wailynnooJune 12, 20101min2782
What is a blog? blog ဆိုတာ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေကို public ကိုချပြနိုင်တဲ့ presonal  profile တစ်ခုပါဘဲ။ အဲဒီအပြင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရဲ့ ဂျာနယ် တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ဘာတွေဝန်ဆောင်မှုပေးကြောင်းကို ကိုယ့် blog ကနေတဆင့် လူအများကိုသိရှိစေနိုင်ပါတယ်။  ပညာရှင်တစ်ယောက် အတွက်သူ့ရဲ့ ဖော်ထုတ်တွေရှိမှုကို လူအများကိုချပြဆွေးနွေး နိုင်ပါတယ်။ ယနေ့ခောတ်မှာတော့ စီးပွားရေးလုပ်ငန်းတိုင်း အတွက် blog တစ်ခုဟာမဖြစ်မနေလိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာ ကိုယ့်လုပ်ငန်းအတွက် လက်နက်အဖြစ် အသုံးပြုထားတဲ့ blog တစ်ခုကျွန်တော်တွေ့ဖူးပါတယ်။ www.crown-education.com ဆိုတဲ့ blog လေးပါ။ သူ့ blog ကိုကျွန်တော် ကြော်ငြာပေးတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြတာပါ။ တခြားဟာတွေ သိရင်လည်း […]


wailynnooJune 11, 20101min2040
ရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေခဲစက်တစ်ခုမှ အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွား၍ အနီးတဝိုက်ရှိ အများပြည်သူများအထိတ်တလန့်ဖြစ်မှုနှင့် ဓာတ်ငွေ့သက်ရောက် မှုများခံစားခဲ့ရသည်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁ဝခုနှစ် ဇွန်လ ၁ဝရက်နေ့ ညနေ ၆နာရီ၁ဝမိနစ် ခန့်က ကမာရွတ်မြို့နယ် အင်းစိန် လမ်းမပေါ်ရှိ ဆင်ရေတွင်းကားမှတ်တိုင်အနီး ရေခဲစက်မှပေါက်ကွဲသံတစ်ခုကြားခဲ့ရပြီး ပတ်ဝန်းကျင်သို့ ဓာတ် ငွေ့များပျံ့နှံ့ခဲ့ကြောင်း၊ အဆိုပါဓာတ်ငွေ့များသည် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ ဖြတ်သန်း သွားလာသည့်သူများအပေါ်တွင် သက်ရောက်မှုများရှိခဲ့ကြောင်း သိ ရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့်  အသက်ရှုကြပ်ခြင်း၊ မူးမေ့လဲခြင်း၊ အော့အန်ခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ပူများကျဆင်းခြင်းနှင့် နှာခေါင်းသွေးယိုခြင်းများ ဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ရန်ကုန်-အင်း စိန်လမ်းမပေါ်တွင် ပြေးဆွဲနေသော ယာဉ်များမှာ အဆိုပါစက်ရုံအနီး တဝှိက်တွင် ရပ်တန့်ခဲ့ပြီးယာဉ်မောင်းများ၊ ခရီးသည်များ ယာဉ်ပေါ်မှာ […]


wailynnooJune 11, 20101min2161
ယနေ ့မွန်းလွဲ တစ်နာရီ အချိန် ခန် ့က ရန်ကုန် မြို ့ပန်းဘဲတန်း မြို ့နယ် ကုန်ဈေးတန်း လမ်း နှင့် သိမ်ကြီး ဈေးတစ် ဝိုက် တွင် လူငယ် ၁၁ ဦးခန် ့က အချင်းချင်း လက်ခြင်း ချိန်ကာ စစ်အစိုးရ အလို မရှိ ဟု ကြွေးကျော် အော်ဟစ်ပြီး စစ်အစိုးရ ဆန် ့ကျင်စာ များ လည်း ဝေငှ သွားသည် ဟု သိရှိရသည်။ လူငယ်များ ၏ စစ်အာဏာရှင် ဆန် ့ကျင်ရေး လှုပ်ရှားမှု ကို တွေ ့လိုက်ရသူ တစ်ဦးက ‘စာတွေ ဝေသွားတယ်။ စစ်အစိုးရ အလို မရှိ […]


wailynnooJune 9, 20101min2241
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၇၃/၂၀၁၀)ကို ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် “စီ” လမ်းထောင့်၊ မြေကွက်အမှတ်(၅)တွင် ပါတီရုံးချုပ် ဖွင့်လှစ် ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ၂၀၁ဝ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃၂)ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။ Source: mtalk.net.mm


wailynnooJune 9, 20101min2443
မင်္ဂလာ ဈေးရုံ အနီး၌ ဆေးဝါး ယာယီ ဆိုင်ခန်းများ ဖွင့်လှစ် ထားရာ ဇွန် ၄ ရက် နံနက်ပိုင်း က ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်းနှင့် တာဝန် ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး ယာယီ ဆေးဝါး ရောင်းချသူ ဆေးဆိုင် ပိုင်ရှင် များနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ အားပေး ကြောင်း သိရသည်။ ယခု ဖွင့်လှစ် ရောင်းချ ပေးသည့် ဆေးဝါး ယာယီ ဆိုင်ခန်း များအား Naw Trading, Credit Com Co., Moriamin Forte နှင့် ကုမ္ပဏီ ခြောက်ခု တို့က စီစဉ် ရောင်းချ ခြင်း […]


