ဆောင်းလေညှင်းက အေးနေပြီ။ မနက်ဖြန်ဆိုရင် နယ်ကိုပြန်ရတော့မယ်။ ရောင်စုံ မီးရောင်တွေအောက်ကနေ ခဏသာ ပျောက်ကွယ်ရဦးတော့မှာပေါ့။ လွမ်းလို့တော့မဟုတ်ပါဘူး။ ဒါ လွမ်းလောက်စရာမှ မဟုတ်တာ။ အညှီ အဟောက်တွေမှန်းလည်း သိပြီးပြီ။ အများပိုင်ရင်ခွင်တစ်ခုမှာ တစ်ဦးဆိုင်နာမ်အတွက် စွန့်သင့်တာကို စွန့်ပစ်လိုက်ခြင်းလို့ သတ်မှတ်မိတယ်။ ဒီအနေအထားမှာ နေခွင့်ရတာကို ပျော်ပိုက်တယ်လို့ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့။ ပြီးပြည့်စုံခြင်းမရှိတဲ့ဘဝမှာ လေလွင့်ငှက်တစ်ကောင်ရဲ့ ခိုနားရာသစ်ကိုင်းက ဆွေးနေတာတော့မဟုတ်ဘူး။ ဆွေးနေမှန်းမသိဘဲ နားခိုခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့အမှားပါပဲ။ တကယ်ဆိုရင် အပျံသင်ရင်း နယ်လွန်ခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့ဘဝက လေထန်နေခဲ့ခြင်း သက်သက်သာ။ ဝေဟင်မှာ လေခိုစီးရမှန်းလည်းမသိ။ အတောင်ညောင်းလို့နားခိုခဲ့မိတဲ့ နေရာလေးတစ်ခုဟာ အဆိပ်တွေနဲ့ပြည့်နေတယ်။ သူမ သောက်သုံးခဲ့မိပါတယ်။ ×××××××           သူ့ကိုတွေ့ခါစက သာမန် ယောကျာ်းတွေထဲက ဒီပုတ်ထဲက ဒီပဲပါပဲလို့ သတ်မှတ်မိခဲ့တာ။ […]


ဒေါ်ခင်ရီက တီဗွီခန်းထဲတွင် အေးအေးလူလူ လက်ဖက်သုတ် ထိုင်စားနေသော ချွေးမ မစန္ဒာကိုကြည့်ပြီး နုတ်ခမ်းက အလိုလိုနေရင်း ရွဲ့သွား၏။”တတ်လည်း တတ်နိုင်တဲ့ မိန်းမ”ဟု စိတ်ထဲကပြောရင်း အိမ်ရှေ့ဆိုင်လေးထဲ ကူးလာခဲ့သည်။ ဒေါ်ခင်ရီက ဆိုင်ထဲရှိ ဆန်အိတ်များကို ကြည့်ပြီး စိတ်အလိုမကျဖြစ်ရပြန်သေးသည်။ ဆန်အိတ်။ “တရားခံက ဒီဆန်အိတ်တွေပဲ”ဟုရေရွှတ်ရင်း နောက်ကျောက တီဗွီခန်းကို လည်ပြန်ကြည့်လိုက်သေးသည်။ ပြီးတော့ တကိုယ်တည်းရေရွတ်သလိုမျိုးနှင့်- “ဒီဆန်အိတ်တွေ လက်ခံထားမိတာကိုက ဂြိုဟ်ဆိုးဝင်သလိုပဲ ရောင်းမထွက် ပြုမထွက်နဲ့ ပစ္စည်း အဝင်မတော်ဘူးထင်ပါရဲ့” ဟုပြောတော့ တီဗွီခန်းထဲရှိ ချွေးမ မစန္ဒာက ဆိုင်ဘက်ကို ခေါင်းလှည့်ကြည့်ပြီး တစ်ချက်မဲ့လိုက်၏။ ထို့နောက် တီဗွီဘက်ပြန်လှည့်ပြီး – “ယောက္ခမတွေများ ဒီလိုချည်းပဲလား မသိပါဘူး”ဟု စိတ်ထဲပြောလိုက်မိသည်။ (၁)           “ချွေးမရေ ဒီတစ်ခေါက် ယောက္ခမကို ခဏ […]


