Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


weiweiJanuary 28, 20121min42114
ခင့်စိတ်ဘဝင် ငြိမ်းအေးချင်သည် ကြောင့်ကြဖယ်ရှင်း မုန်းမာန်ကင်းအောင် ဖြစ်ချင်လိုလှ ဆုတောင်းရ။ ။ ချစ်သူကွေကွင်း ဒုက္ခတွင်းသည် ပိန်းပိတ်အမှောင် ဘဝကြောင်မို့ မကြုံလိုလှ ဆုတောင်းရ။ ။ ကြင်လျာသက်နှင်း ခင့်ချစ်ရင်းသည် ဆုံးတိုင်ဘဝ ချမ်းသာရမို့ ပေါင်းဖက်လိုလှ ဆုတောင်းရ။ ။ *** လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေးထားဖူးတဲ့ ကဗျာလေး စာအုပ်ဗီဒိုရှင်းရင်းတွေ့တာနဲ့ ***


weiweiJanuary 26, 20121min38712
        ဒီအပတ်ပိတ်ရက်မှာ ရုပ်ရှင်တစ်ကားကြည့်မိပါတယ်။ ဇာတ်ကားနံမည်က A Passage to India ပါ။ 1984 ခုနှစ်က ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ စကြည့်ကထဲက ကောင်းလိုက်တာလို့ စိတ်ထဲမှာခံစားလိုက်ရပါတယ်။ တစ်ကားလုံး စိတ်ဝင်တစားကြည့်မိပြီး ရုပ်ရှင်ပြီးတာတောင်မှ ၂ ရက်လောက် စိတ်ထဲစွဲနေမိတာမို့ ပြန်ပြီးရှယ်လိုက်ပါတယ်။ ဇာတ်ကားစစချင်းမှာ အင်္ဂလန်ကနေ သင်္ဘောစီးမယ့်အခန်းနဲ့စပါတယ်။ အင်္ဂလန်ကနေ ဘုံဘေမြို့ကို မိုင် ၅၀၀ဝ သင်္ဘောစီးလာပြီး အိန္ဒိယမှာ တာဝန်ကျနေတဲ့ သားတစ်ယောက်ဆီလာလည်တဲ့ မိခင်ဖြစ်သူ Mrs. Moore နဲ့ ချွေးမလောင်း ကျောင်းအုပ်ဆရာမလေး Miss Adela Quested တို့ သင်္ဘောစီးလာပြီး ဘုံဘေဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့အခန်းမှာ အင်္ဂလိပ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေရဲ့ လူနေမှုအဆင့်အတန်းကို ထင်ဟပ်စေတဲ့ ရိုက်ကွင်းနဲ့ ပြထားပါတယ်။ […]


weiweiJanuary 26, 20121min81265
( ဒီပို့စ်မှာရေးချင်တဲ့ ဆင်းရဲခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ) ကျွန်မသည် ဆင်းရဲသားများနှင့် နှစ်ရှည်လများတစ်ရပ်ကွက်ထဲတွင် အတူနေထိုင်ခဲ့ရပါသည်။ ကျွန်မကိုယ်တိုင် မချမ်းသာသော်လည်း သူတို့နဲ့ယှဉ်လိုက်ရင်တော့ ကျွန်မက သူဌေးတစ်ယောက်လို့ သူတို့က သတ်မှတ်ပါလိမ့်မည်။ ကျွန်မက ဆင်းရဲသားလို့သတ်မှတ်လိုက်တဲ့သူများကတော့ အစိုးရပိုင် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကြသော၊ သာမာန်အဆင့် အမှုထမ်းများနေထိုင်သော၊ စက်ရုံမှပေးသော၊ လိုင်းခန်းဟုခေါ်ထွင်သော၊ အဆင့်အတန်းအတော်အတန်မြင့်သော၊ ၆ ထပ်တိုက်ခန်းများတွင်နေထိုင်ကြသော အမှုထမ်းဝန်ထမ်းအိမ်ရာများမှ အမှုထမ်းမိသားစုများဖြစ်ပါသည်။ စုစုပေါင်းတိုက်ခန်းပေါင်း ၃၀ဝ နီးပါးနဲ့ အိမ်ထောင်စုပေါင်း ၅၀ဝ နီးပါးလောက်နေထိုင်ကြသော ခြံဝင်းကြီးအတွင်းမှ မြေညီထပ်အခန်းတစ်ခန်းတွင် ကျွန်မနေထိုင်ခဲ့ပါသည်။ မကြားချင် မမြင်ချင်မှအဆုံး အားလုံးကို သိနေရသည့်ကျွန်မအတွက် ဆင်းရဲခြင်းဆိုတာ ဒီလိုပါလားလို့ နားလည်ခဲ့ရသည့် အချိန်ကာလများဖြစ်ပါသည်။ မနက်မိုးမလင်းခင်ကထဲက အောက်ဆုံးထပ်ကနေ အပေါ်က ၅ ထပ်စလုံးကို အဆဲနဲ့စတင်ပြီး အတင်းတုတ်ခြင်းနဲ့အဆုံးသတ်ကာ […]


