thunderstormMarch 12, 20131min17911
ကျွန်တော်လဲ လွန်ခဲ့တဲ့ ရနှစ်လောက်ကခံရဖူးပါတယ်၊ တစ်ထုတ်ကို၂သောင်းကျော်နဲ့ ၄ထုတ်ဆိုတော့၁သိန်းနီးပါး ပါသွားတာပါ၊ ရှေ့မှာတင်တစ်ရွက်ချင်းရေခိုင်းတာဘဲ၊ ဒါပေမဲ့ မျက်လှည့်ကသိပ်ကောင်းတယ်လေ၊ ဝယ်စရာရှိလို ့ဆိုင်ရောက်ပြီးရှင်းတော့မှ ပက်လက်ကိုလန်သွားတာဘဲ။ ဘယ်သူမှမပြောခဲ့ပါဘူး၊ ရှက်စရာကောင်းလို ့ပါ၊ အခုpostတွေ ့တော့စိတ်နာနာနဲ ့တင်လိုက်တာပါ။ ပုံပါအတိုင်းဟိုလိုလိုဒီလိုလိုနဲ့ရပ်နေတဲ့ ငမိုက်သားများဖြစ်ပါတယ်၊ အနားကဖြတ်သွားရင် ကျိုက်ထီးရိုးက အချို ့သောအလှူခံများလို အတင်းကြီးလိုက်မေးတတ်ပါတယ်၊ ဒီကောင်တွေကြောင့် တိုးစိုက်ဆင်းတစ်ခု ့ဖြစ်တဲ့အဲ့ဒီနေရာဟာ ဂုဏ်သိက္ခာကျဆင်းခဲရတာ အတော်ကြာပါပါပြီ၊ လိုကယ်များတင်ခံရတာမဟုတ်ဘဲ ၊ဖောရိန်နာများကိုပါလိမ်ကြတာပါ ၊ပြသနာခဏခဏတက်ပါတယ်။ ရဲဆိုတာကလဲသိတဲ့အတိုင်းလေ၊ ရှိရှိသိသိကြီးနဲ့ကိုလုပ်စားနေကြတာ၊   ရ    


thunderstormMarch 4, 20131min1759
သူကြီးတို ့ဆီမှာရော ဝက်တွေပေါ်ပြီးဈေးကွက်ထဲသယ်ရင် ဒီလိုဘဲသယ်ကြသလား ဆိုတဲ့အတွေးနဲ ့တင်ဖြစ်သွားတာပါ။ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်မှာဖြစ်ပါတယ်။


thunderstormAugust 10, 20121min1319
‎”ဘာလုပ်စားကြမလဲ ” ”ခင်ဗျားဘာလုပ်နေလဲ၊ ကျွန်တော်တော့ ဘာလုပ် စားရမှန်း  မသိတော့ပါဘူးဗျာ”ဆိုတဲ့ စကားဟာ အခု နှစ်ပိုင်းတွေအတွင်း မတွေ့ဖြစ်တာ  နည်းနည်းကြာပြီ ဖြစ်တဲ့ လူလတ်ပိုင်းမိတ်ဆွေအချင်းချင်း ပြန်တွေ့ဖြစ်ရင်  မပါမဖြစ်တဲ့ စကားတစ်ခွန်းလို ဖြစ်လာပါတယ်။   မှန်ပါတယ်။ လူလတ်တန်းစားတွေ ဂွင်(ခွင်)ပျက် နေတာ ကြာခဲ့ပါပြီ။ အနည်းဆုံးဆင်းရဲသားက မရှက် မကြောက် ဘာပဲဖြစ်ဖြစ် ရရာ အလုပ်လုပ်စားခွင့် ရနိုင် တယ်။ ကာယအားသုံး အနှေးယာဉ်လုပ်သား၊အထမ်း သမားလုပ်ဦးတော့ ပြန်တမ်းဝင်အရာရှိ လစာလောက် တော့  မကျ။ စည်ပင်စည်းကမ်းဖောက်ပြီး လမ်းဘေး ဈေးသည်လုပ်၊ ကြုံသမျှရင်ဆိုင်၊သင့်သလိုဖြေရှင်း၊ တစ်လစာရင်းချုပ်ရင် ညွှန်ချုပ်လစာလောက်တော့ အေးဆေး။   အမြင့်ဆုံးလူတန်းစာကလည်း အခုထက်ထိ ခရိုနီ တွေနဲ့ပေါင်းပြီး စားကွက်တွေ ရှာနိုင်တုန်း။ ဘေးပန်း အနေနဲ့လုပ်တဲ့ ကားဝယ်ရောင်းမှာ သန်းထောင်ကျော်  […]