  လောလောဆယ် နတ်နေကိုင်းထဲမှာ ကျွန်တော်နေပါတယ်။ ကျွန်တော်က သူ့အတွက်တော့ ပြက်လုံးတစ်ခုပဲဆိုပါတော့။ ကျွန်တော်ဟာ ကံဆိုးသူလား။ အားငယ်သူလားဆိုတာ ကိုယ့်ကိုကိုယ် ဝေခွဲလို့မရဘူးဖြစ်နေတဲ့အချိန်။ ကျွန်တော် အလှောင်ခံလိုက်ရပါတယ်။ မျက်စိရှေ့မှာ စကားလုံးတွေ အိုးနင်းခွက်နင်းနဲ့ပေါ့။ မျက်နှာထားတွေ အပျက်ပျက် အယွင်းယွင်းနဲ့ ဘယ်သူက မိတ်ဆွေ စစ်သလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ဒါပေမယ့် ဒီမျက်နှာက ကျွန်တော် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဆိုတာတော့ သိလိုက်တယ်။ ဒါနဲ့ ကျွန်တော် နုတ်ဆိတ်ငြိမ်သက်လိုက်တယ်။ သူ ခုတ်နေတဲ့ ကိုင်းတစ်ကိုင်းဟာ ကျွန်တော်ဖြစ်နေမှန်း သူမှမသိဘဲကိုး။ (၁) (အစ)           “ဒါကတော့ ဖားကန့်ကနေ ခွေးပြေး ဝက်ပြေး ပြေးလာတဲ့ ငါ့ရဲ့ သူငယ်ချင်းကြီး သော်ဇင်ပေါ့ကွာ။ မှတ်ထား ဟေ့ကောင် ။“ လက်ဖက်ရည်ဆိုင်ရဲ့ လူစည်ကားပြီး […]


နိဒါန်း ဧပရယ်….။ နွေလေက ခပ်ပြင်းပြင်း မတိုက်ပါဘူး။ ပူလောင်မှုက ရင်မှာအတိုင်းသား သိနေတယ်။ စပ်ဖျင်းဖျင်းခံစားနေရတဲ့ နှလုံးသားမှာ အမည်မသိ ဝေဒနာလို့ အမည်တပ်ရင် ကောင်းမလား။ အသည်းကွဲ ဒဏ်ရာလို့ ပြောရရင်ကောင်းမလား။ ရုတ်တရက် မုးိရွာချတယ်…။ ဒါဆို…ပိတောက်တွေ ပွင့်ဦးမှာပေါ့…..။ မနက်ဖြန်….ပိတောက်ပန်းတွေ ပွင့်ရင် မျက်ရည်တွေ စိုမိမှာလား…။ ငိုမိမှာလား….။ တကယ်တော့…..ဧပရယ်ဟာ………..။   (၁) (ညီသစ်) ရက်စက်တယ်ဆိုတဲ့ စကားကိုပြောပြောဖို့ ငါ့မှာ အင်အားမရှိဘူး ချစ်သူူ။ ကျိုးကြောင်းစုံလင်စွာ မသိပဲနဲ့ နင့်ကိုလည်း ငါမမုန်းလိုက်ချင်ပါဘူး။ ခု နင်ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ ငါ့အသည်းကို ဆားပက်၊ သံပုရည်ညစ်ထည့်လိုက်သလို စပ်ဖျင်းဖျင်း ငါခံစားရတယ်။ နင်နဲ့ငါ ဝေးခဲ့ကြတာ ဘာကြာသေးလို့လဲ။ ဒီအချိန်တိုလေးအတွင်းမှာ ပြောင်းလဲသွားခဲ့တဲ့ နင့်စိတ်ဟာ သူတစ်ပါး ပယောဂကြောင့်ဆိုရင်တောင် […]


