thihayarzarSeptember 19, 20111min778
ယနေ့ မြန်မာ နှင့် ထိုင် U – 19 ဘောလုံးပြိုင်ပွဲ မှာ ကျွန်တော်တို့မြန်မာ  နှစ်ဂိုး တစ်ဂိုး ဖြင့် ရှုံးသွားပြန်ပါပြီ .. မြန်မာဘောလုံးပွဲဆိုရင် မကြည့်တော့ဘူးလို့ ပြောနေကြတဲ့ မြန်မာဘောလုံးချစ်ပရိသတ်တွေကတော့ မျိုးချစ်စိတ်ဓာက် ဘောလုံးဝါသနာပိုးတွေက ဘောလုံးပွဲရှိရင် မနေနိုင် အိမ်မှာတောင် တီဗီကထိုင်မကြည့်ချင် ဘောလုံးကွင်းထဲသွားပြီး အော်ဟစ်အားပေးလိုကရမှာ အားရှိတာ တဲ့ …. ဘောလုံးကွင်းကိုမသွားခင်မိုးလေးကရွှာထားတော့ ရေအိုင်ရင် ပွဲပျက်မလားလို့တောင်ထင်နေတာ .. ကားပေါ်ရောက်တော့ မိုးကတော့ မြန်မာဘက်ကပါနေပြီတဲ့ မိုးရွှာရင်မြန်မာနိုင်ပြီတဲ့ … မရွှာလည်းနိုင်စေချင်ပါတယ် .. မိုးရွှာမှာစိုးလို့ အထူးတန်းလက်မှတ်သွားဝယ်တာ သုံးထောင်တဲ့ .. များတော့များတယ် များလည်းမတက်နိုင်ဘူး ဒီလိုတွေစီစဉ်ပေးတာကိုက တန်နေပြီ … တစ်ချိုကလည်းပိုက်ဆံမပါလို့ နှစ်ထောင်ထားပါတဲ့ .. ဈေးဆစ်နေသေးတယ် .. […]


thihayarzarSeptember 7, 20111min580
စက်တင်ဘာလ ၃၊၄ ရက်နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မေတ္တာရှင်(ရွှေပြည်သာ) သုဒ်ဓဝိပသာနာ ရိပ်သာမှာ ဆရာတော်ဦးသုမင်္ဂလ ဦးစီးဦးဆောင်ပြုပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းများကို ဖိတ်ကြားပြီး စုံနံ့သာမြိုင် ပရဟိတအသင်းများ နှီးနှောဖလှယ်ပွဲနှင့် သာသနာ့အကျိုးတော်ဆောင် သုမင်္ဂလာအသင်း ဖွဲ့စည်းတည်ထောင်ရန် တတိယအကြိမ် ဆွေးနွေးခြင်းပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ် ……. အစည်းအဝေးသို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပရဟိတအသင်းပေါင်း ၇၀၈ သင်းတက်ရောက်ပြီး ဧည့်ပရိသတ်ပေါင်း (၃၀၀၀)ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ….. အစည်းအဝေးကို သက်တော်ရှည်ဆရာတော်ကြီးများ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် အရှင်ဇဝန ၊ တွံတေးဆရာတော်၊ ရွှေညဝါဆရာတော် ၊ကသာဆရာတော်၊ကျိုတ်ထိုဆရာတော် နှင့် တစ်ခြားဆရာတော် သံဃာတော်အပါး ၁၀၄ ပါးတက်ရောက်ခဲ့ပါတယ် … ရန်ကုန်နာရေးကူညီမှုအသင်းမှ ဦးကျော်သူနှင့်အဖွဲ့ စာရေးဆရာများ မောင်ဝံသ၊မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် တစ်ခြားစာရေးဆရာများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ….. […]