wailynnooJune 9, 20101min2061
ရန်ကုန်၊ ထိုင်းနိုင်ငံဆန်စပါးကုန်သည် များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာဗီချိုင်းက မြန်မာနိုင်ငံ၏လယ် ယာဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန် အလွန် စိတ်ဝင်းစားကြောင်း ပြောကြားလိုက် သည်။ သို့သော် ထိုသို့ရင်းနှီးမြှုပ်နှံမှုပြု ရန်အတွက် ပွင့်လင်းသောဈေးကွက် စနစ်ရှိရန်လိုအပ်ကြောင်း မေ ၁၃ရက် တွင် ဗန်ကောက်မြို့၌ မြန်မာသတင်း ထောက်များနှင့်တွေ့ဆုံစဉ် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ် တဲ့ဈေးကွက်ရှိရင် ကျွန်တော် ကျိန်းသေ ပေါက်ရင်းနှီးမြှုပ်နှံမှာပါ။ မြန်မာနိုင်ငံ ရဲ့လယ်ယာကဏ္ဍက အကျိုးအမြတ်ရ မယ့်အနေအထားအများကြီးရှိပါတယ်” ဟု မစ္စတာဗီချိုင်းက ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာ့လယ် ယာကဏ္ဍသည် အရင်းအနှီးအင်အား နည်းပါးနေပြီး တောင်သူတို့အတွက် အကျိုးအမြတ်မက်လုံးနည်းပါးနေသည့် အတွက် ထုတ်လုပ်မှုနှုန်းနည်းခြင်း၊ ခေတ်မီရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ကြိတ်ခွဲမှုနည်းပညာအားနည်းခြင်းတို့ ကြောင့် အရည်အသွေးမကောင်းခြင်း စသည့်အခက်အခဲများကို ကြုံတွေ့နေ ရသော်လည်း လုံလောက်သည့်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ပါက […]


wailynnooJune 9, 20101min2291
Apple ကနေ တနင်္လာနေ့က နောက်ဆုံး browser version ဖြစ်တဲ့ Safari 5 ထုတ်လွှင့်လိုက်ပါတယ်။ multipage articles တွေကို ကြည့်နိုင်တဲ့ Safari Reader ဆိုတဲ့ feature လည်းပါဝင်ပါတယ်။ Mac မှာရော Windows မှာသုံးနိုင်တဲ့ အဲဒီ browser အသစ်ဟာ အရင် Safari 4 ထက်စွမ်းဆောင်ရည် 30 ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပါတယ်။ Default search engine အဖြစ် Google, Yahoo, Bing ကြိုက်ရာကိုရွှေးချယ်နိုင်ပါတယ်။ Safari 5 မှာ Nitro Java engine ပါတဲ့အတွက် Chrome 5.0 ထက် 3 ရာခိုင်နှုန်း ပိုမြန်ပြီး Firefox […]


wailynnooJune 9, 20101min3175
ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများတွင်  ကျသင့်သည့် ယာဉ်စီးခငွေကို ပုံးထဲသို့ ကိုယ်တိုင် ထည့်သွင်းစီးနင်းရသည့် စနစ်ကိုပါရမီ ၂၃၂ ယာဉ်လိုင်းတစ်လိုင်းတွင်သာ ခရီးသည်များ အလေ့အကျင့် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက် ပေးထားမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။ ”ယာဉ်ပေါ်တက်လာတာနဲ့ ကျသင့်ငွေကို ပုံးထဲထည့်တဲ့ စနစ်နဲ့ အလေ့အကျင့် လေးဖြစ်သွားအောင် စမ်းသပ် စီစဉ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ခရီးသည်တင်ယာဉ် တွေမှာ ယာဉ်နောက်လိုက်မလိုပေမယ့် ဒီမှာတော့ယာဉ်တစ်စီးကို တစ်ယောက်မက လိုအပ်နေတာတွေ့ ရပါတယ်။ အဲဒါတွေကို တဖြည်းဖြည်းနဲ့ လျော့နည်းသွားအောင်ရယ် ခရီးသည်တွေ အလေ့အကျင့်တွေ ဖြစ်အောင်ရယ် ၂၃၂ ယာဉ်လိုင်းတစ်လိုင်းမှာရှိတဲ့ အစီး ၂ဝ လုံးမှာ ပိုက်ဆံပုံးတွေ တပ်ဆင်ပြီး ဆောင်ရွက်စေခဲ့တာပါ။ […]