   (၁) မျှော်လင့်ချက့်နဲ့ အသက်ရှင်နေကြတဲ့ လူဖြစ်နေလို့ ခက်နေတာပဲဖြစ်မယ်။ အေးအေးလူလူ မနေနိုင်တဲ့လူတွေ အထဲမှာ ဒေါ်မြရင်က ထိပ်ဆုံးကပါတယ်ဆိုရင် မမှားနိုင်ဘူး။ နေ့နေ့ညည မအိပ်နိုင်ပဲ စား၊ ဝတ်၊နေ ရေးဆိုတဲ့ နွံထဲကနေ ရုန်းထွက်ဖို့ပဲ စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်ဖြစ်ခဲ့ရတာ ကြာလှပေါ့။ အိမ်ဦးခန်းမှာ ထိုင်နေတော်မူတဲ့ အိမ်ဦးနတ်ကြီးကလည်း ပူဇော်ပသခံဖို့ပဲ ဟောဒီ အိမ်ကြီးကိုရောက်လာရသလို အခန့်သား အငြိမ့်သား နေတော်မူလို့။ နေ့ရှိသ၍ အိမ်သူဇနီးမယားက ဆူပူစောင်းမြောင်းပြောဆိုနေတာကိုလည်း ကျွဲပါး စောင်းတီးသလို တုတ်တုတ်ကိုလှုပ်တာမဟုတ်။ ရေခဲတုံးကြီး ဖင်ခုထိုင်ရသလို အေးတိအေးစက်ကြီးမို့ ဒေါ်မြရင်ခမျာ ခုတော့ တည်မိတဲ့ ဘုရား လင်းတပဲနားနားဆိုတဲ့အတိုင်း မမြင်သလိုနေလိုက်ရတာ ကာလအတော်ကြာပေါ့။ လင်တော်မောင်အပါအဝင် သားသမီးသုံးယောက်ရဲ့ နေရေး၊စားရေး၊ ဝတ်ရေးတွေ ဒေါ်မြရင် ပခုံးပေါ်ကို ပြောင်းထမ်းလိုက်ရကတည်းက […]


ဘုရားပန်းတွေလဲနေရင်းက ခြံဝဘက်ကို မျက်စိကရောက်တယ်။ ဒီနေ့လည်း ပေါ်မလာတော့ပါလား။ အချိန်က ဆယ်နာရီတိတိ။ ကြယ်တာရာ ပန်းလေးတွေကတော့ လတ်ဆတ်နေတုန်းမို့ ပန်းအိုးထဲ ပြန်ထိုးလိုက်တယ်။ ဘာကြောင့် မျက်စိက ခြံဝဘက်ကိုရောက်ရောက်နေရသလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ ဒါပေမယ့် အဖြေက ထွက်မလာဘူး။  ရင်ထဲမှာ ဟာနေတယ်။ ဝမ်းနည်းနေတာလား။ စိတ်မကောင်းဖြစ်နေတာကတော့ သေချာနေတယ်။ ကလေးမလေးတို့ရယ် ညည်းတို့ တော်တော် ဆိုးပါလားနော်။   (အဖြစ်အပျက်အစ)         နေ့စဉ် မနက် ငါးနာရီဆိုရင် မြတ်လေး နိုးနေပြီ။ ရေနွေးအိုးတည်..ထမင်းချက်။ မနက်စာ ငရုပ်သီးထောင်းကလေးကို ဆီရွှဲရွှဲဆမ်းပြီး ပဲပြုတ်ကလေးသုပ်။ အရည်သောက် ဟင်းရည်ကိုတော့ လွယ်လွယ်ပဲ ကြက်သားမှုန့်ကလေးကို ရေနွေးဆူဆူမှာ ဖောက်ချ။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ဓါးပြားရိုက် ပစ်ထည့်လိုက်တာနဲ့ ဟင်းရည်တစ်ခွက်က ပြီးသွားပြီ။ ပြီးရင်တော့ […]


