်ဆိုတာလည် း မမေ့အောင်သတိထားနေရတယ်..။ တစ်ခါတစ်ခါ ရန်လိုစွာနဲ့ တိုက်ခိုက်လာတဲ့ စကားတွေ ကြားရတဲ့အခါမှာ အထိုက်အလျှောက်တော့ ဒေါသထွက်မိပေမယ့် ဒေါတနဲ့ပြောနေတဲ့လူကို ကိုယ်က ဒေါတနဲ့ပြန်ရှင်းတဲ့အခါ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို […]


ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅ဝ ပေဆိုတာကိုတွေ့လိုက်ရရင်ပဲ ကယားပြည်နယ် လွိုင်ကော်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ မြို့အဝင်ဆိုင်းဘုတ်ကိုမြင်ရမှာပါ။  မြို့အဝင် ခက်လှမ်းလှမ်းကတည်းက စိမ်းစိမ်းစိုစို တောင်တန်းတွေနဲ့ လမ်းဘေးဝဲယာက ကြက်ဆူပင်တန်းတွေကိုငေးကြည့်ရင်း မြို့ကလေးကိုကြည့်ရတာ ကြည်နူးစရာကောင်းနေတော့တာပါ။ လတ်ဆတ်တဲ့ လေကောင်းလေသန့်ရဲ့ ရနံ့ကို မြို့ကြီးတွေမှာ မရနိုင်ပေမယ့်လို့ သည်တောင်ပေါ်ဒေသမှာတော့ ပိုက်ဆံပေးဝယ်စရာမလိုပါပဲ အလကားရှူချင်သလောက် ရှူလို့ရနိုင်ပါတယ်။ မြို့အဝင် လိုင်းပေါင်းစုံ အဝေးပြေးကားဂိတ်ကိုရောက်တော့ တွေ့တဲ့ သုံးဘီးဆိုင်ကယ်ကိုဌားရင်း စတင်ပြီးခရီးဆက်နိုင်ပါပြီ။မြို့ကြီးတွေလို ပြောင်းလည်းမှုတွေ မရှိပါပဲ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ မြို့ကိုကြည့်ရတာ လွမ်းမောဖွယ်ပဲကောင်းနေသလိုလို။ လမ်းတလျှောက်ကိုကြည့်တော့ မြို့ကလူတွေလည်းအသွားအလာမပျက် အရင်အတိုင်း သွားလာလှုပ်ရှားမပျက်ကြ။ လောပိတလမ်းတစ်လျှောက်ကိုကြည့်လိုက်တော့လမ်းဘေးဝဲယာ က စိမ်းစိမ်းစိုစို။ လမ်းတစ်လျှောက် ဝင်လာတော့  ကန္ဒာဟေဝန်ဆိုတဲ့ ပန်းခြံကိုတွေ့ရတယ်။ ပန်းခြံကြီးထဲမှာတော့ ဖားစည်ကြီးတွေခြံရံလျှက် လွှတ်လပ်ရေးကျောက်တိုင်ကိုတွေ့ရတယ်။ ခက်လှမ်းလှမ်းက ဌာနဆိုင်ရာ အခမ်းအနားများကျင်းပရာ စင်မြင့်တစ်ခုကိုတော့ ကိန္ဒရီ ကိန္ဒရာ […]