wailynnooJune 8, 20101min2040
အင်တာနက်ဆက်သွယ်မှုများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေး လုံးဝပြတ်တောက်ခြင်းမရှိစေရေးအတွက် အစိုးရပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် နယ်စပ်ဖြတ် ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့်ဆက်သွယ်ထားပြီး ထိုဆက်ကြောင်းများသည်  Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်းအကြားတွင် မြဝတီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ်တန်းမည်ဖြစ်ပြီး မြန်မာနှင့်အိန္ဒိယအကြားတွင် တမူးဘက်မှ  ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။ အဆိုပါဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော်သွယ် […]


wailynnooJune 8, 20101min2350
ဇွန် လ ၂ ရက်နေ့နံနက် အစောပိုင်းက ရဟန်းဘွဲ့အမည် ဦးတိလောက (ခ) နိူင်လင်းဦး သည်မြဝတီ ကုန်သွယ်ရေးဇုံရှိစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရကြောင်းကြားသိရသည်။ သက်ဆိုင်ရာ နယ်မြေခံထောက်လှမ်းရေးများနှင့်ရဲ များမှ မြဝတီရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးရာတွင် နိုင်ငံရေးဆိုင်ရာစာရွက်စာတမ်းများ၊” မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ “ စတစ်ကာများ၊ နှင့် ကွန်ပြူတာလက်တော့တလုံး ဖမ်းဆီးမိကြောင်းကြားသိရသည်။ ဦးတိလောက ( ခ ) နိုင်လင်းဦးမှာ ရဟန်းဝါ ( ရ )ဝါ၊ အသက် ( ၂ရ )နှစ်ရှိပြီး အဖဦးစောဝင်း အမိ ဒေါ်ရင်ဌေး တို့မှ ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဿလင်ကျေးရွာအုပ်စု တွင်နေထိုင် ကြောင်း သိရသည်။ ဦးတိလောက သည် မြန်မာ ပြည်ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ရန် မဲဆောက်မြို […]


wailynnooJune 8, 20106min2741
Smartphone လုပ်ငန်းကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် Apple နဲ့ Google ကြားကပြိုင်ဆိုင်မှုဟာ တဖြည်းဖြည်း ပြင်းထန်လာပါပြီ။ လွန်ခဲ့တဲ့လက Google က Android 2.2 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တနင်္လာ နေ့က Apple က iOS 4 ဆိုတဲ့ သူ့ရဲ့  latest mobile operation system ကို ပြုလုပ်ပြီး ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ Apple ရဲ့ iOS 4 ကို June 21 မှာ customer တွေစတင်အသုံးပြုနိုင်တော့မှာပါ။ အဲဒီ OS မှာ အားလုံးစောင့်မျှော်နေတဲ့ multitasking feature ကိုရနိုင်ပါတော့မယ်။ အဲဒီ feature ကြောင့် ကျွန်တော်တို့ သီချင်းနားထောင်နေရင်း e-mail […]


wailynnooJune 8, 20101min2270
Safari windows မှာ ဇော်ဂျီ မမြင်ရဘူးဆိုရင် အောက်ကလိုမျိုး စမ်းကြည့်ပါ။ http://www.saturngod.net/wp-content/uploads/zawgyi-safari.css အဲဒီ file လေးကို save သိမ်းလိုက်ပါ။ save မသိမ်းတတ်ဘူးဆိုသူများ http://www.mediafire.com/?y5axtzn1z25 မှာ download ချလိုက်ပါ။ ပြီးရင် File > Preference > Advance > Style Sheet မှာ other ကိုရွေး။ ပြီးရင် download ချထားတဲ့ zawgyi-safari.css ကို ရွေးပေးလိုက်ရင် ရပါပြီ။ မှတ်ချက်။ ။ www.saturngod.net မှကူးယူဖော်ပြသည်။


wailynnooJune 7, 20101min1940
Drogba ဟာ သောကြာနေ့က Japan နဲ့ချစ်ကြည်ရေးပွဲမှာ တတောင်စစ်ရိုးကျိုးသွားခဲ့ပါတယ်။ Ivory Coast ဘောလုံးအဖွဲ့ချုပ်နဲ့ ဆေးအဖွဲ့ကတော့ အမြန်ပြန်ကောင်းလာအောင် ကြိုးစားနေကြပါတယ်။ ခွဲစိတ်မှုကတော့အောင်မြင်ခဲ့ပါတယ်။ ဘယ်လောက်အနားယူရမယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။ Drogba အတွက်ပါဝင် နိုင်ဖို့အခွင့်ရေးတော့ ရှိနေပါသေးတယ်။ Ivory Coast အသင်းဟာ Portugal နဲ့ 15 June, Brazil နဲ့ 20 June, North Korea နဲ့ 25 June တို့မှာယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာသူတွေ ကတော့ ဒီအုပ်စု ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ သတ်မှတ်ထား ပါတယ်။ Drogba မပါဝင်နိုင်ဘူးဆိုရင်တော့ အုပ်စုကြပ် ခက်ခက်ခဲခဲရုံးကန်ရနိုင်ပါတယ်။ Drogba ဟာ နိုင်ငံအသင်းအတွက် 69 ပွဲမှာ 44 ဂိုးတောင် […]