weiweiJanuary 17, 20124min54716
မော်လမြိုင် တက္ကသိုလ်လမ်းမကြီးကနေ ဆက်သွားရင် တောင်ဝိုင်းဘုရားကိုရောက်ပါတယ်။ တောင်ဝိုင်းဘုရားဆိုတာနဲ့ ဝင်္ကဘာကိုတွဲလျက် အမှတ်ရသွားခဲ့တယ်။ ငယ်ငယ်တုန်းက ဝင်္ကဘာထဲဝင်ပြီး ပြန်မထွက်နိုင်ဖြစ်ခဲ့တာလေးကို သတိရသွားတာနဲ့ ဝင်္ကဘာဆီကို ထပ်သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဝင်ပတ်ချင်စိတ်မရှိလို့ မဝင်ခဲ့ပဲ ဘောင်ပေါ်တက်ပြီး သူငယ်ချင်းဝင်သွားတာကို ရပ်ကြည့်နေခဲ့ပါတယ်။ ဝင်္ကဘာဝင်ပြီးတော့ ရဟန္တာငါးရာတောင်ပေါ်ကို တက်ကြတယ်။ လှေကားထစ်တွေနဲ့ မက်စောက်တယ်။ ငယ်ငယ်ကလိုမဟုတ်ပဲ မောတတ်လာတာကို သတိထားမိလာတယ်။ ရဟန္တာပုံတော်တွေလမ်းတစ်လျှောက်မှာ တွေ့ရပြီး နဲနဲမြင့်တဲ့နေရာတွေမှာ လက်ဆော့ထားတာတွေက စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ အမြင့်ကိုရောက်သွားလေ မော်လမြိုင်ရှုခင်းတွေက ပိုပြတ်သားလာလေပဲ။ အတ္ထရံတံတားကိုလဲ လှမ်းမြင်ရတယ်။ ရွှေရောင်စေတီလေးတွေကိုလဲ မြင်ရတယ်။ မော်လမြိုင်လေဆိပ်ကိုလဲ အပေါ်စီးကနေ မြင်ရပါတယ်။ မော်လမြိုင်ခရီးစဉ်ကို နိဂုံးချုပ်ရလျှင်တော့ စေတီပုထိုးအလွန်များပြားတယ်။ သန့်ရှင်းသပ်ရပ်တယ်။ မွန်လူမျိုးတွေ ဘာသာတရား အလွန်ကိုင်းရှုင်းကြတယ်။ တောင်တွေတိုင်းမှာ ဘုရားတည်ထားကြတယ်။ ဘုရားတွေမှာ ဆူညံစွာ အလှူငွေကောက်ခံခြင်း မတွေ့ခဲ့ရဘူး။ […]