    လေတဖြူးဖြူး တိုက်နေသောကြောင့် လတ်ဆတ်သော လေ၏ ရနံ့နှင့်အတူ ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများဆီသို့ အကြည့်က ရောက်သည်။ ပတ်ဝန်းကျင်သည် စိမ်းမြလွန်းနေသည်။ သူ ရောက်ရှိနေသော နေရာမှ ပတ်ဝန်းကျင် တစ်ခွင်ကိုကြည့်လိုက်လျှင် မြူခိုးများဝေနေသော တောင်တန်းကြီးများနှင့် မှိုင်းပျပျသာမြင်နိုင်သော လယ်ကွင်းပြင်များကို တွေ့ရမည်။ ထိုသည်ကပင် လွမ်းစရာ ကောင်းနေတော့သည်။ ကောင်းကင်ပြင်တွင် မိုးသားတိမ်လိပ်များ ဆင်လာလေပြီ။ စောစောတုန်းက ပြာလဲ့လဲ့ကောင်းကင်ပြင်သည် ရုတ်ချည်းပြောင်းလဲသွားချေပြီ.။ လေနှင့်အတူ မိုးစက် မိုးမှုန်ကလေးများ တစ်စက်တစ်လေ လွင့်ပါးလာကြသည်။ မိုးစက်များ၏ အထိအတွေ့သည် အေးမြလွန်းလေသည်။ သည်နေရာလေးသည် သူ့အတွက် ကြည်နူးခြင်းများကို အတိဖြစ်စေသည်။ “ဆရာ မိုးရွာတော့မယ်…“ နောက်ကျောဆီမှ တပည့်တစ်ယောက်၏ နှိုးဆွမှုကြောင့် အတွေးများ ပြတ်တောက်သွားရသည်။ ဟိုးဝေးဝေး လယ်ကွင်းပြင်များဆီတွင် မိုးရွာနေလေပြီ။ ကောင်းကင်ပြင်မှ […]


          နေညိုညနေခင်းတစ်ခုမှာ ဆူညံနေတဲ့ ရွာကလေးက အနောက်ဘက်အရပ်က နေလုံးကြီးကို လက်ပြနုတ်ဆက်နေတယ်။ နွားသံ၊ ဆိတ်သံတွေနဲ့အတူ ယာထဲမှ ပြန်လာကြတဲ့ လူသံတွေကလည်း တစ်ရွာလုံးကို အုတ်အော သောင်းနင်းမှန်စေတယ်။ ခြူသံ၊ ခလောက်သံတွေက ဖုန်တထောင်းထောင်း ကြားကနေ ထွက်ပေါ်နေပြီး ဆိတ်တွေ၊ နွားတွေက ဖုန်လုံးကြီးတွေကြားမှ တစ်ကောင်ပြီးတစ်ကောင် ဘွားခနဲ ဘွားခနဲပေါ်လာလိုက်ပုံများ အသည်းယားစရာ။ ဦးလေးရဲ့ အိမ်အောက် ကွတ်ပျစ်ပေါ်ကနေ ရွာကလေးရဲ့ ညနေ အလုပ်သိမ်းချိန်ကို ကျွန်တော်က လိုက်ပါ စီးမျောမိနေတယ်။ နေလုံးကြီး ပျောက်ကွယ်သွားသည့် တိုင်အောင်  ပူလောင်အိုပ်စပ်မှုက ပျောက်မသွားပဲ တိုးလို့လာနေတယ်။ စွပ်ကျယ်တစ်ထည်ဝတ်ပြီး ယပ်တောင်တစ်ချပ်နဲ့ထိုင်နေတဲ့ ကျွန်တော်ကို အဝေးကနေ လှမ်းမြင်ရရင် ပူတတ်ရန်ကောရယ်လို့ မေးငေါ့သွားနိုင်တယ်။ ကျွန်တော် တစ်ယောက်တည်းမို့ ညနေ နေညိုရင် ရောက်လာမယ့် ညီတစ်ဝမ်းကွဲ […]


