thihayarzarJuly 24, 20101min883
ဝါဆိုလပြည့်နေ့မိုးကအေးအေးနဲ့ သူငယ်ချင်းတွေစုစုပေါင်း(၈)ယောက်ရှိမယ် အဲဒီကိုသွားမယ်လို့ အစကတော့မရည်ရွှယ်ဘူး တံတားဦးအင်းဝကိုသွားမယ် မယ်နု အုဉ်ကျောင်းတော်က တိုင်အကြီးကြီးတွေကိုသွားကြည့်မယ်ပေါ့။ နောက်တော့အစီအစဉ်ကပြောင်းသွားတယ် ပြက္ခရွေတောင်ကိုသွားမယ်ဖြစ်သွားတာ တောင်ခြေကိုရောက်တော့ ၉း၃ဝ လောက်ရှိနေပြီ တောင်ခြေမှာဘုန်းကြီးကျောင်းလေးတစ်ကျောင်းရှိတယ်။ တော်ခြေကဘုန်းကြီးကျောင်းလေးမှာပဲ ဆိုင်ကယ်တွေကိုထားခဲ့တယ်။တောင်ပေါ်မတက်ခင်မုဒ်ဦးဝမှာ သူငယ်ချင်းတွေအမှတ်တရဓာက်ပုံလေးတွေလည်းရိုက်ကြတယ်။ တောင်ပေါ်စတက်တော့ ၁ဝးဝဝ နာရီထိုးပြီ။ ရောက်ဖူးတဲ့သူကတစ်ယောက်ပဲပါတယ်။ သူကလည်းရောက်တာကကြာပြီတဲ့။ ပထမတော့စောင်းတန်းလေးတွေ လှေကားလေးတွေနဲ့တက်ရတယ်။ အပေါ်မှာလည်း သွပ်တွေမိုးထားတာ လုံလုံခြုံခြုံပဲ။ အပေါ်ကိုရောက်သွားတယ်။ ရှေးဟောင်းအဆောက်အဦးလေးတွေရှိတယ်။ တော်တော်များမယ် အဆောက်အဦးလေးတွေ(၁၅)ခုလောက်တော့ရှိမယ်။ အဆောက်အဦးပျက်တွေလည်း တွေ့ရတယ်။ တော်တော်တော့ကျယ်ဝန်းတယ်။ ရေတွင်းတွေလည်းရှိတယ်။ ဘုန်းကြီးတွေကတော့နည်းနည်းပဲတွေ့တယ်။ နတ်စင်လည်းရှိသေးတယ်။ တောင်ပြုန်းမင်းနှစ်ပါး နတ်စင်ပါ။ ဒါကပထမတောင်ပဲရှိသေးတယ်တဲ.နောက်ထပ်ရှစ်လုံးကျန်သေးတယ်တဲ့။ ပထမတောင်ပေါ်ကိုပဲတော်တော်တက်ရတယ်။ ကောင်မလေးတွေလည်းပါတော့ သူတို့ကိုစောင့်ရင်းတက်ရတယ်။ သူတို့ကခဏတိုင်းလည်းနားတယ်။ တောင်ပေါ်တက်တော့စားစရာကမပါဘူး။ ရေဘူးတွေလည်းမပါဘူး။ ဘာမှလည်းစားမလာကြဘူး။ ပထမတောင်ပေါ်ရောက်တော့ ဘုရားသို့ဆိုပြီးဆိုင်းဘုတ်သေးသေးလေး တစ်ခုတွေ့တယ် မြှားလေးပြထားတယ်။ လမ်းညွန်ထားတဲ့အတိုင်းလေးပဲ တက်သွားကြတယ်။ တောင်ပေါ်ကိုရောက်လေ တောင်အောက်ကရှုခင်းလေးတွေကလှလေပဲ။ […]