ဖားကန့်ကိုရောက်နေတာကြာပြီ။ ဒါပေမယ့် ပညာစုံပြီလားဆိုရင်လည်း ဘာမှမသိ။ ဘာမှမတတ်သေး။ မြင်မြင်သမျှက အဆန်းတွေချည်း။ မြင့်မားလှတဲ့ မြေစာပုံကြီးတွေ။ တောင်ကြီးတွေကလည်း မြင်လေရာရာ တောင်ကတုံးတွေချည်း။ တကယ်ဆိုရင် ပင်လယ်ရေပြင် မျက်နှာပြင်ထက် ပေ ၁၀၀ရ ပေတာမြင့်တဲ့ ဖားကန့်မှာ ရာသီဥတုက အသင့်အတင့်ရှိရမယ့်အစား ဘာလို့ ပူပြင်းရင်လည်း နေစရာမရှိသလို မို်းရွာရင်လည်း စိတ်ပျက်စရာကောင်းနေခဲ့ရတာလဲ။ သည်ဒေသမှာ နေထိုင်လုပ်ကိုင်စားသောက်နေသူတွေက လူတန်းစားစုံလင်လှတာလည်း တွေ့နေရတာ။ တရုတ်၊ ကုလား၊ဗမာ၊ ရှမ်း၊ ပလောင်၊ ကချင်၊ ကယား၊ ပဒေါင်၊ အို ပြောပြရင် ကုန်မှာတောင်မဟုတ်တော့။ မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုတာ သည်ဒေသကိုများ ရည်စူးသီဆိုခဲ့လေသလား ကိုမျိုးကြီးရယ.်လို့ မေးလိုက်ချင်တယ် တကယ်။ ဒေသအစုံအစုံက လူတွေအစုံမို့လို့လားတော့မသိ။ စရိုက်စုံတော့ ပျက်ဆီးခြင်းရဲ့ လမ်းစကိုလျှောက်ဖို့က အလွယ်လေး။ ပိုက်ဆံကို ဖောဖောသီသီဖြုန်းနိုင်တာဆိုလို့ […]


  ကျောက်စိမ်းကိုဆောင်ပါက အောက်ပါ ဂုဏ်အင်္ဂါကြီးငါးရပ်နှင့်ပြည့်စုံတယ်လို့ဆိုပါတယ်… ၁။သဒါ္ဒ ရက်ရောခြင်း ၂။ရဲစွမ်းသတိ္တနှင့်ပြည့်စုံခြင်း ၃။တရားမျှတသောစိတ်ဓာတ်ရှိခြင်း ၄။မိမိကိုယ်ကိုနှိမ့်ချသော နိဝါတတရားရှိခြင်း ၅။အသိအလိမ္မာဉာဏ်ပညာကြီးမြင့်ခြင်းတို့ပဲဖြစ်ပါတယ်….


    သူငယ်ချင်းတွေနဲ့ကွဲနေတာ သုံးနှစ်ကျော်လို့ လေးနှစ်ထဲရောက်လာပြီ။ တစ်ချို့နဲ့အဆက် အသွယ်ရပြီး၊ တစ်ချို့က စာမလာ သတင်းမကြား။ ကျောင်းပြီးလို့ ကိုယ့်လမ်းကိုယ်လျှောက်ပြီ ဆိုကတည်းကမတွေ့ရ၊ မမြင်ရ၊ မကြားရတော့။ ကို်ယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ကြမည်ဟု ရည်ရွယ်ထားတဲ့သူတွေချည်းစု နေကြတဲ့ သူငယ်ချင်းတွေပေါ့။ ဒါပေမယ့် လမ်းခုလတ်မှာ ပန်းတိုင်မရောက်ပဲ လမ်းချော်တဲ့သူတွေ၊ လမ်းမှားတဲ့သူတွေလည်းရှိတယ ်လေ။ လူချင်းမတွေ့ရင် တောင် ဖုန်းနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ် နှစ်သိမ့်လိုက်ရတာချည်း။ တစ်ခြားတော့မဟုတ်ဘူး။ အိမ်ထောင်ကျသွားကြလို့ပါ။ ပညာရေသောက်ချိန်တုန်းကတော့ ဘာလုပ်လိုက်မည်၊ ဘာရရမည် လို့ လေကြီးမိုးကြီးပြောခဲ့ကြသူ တွေပေါ့။ စိတ်အလိုလိုက်မှုတွေများပေမ ယ့်လည်း အဲဒီအချိန်တုန်းက သူငယ်ချင်းတတွေ တစ်ဦးနဲ့တစ်ဦး ဖေးမလို့ ပျော်ရွှင်ခဲ့ရတာပဲများတာပါ ။ စကားဝိုင်းဖွဲ့မိတိုင်း ကျောင်းပြီးရင်ဘာလုပ်မှာလဲ စကားက အချိန်တိုင်းကို နေရာယူခဲ့တာပေါ့။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင ်တဲ့သူတွေက ခုတော့လည်း […]