Image01131-600x450.jpg

thihayarzarAugust 31, 20111min844
မန်းတလေးတိုင်း ကျောက်ဆည်မြို့မှ ရပ်ကွက်များတွင် ရေကြီးမှုများ ဖြစ်ပွားနေပါတယ် … အဆိုးဆုံးကတော့ ကြက်မင်းတွန် ရပ်ကွက်ဖြစ်ပါတယ် …. ထို့နောက် ရဲစု၊ တံတားလည်၊ ဆူးကုန်း နှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများမှာလည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပါတယ် ….. ၂၈ ရက်နေ့မှာ ကြက်မင်းတွန် ရပ်ကွက်အတွင်းသို့ ဇော်ဂျီမြစ်အတွင်းမှ ရေများ ဘောင်ကျိုးကာ ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပါတယ် … မိုးကများတော့ ကြိုတင်သတိပေးမှုတွေ ရရှိခဲ့ပါတယ် … လူသေတာ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး …. ရေက ၂၇  ရက်နေ့ညမှာ တဖြည်းဖြည်းခြင်း တက်လာတာဖြစ်ပါတယ် …. မိုးတွင်းဆိုလျှင် ရေကြီးရေလျှံ မှုတွေကို နှစ်တိုင်းလိုလို ကြုံတွေ့နေရတဲ့ ကြက်မင်းတွန်၊ တံတားလည် ရပ်ကွက်တွေကတော့ မဆန်းတော့ပါဘူး …. […]


thihayarzarAugust 25, 20111min1289
ကျွန်တော်တို့မြန်မာနိုင်ငံမှာ သမ္မတ အသစ်တက်ရောက်တော့ အကျဉ်းသားတွေကို တစ်နှစ်လျှော့ပေးတယ် လွှက်ပေးတဲ့သူတွေအများကြီးပါ … ကျန်တွေအများကြီးပါ … မြန်မာနိုင်ငံပညာရေးမှာ ငွေရှိမှ ပညာရ မလိုဖြစ်နေပါတယ် … သူငယ်တန်း အခမဲ့ လိုပြောပေမယ့် တကယ်တန်းတော့ အပြောသာရှိပါတယ် …. ကျောင်းသွားအပ်တဲ့ မိဘတိုင်း ပိုက်ဆံမပေးခဲ့ရတဲ့ မိဘရယ်လို့မရှိပါဘူး …. ကျောင်းရန်ပုံငွေတွေတောင်း ဘယ်နားတွေသွားသုံးလဲ ….. ကျောင်းကြီးတွေကလည်း စုက်ပြက်နေကြတာ အမှိုက်တွေကလည်း အများကြီး သန့်ရှင်းရေးလည်း မဌား ကိုယ်တိုင်လည်း မလုပ် ….. ကျောင်းသားတွေကို သန့်ရှင်းရေးအချိန်ဆိုပျော်နေကြတာ … စာမှမသင်ရတာ ….သန့်ရှင်းရေးလည်း မလုပ် …. အဲဒီအချိန်ဆိုကျောင်းကလစ်သေးတယ် …. မူလတန်းကို အခမဲ့ပြုလုပ်ပြီး မြို့နယ်အလိုက် သေသေချာချာ ကြပ်မတ်သင့်တယ်…. မိဘတွေကလည်း စားဝတ်နေရေး မပြေလည်တော့ ကျောင်းမထားနိုင် […]


thihayarzarAugust 25, 20111min1325
ရန်ကုန်မှာလိုင်းကားတွေကိုတစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် အရမ်းမမောင်းကြဖို့ ခရီးသည်တွေကို ကျေးဇူးရှင်တွေ ထမင်းရှင်တွေလိုသဘောထားကြဖို့ စည်းကမ်းတွေအများကြီးကို ထုက်ပြန်ထားပါတယ် … လိုက်နာတဲ့ သူတွေအရမ်းရှားပါတယ် .. နှစ်ပေါင်းကြာညောင်းပေမယ့် မပြောင်းလဲတာက အမူအကျင့်ပါ … ပြုပြင်လို့မရတော့ဘူးလား …. ကားတွေမှာဆို စာတွေကပ်ထားတာ အများကြီးပဲ … တစ်ခုမှလိုက်နာတာမရှိဘူး … ပိုက်ဆံလည်း ပုံမုန်မကောက်ဘူး …. ဝမ်းရေးအတွက်လှုပ်ရှားနေကြတဲ့ သူတွေပါပဲ .. ကိုယ်ချင်းစာနာကြပါ …. အရမ်းမောင်းတဲ့ ဒရိုင်ဘာ …. ကားတစ်စီးလုံးမှာ သူကအဓိက သူပြီးမှ ပြီးရတာ ရပ်ချင်တဲ့ နေရာမှာ ရပ်တယ် … မောင်းချင်သလိုမောင်းတယ် … ဦးစားပေးဆိုတာမရှိ ဦးသူစားပဲရှိတယ် …. သူတို့က ကားမောင်းနေတာနဲ့မတူဘူး  ဦးကျော်သူ ဆီပို့နေတာနဲ့တူတယ် …. ရန်ကုန်ကကားသမားတွေရဲ့စိတ်ဓာက်တွေဟာ ဘေ့ဘော […]


