Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


weiweiMarch 5, 20122min47717
ငွေတောင်ကမ်းခြေကနေ ညနေဘက် ပြန်လာပြီး မော်တင်စွန်းကို ၆ နာရီလောက်မှာ ရောက်ပါတယ်။ အပြန်အတွက် နောက်ဆုံးကားကို စီးမိလို့ ထွက်ဖို့အရေး လူကုန်အောင်စောင့်နေတာနဲ့ အချိန်တော်တော်ကြာသွားသေးတယ်။ မော်တင်စွန်းရောက်တော့ ညနေစာစားဖို့ဆိုင်တစ်ဆိုင်ရွေးပြီး အိမ်ကနေယူသွားတဲ့ ငါးခြောက်ဖုတ်နဲ့ တရုတ်ဟင်းလျှာတစ်ချို့မှာပြီး စားကြတယ်။ ဗိုက်ဆာနေလို့ စားလို့ကောင်းတယ်။ ထမင်းစားနေတာနဲ့ ညနေနေဝင်တာကို ဓါတ်ပုံမရိုက်လိုက်ရဘူး။ ထမင်းစားပြီး မော်တင်စွန်းဘုရားပေါ်တက်တော့ မီးထွန်းချိန်ရောက်နေပြီ။ မှောင်နေပြီမို့ ညဘက်ဘုရားရှုခင်းကိုပဲ ဓါတ်ပုံရိုက်ခဲ့ရတယ်။ ဘုရားပေါ်မှာ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး ဘုရားရှိခိုးပြီး ထိုင်နေခဲ့တယ်။ ည ၉ နာရီလောက်ရောက်တော့ နဲနဲအေးလာတာနဲ့ ပြန်ဆင်းလာလိုက်တယ်။ ပြသနာက အပေါ့အပါးသွားဖို့ အိမ်သာပဲ။ အများသုံးတွေပဲရှိပြီး တစ်နေရာနဲ့တစ်နေရာ တော်တော်ဝေးပါတယ်။ တစ်ခါတက်ရင် တစ်ရာပေးရတယ်။ သိပ်မညစ်ပတ်သလို အရမ်းလဲ မသန့်ပါဘူး။ ကျွန်မတို့က မိသားစု ၄ ယောက်နဲ့ […]


weiweiMarch 4, 20124min47022
ငွေတောင်ကမ်းခြေပုံတွေ တင်ခဲ့ပြီးပေမယ့် ထပ်တင်ချင်သေးလို့ ကျွန်မညီမ လက်ရာလေးတွေကိုပါ တင်ပေးလိုက်ပါတယ်။ ကျွန်မလက်နဲ့ရိုက်ထားတဲ့ပုံတွေမဟုတ်ပါဘူး …..


weiweiMarch 1, 20125min60820
နေ့လည် ၂ နာရီလောက် ရေကျချိန်မှာ ငွေတောင်ကမ်းခြေဆီကို သွားလည်ခဲ့ကြတယ်။ ရ မိုင်ခရီးကို ကမ်းစပ်ကနေ ကားစီးသွားရပါတယ်။ လမ်းတွေမညီမညာမှာကားခပ်ကြမ်းကြမ်းနဲ့ စီးသွားရတာမို့လို့ ပြုတ်မကျအောင် ခါးမနာအောင် ကားမမှောက်သွားအောင် ဘုရား တရား တရင်းနဲ့ ငွေတောင်ကမ်းခြေဆီကို ရောက်သွားပါတော့တယ် … ငွေတောင်ကမ်းခြေရောက်တော့ ဈေးဆိုင်တန်းလေးတွေ အများကြီးတွေ့ရပါတယ်။ ငါးခြောက်သည်တွေအများကြီးပဲ။ အုန်းစိမ်းရေ၊ ရခိုင်မုန့်တီနဲ့ အသုတ်ဆိုင်လေးတွေမှာ လူတွေစည်ကားနေပါတယ်။ နေပူနေတုန်းမို့ ဆိုင်တစ်ခုထဲဝင်ပြီး အုန်းစိမ်းရေသောက်ရင်း ခဏနားလိုက်ကြတယ်။ ပင်လယ်ရေစိမ်ပြီးရင် ရေချိုးပြန်ချိုးလို့ရပါတယ်။ ရေအဝချိုး ၅၀ဝ ကျပ်တဲ့။ လက်နှိပ်တုန်ကင်လေးတွေနဲ့ ရေချိုရကြပါတယ်။ ဘုရားပွဲ ၁၅ ရက်တာမှသာ ငွေတောင်ကမ်းခြေကိုလဲ သွားနိုင်တာမို့ တစ်နှစ်မှာ ၁၅ ရက်တာပဲ ရေကစားနိုင်တဲ့ ငွေတောင်ကမ်းခြေအလှက အမှတ်တရဖြစ်လောက်အောင် လှပါပေတယ်။ သွားရောက်ဖို့ မလွယ်တဲ့နေရာမို့လို့ ကမ်းစပ်မှာ […]


