နှစ်သီးစားသောပုဇွန်စိမ်းများအကြောင်း
ငယ်ငယ်ကပုဇွန်အရမ်းကြိုက်ပါတယ်။ပုဇွန်ရဲ့အမှီးပိုင်းကနေခေါင်းပိုင်းအထိ
တစ်ဖြေးဖြေးအရသာခံပြီးစားလေ့ရှိပါတယ်။ခေါင်းပိုင်းကိုတော့(အဆီအနှစ်တွေပြည့်ဝပြီး)
စားလို ့ကောင်းတဲ့အတွက်အကြိုက်ဆုံးပါဘဲ။
နဲနဲအရွယ်ရောက်လာတော့ ဆရာတစ်ချိုု ့က စာမရတဲ့သူတွေ၊ စာညံ့တဲ့သူတွေကို
ဦးနှောက်ထဲမှာ ချေးတွေရှိတဲ့ ပုဇွန်ခေါင်းတွေလို ့ဩဘာပေးကြတော့
ကျွန်တော် စာမရတဲ့သူတွေ၊ စာညံ့တဲ့သူတွေထဲမှာမပါချင်တော့သလို
ပုဇွန်ခေါင်းဖြစ်ရမှာကိုလည်းကြောက်လာခဲ့ပါတယ်။
အဲ့ဒီအတွေးတွေကြောင့် နောက်ပိုင်းအိမ်မှာပုဇွန်ဟင်းချက်ရင်ခေါင်းမထည့်ဖို့ပြောပြီး
ပုဇွန်ခေါင်းတွေ ့ရင်မစားတော့တဲ့အထိပါဘဲ။
အခုတော့ ဘယ်လိုပုဇွန် (သေး၊ လတ်၊ ကြီး) ဘဲဖြစ်ဖြစ်
အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်၊ အမှီးကနေ ခေါင်းအထိ ဒုတ်ချွန်နဲ ့(တန်စို ့)ထိုးပြီး
ကင် (မီးမြှိုက်) ထားလို ့အစိမ်းရောင်ကနေ အရောင်ပြောင်းပြီး ကွေး(ကုတ်)
သွားတဲ့ ပုဇွန်ကင်တွေကို အမြီးလုပ်စားရတာကို အတော်ခံတွင်းတွေ ့လာပါပြီ။
ကဲစားလို ့ရတဲ့ပုဇွန်တွေအကြောင်းပြီးရင် ဦးနှောက်ထဲမှာ တကယ့်ချေးတွေရှိတဲ့
စားလို ့မရတဲ့ပုဇွန်တွေအကြောင်းကိုပြောမယ်။
အခု အစိုးရဌာနဆိုင်ရာအရာထမ်းတွေတော်တော်များများဟာ
စစ်တပ်ကနေ အစိမ်းရောင် အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်ပြီး
အရောင်ပြောင်းလာကြသူတွေဖြစ်ပါတယ်။
ဘယ်လိုအရာထမ်း (သေး၊ လတ်၊ ကြီး) ဘဲဖြစ်ဖြစ်သူတို ့ချည်းပါဘဲ။
အဆင့်ခြင်းတူပေမဲ့ တပ်ကနေဌာနကိုပြောင်းလာရင်တစ်ဆင့်မြင့်၊
နှစ်ဆင့်မြင့် ရာထူးတွေရရှိကြပါတယ်။
တပ်ကနေထွက်တဲ့အတွက် လုပ်သက်ဆုငွေ အများအပြားနဲ ့
လစဉ် ပင်စင်အမြောက်အများရရှိကြပါတယ်။
အောက်မှာခန် ့မှန်းဖော်ပြထားပါတယ်
လုပ်သက်ဆုငွေ (လုပ်သက်အလိုက် အနည်းဆုံး)
( ဗိုလ်ကြီး = ဆယ်သိန်းမှသိန်း၃ဝခန် ့၊ ဗိုလ်မှူး = သုံးဆယ်သိန်းမှသိန်း၅ဝခန် ့၊
ဒုဗိုလ်မှူးကြီး = ငါးဆယ်သိန်းမှသိန်း၇ဝခန် ့၊ ဗိုလ်မှူးကြီး = ခုနှစ်ဆယ်သိန်းမှသိန်း၁၀ဝခန် ့)