thihayarzarJune 28, 20111min858
အရင်ကတော့ စိုင်းစိုင်းခမ်းလှိုင် ရေးပြီး ဆိုပါတယ် …. အခုတော့ သူများရေးပြီး သူများဆိုတယ် …. ကျွန်တော်ရေးထားတာမဟုတ်ပါဘူး … သဘောကျလွန်းလို့ မေးလ်ထဲကနေ တဆင့် အားလုံးသိအောင် တင်ပြပေးလိုက်ပါတယ် …. ၁၉၉ရ ဒီဇင်ဘာလ ၁ ရက် ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့ ….. အဲဒီနေ့ကအပူးမထွက်ပါ ….. ဒီဇင်ဘာ ၈ ရက် နှလုံးသားကိုဓာက်လိုက်ခဲ့ တစ်လုံးပဲကပ်ပြီးလွဲခဲ့ …. ဧပရယ် ၁ဝ ရက် ကျွန်တော်ဂဏန်းလေးထွက်သွားခဲ့ အို့ …အို့ …. အရှုးအမူးပဲ …. မေလ ၂၃ ဘဝတစ်သက်တာချဲထိုးစားမယ်လို့ လေထဲတိုက်အိမ်ဆောက်ခဲ့ဖူးတာဘဲ ပျော်မြူးခဲ့ တစ်ညလုံးမအိပ်ပဲ ချဲတွက်ခဲ့ တစ်ဘဝလုံးဆိတ်သုဉ်း မွဲရောဘဲ ပေးလိုက်ရတာ ဆွဲကြိုးနဲ့ ပြန်ရလိုက်တော့ အကြွေးဇယားပဲ …… […]

Image0124-600x800.jpg

thihayarzarJune 26, 20111min1149
ကျောက်ဆည်မြို့မှာပထမဦးဆုံး လူငယ်လေးများ ဖွဲ့စည်းတည်ထောင်ထားတဲ့ဆွမ်းလောင်းအသင်းလေးပါ …… ဆွမ်းလောင်းအသင်းကိုစတင်တည်ထောင်စဉ်က လူငယ်လေး ( ၁ဝ )ယောက် ဖြင့်မတည် တည်ထောင်ပြီး အခုဆိုလျှင် အဖွဲ့ဝင်လူငယ်လေးများ ( ၅၃)ယောက်တောင်ရှိနေပါပြီ … အသောကရာဇာဆွမ်းလောင်းအသင်းဟာ လပြည့်၊လကွယ်နေ့တိုင်း သံဃာတော်အရှင်သူမြတ်များကို ဆွမ်းလောင်းလှူပါသည် ….အခုဆိုလျှင် (၁ဝ )ကြိမ်မြောက် ရှိပါပြီ …. ကနဦးအစမှာ ဘုန်းကြီးနှင့်ကိုရင်များ အပါး (၃၀)လောက်သာကြွရောက်အလှူခံပါတယ် … အခုဆိုလျှင် ဘုန်းကြီး နှင့် ကိုရင်လေးများ အပါး (၂၀၀)ကျော် ကြွရောက်အလှူခံပါတယ်ဟုသိရပါတယ် … အသင်းမှာ အသက် ( ၂ဝ ) အရွယ်လူငယ်လေးများနှင့်အသက်(၁၅) နှစ်အရွယ်လူငယ်လေးများသာဖြစ်ပါတယ် ..အသင်း၏ရည်ရွယ်ချက်မှာ သာသနာ့တော်ကြီးအား အဓွန့်တည်တံခိုင်မြဲအောင် ဆောင်ရွက်နေကြသော ရဟန်းသံဃာတော်များအား ပစ္စည်းလေးပါး အထောက်အပံ ရရှိစေရန်ရည်ရွယ်ပြီး ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိလူငယ်လေးများ […]