weiweiFebruary 29, 20124min58922
မော်တင်စွန်းဘုရား သည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်းတွင် တည်ရှိသည်။ မော်တင်စွန်းကို တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြသည်။ တဖုဿနှင့် ဘလ္လိကကုန်သည် ညီနောင်နှစ်ဦး ထံမှ မြတ်ဘုရားရှင်၏ ဆံတော်နှစ်ဆူကို ဇေယျသေနနဂါးမင်းက ရယူ ပြီး ဌာပနာကာ သက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဤမော်တင်စွန်းဘုရား ကို တည်ထားကိုးကွယ်ခဲ့ သည်ဟု ယုံကြည်ကြပါသည်။ ယခင်က ဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပါသည်။ တတိယသံဃာယနာတင် သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့ပါသည်။ ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးက ပြန်လည်ပြုပြင်ကာ “ဖောင်တော်ဦး”ဘုရားဟု ဘွဲ့တော်ကို တွင်စေခဲ့ပြန်ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် […]


weiweiFebruary 28, 20122min57121
ပွင့်နေပြန်ပြီလို့ရေးလိုက်တာက မနှစ်က ဒီအချိန်တုန်းက အဲဒီပန်းတွေပွင့်သေးတယ်လေ … ရွာထဲမှာ ရန်ကုန်မှာပွင့်တဲ့ချယ်ရီ ဆိုတဲ့နံမည်နဲ့ တင်ပေးပြီး ပန်းနံမည်စုံစမ်းလိုက်တာ နံမည်ပေါင်းစုံသိခဲ့ရပြီး နောက်ဆုံးတော့ ငုစပ်ချယ်ရီပန်းလို့ နံမည်အတည်အကျသိသွားခဲ့ပါတယ် … ဒီနှစ်မှာလဲ အချိန်မှန် ပွင့်လာပြန်တော့ အမှတ်တရ ပြန်တင်ပေးရင်း နောက်ထပ်နံမည်သိချင်တဲ့ ပန်းတစ်မျိုးကိုလည်း ထပ်တင်ပေးလိုက်ပါတယ် … ချယ်ရီပန်းတွေက အပင်ပေါ်မှာ တစ်လလောက်ကြာအောင် ပွင့်လေ့ရှိပါတယ်။ အဲဒီပန်းတွေပွင့်ရင် ရုံးခန်းထဲကနေ မြင်နေရပြီး အိပ်ငိုက်ရလေ့ရှိလို့ အိပ်ချင်ပန်းလို့ပဲ ကျွန်မက အလွယ်ခေါ်နေမိတယ် … သန်လျင်ဘက်သွားလည်ရင်း ညီမအိမ်မှာ ပန်းတစ်မျိုးပွင့်နေတာတွေ့ခဲ့တယ်… အပင်နံမည်ကို မသိဘူး … သူလဲ ငုစပ်ချယ်ရီလိုပဲ ပွင့်ချိန်တူပါတယ်။ ပန်းပုံသဏ္ဍာန်က ငုပန်းနဲ့ခပ်ဆင်ဆင်ဖြစ်ပြီး ပန်းရောင်နဲ့ အဖြူရောင်စပ်ထားတဲ့ အရွက်တွေအားလုံးကြွေပြီး အပွင့်တွေပဲ ရှိတဲ့ အလွန်လှတဲ့ ပန်းတစ်မျိုးပါပဲ … […]