IMG_1497-888x666.jpg

thihayarzarJune 30, 20101min2054
မြန်မာနိုင်ငံအလယ်ဗဟို တည်ရှိရာနေရာသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့ အနီးရှိ မြသုခရွာ နားတွင်တည်ရှိသည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မသည် မြေပြန့်ပေါ်တွင်တည်ရှိနေခြင်းမဟုတ်ပါ။ တောင်ကိုးလုံးကိုဖြတ်သန်းပြီးမှ မြန်မာနိုင်ငံအလယ်ဗဟိုချက်မ သို့ရောက်ရှိသည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာဘုရင်မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီရှိသည်။ ထိုစေတီတွင် မြတ်စွာဘုရား၏ စွယ်တော်ပွား တစ်ဆူကိုလည်း ဌာပနာ အဖြစ်တည်ထားတော်မူခဲ့သည်။ ထိုစေတီသည် ပြက္ခရွေတောင်ပေါ်တွင်တည်ရှိသည်။ ထိုစေတီကိုလည်း ပြက္ခရွေမဟာစွယ်တော်စေတီ ဟုခေါ်ကြသည်။ ထိုပြက္ခရွေတောင်ပေါ်တွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးရှိသည်။ ထိုဆရာတော်၏ဘွဲ့နာမည်သည် ဦးဩဘာသ ဖြစ်သည်။ အခုဆိုလျှင် ဆရာတော်မှဦးစီးပြီး တောင်တက်ကားလမ်း ဖောက်လုပ်နေပြီဖြစ်သည်။ ပြက္ခရွေမဟာစွယ်တော်စေတီ ကိုသီတင်းကျွက်လတွင်ဘုရားပွဲကို နှစ်စဉ်ကျင်းပလျက်ရှိသည်။    ဆက်လက်ဖော်ပြပါမည် …….. မျှော်


thihayarzarJune 7, 20101min1094
ကျွန်တော်တို့မြို့မှာ မီတာခကို အကြားအမြင်နဲ့ကောက်ခံပါတယ်။ လျှပ်စစ်ရုံးက ကျေးဇူးရှင်များသည် ဒီတစ်လကိုမီတာ ဘယ်နှယူနှစ်သုံးသလဲလို့ လာမဖတ်ပါ။ အိမ်အခြေအနေပေါ်များမူတည်ပြီးကောက်သလား မသိဘူး။ ပိုက်ဆံတွေမသုံးရပဲ အများကြီးကျလို့သွားပြောရင် အရင်ကအကြွေးကျန်တွေရှိလို့တဲ့ ပေါင်းကောက်တာတဲ့။ ဘယ်သူကအကြွေးကျန်တာလဲမသိဘူး သူတိုကလတိုင်းပုံမှန်လာတာကို ဘယ်ကအကြွေးကကျန်နေတာလဲ။ ကျွန်တော်သူငယ်ချင်းအိမ်မှာလူလုံးဝမနေဘူး။ ကျောင်းပိတ်လို့ရွှာကိုပြန်သွားတာ နှစ်လတောင် ပြန်ရောက်တော့ မီတာခစာရွက်တွေ ဘေးအိမ်ကလာပေးတယ်။ ပထမတစ်လက ၁၄၅ဝ ထိန်းသိမ်းခက ၅၀ဝ ပေးရသေးတယ်။ နောက်တစ်လက ၂၃၀ဝ ထိန်းသိမ်းခက ၅၀၀။ ကျွန်တော်တောင်အံဩသွားတယ် ဘယ်လိုကောက်တာလဲပေါ့။ သိရင်ပြောပြကျပါ။ အခုကြားနေတာ မီးတွေလာတော့မယ်တဲ့။ မီတာခကတစ်ယူနစ်ကို ၁၀ဝ တဲ့။ ဟုတ်ကြရဲ့လားမသိဘူး။