          အညာမြေရနံ့သင်းသင်းက နှာခေါင်းဝမှာ မွှေးပျံ့လာတယ်ဆိုရင်ပဲ မကြာမီအချိန်လေးအတွင်းမှာ ရွာကို ရောက်တော့မယ်ဆိုတာ သိလိုက်တယ်။ နွားချေးနံ့တွေရယ် ၊ ဆိတ်ချေးနံ့တွေရယ် ရောသမမွှေထားတဲ့ အညာလေမှာ တမေ့တမြောခိုဝင်နားလို့ ခြေလှမ်းတွေ သွက်လိုက်တာမှ တအားရယ်။ မရောက်တာကြာပြီဖြစ်တဲ့ ရွာလေး ဘာတွေများပြောင်းလဲကုန်ပြီလဲ။ အိမ်နီးချင်းသူငယ်ချင်းတွေရော အရင်အတိုင်းပဲလား။ ဆွေမျိူးညီအစ်ကိုသားချင်းတွေရော စုံစုံလင်လင်ရှိနေရဲ့လား။ ကျွန်တော် သိချင်နေတယ်။ ကျွန်တော်ရွာကိုမရောက်တာ ဆယ်နှစ်ဝန်းကျင်တော့ရှိရော့မယ်။ ရွာကလေးရဲ့ကန်မှာ မင်းလှကန်ကရေတွေ ဝင်နေပြီလား။ သိချင်စိတ်တွေနဲ့ စိတ်ဓါတ်တွေမြူးမြူးကြွကြွဖြစ်နေတာနဲ့ပဲ ရွာကိုဘာနဲ့ သွားရင်းကောင်းမလဲလို့ တွေးမိရတော့တယ်။ ညနေစောင်းနေက ကျွန်တော်ကို ချွေးဒီးဒီး ကျအောင်ပူပြင်းနေစေတယ်။ ရှေ့ကလာနေတဲ့ သုံးဘီးဆိုင်ကယ်ကို မေးကြည့်ရင်တော့ ကျွန်တော့်ရွာကို ရောက်နိုင်ကောင်းပါရဲ့လို့ တွေးမိပြီး လက်ပြတားလိုက်တယ်။ “သမန်းကန်ရွာကို လမ်းကြုံဘာရှိသေးလဲ ဗျ“ “သမန်းကန်ကိုလား ကြုံဆို ခုသွားမှာ ရွာအထိတော့မရောက်ဘူး။ အိုင်ကြီးလည်အထိပဲ […]


          ညသည် မှောင်မိုက်လွန်းနေသည်။ ဘာကိုမှ သည်းကွဲစွာမမြင်ရပါဘဲ ခြေလှမ်းများ ဗွက်ထဲသို့ စွပ်ခနဲ စွပ်ခနဲ ဝင်ဝင်သွားသည်။ လာမိသည့်လမ်းတော့ နောက်ပြန်လှည့်ရန် သာလှ စိတ်မကူး။ သည်ခရီး သည်လိုလာချင်လို့ ပင် တမင်သက်သက် ကိုလှမောင်ကို ဖုန်းလှမ်းဆက်ပြီး ခေါ်ခဲ့သေးတာ။ ရှေ့တွင် မည်မျှပင် ဒုက္ခကြီးကြီး အရောက်သွားမည်ဟု  စိတ်ကိုဒုံးဒုံးချထားသည်။ သာလှလက်ထဲတွင် ကျွတ်ကျွတ်အိတ် မည်းကြီး တစ်လုံးဆွဲထားသည်။ ထိုအိတ်ထဲတွင် သည်ညအတွက် ရိက္ခာအပြည့် အစုံပါလာသည်။ ဘီယာ ၆လုံးလောက်နှင့် အားလူးကြော်၊ ငါးမုန့်ကြော်၊ ဆေးလိပ် စဖြင့် စုံလင်သည်။ ညကောင်းကင်ယံတွင် ကြယ်ကလေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းနေရုံမှလွဲပြီး လမိုက်ညဖြစ်သဖြင့် ပတ်ဝန်းကျင်အနေအထားကလည်း မည်းမည်းမှောင်မှောင်နေသည်။ သာလှနှင့် ကိုလှမောင် အပါအဝင် နောက်ထပ် အဖော်လိုက်လာသူနှစ်ယောက်ရှိသေးသည်။ ထိုနှစ်ယောက်ကား […]


          ရထားဥဩဆွဲသံကိုကြားရစဉ်ခဏမှာပင် သူ ပျာယာခပ်နေချေပြီ။ သူတို့ကျန်ရစ်ခဲ့၍မဖြစ်။ထိုစဉ်- “မင်းတို့နှစ်ယောက်လား ကိုကိုနိုင်ပြောထားတာ” “ဗျာ” “လက်မှတ်နှစ်စောင် ဖားကန့်ကနေဖြတ်ထားတာမလား” “ဟုတ်..ဟုတ်ကဲ့ ကျွန်တော်တို့နှစ်ယောက်ပါ” “လာလာ ရထားဆိုက်လာပြီ ကိုကိုနိုင်ကတော့ ပြောထားတယ် ငါလည်း မင်းတို့ကိုရှာနေတာ။ လာလာ” မြင့်ဇော်ဦးက ပိုက်ဆံယူပြီး မှတ်ပုံတင်ကိုင်ကာ အမြန်လိုက်သွားသည်။ မြန်မြန်ဆန်ဆန် လက်မှတ်ဖိုးရှင်းကာ မြင့်ဇော်ဦးအနားကိုပြန်ရောက်လာချိန်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသော အမြန်ရထားသည် မိုးကောင်းဘူတာအတွင်းကို ဝင်လာလေပြီ။ သူလည်း ခုမှပင် သက်ပြင်းချနိုင်ကာ ခုန်နေသောရင်သည် မီးတောက်ကို ရေနှင့်ပက်ဖျန်းလိုက်သည့်ပမာ ဟုတ်ခနဲငြိမ်းသည်နှယ် ရပ်တန့်သွားရလေသည်။  အသက်ရှူသံပြင်းပြင်းနှင့် ဘူတာအတွင်းခေတ္တ ငြိမ့်ညောင်းနေသော အမြန်ရထားကြီးပေါ်သို့ အပြေးတပိုင်းနှင့် စီးနင်းရမည့်အတွဲကို ဦးဆုံးရှာကာ မြင့်ဇော်ဦးက ပစ္စည်းတစ်ချို့ကို တင်နေချိန်ဝယ် သူကလည်း သွက်လက်သော ခြေလှမ်းများနှင့် မပြေးရုံတမယ် မြန်မြန်ကြီးလိုက်ရပြန်လေသည်။ အထက်တန်း […]