weiweiFebruary 27, 20123min96627
မော်တင်စွန်းဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်သာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်အချိန်အတွင်းမှာ သွားလာနိုင်ပြီး တစ်ခြားအချိန်တွေ ရေတက်နေတဲ့နေရာဖြစ်ပါတယ်။ အရင်တုန်းက ရေကြောင်းခရီးဖြင့်သာသွားလာနိုင်ပြီး ကုန်းလမ်းခရီးဖြင့် သွားနိုင်ခဲ့တာ သိပ်မကြာသေးပါဘူး။ ခရီးသွားဖို့ ဝါသနာပါလေ့ရှိတဲ့ ကျွန်မတို့မိသားစု တစ်ကြိမ်တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီနှစ်တော့ ကားလမ်းကောင်းတယ်လို့ သတင်းကြားတာနဲ့ သွားလည်ကြဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်မကတော့ ဘာမှစီစဉ်စရာမလိုပဲ ဒီအတိုင်းပဲ ကားပေါ်ထိုင်လိုက်သွားရုံပါပဲ … (ရွာထဲက သွားချင်တဲ့သူရှိရင် အလွယ်တကူသွားနိုင်အောင် ခရီးစဉ်ကို အတတ်နိုင်ဆုံးမှတ်ထားခဲ့ပြီး ပြန်လည်ဖောက်သည်ချပေးရခြင်းဖြစ်ပါတယ်။) အလုပ်ကနေခွင့်ယူစရာမလိုအောင်လို့ သောကြာနေ့ည ၁ဝ နာရီခန့်မှာ ရန်ကုန်ကစထွက်ကြပါတယ်။ မနက်စောစော မော်တင်စွန်းအရောက်လို့တွက်ထားခဲ့တယ်။ ရန်ကုန်-ပုသိမ် ၁၂၈ မိုင်နဲ့ ပုသိမ်-မော်တင်စွန်း မိုင်ပေါင်း ၉၆ မိုင်ရှိပါတယ်။ စုစုပေါင်း […]


weiweiFebruary 26, 20124min57422
ဒီကနေ့ မနက်မှ ရိုက်ထားတဲ့ လတ်လတ်ဆတ်ဆတ်ဓါတ်ပုံများဖြစ်ပါတယ် …. မော်တင်စွန်းဘုရားရှေ့က ပင်လင်ပြင်ထဲက နေအထွက်ကို အမိအရ စောင့်ရိုက်ခဲ့တာ … နောက်နေ့မှ ခရီးစဉ်နဲ့ ဓါတ်ပုံလှလှတွေ တင်ပေးပါအုန်းမယ် ..