thihayarzarJune 25, 20111min12316
် နိုင်ငံတကာမှာ တိုးတက်နေသော ရုပ်ရှင်လောကကြီးဟာ အရမ်းကိုအတုယူဖွယ်ကောင်းလောက်ပါတယ် … နိုင်ငံတိုင်းက မိမိနိုင်ငံရဲ့ ရုပ်ရှင်လောကကြီးတိုးတက်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်နေကြတာကိုသိရပါတယ် …. နိုင်ငံတစ်နိုင်ငံရဲ့ ရာဇဝင်သမိုင်းတွေကို ရုပ်ရှင်များဖြင့် တခမ်းတနားဖော်ပြကြလေ့ရှိပါတယ် … ပိုက်ဆံထက် မိမိနာမည်ကို ထင်ရှားပေါ်လွင်အောင် နာမည်ကြီးအောင် အသက်စွန့် ငွေကုန်ကြေးကျခံပြီး အချိန်တွေအများကြီးနဲ့ လုပ်ဆောင်နေကြပါတယ် … ကျွန်တော်တို့နေထိုင်သော မြန်မာနိုင်ငံကြီးမှာတော့ တစ်ဦးနှင့်တစ်ဦး မယှဉ်ပြိုင်သင့်တာတွေကို ယှဉ်ပြိုင်နေသောကြောင့် မတိုးတက်ဘဲ ကျရှုံးနေတာပါ…. ဒါရိုက်တာတွေက ဇာတ်ကားတစ်ကားကို အချိန်နည်းနည်း လူနည်းနည်း ငွေနည်းနည်း နဲ့ မြန်မြန်ရုံတင်နိုင်အောင် ပြုလုပ်နေကြပါတယ် … ရုပ်ရှင်လောကကြီးကို မှီခိုပြီးအသက်ဆက်နေကြသော လူတော်တော်များများမှာ ကူလီ၊တောင်သူ၊လက်လုပ်လက်စားတို့တက်တောင် အဆင်မပြေမှုများဖြစ်ပေါ်နေကြပါတယ် …. လူနည်းနည်းနဲ့ ဇာတ်ကားတစ်ကားဖြစ်သွားတော့ ထုက်လုပ်သူလည်း ပိုက်ဆံပိုရတာပေါ့ … ထုက်လုပ်သူ မင်းသား […]


thihayarzarJanuary 20, 20111min19018
ပြောရရင်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်နေတယ်ဗျ … မပြောလို့ကလည်းမဖြစ် ပြန်တော့ ပြောပြရသေးတယ် … ကျွန်တော်ကအားနေရင် ခရီးပဲထွက်ဖြစ်တယ် …. (၁၁)လပိုင်းကုန်ကာနီး ဆံတော်ရှင်ကျိုက်ထီးရိုးကို သွားဖြစ်တယ်ဗျ …… အဲဒီက အဖြစ်အပျက်ကလေးတွေပေါ့ဗျာ ….. အားလုံးလည်း ရောက်ရင် ကျွန်တော်လို မခံရအောင်လို့ပါ …. ကျိုက်ထီးရိုးဘုရားဆိုတာ မြန်မာနိုင်ငံမှာ တန်ခိုးကြီး ဘုရားတစ်ဆူပါပဲ … အံဩဖွယ် ကြည်ညိုဖွယ် ရင်သပ်ဖွယ် လေးစားဖွယ် ကောင်းတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုး ကို အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးဧည့်သည်တွေကလည်း အများကြီးပဲ ကျိတ်ကျိတ်တိုးကို စည်ကားတာ …. လူတွေဆို တည်းခိုစရာနေရာမရှိလို ဆောင်းတွင်းကြီးချမ်းတုန်နေတာကို ဘုရားရင်ပြင်တော် ပေါ်မှာ ဖျာလေးတွေဌားရမ်းပြီးဖြစ်သလို အိပ်ကြရတယ် …. တည်ခိုခန်းတွေကလည်း ဈေးကြီးတယ် … အခန်းလေးတင်ဌားတာ .. […]