thihayarzarJune 5, 20101min1396
ပီရူးနိုင်ငံမှ ဆရာဝန်များသည် အသက် ၈၆ နှစ်အရွယ်ရှိ လူနာတစ်ဦး၏ အကောင်းအတိုင်းရှိနေသော ခြေထောက်ကိုမှားဖြတ်မိပြီးမှ မှားသွားကြောင်းသိသွားကာ နောက်တစ်ဖက်ကိုထပ်ဖြတ်ခဲ့ရကြောင်း သတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။ လူနာ၏သမီးဖြစ်သူသည် ဖခင်၏ခြေထောက်ကိုဖုန်းအုပ်ထားသော စောင်ကိုလှန်ကြည့်လိုက်ရာ ဘယ်ဘက်ခြေထောက်ကို ဖြတ်ထားတာကို တွေ့ကာအံဩတုန်လှုပ်သွားတယ်ဟုဆိုပါသည်။ တကယ်ဖြတ်ရမှာက အနာရှိတဲ့ညာဘက်ခြေထောက်ကိုပါ ညာဘက်ခြေထောက်က အနာကပိုးတွေဆက်လက်မပြန့်ပွားအောင် ဖြတ်ပစ်တာပါ သူတို့ကဘယ်ဘက်ကိုမှားယွင်းပြီးဖြတ်ပစ်တာဖြစ်ကြောင်း ပြောဆိုပါတယ်။ ပီရူးနိုင်ငံမြို့တော် လီမာမြောက်ဘက်တွင်ရှိသော ကောလောင်ကမ်းရိုးတန်းဒေသရှိ အယ်လ်ဘတ်တိုဆာဘိုဂယ် ဆေးရုံမှဆရာဝန်များဖြစ်ပါသည်။  ထိုကိစ္စကိုစုံစမ်းစစ်ဆေးနေပြီး တာဝန်ကျဆရာဝန်များကိုလည်း တာဝန်မှရပ်ဆိုင်းထားပါတယ်။


thihayarzarJune 1, 20101min984
မြန်မာနိုင်ငံ၏အကြီးမားဆုံး ခြင်္သေ့ကြီးနှစ်ကောင်မှာ စစ်ကိုင်းတိုင်းက မင်းကွန်းမှာဖြစ်ပါတယ် … ဒီခြင်္သေ့ကြီးနှစ်ကောင်ကို ဘိုးတော်မင်းတရားသည် မင်းကွန်းပုထိုးတော်ကြီး၊ အလေးချိန် ( ၅၅၅၅၅)ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီး တို့နှင့်အတူတူ တည်ဆောက်ခဲ့သည်။ ခြင်္သေ့ကြီး၏အမြင့်မှာ ( ၉၅ ) ပေရှိသည်။ မင်းကွန်းပုထိုးတော်ကြီးရှေ့တွင်တည်ထားသည်။ မင်းကွန်းပုထိုးတော်ကြီးအားပြီးမြောက်အောင် တည်ဆောက်နိုင်ခဲ့ပါက ကမာ္ဘကမြန်မာတို့၏ ဘာသာရေးအလေးထားပုံ၊ ဇွဲ သတ္တိရှိပုံ တို့ကို အံမခန်းချီးကျူးကြမည်မှာ  ဧကန်အမှန်ပင်ဖြစ်သည်။ ဘိုးတော်မင်းတရားသည် ဘုရားတည်ဆောက်နေဆဲမှာပင် လုပ်ကြံခံရ၏ ပုထိုးတော်ကြီးမှာ  အောက်ခြေအုတ်မြစ်ပဲ ပြီးသေးသည်။ သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် မြေငလျင်ဒဏ်ကြီးကြောင့် မင်းကွန်းပုထိုးတော်ကြီးနှင့်ခြင်္သေ့ရုပ်ထုကြီးများဟာ ကွဲအက်ပျက်စီးခဲ့ရပါတယ်။