weiweiFebruary 18, 20121min50318
ဒီကနေ့ အငယ်ဆုံးတူလေးရဲ့ concert ကို အားပေးချင်တာနဲ့ မအားတဲ့ကြားထဲက အမျိုးသားဇာတ်ရုံကို အရောက်သွားခဲ့ပါတယ် … အချိန်နဲနဲစောသွားမိတာနဲ့ အပေါက်ဝကနေ ဟိုငေး ဒီငေး ဟိုတွေး ဒီတွေးနဲ့ ဦးဦးပါလေရာပို့စ်ကိုပါ သတိရသွားခဲ့ပါသေးတယ် .. ကလေးတွေ မိဘတွေ ကားအကောင်းစားတွေ … ချမ်းသာတဲ့မိဘတွေနဲ့ ကံကောင်းတဲ့ ကလေးငယ်တွေပေါ့ … ကလေးငယ်လေးတွေရဲ့ ဘဝအစမှာ ကြီးကျယ်ခမ်းနားမှုကို ခံစားနိုင်အောင် စီစဉ်ပေးနိုင်တဲ့ ILBC ကျောင်းကိုလဲ ချီးကျူးမိတယ် … marketing ကောင်းပုံကိုလဲ သတိထားမိရင်း ရွာထဲက ဆြာလေး ဂီဂီ ကိုလဲ သတိရမိသေးတယ် … ILBC က မူကြိုကို အထူးဂရိုစိုက်ပြီး အကောင်းဆုံး service ပေးခြင်းဖြင့် ကလေးမိဘတွေကို စွဲဆောင်နိုင်ပါတယ် … မူကြိုထားပြီးနောက် […]


weiweiFebruary 18, 20123min80937
ဒီကနေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ILBC Preschool Annual Concert ကို သွားကြည့်ရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ဖြစ်ပါတယ် … နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာမှ အမျိုးသားဇာတ်ရုံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်ပါတယ် … ကျောင်းသားတွေ မိဘတွေ အဘိုးအဘွားနဲ့ ဆွေမျိုးတွေ ပျော်ရွှင်ဂုဏ်ယူနေတဲ့ အပြုံးတွေနဲ့ ပျော်စရာ ကျောင်းကပွဲလေးတစ်ခုဖြစ်ခဲ့ပါတယ် … ဦးဦးပါလေရာရဲ့ ဘယ်ကျောင်းမှာထားမှာလဲဆိုတဲ့ပို့စ်နဲ့ အနဲငယ်ဆက်စပ်တွေးနိုင်တာမို့ တိုက်ဆိုင်တာနဲ့ ဒီပို့စ်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ် … we are STRONG, we are PROUD, we are ILBC.


weiweiFebruary 12, 20121min47918
ဒီကနေ့ ပိတ်ရက်လဲဖြစ်တာနဲ့ အလွန်လွယ်ကူရိုးရှင်းပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အာလူးဆနွင်းမကင်းလုပ်စားဖြစ်ပါတယ် … ပါဝင်သည့်ပစ္စည်းများ အာလူး ….. ၃ဝ ကျပ်သား (ကီလိုဝက်) ခန့် သကြား ….. စတီးဇွန်းခပ်မောက်မောက် ၄ ဇွန်း ဂျုံမှုန့် ….. စတီးဇွန်းခပ်မောက်မောက် ၅ ဇွန်း အုန်းနို့အပျစ် ….. ၁၆ဝ မီလီလီတာ (ရယ်ဒီမိတ် ဗူးသေးတစ်ဗူး) ထောပတ် ….. စတီးဇွန်းတစ်ဇွန်း ဆား …. အနည်းငယ် ဘိန်းစေ့ …. အနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် အာလူးကို နူးအောင်အရင်ပြုတ်ရပါမယ်။ ပြီးရင် အခွံနွှာပြီး အာလူးသားများကို ကျေအောင်ခြေပေးရပါမယ်။ ထို့နောက် သကြား၊ ဂျုံမှုန့်၊ ဆား၊ အုန်းနို့၊ ထောပတ်ထည့်ပြီး နှံအောင်မွှေရပါမယ်။ အဲဒီနောက် စတီးလင်ဗန်း (သို့မဟုတ်) […]


