weiweiJanuary 5, 20123min44322
မော်လမြိုင်ဘက်ကို ၅ ကြိမ်လောက် သွားရောက်လည်ပတ်ဖူးပေမယ့် ခရုံဂူကို ယခုတစ်ခေါက်သွားမှ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်က townace ကားတစ်စီးကို ငှားပြီး နေရာအနှံ့အေးအေးဆေးဆေးလျှောက်လည်လို့ ရောက်ဖြစ်ခဲ့တာပါ။ ကျိုက်မရောမြို့နယ်အတွင်းမှာ တည်ရှိပြီး အတ္ထရံတံတားကို ဖြတ်ကျော်သွားရပါတယ်။ လမ်းခရီးတစ်လျှောက် ထန်းပင် ထန်းလက် ထန်းရွက်ညီညီ ကျိုက်မရောမြို့ကသာယာလှပေသည် ဆိုတဲ့ သီချင်းထဲကအတိုင်း အလွန်သာယာပါတယ်။ အေဒီ ၁ရ ရာစုလောက်ကထဲက တည်ရှိခဲ့တဲ့ ကျောက်ဂူဖြစ်ပြီး ၁၉၇၅ ခုနှစ်ကစပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားတယ်လို့ ကျောက်တိုင်မှာ ဖတ်လိုက်ရပါတယ်။ ဂူကြီးက တော်တော်ကြီးတယ်။ အထဲမှာ မြင့်ပြီး တော်တော်လေးမှောင်တယ်။ ဓါတ်မီးတွေ စုထိုးပြီးမှ နံရံကို မြင်ရပါတယ်။ သိပ်မှောင်လို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေဘူး။ ဂူကတစ်နေရာမှာ လမ်းပိတ်သွားတာကြောင့် သွားနိုင်တဲ့လမ်းကြောင်းသိပ်မရှည်ပါဘူး။ ဂူထိပ်ပိုင်းမှာ လင်းစွဲကောင်တွေနေကြလို့ အနံ့အသက်သိပ်မကောင်းဘူး။ တွဲလောင်းအိပ်နေတဲ့ […]


weiweiJanuary 4, 20121min33916
မခင်လတ်နဲ့ ၉ တန်းကျောင်းသားလေး သားပုဆွေးနွေးထားတာ ဖတ်ကြည့်ပြီး စာရေးချင်စိတ် ပေါ်လာပါတယ်။ ကျွန်မဟာ ၉ တန်း ၁ဝ တန်း အရွယ်က သားပုလိုပဲ ကိုယ်ထင်တာအမှန်လို့ပဲ ယူဆခဲ့ပါတယ်။ အယူအဆတစ်ခုအပေါ်မှာ အားမာန်အပြည့်ရှိခဲ့တယ်။ စာတွေအရမ်းဖတ်တယ်။ တွေးတယ်။ ကျွန်မမှာ ဘကြီးတစ်ယောက်လို အရမ်းလေးစားရတဲ့ လူတစ်ယောက်က ကျွန်မနဲ့တစ်ရပ်ကွက်ထဲမှာနေပြီး အဖေနဲ့လဲ ရင်းနှီးပါတယ်။ အဲဒီလူကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပါတီဥက္ကဌတစ်ယောက်ဖြစ်ပြီး စာအုပ်ကြီးသမား ရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မလိုကလေးတစ်ယောက်အတွက် အတုယူစရာလူတစ်ဦးဖြစ်နေခဲ့ပြီး ကျွန်မကိုသူ့စာအုပ်တွေ၊ သူ့အတွေးတွေနဲ့ လွှမ်းမိုးသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်ပြီးတော့ အဲဒီဘကြီးလဲ လူကြီးရောဂါနဲ့ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ကျွန်မလဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါတယ်။ ကျွန်မတို့ခေတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက်နားနေရသေးတယ်။ အဲဒီအချိန်မှာ သင်တန်းမျိုးစုံတက်ဖြစ်ပြီး သူငယ်ချင်းမျိုးစုံနဲ့ကြုံရချိန်မှာ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းအနဲငယ်နဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ […]


weiweiJanuary 3, 20122min69837
မွန်ပြည်နယ်ဘက်ကိုရောက်တာနဲ့ တောင်တွေကို စတွေ့ရပါတယ်။ တောင်ထိပ်တိုင်းမှာ ဘုရားတွေနဲ့ အရင်တုန်းကတော့ ထုံးဖြူဖြူဘုရား အခုတော့ ရွှေရောင်တဝင်းဝင်းနဲ့ ဘုရားစေတီတွေ အများကြီး တွေ့မြင်ရပါတယ်။ ရော်ဘာပင်တွေ မျက်စိတဆုံးတွေ့ရတယ်။ ထန်းပင်ထန်းလက်တွေနဲ့ လမ်းခရီးကလဲ သာယာပါတယ်။ မုဒုံမှာ နံမည်ကြီး မုဒုံကန်ကြီးဆီကိုရောက်တော့ ကားပေါ်ကဆင်းဆင်းခြင်း “အမျိုးသမီးများ မဆင်းရ” ဆိုတဲ့ ဆိုင်းဘုတ်ကို စမြင်လိုက်ရတယ်။ အဆန်းပါလားလို့ ဓါတ်ပုံရိုက်ထားလိုက်တယ်။ ကားဆရာပြောပြတာက ဒီကန်ကြီးထဲမှာ နဂါးကြီးရှိတယ်တဲ့။ ဟိုးအရင်နှစ်တွေက အမျိုးသမီးရေကန်ထဲဆင်းတဲ့အခါ အချိန်အခါမဟုတ် လှိုင်းလေတွေ ထန်ပြီး ငလျှင်လှုပ်သလို ဖြစ်ခဲ့ဖူးတယ်တဲ့။ အဲဒီနောက်ပိုင်းမှာ နဂါးကြီးက အမျိုးသမီးတွေရေထဲဆင်းတာကို မကြိုက်တာလို့ ယူဆပြီး တားမြစ်လာခဲ့တာ ယနေ့အထိပဲတဲ့ … ကျိုက်ခမီဘုရားမှာလဲ အမျိုးသမီးမတက်ရဆိုတဲ့ အယူအဆနဲ့ မုဒုံကန်ထဲ အမျိုးသမီးမဆင်းရဆိုတာတွေကို မြင်တွေ့ရတာ ခေတ်နောက်ကျလိုက်တဲ့ အယူအဆအဟောင်းအနွမ်းတွေလို့ တွေးလိုက်မိပါတယ်။ […]


weiweiJanuary 3, 20124min38414
မော်လမြိုင်ဆိုတာနဲ့ ကျိုက်ခမီဘုရားကို အရင်ဆုံးသတိရကြပါလိမ့်မယ်။ မော်လမြိုင်မြို့ပေါ်ကနေ တစ်နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ မုဒုံ၊ သံဖြူဇရပ်ကို ကျော်ဖြတ်ပြီးမှ ကျိုက်ခမီကို ရောက်တယ်။ လမ်းတလျှောက် မျက်စိတဆုံးမြင်ခဲ့ရတဲ့ ရော်ဘာပင်တွေက မွန်ပြည်နယ်ကို ချမ်းသာတဲ့ပြည်နယ်တစ်ခုလို့ သက်သေပြနေသလိုပါပဲ။ ဘုရားကိုရောက်တော့ မနက် ၉ နာရီအချိန်ပါ။ ပိတ်ရက်မဟုတ်လို့ ဘုရားဖူးတဲ့လူတွေ သိပ်များများမတွေ့ခဲ့ရဘူး။ ဘုရားကိုသွားရတဲ့လမ်း (နတ်လမ်းလို့ခေါ်တယ်ထင်တာပဲ) ပြုပြင်နေချိန်မို့ အမြင်ထဲမှာ နဲနဲတော့ မျက်စိရှုပ်နေတယ်။ ဓါတ်ပုံလေးတွေ အလွမ်းပြေကြည့်ကြပါအုန်း … ဘုရားဖူးအဖွဲ့တွေနဲ့သွားရင် ကျိုက်ခမီက ခြေတံရှည်ဇရပ်တွေပေါ်မှာ အိပ်ကြရပါတယ်။ ထမင်းဟင်းချက်စားလို့ရတယ်။ ဘုရားဖူးရာသီတွေမှာ အရမ်းစည်ကားပြီး တည်းခိုရတာ အဆင်မပြေဖြစ်ရလေ့ရှိပါတယ်။ အဲဒီဘုရားကိုရောက်တိုင်း အမျိုးသမီးများ မတက်ရဆိုတဲ့လှေကားကိုမြင်လိုက်တိုင်း စိတ်ထဲမှာ ဘဝင်မကျဖြစ်မိတယ်။ ဘုရားသမိုင်းကြောင်းနဲ့ပတ်သက်ရင် မုဆိုးမတည်ခဲ့တဲ့ဘုရားဆိုတာကလွဲပြီး ပိုမသိပါဘူး။ သိတဲ့သူများရှိရင် ကွန်မန့်ကနေ ပြောပြပါလို့ တောင်းဆိုချင်ပါတယ်။


weiweiJanuary 2, 20124min2256
မော်လမြိုင်သားတွေတောင် တကူးတက သွားကြည့်ကြမယ့် နေရာတစ်ခု ဟုတ်မယ်မထင်ပါဘူး။ ကျွန်မတို့ကို လိုက်ပို့တဲ့ မော်လမြိုင်သားစစ်စစ်ကတောင် တစ်ခါမှ မရောက်ဖူးဘူးလို့ ပြောပါတယ်။ မြို့ပေါ်မှာတည်ရှိပြီး ဝင်ကြေး ၂၀ဝ ကျပ်ပေးရပါတယ်။ ကျောင်းသားကျောင်းသူ အခမဲ့ဖြစ်ပါတယ်။ ၂ ထပ် အဆောက်အဦးတစ်ခုဖြစ်ပြီး အထဲမှာ လေ့လာနေတဲ့ဧည့်သည်တစ်ယောက်မှ မရှိနေတာက ပြတိုက်ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ အတွင်းမှာ အလင်းအားမကောင်းပဲ မီးချောင်းသာဖွင့်ထားတာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေခဲ့ပါဘူး။ အေဒီ ၁၅ ရာစုနဲ့ ၁ရ ရာစုက ပန်းချီ ပန်းပု တွေကို ပြသထားတာတွေ့ရပါတယ်။ အများအားဖြင့် ဘုရားဆင်းတုတော်တွေပုံစံတွေဖြစ်ပါတယ်။ ယိုးဒယားလက်ရာနဲ့ အတော်လေးဆင်တူတာကို တွေ့ရပါတယ်။ အားလုံးမဟုတ်ပေမယ့် ရိုက်မိသလောက်ထဲက အဆင်ပြေမယ်ထင်တာလေးတွေ ရွေးတင်ပေးလိုက်ပါတယ် … ရှင်စောပုဘုရင်မအသုံးပြုခဲ့တဲ့ ဥသျှောင်အစစ်ကို ရွှေတိဂုံစေတီကနေ တွေ့ရှိခဲ့ပြီး ယခုအခါ လန်ဒန်ကပြတိုက်မှာ ရှိနေပါတယ်။ […]


weiweiJanuary 2, 20124min2468
မော်လမြိုင်ခဏခဏရောက်ဖူးပေမယ့် သံဖြူဇရပ်က စစ်သင်္ဂျိုင်းကို အခုတစ်ခေါက်မှပဲ ရောက်ဖူးခဲ့ပါတယ်။ ကျွန်မတို့ဧည့်သည် ဩစကြီးယားနိုင်ငံသားက သူ့အဘိုးရဲ့မိတ်ဆွေတွေကျောက်တိုင် ရှိနေလို့ ဝင်ပြီးဂါရဝပြုချင်တယ်ဆိုတာနဲ့ ရောက်ဖူးသွားခြင်းဖြစ်ပါတယ်။ ဝင်းထဲကိုဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတာကို တွေ့ရပါတယ်။ ဝင်ကြေးမပေးရပါဘူး။ အင်္ဂလန်က တိုက်ရိုက်လစာပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ၁၉၃၉ ကနေ ၁၉၄၅ အတွင်း စစ်အတွင်းကျဆုံးသွားတဲ့ နိုင်ငံခြားသားစစ်သည်များရဲ့ ကျောက်တိုင်များကို ဗဟုသုတအနေနဲ့ကြည့်ရအောင် ဓါတ်ပုံတစ်ချို့ တင်ပေးလိုက်ပါတယ် …. အထဲကိုဝင်လိုက်ချိန်မှာ ပန်းခြံတစ်ခုလိုဖြစ်နေပေမယ့် မြေပုံတွေကို တစ်ခုချင်းသေချာကြည့်ရင်း ရင်ထဲမှာ ဝမ်းနည်းသလိုလို ခံစားရပါတယ်။ ဆွေမျိုးသားချင်းတွေ လာရောက်အလေးပြုလေ့ရှိတယ်လို့ သိရပေမယ့် အရေအတွက်အရမ်းနဲပါတယ်တဲ့။ ထိုင်းဘက်မှာလဲ အခုလိုမျိုး စစ်သဂျိုင်းရှိပြီး သွားရောက်အလေးပြုတဲ့သူပိုများတယ်လို့ သိရပါတယ်။ ကျွန်မတို့ဧည့်သည်က သူ့ဆွေမျိုးသားချင်းတွေကို အကြာကြီးရှာပြီးတဲ့နောက် ၃ ခု တွေ့သွားတယ်။ အလေးပြုရင်း မျက်ရည်ဝဲနေတာတွေ့ခဲ့ရလို့ […]


weiweiJanuary 1, 20124min52635
မော်လမြိုင်ရောက်တုန်း သွားလည်ခဲ့တဲ့ ကမ်းခြေတစ်ခုပါ။ ငယ်ငယ်ကလေးထဲက ရောက်ဖူးတဲ့နေရာတစ်ခုအနေနဲ့ ရင်ထဲမှာ ရင်းနှီးပြီးသားနေရာတစ်ခု ဖြစ်ပါတယ်။ မြို့ပြကနေ ခေတ္တထွက်ပြေးပြီး မြင်လိုက်ရချိန်မှာ မြင်ကွင်းဆန်းသစ်ပြီး ခံစားချက်တွေလဲ လွတ်လပ်လို့သွားပါတယ် … သဲပြင်ပေါ်မှာ ဖိနပ်မပါနဲ့ လျှောက်ခဲ့ရတဲ့ အရသာကတော့ ရေးမပြတတ်အောင်ပါပဲ … လတ်ဆတ်တဲ့ ပင်လယ်ရေအနံ့နဲ့ အုန်းစိမ်းရေသောက်ခဲ့တယ် … ဂဏန်းဟင်းနဲ့ ပင်လယ်စာတွေနဲ့ စားခဲ့ရတဲ့ စက်စဲကမ်းခြေက နေ့လည်စာကလဲ အမှတ်တရတစ်ခုပါပဲ … စက်စဲကမ်းခြေက ကျွန်မအမြင်မှာ အရင်ကထက် ပိုသန့်ရှင်းနေတယ်လို့ ခံစားမိပါတယ်။ ကမ်းစပ်နားမှာ ရေအနဲငယ်နောက်နေပေမယ့် နဲနဲဝေးဝေးကူးသွားလိုက်ရင် ပြာလဲ့လဲ့နဲ့ ကြည်လင်နေပါတယ်။ လူများများမတွေ့ရလို့ သန့်ရှင်းပြီး စိတ်လွတ်လပ်ပါတယ်။ ရေထောက်ဗလာနဲ့ ကမ်းခြေနားကပ်ပြီး လမ်းလျှောက်ရတာ အရမ်းကောင်းတယ်။ ကမ်းခြေနဲ့ နဲနဲလှမ်းတဲ့နေရာမှာတော့ အကောင်သေးသေးလေးတွေ သဲပြင်ပေါ် ပြေးလွှားနေတာမို့ ရှောင်လို့မရပဲ […]


weiweiJanuary 1, 20123min52135