weiweiJanuary 17, 20121min141636
ငယ်ငယ်တုန်းကအကြောင်း ပြန်တွေးမိတိုင်း ကစားမက်ခဲ့တာတွေကို ထင်ထင်ရှားရှားပြန်သတိရလေ့ရှိပါတယ်။ လမ်းမထွက်ပြီး ကစားနေရလျှင် ထမင်းမေ့ဟင်းမေ့ကစားလေ့ရှိပါတယ်။ ကျောင်းသွားရမှာကိုလဲ အလွန်ပျော်တယ်။ ကျောင်းမှာဆို လူများများနဲ့ပိုကစားလို့ကောင်းသည်လေ။ ဈေးကြီးနဲ့နီးပြီး ဈေးသည်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းကြတဲ့ ကျွန်မတို့မိသားစုမှာ ကလေးတွေကို သေချာဂရုစိုက်ဖို့ အချိန်မရကြပါဘူး။ အိမ်နီးနားချင်းကလေးတွေနဲ့ ဆော့ကစားရင်း ငယ်ဘဝတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်မအတွက် ထူးထူးခြားခြား သတိရစရာတွေကတော့ မူလတန်းအရွယ်၏ နွေရာသီကျောင်းပိတ်ရက်များဖြစ်ပါတယ်။ ကျောင်းပိတ်ပြီဆိုတာနဲ့ မိဘတွေကထိန်းရသက်သာအောင် အဖိုးအဖွားအိမ်ကို ပို့ထားလေ့ရှိပါတယ်။ မြို့ပြင်မှာနေတဲ့ အဖိုးအဖွားအိမ်က အခုတွေးကြည့်လိုက်ရင် နိဗ္ဗာန်ဘုံလေးတစ်ခုလိုပဲ အေးချမ်းလွန်းလှပါတယ်။ ခြေတံရှည် သစ်သားအိမ်လေးတစ်လုံးမှာ ဖိုးဖိုးရယ် ဖွားဖွားရယ် ကျွန်မနဲ့ရွယ်တူ အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် နေကြတယ်။ အိမ်ရှေ့မှာ ဝရန်တာနဲ့ အိမ်နောက်ဖက်မှာ ရေကပြင်လေးနဲ့ ထညင်းပင်ကြီးက ရေကပြင်ကို မိုးနေတာက နွေရာသီနေ့လည်တွေကို အေးမြစေပါတယ်။ တစ်ဧကလောက်ကျယ်ဝန်းပြီး သစ်ပင်ကြီးတွေအပြည့်ရှိတဲ့ ဖိုးဖိုးအိမ်က […]


weiweiJanuary 15, 20124min2817
ဗဟုသုတအနေနဲ့ရော အမှတ်တရအနေနဲ့ပါ တင်ထားပေးလိုက်ပါတယ် … မော်လမြိုင်က ဘုရားစေတီတွေက သန့်ရှင်းသပ်ရပ်တယ် … လက်ရာတွေ အရမ်းကောင်းတယ် … ရုပ်ပွားတော်တွေရဲ့မျက်နှာတော်တွေက ယိုးဒယားနဲ့ဆင်ပါတယ် …


weiweiJanuary 14, 20125min83324
မော်လမြိုင်ပုံလေးတွေ ရွေးချယ်ပြီး တင်လိုက်ပါတယ်။ အမှတ်တရပေါ့။ မရောက်ဖူးတဲ့သူတွေလဲ မော်လမြိုင်ကို မှန်းကြည့်လို့ရအောင်… မော်လမြိုင်က လူမရှုပ်ဘူး။ သန့်ရှင်းတယ်။ တောင်လဲရှိ ရေလဲရှိတယ်။ ရာသီဥတုကောင်းတယ်။ အစားအသောက်ကောင်းတယ်။ ရှုခင်းကောင်းတယ်။ ကားလဲပေါတယ်။ ဓါတ်ပုံတွေရိုက်တဲ့နေ့က မြူနဲနဲရှိနေလို့ ပုံတွေသိပ်မကြည်ဘူးဖြစ်နေတယ်။ မြို့ထဲက ဘုရားပုံတွေကို ပေါင်းပြီး တစ်ခုတင်ပေးပါအုန်းမယ် … အခုမှပြန်ကြည့်တော့ ဘုရားနံမည်တွေမေ့နေလို့ … အတူသွားတဲ့ သူငယ်ချင်းကို ပြန်မေးရအုန်းမယ် ..