weiweiFebruary 5, 20124min38625
ဒီနေ့ ဆိပ်ကြီးခနောင်တိုဘက်သွားရင်း ရန်ကုန်မြစ်မြင်ကွင်းတစ်ချို့ကို မှတ်တမ်းတင်လာခဲ့ပါတယ် … မြင်ကွင်းတစ်မျိုးဆန်းသစ်စေတဲ့ သင်္ဘောလေးများနဲ့ သဗ္ဗာန်များကို ကြည့်ရှုခံစားနိုင်ဖို့အတွက်ပါ …


weiweiFebruary 3, 20122min23212
မနေ့က ည ၈ နာရီကမှ ရိုက်ထားတဲ့ ဓါတ်ပုံများဖြစ်ပါတယ်။ ကိုဘလက်တင်ထားတဲ့ပုံတွေကြည့်ပြီး သွားချင်စိတ်ပေါ်လာတာနဲ့ ညဘက်ဘုရားသွားဖူးလိုက်တယ်။ ရောင်စုံမီးတွေနဲ့ အရမ်းသပ္ပါယ်နေတဲ့ ရွှေတံဂုံဘုရားကြီးကို ဖူးမျှော်ရတာ အရမ်းကြည်နူးဖို့ကောင်းပါတယ်။ ပန်းလေးတွေနဲ့ ရနံ့ကလဲ ထုံသင်းနေပါတယ်။ ညဘက်ဓါတ်ပုံရိုက်ရတာ သိပ်အဆင်မပြေလို့ ဓါတ်ပုံတွေက အပြင်မှာလောက် မလှဘူးဖြစ်နေတယ်။ မီးဆိုင်းတွေနဲ့ ပန်းပင်တွေက သာသနာ ၂၆၀ဝ အထိမ်းအမှတ်အမှီ တပ်ဆင်နေတုန်းမို့ ပွဲတော်အချိန်ရောက်ရင်တော့ အလွန်သပ္ပါယ်လှပနေမှာပါ … သွားရောက်ဖူးမျှော်ကြပါလို့ ….


weiweiFebruary 1, 20121min36614
ကျွန်မက အစိုးရပိုင်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အလယ်အလတ်အဆင့် ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်မတို့ခေတ်က ဘွဲ့ရတာနောက်ကျတော့ လုပ်ငန်းခွင်ဝင်တာလဲ နောက်ကျနေခဲ့ပါတယ်။ အသက် ၂၅ ကျော်မှ အလုပ်စလုပ်ဖြစ်ကြတယ်။ လုပ်ငန်းခွင်ဝင်ခါစက အသက် ၅ဝ ကျော် ၆ဝ နီးပါး ဆရာသမားများနဲ့ တွေ့ခဲ့ရပါတယ်။ အရမ်းတော်ပြီး စမတ်ကျသော ဆရာသမားများ၊ ပညာရည်ပြည့်ဝကြသော၊ နိုင်ငံတကာအဆင့်မီပညာတတ်များနဲ့ တွေ့ခဲ့ရပါတယ်။ အသက်အရွယ်ချင်း သိပ်ကွာနေကြလို့ သူတို့ဆီက ပညာယူဖို့ သိပ်မလွယ်ခဲ့ပါဘူး။ အနည်းငယ်သာ လေ့လာသင်ကြားခွင့်ရခဲ့ပြီး သူတို့ပင်စင်ယူသွားကြပါတယ်။ ကျန်ခဲ့တဲ့မျိုးဆက် အသက် ၅ဝ ပတ်ဝန်းကျင်များနဲ့ လုပ်ငန်းဆက်လုပ်ခဲ့ကြရပါတယ်။ အဲဒီမှာ ကွာခြားချက်တွေ အများကြီးရှိလာပါတယ်။ ဆယ်စုနှစ်တစ်ခုမှာ အရည်အချင်းတွေ အများကြီး ကွာခြားနေတာ တွေ့ရပါတယ်။ ယခု အသက် ၅ဝ ကျော်တန်းတွေက နိုင်ငံခြားပြန် ခေတ်ပညာတတ်ကြီးများ မဟုတ်ကြပဲ […]