နှစ်သစ်လက်ဆောင်ပါ … မနေ့ညနေက မော်လမြိုင် ကမ်းနားလမ်းပေါ်ကနေ ဆည်းဆာကို စောင့်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေဖြစ်ပါတယ် … ရွာထဲက ပရိုဓါတ်ပုံဆရာတွေကို မမှီပေမယ့် ပြချင်လွန်းလို့ …. နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ … မော်လမြိုင်ရောက်ခိုက် ညနေဆည်းဆာအချိန် ကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း ရိုက်ထားတဲ့ဓါတ်ပုံတွေဖြစ်ပါတယ်။ ကင်မရာအစုတ်ကလေးနဲ့မို့ သဘာဝအလှကို ပေါ်လွင်အောင် မပြနိုင်ဘူးဖြစ်နေပါတယ်။ မော်လမြိုင်မှာ ၃ ရက်တာ လျှောက်လည်ခဲ့တဲ့အချိန်မှာ ရွာသူားများကို သတိရနေမိတယ်။ ပြောပြချင်တာတွေ၊ ပြချင်တာတွေ အများကြီးရှိတယ်။ ပျော်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အတွေ့အကြုံကလေးတွေ နဲနဲချင်း ရေးပါအုန်းမယ် … ပထမဆုံးအနေနဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ ဆည်းဆာချိန်နဲ့ မော်လမြိုင်ခရီးစဉ်ကို စတင်မိတ်ဆက်လိုက်ပါတယ် …


weiweiDecember 27, 20111min52029
တစ်နှစ်စာ သင်ခန်းစာ ကျွန်မ ရွာလည်နေခဲ့တာ ၁၄ လ ရှိသွားပါပြီ။ အင်တာနက်မရတဲ့နေရာ ရောက်နေတဲ့အချိန်ကလွဲပြီး နေ့တိုင်းနေ့တိုင်း ရွာထဲဝင် ပို့စ်တွေဖတ်၊ သင်ခန်းစာတွေယူ၊ ကိုယ်သိတာလေးပြန်မျှရင်းနဲ့ ဂေဇက်နဲ့ပတ်သက်ရင် တော်တော်လေးနားလည် အကျွမ်းဝင်ပြီး အထာသိနေတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။ ဒီလောက်ကြာကြာ အချိန်ပေးပြီး ရေးနေ ဖတ်နေနိုင်တာကိုက ဂေဇက်ရဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့အပြင်လောကမှာ မိတ်ဆွေတွေရှိပါတယ်။ အများအားဖြင့် လိုင်းတစ်လိုင်းထဲမှာပဲ များတယ်။ ကျောင်းကသူငယ်ချင်းတွေရှိမယ်။ အလုပ်နဲ့ဆိုင်တဲ့မိတ်ဆွေတွေရှိမယ်။ ဆွေမျိုးရင်းခြာအနည်းငယ်ရှိတယ်ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် လိုင်းမစုံပါဘူး။ မြန်မာပြည်ထဲမှာ ကျွန်မမသိတာတွေ အများကြီး (အများကြီး) ရှိနေပါတယ်။ နိုင်ငံတကာဗဟုသုတလဲ အများကြီးသိဖို့ လိုနေပါသေးတယ်။ လက်လှမ်းမမှီတဲ့ အကြောင်းအရာအဖြစ်အပျက်တွေ၊ ဗဟုသုတတိုးစရာ အံ့ဖွယ်အဖြစ်အပျက်တွေအများကြီး သိစရာတွေ ရှိနေပါသေးတယ်။ သူငယ်ချင်းတစ်ယောက်ကပြလို့ ဂေဇက်ကိုဝင်ကြည့်လိုက်ချိန်မှာ လူပေါင်းစုံက လိုင်းပေါင်းစုံ ဝင်ရေးကြတာကို […]


weiweiDecember 25, 20111min42720