          နန့်ယားရွာ အထွက်လမ်းသည် ဆိုးရွားလွန်းလှသည်။ လမ်းတစ်လမ်းလုံး အပြည့်နီးပါး ကျင်းတွေ ချိုင့်တွေနှင့်ပြည့်နေသည်။ ကားခေါင်းမိုးပေါ်ရှိ ကတ်ခြံပေါ်တွင် တင်ထားသော ခရီးသည်များ၏ အထုပ်အပိုးတွေ အပြည့်တင်ထားသည်။ ခရီးတစ်ဝက်ကျိုးသည်အထိ ဘာမျှမဖြစ်သေးသော်လည်း နန့်ယားရွာအထွက်တွင်မူ စတင်၍ ပြဿနာဖြစ်လာလေတော့သည်။ လမ်းကလည်းကြမ်း၊ ချိုင့်ကလည်း စောင့်သဖြင့် ကားခေါင်းမိုးရှိ ကတ်ခြံမှာ နေရာရွေ့ကာ ဘေးဘယ်ညာစောင်းသွားလေသည်။ ပါဂျဲရိုးကားခေါင်းမိုးပေါ်ရှိ ကတ်ခြံသည် ဝန်လေးသော ပစ္စည်းများအတွက်မဟုတ်သဖြင့် ဝန်နှင့်အားမမျှသလိုဖြစ်သွားရခြင်းဖြစ်သည်။ သူတို့ကားလမ်းတစ်နေရာတွင်ရပ်တော့ ကတ်ခြံက တော်တော်လေး ရွဲ့စောင်းနေပြီ။ထို့ကြောင့် ကတ်ခြံအား သေချာစေရန် ပြန်လည်ပြုပြင်ယူရသည်။ သည်ကြားထဲတွင် သူနှင့်အတူ ပါလာသော ခရီးသည်တစ်ဦး၏ အိတ်တစ်လုံးမှာ မည်သည့်နေရာတွင်ကျခဲ့မှန်းမသိရ။ ထိုလူက လှူလိုက်ဦးပေါ့ဟု ပြောရှာသည်။ ဒုက္ခရောက်လိုက်သည်မှာလည်း ပြန်သည့်အထိဖြစ်နေကြောင်းလည်း ပြောပြနေသေးသည်။ ကတ်ခြံပေါ်ရှိ အချို့အထုပ်အပိုးများအား ကားထဲသို့ဖြစ်သလိုရွေ့ပြီးသည်နှင့် ခရီးဆက်ခဲ့ကြပြန်သည်။ “ကိုသော်က […]


  “ကိုသော် ကိုမိုးနိုင် ကားပြီးပြီထင်တယ် ဝင်ကြည့်မလား” ဇော်သန့်က သူ့ကို မေးသည်။ “အေးဝင်ကြည့်တာပေါ့။ ” သူတို့ဝင်လာသည်ကို မိုးနိုင်လှမ်းမြင်သည် ထင်ပါ၏။ သူ့အား လှမ်းပြီးအော်ပြောနေသည်။ “လာ သားကြီး။ မင်းဆီကိုခုပဲ ဖုန်းဆက်တော့မလို့။ ငါ့ကားကတော့ရပြီ။ မင်းတို့ဘက်က ဘယ်နှစ်ယောက်လောက်လိုက်မလဲဆိုတာကို  သိချင်လို့” “လိုက်မယ့်လူကတော့ လေးငါးယောက်လောက်ရှိတယ်ကွာ ။နေပါဦး မင်းက ဘယ်နေ့ထွက်မလို့လဲ” “မနက်ဖြန်ဖြစ်မလားပဲ” “ဟေ” “ဟုတ်တယ်။ ဒီကနေ့ညနေ မင်းဆီကိုဖုန်းပြန်ဆက်လိုက်မယ်လေ။ မင်းတို့လိုက်မယ့်လူ အတိအကျ ဘယ်နှစ်ယောက်လောက်ရှိမလဲ မေးထားလိုက်ပေါ့။” မနက်ဖြန်ဟု ဆိုလာပြီ။ သူ ဘာကိုမှ မပြင်ဆင်ရသေး။ တကယ်တမ်းပြန်ရမည်ဆိုတော့လည်း စိတ်ထဲတွင် တစ်မျိုးတစ်မည်ခံစားနေရသည်။ “အေးဆက်လာလိုက်လေ။ ငါမေးထားလိုက်မယ်” “မင်းတို့ဘာနဲ့လာတာလဲ” “လမ်းလျှောက်ပေါ့။ပြန်တော့မှာ” “နေဦးပြန်မယ်ဆိုရင် ခဏစောင့် ငါလည်း မရှီကထောင်ဘက်ကိုသွားမှာ လမ်းကြုံတယ်” သို့နှင့် […]