thihayarzarJune 1, 20101min882
စဉ်းစားမိတာလေးပါ …. တကယ်ဖြစ်နေတော့ သီချင်းလေးတာလား တဘောင်ရေးတာလားလို့ … သီချင်းက Rဇာနည် ဆိုထားတာလေ ချစ်ဒေါသမီး … ပင်လယ်ကိုပြောင်းပြန်လှန်ပစ်မယ်တဲ့ … သူကပင်လယ်ကိုပြောင်းပြန်လှန်လိုက်တော့ ကျွန်တော်တို့ကရေသောက်စရာမရှိတော့ဘူးပေါ့ ….. အဲဒါကြောင့် ရေတွေရှားလို့ လွန်တွေဆွဲရ ငါးရံမင်းပရိတ်တွေလည်း ရွတ်ဖက်ရသေးတယ် ….. နောက်တစ်ခု တောင်တွေအပိုင်းပိုင်းပြက်စေသား ……. အင်း တောင်တွေလည်းပြက်နေပြီ တောင်တွေဖောက်ပြီး လမ်းတွေဆောက် ရေလှောင်တမံတွေဆောက် ရေအားလျှပ်စစ်တွေလုပ်  အော် ကျန်သေးတယ် ဘိလပ်မြေစက်ရုံတွေလည်းရှိသေးတယ် ကျွန်တော်မသိတာတွေလည်း ကျန်သေးတယ် ….. နောက်တစ်ခု တိမ်တွေမီးတက်ရှို့မယ် ငါ့ရဲ့ဒေါသများတဲ့  လောင်လိုက်တဲ့မီး တကယ်ကိုအကြီးကြီးတွေပဲ တကယ်တိမ်တွေထိတော့မယ် …… ဘာနဲ့ညိမ်းလို့ငြိမ်းနိုင်မလဲတဲ့မညိမ်းနိုင်ပါဘူး တစ်ညလုံးကို ညိမ်းပါတယ် မငြိမ်းပါဘူး …..


thihayarzarJune 1, 20101min32918
ကျွန်တော်တို့မြန်မာနိုင်ငံတွင် အကြွေရှားပါးသော ပြသာနာနဲ့တွေ့ကြုံနေရပါသည်။ ကျွန်တော်တို့မြို့မှာဆို ဈေးရောင်းသူနှင့်ဈေးဝယ်သူ ပြသာနာပါပဲ။ ဈေးဝယ်တွေကအမြဲတမ်း အလျှော့ပေးနေရသည်။ ဘယ်ဆိုင်ကိုပဲသွားဝယ်ဝယ် အကြွေမရှိလို့ ပါတွေကြည့်ပဲ။ လ္ဘက်ရည်ဆိုင်က ဆေးလိပ် ကို အကြွေအဖြစ်ပေးသည်။ ဈေးဆိုင်တွေကတော့ ချိုချဉ်၊ ကော်ဖီ နှင့် တခြားမုန့်များကိုပေးသည်။ အကြွေရရင်ကလေးမုန့်ဖိုးပေးမည် တခြားဟာဝယ်မယ်ဆိုပြီးတော့ စိက်မကူးနဲ့ အကြွေဆိုတာမရှိတော့ဘူး။ ပေးရင်လည်းပိုက်ဆံက တိက်နဲ့ဖာထားတာတွေများတယ်။ အစုက်အပြဲတွေ ပဲရသည်။ လိုချင်ရင်ယူ မလိုချင်ရင်တခြားဟာယူ ဒါပဲပြောသည်။ ကိုယ်ကယူပြီးတစ်ခြားဆိုင်မှာသွားဝယ်ရင် မရတော့ဘူး။ ဂျာနယ်ဝယ်ရင်တစ်စောင်ကို ၄၀ဝ ကျပ်၊ ၅၀ဝ တန်ပေးရင် ဂျာနယ်ရယ် ကော်ဖီမစ်ထုပ်ရယ်ပေးသည်။ ဘာပြောနိုင်မလဲ ရတာပဲ ယူသွားရသည်။ သူတို့ကကျ အန်းပြီး ကော်ဖီမစ် လေးထုပ်နဲ့သွားရင် မရဘူးတဲ့။ ကျွန်မတို့က ပေးပြီး ပြန်မယူဘူးတဲ့။ ကဲ .. ဘယ်လိုလုပ်ကြမလဲ ကျွန်တော်တို့ဆီမှာပဲလား […]


