မိန်းကလေးတွေပဲ အရွဲ့အစောင်း ၊ အချိတ်အဆက်နှင့် အတင်းပြောတတ်ကြသည်မှတ်ပါသည ်။ အခုမြင်တွေ့နေရသည်က ပုရိသယောက်ျားများဖြစ်သည်။ အင်း ယောက်ျားလေးတွေချည်းစုနေကြ တာဆိုတော့ သည်လိုဖြစ်တာလည်း မဆန်းပါဘူး။ အုပ်နှင့်ကျင်းနှင့်နေရသည် ဆိုတော့ သူကသာသွားလိုက် ငါကသာသွားလိုက်နဲ့ ပေါ်ချည်တစ်ခါ မြုပ်ချည်တစ်လှည့်နှင့်ရယ် ပေါ့။ အတင်းအဖျင်းဆိုတာနှင့် အားလုံးက သဘောပေါက်ကြသည်က မကောင်းတာကိုချည်းပြောကြတယ ်ဆိုတာလေ။ ““ကိုယ်ကောင်းလျှင် ခေါင်းမရွေ့”” ဆိုပေမယ့်လည်း ကျောက်ဆောင်တောင် တွန်းတိုက်ပါများလျှင်နှဲ့ လာသေးတာပဲ။ ပုထုဇဉ်လူသားဆိုသည်က ဘာသားနှင့်ထုထားသည်မို့လဲ။ စိတ်ခံစားမှုတွေနှင့်ဘဲ ရပ်တည်နေရသည့်အခါ အားမနာ ပါးမနာ ပြောဆိုနေသည့် ““အတင်း”” ဆိုသည့် ဝေါဟာရက ကြာတော့ ခါးသီးလာရော။ အခုပဲ ကြည့်လေ အများနှင့်နေရသည့်အခါ ရားထူးဂုဏ်တစ်ခုရချင်လို့ပ ဲဖြစ်ဖြစ်၊ အချီးကျူးခံချင်လို့ပဲဖြစ် ဖြစ် သူ့ထက်သာအောင် သူ့ဟာကွက် ဘယ်လိုနင်းလိုက်မယ်လို့ ဆင်ကြံကြံ […]