ကျွန်မကတော့ ထမင်းစားရင် ဟင်းရည်တစ်မျိုးမျိုးပါမှ စားတတ်ပါတယ်။ ပဲအမျိုးမျိုးနဲ့ အသီးအရွက်တွေကို ဟင်းရည်ချက်သောက်လေ့ရှိပြီး တစ်ခါတစ်ရံဘာမှအလွယ်တကူမရှိတဲ့အခါမျိုးမှာ ရေညှိဟင်းရည်လုပ်သောက်ပါတယ်။ ရေညှိတွေကို ဝယ်ဆောင်ထားတာမို့ အရမ်းလွယ်ကူလျှင်မြန်စွာချက်စားလို့ရပါတယ်။ city mart ကနေ ဟင်းချိုချက်သောက်တဲ့ရေညှိဝယ်လို့ရပါတယ်။ ကြက်ဥနဲ့ နှမ်းဆီမွှေးရှိရင်ချက်လို့ရပါပြီ။ အိုးသေးတစ်အိုးစာအတွက် ရေညှိအဝိုင်းတစ်ဝိုင်းရဲ့လေးပုံတစ်ပုံကိုညှပ်ထုတ်ပြီး ရေခဏစိမ်ရပါတယ်။ ရေမစိမ်ရင် သဲအနည်းငယ်ပါတတ်သဖြင့် ရေစိမ်ပြီးမှထည့်တာပိုကောင်းပါတယ်။ ကြက်ဥတစ်လုံးခေါက်ထားတယ်။ ရေနွေးဆူပွက်ချိန်မှာ စိမ်ထားတဲ့ရေညှိ၊ ကြက်ဥနဲ့ ဆားထည့်ပြီး တစ်မိနစ်လောက်တည်ရမယ်။ ပြီးရင် နှမ်းဆီမွှေးဖြန်းလိုက်ရင် စားလို့ရပါတယ် … လုပ်နည်းမှန်မမှန်တော့ မသိဘူးနော် … တရုတ်ပြည်မှာ စားခဲ့တဲ့အရသာနဲ့တစ်ထပ်ထဲတူပါတယ် … ကိုရီးယားမှာနေတဲ့သူတွေ ဟုတ်မဟုတ် ကွန်မန့်ပေးကြပါအုန်း …


weiweiDecember 24, 20111min47338
“မမ .. ဆံပင်ဖြူတစ်ချောင်းတွေ့တယ် .. နှုတ်လိုက်ရမလားဟင် ….” ကျွန်မညီမလေးက ဆံပင်ညှပ်ပေးရင်း ရုတ်တရက်မေးလိုက်တယ်။ “ဟင် .. တကယ်လား … မဖြစ်နိုင်ဘူးထင်တယ် … အနက်ကပြောင်နေတာကိုများ မျက်စိမှားတာလား” မယုံကြည်တဲ့လေသံနဲ့ ပြန်မေးလိုက်မိတယ်။ “သေချာပါတယ်ဟာ … ဆံပင်ဖြူအစစ်ပါ … မယုံရင် နှုတ်ပြမယ် …” နှုတ်ပြီး ကျွန်မလက်ထဲကို ထည့်လိုက်တယ်။ “ဟယ် … ဟုတ်ပါရဲ့ … ထပ်ကြည့်ပါအုန်း ရှိသေးလားလို့ …” “မရှိတော့ဘူး … တစ်ချောင်းထဲပါပဲ …” ဒီတစ်ခေါက် ဇရာတံခါးခေါက်သံက တော်တော်ပြင်းသွားပါတယ်။ ကျွန်မကိုယ်တိုင် သေချာကြားလိုက်ပြီး တုန်လှုပ်မိသွားပါတယ်။ လူ့သက်တမ်း ၃ ပုံ ၂ ပုံလောက် ရောက်နေပေမယ့် ဆံပင်တစ်ချောင်းမှ မဖြူသေးတာကို ဂုဏ်ယူခဲ့သမျှ […]


weiweiDecember 21, 20111min64331
မင်္ဂလာဆောင်ပွဲတစ်ခုသွားဖို့အတွက် အဝတ်အစားဒီဇိုင်းရွေးချယ်ရင်း စိတ်ရှုပ်ထွေးနေမိပါသည်။ ညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်ဆိုတော့လည်း ကောင်းကောင်းမွန်မွန်လေး ဝတ်စားသွားမှ တော်မည်မို့ ဆံပင်ကအစ ဖိနပ်အဆုံး လိုက်ဖက်ညီအောင် စဉ်းစားလိုက်ရတာ ဆံပင်တွေတောင် ဖြူလောက်အောင် ခေါင်းစားနေပါတော့သည်။ (ဒီဖက်ရှင်က ရွာထဲမှာ ပွဲတက်ပြီးသား) သရုပ်ဆောင်လဲမဟုတ်၊ နံမည်ကြီးလုပ်ငန်းရှင်လဲမဟုတ်၊ သူဌေးလဲမဟုတ်လို့ ဖက်ရှင်မလိုဘူးလို့ မထင်လိုက်ပါနဲ့။ သူ့နေရာနဲ့သူ သူ့အတိုင်းအတာနဲ့သူ အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဖက်ရှင်ထွင်ရတာ အလွန်ဝါသနာပါပါတယ်။ အလယ်တန်းအရွယ်ကထဲက ပိတ်စကလေးတွေကို ကော်ပတ်ရုပ်ကောင်မလေးမှာ အဝတ်အစားချုပ်ပေးရင်း ဒီဇိုင်းတွေ တီထွင်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ မိဘတွေက အလိုမလိုက်ခဲ့လို့ စိတ်ထဲမှာလိုချင်တာကို စိတ်ကူးယဉ်နေရုံပဲရှိခဲ့ပေမယ့် ဆယ်တန်းအောင်ပြီးကထဲက လိုချင်တဲ့ဒီဇိုင်းကို ဝတ်နိုင်အောင် ကြိုးစားအားထုတ်နိုင်ခဲ့ပါတယ်။ ဘယ်လိုဒီဇိုင်းကို ဝတ်ချင်တယ်။ ဘယ်လိုဝတ်လိုက်ရင်လှမယ် စသဖြင့် ညီအမတွေတိုင်ပင်ကြပြီး ကိုယ်တိုင်ချုပ်ကြပါတယ်။ ဗိုလ်ချုပ်ဈေးလိုနေရာကို ခြေတိုအောင်လျှောက်ပြီး ဖက်ရှင်တွေလေ့လာကြည့်ခဲ့ဖူးပါတယ်။ […]


weiweiDecember 20, 20111min37418
ဆန္ဒမရှိပဲ အသက်ရှင်နေတဲ့ လူရယ်လို့ ရှိမည်မထင်ပါ။ ဆန္ဒတွေအမျိုးမျိုးအတွက် အသက်ရှင်ရပ်တည်နေရင်း ဆန္ဒပြည့်ဖို့အရေး ကြိုးပမ်းရင်း နေ့ရက်တွေ ကုန်ဆုံးနေကြတာပါလားလို့ သတိထားမိတာနဲ့အမျှ လူဆိုတာ အသက်ပိုကြီးလာလေလေ ဆန္ဒပိုများလာလေပါလားလို့ တွေးမိလာတာနဲ့ တစ်နေ့တာအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရိုးရှင်းလေးဆန္ဒများကို သတိထားသုံးသပ်ကြည့်မိပါတယ်။ ရုံးပိတ်ရက်မနက်စောစော အိပ်ယာထချိန်ကစလို့ ဆန္ဒတွေစဖြစ်တယ်။ အိပ်ယာစောစောထချင်တယ် … မနက်စောစော ဘုရားထရှိခိုးရမယ်ကောင်းမယ်လို့ ဆန္ဒဖြစ်တယ်။ ရုံးပိတ်တုန်း ကောင်းကောင်းအိပ်ပစ်လိုက်ချင်တဲ့ ဆန္ဒလဲဖြစ်တယ်။ ဆန္ဒတစ်ခုနဲ့တစ်ခု အားပြိုင်ရင်း တစ်ခုက အနိုင်ရသွားတာပါပဲ။ ပြီးတာနဲ့ နံနက်စာစားဖို့အတွက် ဆန္ဒဖြစ်ပြန်ပြီ။ ဘာနဲ့စားချင်ပါလိမ့်လို့ စဉ်းစားတယ်။ အလွယ်တကူစားလို့အဆင်ပြေမယ့် ညကကျန်တဲ့ထမင်းနဲ့ ကြက်ဥ အသီးအရွက်နဲနဲရောပြီး ထမင်းကြော်လိုက်ရင် အလုပ်ရှုပ်သက်သာမယ်။ ဒါပေမယ့် စိတ်က ပဲပြုတ်နဲ့ထမင်းကြော်ကိုမှ စားချင်တာလို့ ဆန္ဒဖြစ်ပြန်ရော။ ပဲပြုတ်ဆိုတာ အိမ်ပေါ်ကိုရောက်လာတာမဟုတ်။ ဆင်းဝယ်ရအုန်းမှာမို့ အဝတ်အစားက လဲရအုန်းမှာဆိုတော့ […]