thunderstormFebruary 23, 20121min1546
ရွာသတင်းတွေကိုဝင်ဝင်ကြည့်နေကြတဲ့ ခြကြီး၊ ခြလတ်၊ ခြလေး တွေဖတ်စေချင်လို ့ တင်ပေးလိုက်ပါတယ်…ဖတ်ပြီးရင်တော့ အသိတရားလေးတွေ ရစေချင်ပါတယ်… ( သူများရေးထားတာဖြစ်လို ့မူရင်း Link ကိုဖော်ပြထားပါတယ် )   အောက်ဆိုက်ရှိလား ပထမဆုံး အလုပ် စဝင်သူတစ်ယောက်ကို သူ့မိတ်ဆွေများက လခဘယ်လောက်ရသလဲဟုမေးလေ့ရှိပါသည်။ တဆက်ထဲ၌ ထုံးတမ်းစဉ်လာဖြစ်နေသော နောက်ဆက်တွဲမေးခွန်းဖြင့် ထပ်မံစူးစမ်းကြပြန်သည်။ လစာအပြင် အောက်ဆိုက်ရော ရှိသေးလား..ဟူသတတ်။ အကယ်၍ လစာအရင်းကဘယ်လောက်၊ အပိုအောက်ဆိုက်ကမည်မျှဆိုကာ ခွဲခြားပြလိုက်လျှင် ကြားရသူများက ကျေနပ်ဝမ်းမြောက်သောအပြုံးဖြင့် နှစ်လိုဖွယ်တုန့်ပြန်တတ်ကြသည်။ ထိုသို့ အောက်ဆိုက်ရှာသူများကို လွဲမှားစွာ အသိအမှတ်ပြုလိုက်ခြင်းသည် ကျွန်တော်တို့ပတ်ဝန်းကျင်၌ အောက်ဆိုက်ယဉ်ကျေးမှု ထွန်းကားခြင်း၏ အခြေခံအချက် ဖြစ်သည်။ ထိုဘေးပေါက်ရသောဝင်ငွေကို မည်သူကစ၍ အောက်ဆိုက် ဟုခေါ်သလဲမသိပါ။ အရင်ကတော့ လက်ဖက်ရည်ဖိုးဟု ချိုချိုသာသာ ခေါ်ကြသည်။ ဖြစ်နိုင်သည်မှာ လာဘ်စယူစဉ်က […]


