မြသဲ ( 17082011 )August 12, 20131min46637
ကျွန်မအခုတလောတော်တော်လေး စိတ်မကောင်းဖြစ်မိနေတဲ့ဖြစ်ရပ်ကလေးရှိနေပါတယ်။ ဟိုတ လောက ကိုမျိုးသန့်ရေး လိုက်တဲ့ကဗျာလေးဖတ်ပြီးတော့ ပိုပြီးစိတ်မကောင်းဖြစ်မိရပါတယ်။ ကျွန်မ ပါတ်ဝန်းကျင်မှာ ရိုးသားစွာငွေရှာနေတဲ့မိန်းကလေးတွေရှိပါတယ်။ သူတို့ဟာ ဘွဲ့ရတွေမဟုတ် တော့သူတို့နဲ့ထိုက်တန်တဲ့ လုပ်ငန်းခွင်လေးတွေမှာ ကြိုးကြိုးစားစားလုပ်ရင်းရတဲ့ငွေကို သူတို့လဲ သုံး မိသားစုလဲမျှရင်းနေထိုင်လာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတော်သဘောကျခဲ့ပါ တယ်။ မနက်ဆို လှလှပပလေးဝတ် အလုပ်လာ၊ အလုပ်ရောက်ရင်လုပ်ငန်းခွင်ဝတ်စုံလဲ။ တနေ ကုန်လုပ်၊ ညနေရေမိုးချိုးအလှပြင် အိမ်ပြန်။ ဟုတ်လို့။ အဲတနေ့တော့အဲလိုလုပ်နေတဲ့ကောင်မ လေးအုပ်စုထဲကတယောက်က ထူးထူးခြားခြားငွေသုံးလာတာကိုသတိထားလိုက်မိပါတယ်။ ဟန်း ဖုန်းနဲ့ဘာနဲ့။ နောက်ကောင်လေးတွေလာကြို။ ပိုက်ဆံတွေတအားသုံး။ မူပျက်နေတာအလုပ်ရှင်က သတိ ထားမိလာပါတယ်။ နောက်တော့ လုပ်ငန်းခွင်ထဲမှာနေ့ခင်းအရမ်း အိပ် ငိုက်လာတာ သတိထားမိတယ်။ အဲဒါနဲ့ဘာဖြစ်လဲစုံစမ်းလိုက်တော့ Night Club မှာအလုပ်လုပ်နေ တာတဲ့။ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်။ သူ့မိဘတွေကလဲ ပိုက်ဆံရရင်ဘာမှမပြော တဲ့မိသား စုဆိုတော့ […]


မြသဲ ( 17082011 )July 18, 20131min41538
္စ္စတနေ့ ကျွန်မအမျိုးသားနဲ့ အပြင်လိုက်သွားပါတယ်။ ဆိုင်တခုမှာ သူဝင်တော့ ကျွန်မလဲ ဝင်ပြောဖို့ မဆိုင်တာနဲ့ ဆိုင်ရှေ့မှာ ခုံလေးချပြီးထိုင်နေပါတယ်။ ထိုင်နေတာကြာတော့ ပျင်းလာတာနဲ့ ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ အဲဒီမှာ အဲဒီဆိုင်နဲ့မျက်နှာချင်းဆိုင်မှာ အဆောက်အဦးတခုဆောက်နေတယ်။ သူ ဆောက်နေတာကတော့ Steel Structure လို့ခေါ်နေကြတဲ့ သံပေါင်တွေနဲ့ဆောက်နေတယ်။ ကျွန် မလဲစိတ်ဝင်စားသွားတယ်။ အဲလိုဆောက်တာတခါမှသေချာမမြင်ဖူးဘူး။ အဲဒီသံဘောင်တွေဘယ် လိုတင်လဲစိတ်ဝင်စား