““ စိတ်အပူ””             အညာနေကပူစပ်ပူလောင်။             ကျောပြင်ကပူ။ လက်ကပူနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။             ရွာဦးကျောင်းက ခေါင်းလောင်းသံလည်းမကြားရသေး။ သည်နေ့ဘာဖြစ်နေမှန်းမသိ။ ဗိုက်ကလည်းတဂွီဂွီနှင့်ဘေးလူကြားမှာတောင်စိုးရတဲ့အထိမြည်လို့။ သည်အတိုင်းဆို အခင်းရှင်ကတော့ ခေါင်းလောင်းသံမကြားမချင်းနားမယ့်ပုံမပေါ်။ နို့မို့ဆိုမဆာသေးပါဘူး။  ဒင်း …..ကိုသာဒင်ကြောင့်။ ထမင်းကြမ်းခဲတောင်မျိုခဲ့ရဘူး။ ပျာရိပျာယာနဲ့ အလောသုံးဆယ်ထွက်ခဲ့ရတော့ အဆာပြေစားဖို့ ထန်းလျှက်ထုပ်တောင် မဆွဲခဲ့ရဘူး။ ““ အလုပ်ရှိတယ်…ဟေ့ ””လို့ မမြရီ အော်တာနဲ့ဘဲ ပျိုးနုတ်လား? ၊ ပေါင်းရှင်းလား?၊ ကောက်သင်းကောက်လား? သေချာမမေးမိဘဲ လိုက်လာလိုက်တာ။ ဟော…. ခုတော့ ငရုပ်ဆွပ်ရမှာတဲ့။  ““ အို….သေပါပြီ ”” လို့ ညည်းနေလည်းအပိုပါပဲ။ လိုက်လက်စနဲ့ တစ်နေ့တော့လုပ်လိုက်ဦးမှလို့ စိတ်ဒုံးဒုံးချပြီး လုပ်လာလိုက်တာ လက်တွေကိုပူ…ထူလို့…။ အစကတည်းက ဘယ်တော့မှ ငရုပ်ဆွပ်မလိုက်ဘူး။ သည်လိုတွေဖြစ်မှာစိုးလို့။ အေးမြ အပျိုဘဝကတည်းက ငရုပ်ခင်းဆို ယောင်လို့တောင် […]