လစဉ် ပင်စင် (လုပ်သက်အလိုက် အနည်းဆုံး)
( ဗိုလ်ကြီး = တစ်သိန်းမှ တစ်နှစ်သောင်းခန် ့၊ ဗိုလ်မှူး = တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲခန် ့၊
ဒုဗိုလ်မှူးကြီး = တစ်သိန်းခွဲမှတစ်သိန်းခုနှစ်သောင်းခန် ့၊ ဗိုလ်မှူးကြီး = တစ်သိန်းခုနှစ်သောင်းမှနှစ်သိန်းခန် ့)
(ဒီထက်အပေါ်ကိုတော့မသိတော့ပါ။ ဒု / ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်သက်ဆုငွေကတော့မသိဘူး၊ သေသွားတာတောင်
သူတို့ရဲ ့ spouse က လစဉ်ပင်စင် ဆယ်သိန်းကနေ သိန်း၃ဝ လောက်ရကြတယ်လို ့ဘဏ်တွေကပြောတယ်)
ဒီတော့ကာဒီလို အပေါ်ယံအခွန်(အရေခွံ)ကိုချွတ်ပြီးအရောင်ပြောင်းလာကြသူတွေ
ကအဲ့ဒီ့ခံစားခွင့်တွေအပြင် ဌာနဆိုင်ရာရဲ ့လက်ရှိလစာခံစားခွင့်အသီးသီးကိုပါရရှိနေကြတော့
နှစ်သီးစားသောပုဇွန်စိမ်းများလို ့title ပေးထားရခြင်းဖြစ်ပါတယ်။
အဆိုပါနှစ်သီးစားသောပုဇွန်စိမ်းများဟာဌာနဆိုင်ရာရဲ ့လုပ်ထုံးလုပ်နည်းတွေကိုမသိသေးဘဲ
ရာထူးကြီးတွေယူ၊ အမိန် ့ညွှန်ကြားချက်တွေဗျောက်သောက်ထုတ်၊ သူတို့ပြောတဲ့အတိုင်း
လိုက်လုပ်ပြန်တော့အတွေ ့အကြုံမရှိဘဲသောက်ရမ်းလုပ်တဲ့အတွက်
ငွေကုန်၊ အချိန်ကုန်၊လူပင်ပန်း၊ဘာမှမဖြစ်မြောက်၊ အားလုံးလေလွင့်ပြီးအလဟဿဖြစ်သွားကြ၊
လုပ်နိုင်၊လုပ်တတ်တဲ့ ပညာရှင်များ၊ တတ်သိနားလည်တဲ့ ပညာတတ်ဌာနခံလူတော်တွေကိုကျတော့
အဆင့်အတန်းနဲ ့အညီနေရာမပေးဘဲ ချောင်ထိုး၊ချောက်ချပြီး fadeout လုပ်လွန်းလို ့မခံနိုင်ဘဲ
ထွက်သွားကြတော့ နိုင်ငံအတွက် လူကောင်း၊လူချွန်တွေပြုန်းတီး
ဒီလိုပုဇွန်ခေါင်းတွေကို အရည်အသွေးတိုးတက်အောင်ဆိုပြီး နိုင်ငံခြားကိုလွှတ်ပြီးပညာသင်ခိုင်း၊
ပြန်လာတော့လည်း ဘာမှမကျန်ပါဘူးကွာတဲ့(ပိုက်ဆံကိုပြောတာပါ)၊ အလကားလွှတ်တဲ့ခရီးတွေမှာ
ကျန်ရအောင်ဘာတွေများရင်းနှီးရတယ်မသိ၊ တစ်ယောက်လာလဲ ဒီ အကြောင်းအရာ၊
ဒီ presentation နောက်တစ်ယောက်လာလဲ ဒီ အကြောင်းအရာ၊ဒီ presentation နဲ ့
အရှေ ့ကလူတွေလုပ်သွားတာတွေကိုဘဲ ROM (read only memory) သုံးပြီးဖတ်ဖတ်ပြနေကြ