weiweiJanuary 14, 20121min75428
အခုလိုရာသီမှာ ပန်းဂေါ်ဖီပေါလေ့ရှိပါတယ်။ အပွင့်ကြီးကြီးနဲ့ ဈေးပေါတဲ့အချိန်မှာ ပန်းဂေါ်ဖီသနပ် လုပ်စားလေ့ရှိကြပါတယ်။ ပြုလုပ်နည်းကတော့ …. ပါဝင်သောပစ္စည်းများ ပန်းဂေါ်ဖီအပွင့်ကြီးကြီး တစ်ပွင့် ကြက်သွန်ဖြူ အမွှာကြီး ထည့်လိုသလောက် ငရုတ်သီးစိမ်းတောင့်ကြီး အနည်းငယ် ဆား မြန်မာဗီနီကာ ဇီယာ ပဲနံသာစေ့ သနပ်လုပ်တဲ့မဆလာမှုန့် မဲမဲအစေ့လေးတွေ (ဘယ်လိုခေါ်လဲမသိဘူး) ငရုတ်သီးအစိမ်းမှုန့် ဆီ ပြုလုပ်ပုံအဆင့်ဆင့် ပန်းဂေါ်ဖီကို အတုံးသေးသေးတုံးပြီး ဆားရေနဲ့အရင်ဆေးရပါမယ်။ ပြီးရင် ရေစစ်ပြီး ရှလကာရည်နဲ့ နာရီဝက်ခန့်စိမ်ရမယ်။ ရှလကာရည်ကို မြုပ်အောင်မစိမ်နိုင်ရင် ဇွန်းရှည်တစ်ချောင်းနဲ့အပေါ်အောက်နှံ့အောင် ခဏခဏမွှေပေးနေရပါမယ်။ အဲဒီထဲကို ကြက်သွန်ဖြုလှီးထားတာနဲ့ ငရုတ်သီးစိမ်းလဲ ထည့်စိမ်ရပါမယ်။ အချဉ်ဓါတ်ဝင်လာရင် ဇကာနဲ့ပြန်စစ်ပြီး နေပူလှမ်းရပါမယ်။ နေပူလှမ်းနိုင်တဲ့အချိန်ပေါ်မူတည်ကြီး ရေရှည်ထားနိုင်တဲ့အချိန်ကွာပါတယ်။ ၂ ရက်လောက်နဲ့ အပြတ်စားချင်ရင်တော့ နေပူမလှမ်းလဲရပါတယ်။ ခြောက်နေရင်တော့ ကြာကြာပိုခံတာပေါ့ … ဇီယာနဲ့ပဲနံသာစေ့ကို ထောင်းရမယ်။ […]


weiweiJanuary 13, 20123min70626
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်တောရ – ရတနာတောင်မှာ တည်ရှိပါတယ်။ အတောင် ၄၀ဝ (ပေ ၆၀၀) ရှိသော ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဇိနသုခရန်အောင် ချမ်းသာဘုရားကြီး ဖြစ်ပါတယ်။ ဘုရားကြီးရဲ့ ခြေထောက်တော်ကနေဝင်လိုက်ရင် အထဲမှာ အခန်း ပေါင်း ၁၈၂ ခန်းရှိပါတယ်။ ဗုဒ္ဓဝင်ရုပ်လုံး ရုပ်ထုများနှင့် ငရဲပြည်၊ လူ့ပြည်၊ ဗြဟ္မာပြည်၊ နတ်ပြည် အသီးသီး ပုံစံအမျိုးမျိုးနဲ့ ရုပ်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ ၁၃၅၃ ခုနှစ် ပြာသိုလဆုတ် (၁၀) ရက်နေ့ (၂၉-၁-၁၉၉၂) ဗုဒ္ဓဟူးနေ့ကစပြီး မွန်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရ ကိုယ်တိုင် အုတ်မြစ်ချခဲ့ပြီး ဦးစီးတည်ဆောက်ခဲ့ပါတယ်။ အမြင့်ပေ ၁၁၈ ပေရှိပြီး အထပ်ပေါင်း ၈ ထပ် […]


weiweiJanuary 12, 20121min48018
တရုတ်နှစ်ကူးနားနီးပြီဆိုတော့ တရုတ်အစားအစာတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ ပယ်ကောလို့ခေါ်တဲ့ အစေ့လေးတွေ တရုတ်တန်းနဲ့ စီးတီးမတ်တွေမှာ ရောင်းနေတာတွေ့မိလို့ ဝယ်လာပြီး ဝက်နံရိုးနဲ့ စွပ်ပြုတ်လုပ်လိုက်ပါတယ်။ အခွံမာမာနဲ့အစေ့ (ဓါတ်ပုံထဲကအတိုင်း) ကို ရေခဏစိမ်ပြီး ထုလိုက်ရင် အထဲက အစေ့ခပ်ဝါဝါလေးရပါတယ်။ အညိုရောင်အခွံပါးပါးလေးကို လက်နဲ့တွန်းချွတ်လိုက်ရင် ချက်ဖို့အဆင်သင့်ဖြစ်သွားပါပြီ။ ဝက်နံရိုးကို ရေစင်စင်ဆေး၊ ဆား၊ သကြားနဲနဲနဲ့နယ်ပြီး မီးဖိုပေါ်ခဏလောက်ခြောက်အောင်လှော်ပေးရပါတယ်။ ခပ်ညိုညိုလေးမွှေးလာရင် ရေထဲပြီးနူးလာသည်အထိပြုတ်ရုံပါပဲ။ ကျွန်မကတော့ မြန်မြန်ကျက်အောင် ပရက်ရှာကိုကာနဲ့ တည်လိုက်ပါတယ်။ နာရီဝက်လောက်ဆို နူးပြဲသွားပါတယ်။ နံရိုးနူးတော့မှ ပယ်ကောထည့်ပြီး ၅ မိနစ်လောက် ထပ်တည်လိုက်ပြီးရင် စားလို့ရပါပြီ။ ပယ်ကောရဲ့အရသာက စိမ့်ပြီး အခါးဓါတ်အနဲငယ်ရှိပါတယ်။ ဝါးစားရင်း စီးတီးတီးနဲ့နူးညံ့ပါတယ်။ အရသာကို စာနဲ့မရေးပြတတ်လို့ ဝယ်ပြီးချက်စားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အခုလို တရုတ်နှစ်ကူးနီးတဲ့အချိန်မှာမှ ဝယ်လို့ရပြီး တခြားအချိန်တွေဝယ်ချင်ရင် တော်တော်ရှားတဲ့ အစားအစာဖြစ်ပါတယ်။ […]


weiweiJanuary 11, 20122min65720
ဖားအောက်တောရထဲကို ရောက်သွားတဲ့အချိန်က ညနေစောင်းဖြစ်နေလို့ ဓါတ်ပုံသေချာရိုက်ဖို့ အချိန်မရလိုက်ပါဘူး။ ရုံးခန်းကိုသွားပြီး အလှူဒါနပြုရင်း လိုချင်တဲ့ စာအုပ်တစ်ချို့ဝယ်ဖြစ်တာနဲ့ အချိန်တော်တော်ကုန်သွားခဲ့ပါတယ်။ မော်လမြိုင်က ဖားအောက်တောရရိပ်သာဟာ ကျွန်မအတွက်တော့ အတိတ်ကောင်းတစ်ခုရှိခဲ့တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အတိတ်ကိုပြန်တွေးရင် အလွန်ကျေနပ်ပီတိဖြစ်စရာကောင်းတဲ့ အမှတ်တရနေရာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ရ နှစ်လောက်က ကျွန်မတို့မိသားစု မော်လမြိုင်ကို ဘုရားဖူးလာရင်း သံဖြူဇရပ်မြို့က ဖေဖေ့မိတ်ဆွေရဲ့ မိတ်ဆွေအိမ်မှာ တည်းဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ကို သန်လျင်ကမှန်းလဲသိရော အဲဒီမိတ်ဆွေက အရမ်းဝမ်းသာသွားပြီး ဖားအောက်တောရမှာ အဲဒီမိတ်ဆွေရဲ့မယ်တော် (သီလရှင်) တစ်ပါးရှိပြီး သန်လျင်ကလူတွေကို အရမ်းတွေ့ချင်နေလို့ နောက်တစ်နေ့ လိုက်ပို့ပြီး တွေ့ပေးချင်တယ်လို့ပြောလာတယ်။ ကျွန်မတို့လဲ ဝမ်းသာအားရဖြစ်ပြီး သွားတွေ့ကြပါတယ်။ ပထမဆုံးအကြိမ် မော်လမြိုင်ဖားအောက်တောရကို ရောက်ဖူးခြင်းပါပဲ။ မယ်တော်ကြီးက သန်လျင်ဘက်မှာ ရိပ်သာခွဲဖွင့်ချင်လို့ မြို့ခံလူတွေနဲ့ ဝိုင်းဝန်းကူညီပေးနိုင်တဲ့လူခံတွေလိုနေတဲ့အချိန်ဖြစ်ပါတယ်။ ကျိုက်ခေါက်ဘုရားပတ်ဝန်းကျင်မှာ ရိပ်သာခွဲဖွင့်နိုင်ဖို့အတွက် လိုအပ်တဲ့မြေနေရာ၊ သာသနာ့မြေလျှောက်ထားရေးကိစ္စ၊ […]