thihayarzarSeptember 29, 20101min46718
ပြင်ဦးလွင်မှရက်ရက်စက်စက်လူသက် အနုကြမ်းစီးတဲ့အမှုကြီးပါ..လွန်ခဲ့တဲ့ ၂၅.၉.၂၀၁ဝ ည ရးဝဝ လောက်မှာဖြစ်ခဲ့တာပါ… ဖြစ်ပုံမှာ အသက် ( ၅၂ )အရွယ်အမျိုးသမီးကြီးတစ်ယောက်ကို ရက်ရက်စက်စက် ဓားနှင့်အချက်ပေါင်းများစွာ ထိုးပြီးတော့ ပစ္စည်းများကိုယူသွားတာပါ… ပြင်ဦးလွင်ရဲ့မြို့လယ်ခေါင် မြို့ပတ်လမ်းနံဘေး စာပန်းအိမ် ဘော်ဒါဆောင် ရုံးချုပ်နားက အိမ်ကြီးတစ်အိမ်မှာပါ … အသက် (၅၂ )အရွယ်အမျိုးသမီး တစ်ဦးတည်းနေထိုင်တဲ့ အိမ်ကြီးမှာဖြစ်ပျက်ခဲ့တာပါ .. အမျိုးသမီးဟာ ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခံခဲ့ရပါတယ်.. ထိုမိန်းမကြီးကိုသတ်သွားတဲ့တရားခံဟာ .. အသက်က (၃၂)အရပ်ရှည်ရှည်နဲ့ဖြစ်ပါတယ်… တရားခံ၏ထွက်ဆိုချက်အရ ည ရးဝဝ လောက်အချိန်တွင်ဖြစ်ပါသည်… သူသည်အုတ်နံရံကိုကျော်တက်ပြီးအိမ်ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ် … သေဆုံးသူအမျိုးသမီးသည် အိမ်တံခါးများကိုပိတ်ပြီးတော့ တီဗီကြည့်နေတာပါ.. အိမ်ရဲ့နောက်ဖေးအပေါက်မှာ အသံကြားလို့ ထပြီးတံခါးဖွင့်ပြီး ကြည့်လိုက်ရာ တရားခံကအမျိုးသမီးကိုဆောင့်ထွန်းလိုက်ရာ လှဲကြသွားပါသည်… အမျိုးသမီးက ကယ်ကြပါဦး ဟုအော်ဟစ်အကူအညီတောင်းရာ တရားခံသည် အသင့်ပါလာသည့် […]


thihayarzarSeptember 6, 20101min984
သူငယ်ချင်းတစ်ယောက်ဆီကရရှိတဲ့မေးကို တစ်ဆင့်ပြန်လည် တင်ပြခြင်းဖြစ်သည်။မြန်မာနိုင်ငံမှာအဖြစ်များနေလို့ပါ။ မသေသင့်ပဲသေသွားတဲ့သူတွေအတွက်ပါ။ အားလုံးကိုသိစေချင်လို့ပါ။ ဆေးတက္ကသိုလ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရမ်းအရေးကြီးပါတယ်။ အခြေခံမပါပဲနဲ့ကျောင်းသားများအား လက်မခံကြပါနဲ့။ နောင်မှာဖြစ်လာမယ့် ဆရာဝန်လောင်းများဟာ တကယ့်ကို အခြေခံပါပြီး ကြိုးစားတဲ့ ပြည်သူတွေ အပေါ်ကို ဂရုစိုက်ပြီး ဂရုဏာ ထားမယ့် ဆရာဝန်များကိုပဲလိုလားကြပါတယ်။ တစ်ချို့ဆိုလျှင် ဆရာဝန်သာဖြစ်တာ ဘာမှကိုမသိကြတာပါ။ ကျွန်တော်ကို်ယ်တွေ့လေးပါပြောပြပါ့ရစေ။ တစ်ညက အိမ်ကညီလေး ဗိုက်တွေအရမ်းအောင့်နေလို့ အပြင်ကဆေးခန်းတစ်ခုကို သွားပြပါတယ်။ ဆေးခန်းကိုရောက်ရောက်ချင်းပဲ တာဝန်ကျဆရာဝန်က လူနာကိုအရင်မကြည့်သေးပါဘူး။ သူ့ရဲ့ဆရာဝန်ကြီးဆီကို ဖုန်းအရင်ဆက်ပါတယ်။ နောက်မှဟိုနှိပ်ဒီနှိပ် ဟိုမေးဒီမေးနဲ့ ဒီနားကနာတာလား ဘယ်နားကနာတာလဲပေါ့ မေးပြီးတော့ တစ်ခါဖုန်းပြန်ဆက်တယ် ဆရာဝန်ကြီးကမလာနိုင်လို့ မနက်ဖြန်မှလာခဲ့ပါတဲ့။ အခုညတော့ သက်သာအောင်ဆေးထိုးပေးလို်က်မယ်တဲ့။ လူနာကတော့ ဗိုက်ကအောင့်နေတုန်းပဲ။ ဆေးကမထိုးပေးမယ်သာပြောတာ မထိုးသေးဘူး။ အခန်းထဲကိုဝင်သွားတယ်။ တစ်ခြားဆရာတွေနဲ့စကားပြောရင်း ရီနေတယ်။ လက်စာတော့ရေးနေတယ်။ ဆေးခန်းလာတဲ့သူမှတ်တမ်းပေါ့။ နာမည်မေး […]