thunderstormDecember 14, 20111min1406
ငယ်ငယ်ကပုဇွန်အရမ်းကြိုက်ပါတယ်။ပုဇွန်ရဲ့အမှီးပိုင်းကနေခေါင်းပိုင်းအထိ တစ်ဖြေးဖြေးအရသာခံပြီးစားလေ့ရှိပါတယ်။ခေါင်းပိုင်းကိုတော့(အဆီအနှစ်တွေပြည့်ဝပြီး) စားလို ့ကောင်းတဲ့အတွက်အကြိုက်ဆုံးပါဘဲ။ နဲနဲအရွယ်ရောက်လာတော့ ဆရာတစ်ချိုု ့က စာမရတဲ့သူတွေ၊ စာညံ့တဲ့သူတွေကို ဦးနှောက်ထဲမှာ ချေးတွေရှိတဲ့ ပုဇွန်ခေါင်းတွေလို ့ဩဘာပေးကြတော့ ကျွန်တော် စာမရတဲ့သူတွေ၊ စာညံ့တဲ့သူတွေထဲမှာမပါချင်တော့သလို ပုဇွန်ခေါင်းဖြစ်ရမှာကိုလည်းကြောက်လာခဲ့ပါတယ်။ အဲ့ဒီအတွေးတွေကြောင့် နောက်ပိုင်းအိမ်မှာပုဇွန်ဟင်းချက်ရင်ခေါင်းမထည့်ဖို့ပြောပြီး ပုဇွန်ခေါင်းတွေ ့ရင်မစားတော့တဲ့အထိပါဘဲ။ အခုတော့ ဘယ်လိုပုဇွန် (သေး၊ လတ်၊ ကြီး) ဘဲဖြစ်ဖြစ် အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်၊ အမှီးကနေ ခေါင်းအထိ ဒုတ်ချွန်နဲ ့(တန်စို ့)ထိုးပြီး ကင် (မီးမြှိုက်) ထားလို ့အစိမ်းရောင်ကနေ အရောင်ပြောင်းပြီး ကွေး(ကုတ်) သွားတဲ့ ပုဇွန်ကင်တွေကို အမြီးလုပ်စားရတာကို အတော်ခံတွင်းတွေ ့လာပါပြီ။ ကဲစားလို ့ရတဲ့ပုဇွန်တွေအကြောင်းပြီးရင် ဦးနှောက်ထဲမှာ တကယ့်ချေးတွေရှိတဲ့ စားလို ့မရတဲ့ပုဇွန်တွေအကြောင်းကိုပြောမယ်။ အခု အစိုးရဌာနဆိုင်ရာအရာထမ်းတွေတော်တော်များများဟာ စစ်တပ်ကနေ အစိမ်းရောင် အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်ပြီး […]


thunderstormDecember 13, 20111min1162
ဂိုက်အသင်းရဲ့အကွဲအပြဲအရှုတ်ထုတ်ဇာတ်လမ်းတွေကြားထဲမှာ   စကားကြီးစကားကျယ်ပြောပြီး၊ ကိုယ့်မင်္ဂလာယူ၊ သူ့အချွန်နဲ့မပေးနေတဲ့ ပြဇာတ်ဆိုတဲ့စကားလုံးကို အင်္ဂလိပ်လိုတောင်မှန်အောင်မပေါင်းနိုင်ဘဲ ဘိုရူးရူးပြီးဘိုမကြီးသိပ်လုပ်ချင်၊ အရမ်းအရမ်းကို popularဖြစ်ချင်နေတဲ့ မစားရတဲ့အမဲကိုသဲနဲ့ပက်တဲ့ တကယ့်အာဏာရူးစစ်စစ် ချောင်ချောင်ကြောင်ကြောင်မိပါလေရာမကတစ်မျိုး (သူကတော့ဝမ်းတွင်းရူးဆိုတော့ ဘာကြွေးကြွေးမရတော့ဘူး)   စာရင်းလိမ်၊ ဘောက်ချာအင် တွေအမျိုးမျိုးပြပြီး လူအထင်ကြီးအောင်ကားစုတ်ကြီးစီးပြရှိုးထုတ်နေတဲ့ ဘာမှကိုမတတ်တဲ့ အသင်းခေါင်းရှောင်နဲ့ အထီး မှန်းမသိ အမ မှန်းမသိဘဲ ဘာ process လာလာ ဖင်ပိတ်ငြင်းပြီး ကိုယ့်ကိုကိုယ်ဖော်ရင်းနဲ့ အာရိုက်နေကြတဲ့ ဝက်တော်သား၊ ဝိုင်းတော်သား၊ စားတော်သားတစ်စုကတစ်မျိုး (သူတို့ကတော့ အောက်ကလိအာတွေပါ မကြာခင်ဇာတိပြလာလိမ့်မယ်)   သောက်တစ်လွဲစည်းကမ်းတွေကိုထင်ရာစိုင်းထုတ်နေပြီး ပတ်သက်သမျှ၊ ရှိရှိသမျှ လူတွေကိုပြသနာရှာ၊ ကာလနာတိုက်အောင်လုပ်နေတဲ့ ၀ဝပေး၊ ဝေးဝေးရှောင်၊ လာမရှုတ်နဲ့သေသွားမယ်ချည်း ဟောက်စား၊ ခြောက်စား၊ ရိုက်စား၊ လုပ်စားနေတဲ့ သေခါနီး လာထားဆိုတဲ့ လဘာဂျာ၊ ပုဇွန်ခေါင်းတွေကတစ်ဖုံ […]