thihayarzarJune 1, 20101min2007
စတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနက ပြိတ္တာမင်းကို ယမမင်းဟုခေါ်ဆိုချင်းဖြစ်သည်။ ထိုယမမင်းသည် တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစားပြီး တစ်ခါတစ်ရံတွင်မှု မကောင်းမှုကံ၏ အကျိုးကို သာမန်ပြိတ္တာများကဲ့သို့ပင်ခံစားရသည်။ ယမမင်းသည် တစ်ဦးတည်းရှိသည်မဟုတ်ပါ။ အဝီစိငရဲကြီးတွင် တံခါးကြီးလေးမျက်နှာရှိသည်။ တံခါးကြီးတစ်ဖက်တွင် ယမမင်းတစ်ယောက်ကျစီ အုပ်စိုးသည်။ ထို့ကြောင့်ငရဲကြီးတစ်ထပ်တွင် ယမမင်း လေးယောက်ရှိသည်။ ငရဲကြီးရှစ်ထပ်ဆိုတော့ ယမမင်း ( ၃၂ )ယောက်ဖြစ်သည်။ ငရဲသို့ကျရောက်သူတိုင်း ယမမင်း၏အစစ်အဆေးကို ခံရမည်မဟုတ်။ အကုသိုလ်ကြီးပြီး ပြစ်မှုထင်ရှားသူသည် အဝီစိငရဲသို့အစစ်အဆေး အမေးအမြန်းမရှိ ကျကြသည်။ အကုသိုလ်အားနည်း သူတို့သာ ယမမင်း၏ အစစ်အဆေးကို ခံယူပြီး ကံကောင်းလျှင် လူပြည်သို့ပြန်ရောက်ကြသည်။


thihayarzarMay 30, 20101min1360
လာတုန်းကလည်း၊ တစ်ယောက်တည်းနော့ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။ ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော့ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။ လာပြီးတော့နား၊ မသွားသေးခင်၊ ချိန်လေးတင်မှ ဝန်းကျင်ယှက်နွယ်၊ နှောင်ကြိုးတွယ်ကြ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ မလိုဒေါသ၊ လိုလောဘနှင့် ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့။ ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင်၊ ခရီးနှင်သည် တို့လျှင် ဧည့်သည်ပါတကား။


thihayarzarMay 30, 20101min1894
တစ်နေ့ကွယ်၊ သေနယ်သို့တစ်ခါကူး၊ မေ့လျော့ကာ၊ သေဘူးမထင်ပါနဲ့ နေကွယ်တာအချိန်များရင်ဖြင့် သေနယ်ရွာ၊ တစ်ကြိမ်သွားရမယ် တားမရဘူး။


thihayarzarMay 30, 20101min800
စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး(ရာဇမဏိစူဠာစေတီတော်ကြီး) သည် မြန်မာသက္ကရာဇ် ၉၉၈ (ခရစ် ၁၆၃၆)တော်သလင်းလဆန်း ၁ဝ ရက် တနင်္လာနေ့တွင် အင်းဝဘုရင်သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။ ဉာဏ်တော် အတောင် ၁၀၁၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်ရှိသည်။ စေတီတော်ကြီးကို ၁၂ နှစ်ကြာမျှ တည်ဆောက်ခဲ့ရသည်။ စေတီမှာသပိတ်မှောက်ထားသည့် ပုံစံအလား တည်ထားသည်။ စေတီတော်အတွင်းတွင် စွယ်တော်၊ ဆံတော်၊ ဓာက်တော်မွေတော်၊ ပတ္တမြား၊ ရွှေ၊ ငွေ၊ ပယင်း၊ မိုးကြိုးစေတီများ ဌာပနာထားသည်။ စေတီတော်ကြီးကိုတည်ထားရာတွင် အုတ်ချပ်ရေပေါင်း ၁၀,၁၂၆,၅၅၂ ချပ်ကိုအသုံးပြုခဲ့သည်။