တော့ သက်ဆိုင်ရာနိုင်ငံတွေကတာဝန်ယူခေါ်ရတဲ့သူတွေမှာလဲ မျက်နှာပျက်ရပြီး မိခင်ဌာနကို
ကြောင်းကြားစာပေးပိုသော်လည်း လျော်ထားခေါက်ထားမေ့ထားဖျောက်ထားလိုက်ကြပါတယ်။
သူတို့ကတော့မျက်နှာမပျက်၊ အရှက်မရှိ၊ မကြိုးစားကြပါ။ အသစ်ဆိုတော့မသိလို ့ပေါ့ဆိုတာနဲ့ဘဲ
ကြီးပေါ၊ ကြာ ကြောင်ကြီးတွေဖြစ်ကုန်ကြပါတယ်။
(ကြောင်ပုဇွန်စားကြွပ်ကြွပ်ဝါးမဲ့ ကိုကြောင်ကြီးကိုမဆိုလိုပါ)။
နိုင်ငံခြားကိုသက်စေ့သွားနေပြီး ၂၄/ရ မသိတဲ့၊ အစည်းအဝေးတွေနဲ ့ပွဲအမျိုးမျိုးကို
မိသားစုလိုက် မရှောင်တမ်း၊ မရှက်တမ်းတက်နေပြီးတော့ mice ဆိုတာတောင်ဘာမှန်းမသိတဲ့
ပုဇွန်ခေါင်းအရာရှိကြီးတွေတစ်ပုံင်္ကြီး၊ ဒီ ပုဇွန်ခေါင်းအရာရှိတွေကျတော့ ရာထူးဆက်တက်ဖို ့/
နိုင်ငံခြားသွားရဖို ့အတွက် ဌာနတွင်းစာမေးပွဲများဖြေစရာမလို၊ ကျန်သူတွေကဖြေရမယ်၊
ဒီတော့ဘယ်ငမိုက်သားများကဖြေချင်တော့မှာလဲ…ဒီတော့သူတို့ကအမိန် ့ကိုသုံးပါတယ်
အရာထမ်းများမဖြေမနေရတဲ့၊မဖြေရင်အထက်လူကြီးအမိန် ့ကိုဖီဆန်မှု့နဲ ့အရေးယူမှာတဲ့။
ကဲလုပ်ပုံများကတော့ …….
ဖြေပြီးလို ့လည်းအဆင့်ကောင်းသူတွေထဲမှာ ပုဇွန်ခေါင်းတွေမပါခဲ့ရင်
(မေးခွန်းကြိုတင်ပေးထားပြီးသော်လည်း အဖြေပါမပေး၍မဖြေနိုင်သောပုဇွန်ခေါင်းများ)
မြက်နှာပြောင်တိုက်ပြီး ဘိတ်ချီးကိုထိပ်ဆုံးမှထည့်ပေးလိုထည့်ပေး၊
မဖြေတဲ့သူကိုထည့်ပေးလိုထည့်ပေးနဲ့ အရှက်မရှိတဲ့လုပ်ရပ်တွေဟာ ယိုသူမရှက်၊မြင်သူရှက်ရတဲ့
ဖြစ်ရပ်အမှန်တွေပါ။ meeting တွေကျတော့ မင်းတို့အဆင့်တွေနဲ ့မရဘူး၊ scholarship တွေကိုတော့
ဘာမှမသိသေးတဲ့ ပုဇွန်ခေါင်းအရာရှိတွေနဲ ့မေးခွန်း spot ကိုဈေးကြီးပေးဝယ်ပြီးဖြေဆိုကြသည့်
မီးလောင်ရာလေပင့် တစ်ကိုယ်ကောင်းသမား တစ်နပ်စား ၆/၁ များကိုဘဲထည့်ပြန်၊
delegation ကတော့ နသားပါယားလုပ်နိုင်တဲ့သူတွေ (အထီးဆို အထုတ်ကြီးပေးရသည့်
ကင်ပေတိုင်ဝန်ထမ်းများနဲ ့ အမဆိုအ x ုတ်ပေးသော အာ့ယားယား ဝန်ထမ်းမများ) ကိုဘဲ
ထည့်ထည့်နေတာ လည်းအားလုံးအသိပါ။
ဌာနပိုက်ဆံကိုအမျိုးမျိုးလိမ်သုံး၊ ဝင်ငွေတွေကိုစာရင်းထဲမထည့်ဘဲဖျောင်ပြစ်၊ ပတ်သက်ဆက်ဆံ