weiweiJanuary 6, 20122min66220
ဒီပို့စ်မှာ ရေးစရာနဲနဲများတယ်။ ကျိုက်မရောက လမ်းခရီးသာယာတယ်။ ထန်းပင်တွေ တန်းစီနေတာ အများကြီးတွေ့ရတယ်။ ကျိုက်မရောရောက်ရင် ဆုတောင်းပြည့်ဘုရားကြီးကို ဘုရားဖူးတိုင်း သွားဖူးကြပါတယ်။ အဲဒီဘုရားရဲ့ထူးခြားချက်က ထပြီးလမ်းလျှောက်တော့မလို အနေအထားနဲ့ ထုလုပ်ထားတယ်။ မျက်နှာတော်ကိုပဲဖြတ်ကြည့်ရင် ရှေ့တည့်တည့်ကိုကြည့်နေလို့ မတ်တပ်ရပ်နေသလို ထင်ရပါတယ်။ အရင်တုန်းက ခြေထောက်မှာ သံခြေချင်းခတ်ထားပေမယ့် အခုတော့ဖြုတ်ထားလိုက်ပါပြီ။ ဒေသခံတစ်ယောက်ပြောပြတာကတော့ အရင်တုန်းက အဲဒီနေရာတွေက လယ်ကွင်းတွေပဲရှိတယ်။ ရေကြီးတဲ့အချိန်မှာ လူတွေက အဲဒီနေရာကို စွန့်သွားရတဲ့အချိန်မှာ ဘုရားမျောပါသွားမှာစိုးလို့ ခြေချင်းခတ်ထားတာပါတဲ့။ ကျန်တဲ့ရာဇဝင်တွေ သိတဲ့သူရှိရင် ပြောပြပါအုန်း …. ဘုရားကြီးဘေးနားမှာ အဆောင်တစ်ခုနဲ့ နဂါး အမြုတေထားတဲ့နေရာရှိပါတယ်။ စပ်စုချင်လို့ ဝင်ကြည့်လိုက်တော့ ပုံထဲမှာပြထားတဲ့အတိုင်း ဘဲဥပုံစံကျောက်လုံးလေးတွေ တွေ့ခဲ့ရတယ်။ အဲဒီနေရာက နဂါးရှိရာနေရာမို့ အမတေရှိရာ အမတေစု ဆိုသလိုမျိုး တခြားဒေသကတွေ့ရတဲ့ နဂါးအမတေတွေကိုလဲ အဲဒီမှာ တစ်ပေါင်းထဲ […]


weiweiJanuary 6, 20121min3739
ကျွန်မရုပ်ရှင်ကြည့်တာ ဝါသနာပါပါတယ်။ ရုပ်ရှင်ကားတွေအများကြီးကြည့်ဖူးတယ်။ ဒါပေမယ့် နံမည်တွေကို မှတ်လို့မရဘူး။ မင်းသား၊ မင်းသမီးနံမည်တွေလဲ မှတ်ထားလေ့မရှိပါဘူး။ ရုပ်ရှင်ကြည့်နေတုန်း ရုပ်ရှင်ကို ခံစားပြီးကြည့်တယ်။ ရုပ်ရှင်ကပေးတဲ့ သုတ ရသကို အာရုံစိုက်လေ့ရှိပြီး ကျန်တာတွေကို မေ့ပစ်တတ်တဲ့ အကျင့်တစ်ခုကြောင့် ရုပ်ရှင်တွေအကြောင်းပြောမယ်လို့ စဉ်းစားလိုက်တိုင်း အစဖော်မရဖြစ်နေတာနဲ့ ရုပ်ရှင်အကြောင်း ရေးမယ့်စိတ်ကူး အကောင်အထည်မဖော်နိုင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တချို့ဇာတ်ကားတွေကိုတော့ စိတ်ထဲမှာ အရမ်းအမှတ်ရနေမိတတ်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကောင်းတဲ့ဇာတ်လမ်းမျိုးပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်ဖူးတဲ့ Last Holiday ဇာတ်ကားကို ကျွန်မအရမ်းမှတ်မိနေပါတယ်။ ပိုစတာက လူမဲအမျိုးသမီးသရုပ်ဆောင် Queen Latifah ၊ မင်းသားကလဲ လူမဲမင်းသားမို့ အဲဒီကားကို တော်တော်နဲ့ မကြည့်ဖြစ်ခဲ့ဘူး။ နောက်ဆုံးသိပ်ပျင်းတဲ့တစ်ရက်မှာ ဘာမှကြည့်စရာမကျန်တော့နဲ့ အဲဒီကားလေးကို ကြည့်မိတယ်။ ဇာတ်လမ်းက […]