ကျနော်က စာတွေကို ပုံလေးတွေနဲ့တကွတင်ပြချင်တာပါ။ ကံမကောင်းချင်တော့ နက်က ကျကျနေတက်ပါတယ်။ စိတ်မရှိကြပါနဲ့။ ရုံးမှာမနက်ပိုင်းဆို နက်ကောင်းတက်တော့ မနက်စောစောတင်ဖြစ်အောင်ကြိုးစားနေပါတယ်။ ယနေ့ခေတ် မိုဘိုင်းဖုန်းကိရိယာများအားလုံးနီးပါး၏ မျက်နှာပြင်များသည် Touch Screen အမျိုးအစားများ ပင်ဖြစ်ပါသည်။ သို့ရာတွင်ပထမဆုံးအနေဖြင့် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ရှိ သုတေသနဌာနက ကျုံ့ချဲ့ ဆွဲဆန့်နိုင်သော ဖန်သားမျက်နှာပြင်နည်းပညာကို ပြသခဲ့သည်။ မိုဘိုင်းဖုန်းမျက်နှာပြင်များပေါ်တွင် တမူကွဲပြားသော အာရုံခံစားမှုများ ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။ Obake ဟုခေါ်သော စီမံကိန်းအား ယင်းတက္ကသိုလ်မှ သုတေသနပညာရှင်နှစ်ဦးဖြစ်ကြသည့် Dhairya Dand နှင့် Rob Hemsley တို့က ဖန်တီးခဲ့ပါသည်။ သူတို့ဖန်တီးထားသော ဆွဲယူကျုံ့ချဲ့နိုင်စွမ်းရှိ မျက်နှာပြင်အား ဆွဲယူလိုက်သည့်အခါ ကင်မရာမှအရွေ့ပေါ်မူတည်၍ အတိုင်းအတာကို တိုင်းတာမည်ဖြစ်သည်။ ထိတွေ့မှုတိုင်းကိုလည်း ဆက်တိုက်အာရုံခံစားနိုင်မည် ဖြစ်ပါသည်။ Obake ၏မျက်နှာပြင်အား 2.5D […]