ရတဲ့တကယ့် ထမင်းရှင်ပြည်သူတွေကိုကျတော့ပုလိပ်ညဏ်နဲ့အမျိုးမျိုးရစ်ပြီး
အကြောင်းကြောင်းပြပြီးတောင်း နေကြတာဟာ ကိုယ့်အလုပ်ကိုကိုယ်မလုပ်ကြတော့တဲ့အထိပါဘဲ၊
(ခုခေတ်မြို ့ကြီးတွေကကျောင်းဆရာ/မတွေကတော့ တော်တော်လေးကိုတောင်းတဲ့နေရာမှာ
အကြွမ်းကျင်ဆုံးပါဘဲ၊ ငယ်ညှာကိုကိုင်ပြီးတော့ကိုတောင်းနိုင်ကြပါတယ်
(ရင်နှစ်သည်းချာကိုဆိုလိုပါသည်)၊ ရတဲ့လစာနဲ့မလျှော်ညီစွာ စားနိုင်၊
ဝတ်နိုင်၊ နေနိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်၊စီးနိုင်၊ ကိုင်နိုင်၊ ပေးနိုင်ကမ်းနိုင်(အထက်ကို) ကြပါတယ်။
သူတို ့ဟာလည်းအများအားဖြင့် ပုဇွန်ခေါင်းတွေရဲ့ lady တွေဖြစ်ကြပါတယ် – ကြုံကြိုက်၍ )
ရိုးရိုးလေးဘဲတွေးကြည့်ပါ ( စစ်သားဟာ ဘာလုပ်ရမှာလဲ…ကျောင်းဆရာဟာ ဘာလုပ်ရမှာလဲ…
ပုလိပ်ဟာ ဘာလုပ်ရမှာလဲ…ရုံးဝန်ထမ်းဟာ ဘာလုပ်ရမှာလဲ….ကုန်သည်ဟာ ဘာလုပ်ရမှာလဲ…
လယ်သမားဟာ ဘာလုပ်ရမှာလဲ….) အများစုဟာ တာဝန်မဲ့နေကြပါတယ်။
အထူးသဖြင့် ဒီလို ပုဇွန်ခေါင်းတွေပေါ့….
ဒီလိုလူမျိုးတွေဟာကိုယ့်ဘက်တော့အင်မတန်အယက်တော်ကြပါတယ်၊
သူတို ့လိုပုဇွန်အစိမ်းကောင်အမျိုးတူတွေအချင်းချင်းဆိုရင် ဘယ်လိုပုဇွန် (သေး၊ လတ်၊ ကြီး) ဘဲဖြစ်ဖြစ်
ဘာပြစ်မှု ့ဘဲကျုးလွန်ထားထား လျော်ထားခေါက်ထားမေ့ထားဖျောက်ထားလိုက်ကြပါတယ်။
ဒါပေမဲ့ပုဇွန်တွေပုတ်ရင် အင်မတန်နံသလိုပါဘဲ၊ ဒီအပုတ်နံ ့တွေဟာတစ်ထောင်းထောင်းထနေတာ
ကြာလာတော့ ပုဇွန်တွေတွေ ့လို့အပုတ်နံမရရင်တောင်ဟုတ်မှဟုတ်ပါမလား..လို ့သံသယဝင်နေရပါပြီ။
အဲသူတို့နဲ ့အမျိုးမတူတဲ့ ရာထူး/အဆင့်တူတဲ့ ဌာနအရာရှိတွေကိုတော့ တစ်သီးဘဲစားရတဲ့အတွက်
ပေးထားတဲ့ ရုံးကားကကိုယ်တာဓါတ်ဆီကို ပိုက်ဆံမလောက်လို ့ရောင်းပြီးကိုယ်တိုင်ကဘတ်စ်ကား
တိုးစီးကာမိသားစုစားဝတ်နေရေးဖြေရှင်းပေးမိလောက်တဲ့အပြစ်လောက်မျိုးဆိုရင်ကိုဘဲ သူတို ့ရဲ့
လာလတံ့သော ပုဇွန်ခေါင်းအရာရှိတွေနေရာရရှိဖို ့အတွက် အပြတ်ချ(ဖြုတ်၊ထုတ်၊သတ်)လေ့ရှိပါတယ်။
ေဩာ် ပုဇွန်ခေါင်းတွေ….. ပုဇွန်ခေါင်းတွေ….. ပုဇွန်ခေါင်းတွေ…..
ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်အသိထဲမှာစွဲနေတာကတော့ ကိုသစ်မင်းရဲ့
“ ဤသုံးမျိုး (၃) …{တာဝန်ကိုယ်စီလဲရှိ အချိန်လဲတန်ပါပြီ ” post ထဲက
ဆရာ ပေါလ်ကိုလီယာရဲ ့ The Bottom Billion စာအုပ်ထဲမှာပါတဲ့
(၄)မကောင်းသော အုပ်ချုပ်မှုရှိနေခြင်း ဆိုတဲ့အပိုင်းထဲက စာသားတွေနဲ ့
နဲ့ငယ်ငယ်တုန်းကဆရာတစ်ယောက်ပြောခဲ့ဘူးတဲ့ ဦးနှောက်ထဲမှာချေးတွေရှိတဲ့
စားလို ့မရတဲ့ပုဇွန်ခေါင်းတွေအကြောင်းပါဘဲ။
6 comments
“ဘီလူးကြီး”ogre
December 14, 2011 at 2:58 pm
တိန်…….““အားယိုးယိုး…တေပါပြီဂျ”””” 8-( 🙁 😛
လက်တည့်လိုက်တာ..////
ကြောင်လတ်
December 14, 2011 at 6:33 pm
ဦးကြောင်ကြီးကျွတ်ကျွတ် ဝါးစားချင်တဲ့ ပုစွန် ကဒီပုစွန်လားဗျို့။
ဦးမိုးကြိုးက ပုစွန်ကို ကင်းပြီးမှ မြည်းတာ၊ ကျနော်က ပုစွန် အစိမ်းသုတ်မြည်းတာ၊
နောင်ပုစွန် အစိမ်းသုတ် မမြည်းတော့ဘူး။
naywoonni
December 14, 2011 at 7:18 pm
ဝေါ့……….။ ရွံ့စာချီး ………..။ အရင်က မသိလို့ ပုဇွန်စမ်းသုတ်ကို ရှာလကာ (မရရင် သံပုရာ )ရည်ရွှဲရွှဲ ဆမ်းပြီး အရက်နဲ့မြည်းမိတာ….. ။ 😛
Oo Oo
December 14, 2011 at 10:02 pm
အဲ့လိုစစ်တပ်ထဲကအရာရှိအရာခံတွေကို..အရပ်ဘက်ကိုပို့ခဲ့တာ..ကျနော်သတိထားမိသလောက်
ဗိုလ်ချုပ်ခင်ညွန်မပြုတ်ခင်ကထဲကဆိုတော့ဆယ်စုနှစ်တစ်ခုနီးပါးလောက်တောင်ရှိပြီထင်ပါတယ်…
ပို့ကထဲကဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပြည်သူထဲကိုပို့လိုက်သလားဆိုတာကတော့..အားလုံးသိတဲ့အတိုင်းပေါ့ဗျာ
အများဆုံးတွေ့ဖူးတာကတော့..ပြည်သူတွေနဲ့တိုက်ရိုက်ဆက်ဆံရတဲ့ဌါနတွေ..စားလို့ကောင်းတဲ့နေရာတွေကိုရောက်
လာတဲ့ပုဇွန်စိမ်းတွေကတော့ ရေရေလည်လည်အစားကြမ်းတာ ပေါ်တင်ကိုစားတော့တာပဲ အရပ်သားတွေကိုလဲလူလို့
မှမထင်တတ်တာပဲလေ..ဘယ်သောက်ဂုစိုက်ပါ့မလဲ..မကျေနပ်လို့တိုင်တဲ့လူရှိရင်လဲ..တိုင်တဲ့လူကိုသာအရူးလို့သဘောထား
ကြတာကလား..အောက်ခြေအဆင့်အထိအမြစ်တွယ်နိုင်အောင်ရည်ရွယ်ချက်ရှိရှိနဲ့အချိန်ယူပြီးလုပ်ထားခဲ့တဲ့စနစ်ဆိုးကြီးကို
လက်ရှိသမ္မတကြီးနဲ့သူ့ရဲ့ဘက်တော်သားတွေကကောပြုပြင်နိုင်ပါမလားဆိုတာကတော့စောင့်ကြည့်ရုံမှတပါးအခြားမရှိပြီ။
လက်ရှိမြန်မာပြည်အစိုးရဝန်ထမ်းလောကရှိ ဝန်ထမ်းကြီးငယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့စာရိတ္တ တွေကိုပြုပြင်နိုင်မှသာ
မြန်မာပြည်ကြီးဒီမိုနိုင်ငံတော်အဖြစ်ဖွံ့ဖြိုးနိုင်မှာဖြစ်တယ်လို့မြင်မိပါတယ်
(ကျနော့အမြင်အပေါ်လွတ်လပ်စွာ ကွဲလွဲ ပြောဆိုနိုင်ပါတယ်)
kai
December 15, 2011 at 4:19 am
တကယ်တော့…
စစ်သား..အရပ်ဖက်ဝင်လုပ်ကြတာဟာ.. တိုင်းပြည်နွံနစ်သွားစေတဲ့.. အဓိကအကြောင်းအချက်တခုပါပဲ..။
စစ်သား…စစ်တိုက်ချင်လို့စစ်ထဲဝင်ခဲ့တာကွာ..