သွားတာနဲ့ သေချာထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ ပထမတော့ ဘာမှမရှိဘူး။ ဆောက်လက်စသံဘောင်တွေပဲတွေ့ရတော့ ရုံးပိတ်ရက်မို့များလားပေါ့။ ခဏနေတော့ သံဘောင်ကြီးတခုအလုပ်သမားလေးယောက်တင်ပြီး တက်လာ တယ်။ ဝန်ချီစက်တခု ကနေမတင်လာတာ။ အဲဒီသံဘောင်ကိုကြည့်လိုက်တော့ သံဘောင်မတဲ့ ကရိန်းမဟုတ်ပဲ ရိုးရိုးဝန် ချီစက်ဖြစ်နေတယ်။ အဲတော့သူတို့က သံဘောင်မလို့ ရအောင် သံဘောင် အလည်နားလောက် မှာခွပြီး ကြိုးနှစ်ကြိုးကို လက်နဲ့ချည်ထားတာတွေ့ရပါတယ်။ တွဲလောင်းတွဲလောင်းနဲ့ပေါ့။ ကြိုးချည် […]


မြသဲ ( 17082011 )July 14, 20131min43140
အခုတလောကျွန်မတော်တော်လေးဒေါသတွေထွက်နေရတယ်။ ကိုယ်က ပဲ အဆိုးမြင်နေတာ လား။ လူတွေကပဲ စေတနာမပါတာလား။ ကိုယ်ကပဲ မဟုတ်မခံတာလားတော့ မသိတော့ပါဘူး။ က ကျွန်မလွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က နာဂစ်မဖြစ်ခင်က မုန့်ဖုတ်သင်တန်းတက်ခဲ့ပါတယ်။ အခြေခံကော အဆင့်မြင့်ရောပေါ့။ အဲတုန်းကတော့ စက်တွေရှားပါနေတုန်းမို့ လက်နဲ့ပင်ပန်းတကြီး လုပ်ခဲ့ရပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့် အပါအဝင်မုန့်အားလုံးကိုပေါ့။ ကျွန်တို့ အခြေခံမှာ မုန့် ၁၅ မျိုး၊ အဆင့်မြင့်မှာ မုန့် ၁၅ မျိုးသင်ပါတယ်။ ဆရာတွေရဲ့စေတနာနဲ့ လုပ်ရင်းပိုပိုသင်ပေးလို့ အားလုံးအ မျိုး ၄ဝ လောက်ရခဲ့ပါတယ်။ တကယ့်ကိုအတတ်သင်ပါတယ်။ အခြေခံ၊ အဆင့်မြင့် ပေါင်းတလ။ မနက် ၉ ညနေ ၃ တနေကုန်ထမင်းဘူးနဲ့တက်ခဲ့ရပါတယ်။ ကိုယ့်အစုနဲ့ကိုယ် ကိုယ့်မုန့်ကိုယ် တာဝန်ယူလုပ်ရပါတယ်။ တစုမှာလေးယောက်လို့ထင်တာပဲ။ သိပ်မများဘူး။ ဆရာတွေက သူတို့ […]


မြသဲ ( 17082011 )June 18, 20131min33736
