မိတ်ဆွေတစ်ဦးနဲ့စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်းကျွန်တော့်ကိုပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကိုကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကိုစိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။ သားလက်ကိုဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခုကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး… တောင်းရမ်းစားသောက် နိုင်အောင်လို့ […]