အရပ်ဖက်မှာဝန်ကြီးမလုပ်ချင်ဘူး.. ပြောခဲ့တဲ့.. စစ်သားစစ်စစ်ကြီးကို သတိရမိတယ်..။
တိုင်းပြည်အေးချမ်းလာရင်.. စစ်သားတွေ.. ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ.. တလ ဒေါ်လာ ၃ထောင်လောက်ယူပြီး အမှုထမ်းနိုင်ကြမှာပါ..။
စစ်တန်းလျှား..စစ်ရာရှင်..စစ်ဘား..စစ်ပစ္စည်းအကောင်းစားတွေနဲ့.. နေနိုင်တဲ့နေ့ရောက်လာမှာပါလို့…
အခု.. တိုင်းပြည်ငြိမ်းချမ်းရေးအတွက်လုပ်နေ/လာမယ့်.. အဆင့်ဆင့်တွေမှာကိုယ်ရောစိတ်ပါ.. ကူညီကြပါလို့..
ကြောင်ကြီး
December 16, 2011 at 11:52 am
ဂွင်ရှိတဲ့ အစိုးရဌာန အတော်များများမှာ လုပ်ရဲကိုင်ရဲရှိသူများဟာ ပုဇွန်စိမ်းများ ဖြစ်ပါတယ်။ လုပ်ရဲဆို သူတို့နောက်ကွယ်မှာ အဘများ ရှိတာကိုး။ ဒါကို အားကျတဲ့ အရပ်သားဝန်ထမ်းများ လိုက်အတုခိုးတဲ့အခါ ပြုတ်သူပြုတ် ထောင်ကျသူကျ ဖြစ်ကုန်တယ်။ တချို့ကျတော့လည်း ပုဇွန်စိမ်းဆရာများနဲ့ပေါင်းပြီး လက်ဝေခံယူစားတယ်။ ပြသနာဖြစ်တဲ့အခါ ထိုးကျွေးခံရတာပဲ။ အစစ်အဆေးခံရတဲ့အခါ ဖွင့်ချလိုက်လို့လည်း သက်သာမယ် မထင်နဲ့။ ပုဇွန်စိမ်းတွေက အချင်းချင်းကြတော့ သိတယ် (ပုဂ္ဂိုလ်ရေး အာဃာတ မရှိရင်ပေ့ါလေ)။ အရပ်သား ဝန်ထမ်းအပေါ် ပုံချလိုက်တာပဲ။ ကြုံဖူးတယ်၊ အရပ်သား ဝန်ထမ်းအချုပ်ကျတော့ မဆိုင်သလို ရှောင်နေတဲ့ ပုဇွန်စိမ်းတွေကို ဆွဲထည့်မယ်လို့ ကြုံးဝါးမိလို့ သူ့ကိုဝိုင်းထိုးချကြတာ။ ပြောရရင်တော့ မကုန်နိုင်ပါဘူး။။။။။
ဒါနဲ့ ကြောင်ကြီးစားတဲ့ ပုဇွန်က တရုတ်ပုဇွန်မလေး… တကျွတ်ကျွတ်နဲ့ ဝါးရတာ ချိုမှချို 😳