“တခါတုန်းကဂီတဆည်းဆာ” ဟိုတုန်းကတော့ မန်းတက္ကသိုလ်ရဲ့ဂီတဆည်းဆာကို သီတင်းကျွတ်ဝန်းကျင်မှာလုပ်လေ့ရှိတယ်။ ကိုယ်တွေခေတ်ကပွဲသိမ်းမင်းသားက စိုင်းထီးဆိုင်ပေါ့။ ပုံမှန်အားဖြင့် မထုတ်ရသေးတဲ့သီချင်းတွေဆိုတာများပါတယ်။ ကိုယ်ကြုံခဲ့သလောက် မှတ်မိသလောက်ကတော့ ဘီးကလေးကိုစီး / ပျံသာပြန်ပါရွှေဟင်္သာ / နွေနံနက်ခင်း နဲ့ နောက်တပုဒ်တော့မမှတ်မိတော့ဘူးဗျ။ ပွဲမစခင်တလလောက်ကတည်းက မေဂျာအလိုက် ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေလုပ်ကြတော့တာဘဲ။ အဆောင်အလိုက်ကော နေ့တက်တဲ့ကျောင်းသားတွေပါ တပျော်တပါးဝိုင်းကူကြတာပါဘဲ။ တကယ်တိုးမပေါက်အောင်ရောင်းရတာတော့ ပွဲကျင်းပတဲ့နောက်ဆုံးရက်ပေါ့။ လူတွေလဲတအားပင်ပန်းပြီး ပွဲကိုလဲကောင်းကောင်းမကြည့်ရယုံမက ပွဲပီးတော့ပစ္စည်းတွေသိမ်းရတာနဲ့လင်းမှဘဲအိပ်ရတယ်။ ပွဲပြီးလို့ပြန်တဲ့ပရိတ်သတ်ကလဲတလမ်းလုံးဘိုထီးဆိုတဲ့သီချင်းလေးညီးပြီးပြန်ကြတာပါဘဲ။ များသောအားဖြင့်သီချင်းသာမထွက်သေးတာ ကျောင်းကလူတွေကရနေကြတာပါဘဲ။ အဲဒီဂီတဆည်းဆာမှာမပါမဖြစ်ပါပြီး ဆိုဘို့လုရတဲ့သီချင်းကတော့ သီချင်းနာမည်လဲသေချာမသိ ရေးတဲ့လူလဲသေချာမသိတဲ့ မန်းတက္ကသိုလ်သီချင်းပါဘဲ။ ကိုယ်မသိတာလဲဖြစ်နိုင်ပါတယ် သိတဲ့လူများ ဝင်ပြောခဲ့ကြပါ။ သီချင်းစာသားမှတ်မိသလောက်ရေးပြလိုက်ပါတယ်။ ကျောင်းပြီးတော့မယ် ခွဲရတော့မယ် ခွဲချင်ပါဘူး မခွဲ နိုင်ပါဘူး ချစ်ရတဲ့အမိမန်းတက္ကသိုလ်ရယ် ရေနီမြောင်းလေးရယ် နုတ်ဆက်ခဲ့တယ် တမာတောနဲ့ဝေးရာ သွားရတော့မယ် မခွဲချင်ပါဘူး မခွဲနိုင်ပါဘူး […]