အခုတလော တော်တော်လေးခေတ်စားနေတာကတော့ ၉၆၉ ပေါ့နော်။ မြန်မာဆိုင်မှာအားပေးပါ။ ကိုယ့်လူမျိုးချင်းရိုင်းပင်းပါဆိုတာတွေကို တော်တော်လေးကြားနေရ တယ်။ ဈေးကြီးရင်တောင်ကိုယ့်လူမျိုးဆိုင်မှာပဲအားပေးပါဆိုတာတွေပေါ့။ လက်ခံပါတယ်။ ကိုယ့်လူမျိုးအချင်းချင်းရိုင်းပင်းရမှာပေါ့။ အဲတော့လဲ ကိုယ်တွေလဲ ဆိုင်ချင်း တူရင်တောင် ကိုယ့်လူမျိုးပဲအားပေးပါတယ်။ ဒါပေမဲ့လဲ ကိုယ့်လူမျိုးတွေကလဲ သူများထက်ဈေးပိုတင်ထားတယ်။ ဒါပေမဲ့လဲ ပြသနာမရှိပါဘူး။ ကြာဇံ ပဲနီလေး သူများဆိုင် မှာ ၂၀ဝ ဆိုကိုယ့်လူမျိုးဆိုင်မှာ ၂၅၀။ ရတယ်။ ၅ဝ ပဲဘာဖြစ်လဲဝယ်တယ်။ အဲလိုပေါ့။ အဲလိုအဲလိုချီတက်လာရင်းနဲ့ တနေ့မှာတော့ အသိတယောက်က အလုံးအရင်းနဲ့  ပစ္စည်းတခုဝယ်စရာပေါ် လာတယ်။ ဝယ်တာမှ အရေအတွက်က ၈ဝ နဲ့ ၁၀ဝ ကြားလောက်ဝယ်ရမှာ။ အဲတော့ တိုင်ပင်ကြတာပေါ့။ ဘယ်မှာဝယ်မလဲ။ ဝယ်မဲ့ ပစ္စည်းကလဲ လူမျိုးခြားတွေလုပ်တာ ရောင်းတာများတယ်။ ကိုယ့်လူမျိုးတွေကလုပ်တာနဲတယ်။ အဲဒါနဲ့ လိုက်ရှာလိုက်ကြတာ။ တွေ့ပါလေရော။ […]


မြသဲ ( 17082011 )May 26, 20131min26533
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့။ ကျွန်မမိတ်ဆွေတွေ ဖြစ်ခဲ့တာလေးပြောပြချင်တာပါ။ အကြာင်းအရာကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ ဖြစ်တတ်တယ်။ ဖြစ်ခဲ့တယ်ဆို တာလေး ပြောပြချင်တာပါ။ ကျွန်မမိတ်ဆွေရုံးကပေါ့။ သူကနိုင်ငံတကာရုံးကြီးပေါ့။ သူတို့ရုံးက တနှစ်တော့ ပြက္ခဒိန်ထုပ်မယ်။ ရုံးကဝန်ထမ်းတွေပုံနဲ့ပေါ့။ အဲဒါနဲ့ နေရာရွေး ကြတော့ ကန်တော်ကြီးကရှု့ခင်းလှတယ်ပေါ့။ အဲလိုနဲ့ တူညီဝတ်စုံတွေဝတ်ပြီး တရုံးလုံးပျော်ပျော်ပါးပါးချီတက်ကြတာပေါ့။ ရိုက်မဲ့ ဓါတ်ပုံဆရာကလဲ နာမည်ကြီး ( သက်ကြီး တန်းပေါ့ )။ ဆားဗစ်ကမနဲဘူး။ ဒီပုံကို သူကိုယ်တိုင်ရိုက်မယ်ဆိုပြီး သူကိုယ်တိုင် တပည့်တပန်းတွေနဲ့လာပါတယ်။ နေ့ဝက်လောက် ပိုစ့်အမျိုးမျိုးနဲ့ရိုက်ကြတယ်ပေါ့။ ရုံးက နိုင်ငံခြားသားတွေလဲပါတယ်။ နေပူထဲမှာ တဝုန်းဝုန်းနဲ့ပေါ့။ အဲချိန်မှာပဲ သူတို့ရုံးက ဝန်ထမ်းလေးတစ်ယောက်က သူ့မှာပါလာတဲ့ ဒစ်ဂျစ်တယ် ကင်မရာလေးနဲ့ သူကလဲ အားကျမခံ ဓါတ်ပုံဆရာကြီးရိုက်တဲ့ပိုစ့်တွေလိုက်ရိုက်တာပေါ့။ အပျော်တမ်းပေါ့။ ရုံးကလူတွေကလဲ သူ့ကိုစနောက်ပေါ့။ အဲလိုနဲ့ စိတ်တိုင်းကျဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ လူစုခွဲလို့အိမ်ပြန်ကြပါတယ်။ […]


မြသဲ ( 17082011 )May 17, 20131min53957
ရန်ကုန်မြို့ ဈေးဝယ်စင်တာကြီးတွေမှာ သွားရလာရ ဝယ်ရချမ်းရတာ စိတ်ချမ်းသာစရာပါပဲ။ ပစ္စည်း တွေလဲစုံ ဈေးတွေကလဲ စစ်စရာမလို ကြည့်ချင်တာအားလုံး ကိုင်တွယ်ကြည့်ရှု့ခွင့်ရ၊ အရောင်းစာရေးမကိုမျက်နှာချိုသွေး ဟိုဟာလေးပြပါအုံးဒီဟာလေးပြပါအုံးပြောစရာ မလိုအောင်ကိုစိတ် ချမ်းသာစရာကောင်းပါတယ်။ အဲကွန်းနဲ့အေးအေးချမ်းချမ်းဈေးဝယ်လို့ရသလို ဗိုက်ဆာရင်လဲစားစရာဆိုင်နဲ့ဆိုတော့ တခါတလေ ကျွန်မတို့မိသားစုဈေးမဝယ်တောင် သီးသန့်စားဖို့သွားလေ့ရှိပါတယ်။ တခါတလေ မိုးအရမ်းရွာရင် မိုးလုံလေလုံကားပါကင်ရှိတဲ့ စင်တာတွေသွားတတ်ပါတယ်။ အဲလိုသွားတဲ့အခါမှာတော့ ပြောစရာလေးတွေတွေ့ လာရပါတယ်။ စင်တာတွေမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ ဝန်ဆောင်မှု့နဲ့ တခြားသောပြသနာလေးတွေ တွေ့လာရပါတယ်။ တခါကတော့ကျွန်မ သင်တန်းတက်စရာရှိလု့ိ မြို့ထဲမှာသင်တန်းသွားတက်ပါတယ်။ သင်တန်းကတနေကုန်ဆိုတော့ ထမင်းဘူးကြီးလဲမသယ်ချင်၊ သင်တန်းခန်းထဲမှာလဲစားလို့မရ။ အဲလိုအဆင်မပြေတာနဲ့ထမင်းဘူး မယူပဲ သင်တန်းနဲ့နီးတဲ့ တောင်ဝင်စင်တာမှာ နေ့လည်စာသွားစားလိုက် ပါတယ်။ ထမင်းစားဆင်းချိန်ကတနာရီပဲဆိုတော့ သွားမှာ စားမှာ ပြန်လာမှာနဲ့ အချိန်တွက် ပြီး မြန်တာပဲစားလိုက်ပါတယ်။ စီပီကြက်ကင်ဆိုင် တို့ ဟမ်ဘာဂါဆိုင် ကြက်ကြော် […]


မြသဲ ( 17082011 )April 8, 20131min25532
ဒီကနေ့ရွာသူတစ်ယောက်နဲ့စကား စပ်မိလို့ ပြောချင်တာလေးပေါ်လာတာနဲ့ရေးလိုက်တာပါ။ လွန်ခဲ့တဲ့လတော်တော်များများကစလို့ ကျွန်မတို့မိသားစုဟာ ညပိုင်းမှာကန်ဘောင် ( ပြည်လမ်းဖက်အခြမ်း ) မှာမိသားစုလိုက်လမ်းလျှောက်လေ့ရှိပါတယ်။ ညကန်ဘောင်ပိတ်မှ ပြန်ကြပါတယ်။ ကျွန်မတို့မိသားစုစလျှောက်တုန်းက ကန်ဘောင်က အခုလိုမပြင်ရသေးပါဘူး။ အပေါ်ပါတ်လမ်းမှာ မီးတိုင်တိုလေးတွေ ကျဲကျဲ နဲ့အောက်ပါတ်လမ်းမှာတော့ ဆမ်ဆောင်း ဆိုင်းဘုတ်က မီးကလွဲ လို့  မှောင်တောင်ဝါးတားပဲပေါ့။ အဲဒီမှောင်ထုမှာ ြ့ခုံလေးတွေထဲမှာ လှုပ်တုတ်လှုတ်တုတ်၊ ပူးချည်ခွာချည်ပေါ့လေ။ ဘာလုပ်နေကြတယ်တော့မဆိုသာ ဘူးပေါ့။ မှောင်နေတာကို မြင်မှမမြင်ရဘဲဟာနော့။ ဟိုနားတကွက်ဒီနားတကွက်အရက်ဝိုင်းလေးတွေ ကလဲရှိပေါ့။ ဂီတာဝိုင်းတွေကတော့စုံ လို့။  ကောင်လေးတွေ လဲမူး၊ ကောင်မလေးတွေလဲမူးပေါ့။ အမြင်တော်တာလဲရှိမတော်တာလဲရှိပေါ့။ ပလက်ဖောင်းပေါ်မှာလဲ အလှပြင်ပြီးလမ်းလျှောက်နေတဲ့ကောင်မလေးတွေလဲရှိပေါ့။ ကျွန်မတို့လဲ ဟိုငေးဒီငေးနဲ့လျှောက်ပေါ့။ နဲနဲထူးဆန်းရင်လဲစပ်စုလိုက်ပေါ့။ အဲလိုလျှောက်နေရင်းကနေ ကန်ဘောင်မှာညကြီးတက်ရိုက်သွားကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတော့ လုံခြုံရေးတွေတော်တော်တိုးလာတာတွေ့လိုက်ရတယ်။ မီးကတော့မှောင်နေဆဲပဲပေါ့။ ကျွန်မအမျိုးသားနဲ့တောင်လမ်းလျှောက် ရင်းပြောဖြစ်တယ် မီးလင်းနေအောင်ထွန်းလိုက်ရင်လုံခြုံရေးတောင်မလိုတော့ဘူးလို့။ မကြာပါဘူး။ တိုင်အမြင့်ကြီးတတိုင်ထောင်လိုက်ပြီးမီးမောင်းကြီးတပ်လိုက်တယ်။ […]


မြသဲ ( 17082011 )July 4, 20121min29231
အခုတလောတိုင်းပြည်ရေးနဲ့ပါတ်သက်ပြီး စိတ်မအေးစရာတွေတခုပြီးတခုပေါ်နေတာ စိတ်မသက်မသာခံစားနေ ရလို့ဒီပိုစ့်ကိုရေးလိုက်တာပါ။ အဓိက ကတော့ ရခိုင်လူမျိုးတွေကိုအဓိကထားပြီးပြောချင်တာပါ။ အသုံးချခံဖြစ်နေတယ်လို့ယူဆမိလို့ပါ။ ကျွန်မပါတ်ဝန်းကျင်မှာရခိုင်များပါတယ်။ များတာမှတော်တော်များပါတယ်။ ရိုဟင်ဂျာအ ရေးဆူပွက်နေစဉ်ကတဲက ရခိုင်တွေဆီကနေဒီစကားကိုကြားခဲ့ရတာပါ။ ပထမတော့ကျွန်မက ဒီစကားအပေါ် မှာသိပ်စိတ်မပူခဲ့ဘူး။ သွေးဆူတုန်း ခဏပေါ့လို့ထင်ခဲ့မိတာပါ။ ဒါပေမဲ့ အခုတလောမှာ ဒီစကားက ရခိုင်လူမျိုး တွေကြားထဲတော်တော်လေးကျယ်ပြန့်လာပြီး အမေစုကိုတောင်ရန်ရှာတော့ မယ့်အခြေ အနေဖြစ်လာလို့ ဒီပိုစ့် ကိုတင်လိုက်တာပါ။ “ ကျွန်မဒီစကားပြောလို့ ရခိုင်တွေကြိုက်ချင်မှကြိုက်မယ်။ တကယ်တော့ လူနဲစုကို လူများစုကအနိုင်ကျင့်နေ တယ် ” လို့အမေစုကပြောတယ်ဆိုတဲ့စကားသံအပေါ်မှာ ရခိုင်လူမျိုးတွေတအားစိတ်ဆိုးနေတယ်ဆိုတဲ့စကား ကျွန်မကြားနေတာ တော်တော်ကြာပါပြီ။ မကြာခင် ဒီစကား ကပျောက်သွားမှာပဲလို့ထင်ခဲ့ပေမဲ့ အခုအဲဒီစကား ဟာ အမေစုနဲ့ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးနဲ့ မြန်မာလူမျိုးကြား မီးပွားအကြီးကြီးဖြစ်လာပါပြီ။ အဲဒီတော့ ကျွန်မ တောင်းပန် ချင်တာက ဒီစကားကို […]


မြသဲ ( 17082011 )July 2, 20121min38538
အခုတလော နားထဲမှာ အဆင်မပြေတဲ့ အသံလေးတွေကြားနေရတာနဲ့ ဒီစာလေးကိုရေးဖြစ်တာပါ။ အဲဒါကတော့ အင်္ဂလိပ်စာအသံထွက်ပါပဲ။ ယနေ့ မြန်မာနိုင်ငံရဲ့ လူ ကြည့်အများဆုံး Channel တွေထဲက တခုဖြစ်တဲ့ Family Entertainment ရဲ့ Movie 5 အစီအစဉ် ကြော်ငြာသူ တွေရဲ့ အသံထွက်ပါ။ ဟိုတလောက ကျွန်မလဲ TV ထိုင်ကြည့်နေတုန်း သူတို့ Movie 5 ရဲ့ အစီအစဉ်တွေကိုကြော်ငြာပါတယ်။ ကောင်လေး တယောက် အသံနဲ့ပေါ့။ For Series တွေရော 5 Series တွေရောပေါ့။ အဲဒီမှာ For Comedy အစီအစဉ်လဲရောက်ရော သူကအသံထွက်လိုက်တာ က ဖော်ကမ်းဒီ အတွက် တဲ့။ ဟင်ဘယ်လိုကြီးပါလိမ့်ပေါ့။ ကျွန်မစဉ်းစားလိုက်တော့မှ သူက သူ့ဟာသူ စဉ်းစားပြီးအသံထွက်ထားပုံရတယ်။ […]


မြသဲ ( 17082011 )June 28, 20121min37127
၁၉၉၆ လူသိပ်မသိလိုက်တဲ့ အရေးအခင်းလေးအကြောင်းပြောပြချင်လို့ပါ။ အဲဒီတုန်းက ကျွန်မက အာစီတူးမှာ။ တတိယနှစ်တက်နေတာပေါ့ရှင်။ အရေးအခင်း အကြောင်း ဆိုတာထက် ကျွန်မကြုံတွေ့ခဲ့ရတဲ့အပိုင်းလေးပေါ့။ အဲဒီတုန်းကတော့ ဒုက္ခကြီးပေါ့ရှင်။ အခုတော့လဲ ဒီဒုက္ခကအသေးလေးဖြစ်သွားပါပြီ။ အရေးအခင်း မတိုင်ခင် တပတ်လောက်မှာ ကျွန်မတို့မေဂျာက မန ္တလေး ပြင်ဦးလွင် ပုဂံဆိုပြီး ခရီးထွက်ကြတယ်။ ၄ ညအိမ် ၅ ရက်ပေါ့ရှင်။ ဒါပေမဲ့လမ်းမှာကားက ဝက်ဝက်ကွဲ ပျက်တော့ ၅ ညအိပ်( တောင်ငူကလယ်ကွင်းထဲမှာအိပ်ခဲ့ရတာ ) ၆ ရက်ဖြစ်သွားတာပေါ့။ အဲဒါနဲ့ ပြန်ရောက်ပြီးနောက်နေ့ကျောင်းသွားတာပေါ့။ ခရီးသွားလိုက်တာ ပိုက်ဆံကလဲ နဲနဲလေးပဲကျန်တော့တယ်။ ၁၅၀ဝ ပဲကျန်တယ်ထင်တာပဲ။ အိမ်ကလဲနောက်မှပို့မယ်ပေ့ါ။ မှတ်မှတ်ရရ သောကြာနေ့ကြီးပေါ့။ ကျောင်းရောက်တော့ ထုံးစံအတိုင်းစာသင်ခန်းထဲမရောက်ပဲ ခရီးကို စမြုံပြန်နေတုန်းမှာ ကျောင်းသားတွေရုတ်စုရုတ်စုနဲ့။ အောက်က စားသောက်ဆိုင်မှာလဲ ထူးထူးဆန်းဆန်းကျောင်း သားတွေအပြည့်ပဲ။ […]


မြသဲ ( 17082011 )June 26, 20123min23221
ကြက်ဥကိုဒီလိုကြော်   ဒီပေါင်မုန့်ကိုသုံးပါတယ်   ဒါလေးတွေနဲ့လုပ်ပါတယ်   ကျူနာလေးပါ   ဒီလိုလေးနှံအောင်မွှေ   လုပ်လို့ရပါပြီ   ပထမဆုံးကြက်ဥတင်     သွားကြားထိုးတံလေးမမေ့နဲ့နော်   ဒါးထက်ထက်ကလေးနဲ့ဒီလိုလှီး   စားလို့ရပါပြီ။ ၃၀၀ဝ ပဲပေးပါ။ ကြက်ဥရော မရောနိစ့်တွေပါလို့ ဒီတခါ အဆီကျကော်ဖီလေးနဲ့တွဲပေးထားပါတယ်။   ကြက်ဥကျူနာငါးဆင်းဒဝစ်ချ် ၁၂ ခုစာ လိုအပ်သောပစ္စည်းများ   ၁။ ပေါင်မုန့်                ၁၈ ချပ် ၂။ ကြက်ဥ                ၆ လုံး ၃။ ကျူနာငါး              ၁ ဗူး ( ဟင်းရွက်ဆီစိမ်ထားသော ) ၄။ မရောနိစ် ၅။ သွားကြားထိုးတံ       ၁၂ ချောင်း   ပြုလုပ်ပုံအဆင့်ဆင့် […]


မြသဲ ( 17082011 )June 22, 20121min39842
ကြက်ဥချောင်းပေါင်မုန့် ၁၂ ခုစာအတွက် လိုအပ်သောပစ္စည်းများ   ၁။ ဂျုံ                      ၂၅ ကျပ်သား ၂။ သကြား                ၆ ကျပ်သား ၃။ နို့မှုန့်                    ၁ ထုပ် ၄။ ယစ်                    ၃ စားပွဲဇွန်း ၅။ ဆား                    အနဲငယ် ၆။ ရေ                     ၁၂ ကျပ်သား ၇။ ဂီးထောပတ်           ၃ ကျပ်သား ၈။ CP ကြက်အူချောင်း   ၈ ချောင်းပါ ဆိုဒ် ၁၂ ချောင်း ၉။ ကြက်ဥ                ၁ လုံး   ပြုလုပ်နည်း   ပထမဦးဆုံး မုန့်မွှေစက်ရှိရင်တော့ အားလုံးစုပြီးစက်ထဲထဲ့လိုက်ပါ။ သတိထားရမှာကတော့ ယစ်နဲ့ ဆား မရောမိ ပါစေနဲ့။ […]