လာဘ်ပေးလာဘ်ယူတို့ရန်သူဆိုတဲ့ ဆောင်ပုဒ်လေးကိုလူတိုင်းကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီ ဆောက်ပုဒ်လေးက စာသားအဖြစ်ပဲရှိတော့တာပါ။ နေရာတိုင်းမှာတော့ ငွေမပေးရင် ဘာမှလွယ်လွယ်ကူကူမရတော့ပါဘူး။ ဟိုဝင် သည်ကြေးတွေများလာတာနဲ့အမျှ ငွေကုန်ရတာလည်းသောက်သောက်လဲဖြစ်လာကြရပြီ။ ပြောရရင်တော့ စေတနာသည်လူတိုင်းနဲ့မထိုက်တန်ဆိုပြီး သူတို့လုပ်နေတာတွေက စေတနာထားပြီးပဲလုပ်နေသလိုလိုနဲ့ တကယ်တမ်းတော့ ငဝိုင်းသာလျှင် အဓိကဖြစ်နေကြတာပါ။ ပြောပြရဦးမယ် ဟိုသလောတုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ လင်မယားကွာရှင်းမယ့်ကိစ္စနဲ့ ရုံးတစ်ရုံးကိုရောက်ခဲ့သေးတယ်။ အဲဒီမှာ မြင်ခဲ့ရတာလေးကို ပြောပြချင်တာပါ။ ရုံးနဲ့ကပ်လျှက်က နားနေဆောင်လေးမှာ နားနေခိုက်ပေါ့။ အဲဒီမှာ မိသားစုတစ်စုလို့ထင်ရတဲ့ ယောကျာ်းကြီးတစ်ယောက်၊ မိန်းမကြီးတစ်ယောက်၊ နောက်အသက်ခက်လတ်လတ် မိန်းမတစ်ယောက်၊ အသက်(၂၅)နှစ်လောက်အရွယ်ရှိတဲ့ ယောကျာ်းလေးတစ်ယောက် စုစုပေါင်းလေးယောက်ဝင်ချလာတယ်။ မျက်နှာတွေက ညှိုးညှိုးငယ်ငယ်တွေနဲ့ ကြည့်ရတာ ရုံး၊ဂတ်၊ ကနားတွေကို တစ်ခါမှ မရောက်ဖူးကြတဲ့ ပုံစံမျိုးတွေ။ ခဏနေတော့ ရုံးတစ်ရုံးရဲ့ အရာရှိတစ်ယောက်က ရောက်ချလာတယ်။ ကျနော်လည်း စပ်စုကြည့်ရတာပေါ့ဆိုပြီး ကြည့်နေလိုက်တယ်။ ဒါခင်ဗျားတို့သားထောင်ကျနိုင်တယ်နော်။ […]


  ““ ဟယ်လို…”” ““ …….ကလား?..”” ““ ဟုတ်ပါတယ်ခင်ဗျာ…ဘယ်သူနှင့်တွေ့ချင်လို့ပါလ ဲ..”” ““ ………….ရှိလား?..”” ““ ဪ..ဟုတ်ကဲ့ ရှိပါတယ်…ကိုင်ထားမလား..သွားခေါ်ပေးပါ့မယ်.”” ““ ……………….”” ““ ဟုတ်ကဲ့..ဟုတ်ကဲ့ ဒါဆိုခဏကိုင်ထားပါနော်..”” ဟူး………လေပူတွေကိုမှုတ်ထုတ်ရင်း နိစ္စဓူဝကြုံနေရသည့် သည်ဖုန်းစောင့်ရသည့် အလုပ်က မလွယ်ရေးချမလွယ်။ တစ်နေ့တစ်နေ့လာလိုက်သည့်ဖု န်း။ ခေါ်လိုက်ရသည့်လူ ကုမ္ပဏီတစ်ခုလုံး တစ်ဝက်ကျိုးတော့မည်။ ““ ဖုန်းလာနေတယ်”” လို့ ပြောလိုက်သည်နှင့် လုတိုင်းပြုံးရောင်သန်း ဝမ်းသာသွားတာချည်းပင်။ ဝမ်းမသာသည်မှာ တစ်ခုတည်းသာရှိသည်။ ဒါက ငွေလိုကြောင်း အကြောင်းကြားလာလျှင် ဖုန်းကိုင်ရမည့်လက်များတွန ့်တွန့်သွားသည်။ အထူးသဖြင့် လကုန်ရက်နည်းလာလျှင် ကုမ္ပဏီရှိ ဝန်ထမ်းဘယ်ဝန်ထမ်းမှ ဖုန်းမဆက်။ ဖုန်းမမျှော်ရဲ။ အများနှင့်နေရသည့်အတွက် စုမိဆောင်းမိသည်မရှိဘဲ လစာထုတ်လျှင် တစ်ပတ်မခံဘဲ ပြောင်သလင်းခါသွားသည်ချည်း ။ ဟော်….အခုဖုန်းတွေလာဦးမည်။ လကုန်ရက်နည်းလာပြီလေ။ […]