thihayarzarSeptember 6, 20101min741
လူမထွက်ဘူး ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။ ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။ ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။ တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက မွေးတာတုံးဟ။ ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။ ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။ ဒါကဒီလိုရှိပါတယ်။ မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက် “ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။ မင်းဘာပြောချင်သေးသလဲ။” မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက် […]


thihayarzarSeptember 5, 20101min1452
သီတင်းကျွက်ဆင်လှူပွဲတော်ကိုရောက်ဖို့လိုနေသေးပေမယ့်လည်း ကျောက်ဆည်မြို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဒီလိုအချိန်ကတည်းက ဆင်အရုပ်အကများ လှည့်လည်လို့နေပါပြီ…. နာမည်များမျိုးစုံအောင်ပေးထားတဲ့ ဆင်အရုပ်များဟာ မိမိမြို့နယ်မှာရှိတဲ့ ဘုရား၊ကျောင်းကန်၊စေတီပုထိုးများ ဘုန်းကြီးကျောင်းများ ၊ ဗုဒ္ဓဝေယျာဝစ္စကိစ္စများအတွက် လှည့်လည်ပြီး အလှူခံထွက်ကြခြင်းပဲဖြစ်ပါတယ်။ ဒီလိုအချိန်ဆိုရင်ကျောက်ဆည်မြို့ရဲ့နေရာတိုင်းမှာသီချင်းများနဲ့အတူ ဆင်အကအလှများကိုလည်း မြင်တွေ့နေရပါပြီ။ ဆင်များမှာ အလှဆင် ဘော်ကြယ်ထိုးထားသောဆင်များ၊ ရိုးရာဆေးခြယ်ထားသောဆင်များ၊ အမည်းရောင်ခြယ်ထားသော အရိုင်းဆင်များ ကိုမြင်တွေ့ရပါသည်။  ကျောက်ဆည်မြို့၏ ဆင်အကဟာဖြင့် မြန်မာသာမက ကမာ္ဘကပါသိလာပါပြီ။ကျောက်ဆည်ဆင်လှူပွဲတော်သို့ နိုင်ငံခြားသားများ နှစ်စဉ် အများအပြားလာရောက်ကြပါသည်။ ဂျာမနီမှအများဆုံးလာကြပါသည်။ ဆွပ်ဇာလန်လူမျိုးများ၊ ထိုင်းလူမျိုးများ၊ရုရှားလူမျိူးများ အများအပြားလာရောက်ကြည့်ရှုရင်း မှတ်တမ်းတင် ဗီဒီယိုများလည်း ရိုက်ကူးသွားကြပါသည်။ သီတင်းကျွက်ဆင်လှူပွဲတော်သည် ကျောက်ဆည်မြို့တွင် လူအစည်ကားဆုံးသောပွဲတော်တစ်ခုဖြစ်ပါသည်။ ဆင်အကအလှပြိုင်ပွဲများကိုလည်း ရပ်ဝေးရပ်နီးမှ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လာရောက်ကြည့်ရှုကြပါသည်။ ဆင်လှူပွဲတော်ပြီးရင် ကျောက်ဆည်ရွှေသာလျောင်းတောင်တော်ပေါ်သို့ တက်ရောက်ကာ ဘုရားများလည်းစုံအောင် ဖူးကြပါသည်။ ဘုရားဖူးများဟာဖြင့်  အလွန်ကိုများပြားလှပါသည်။ ကျယ်ဝန်းလှသည့်တောင်တက်ကားလမ်းကြီးတွင် ကားများ […]