weiweiNovember 15, 20111min2019
ဖားအောက်တောရမှာ ၉ ရက်တာ (၃) သူငယ်ချင်းရေ … ပထမဆုံးနေ့မှာ ည ၈ နာရီခွဲ တရားနာပြီးတော့ တစ်နေ့တာအလုပ်တွေရပ်ပြီး တရားအမှတ်နဲ့ အိပ်လို့ရပြီ။ ဒါပေမယ့် ငါက ညသန်းခေါင်မကျော်မချင်းမအိပ်တတ်တဲ့သူဆိုတော့ ဒုက္ခရောက်နေတယ်။ မနက် ၃ နာရီခွဲ တုံးခေါက်ရင်လဲ ပြန်ထရမယ်ဆိုတော့ အတင်းကြီးဇွတ်အိပ်ရတော့တာပေါ့။ ပင်ပန်းနေလို့ပဲလား တရားအမှတ်ကြောင့်ပဲလားတော့မသိဘူး ၁ဝ နာရီလောက်မှ အိပ်လို့ရသွားတယ်။ မနက်မနိုးမှာကို စိုးရိမ်တဲ့စိတ်ကြောင့် ခဏခဏနိုးပြီး နာရီကြည့်နေတာကြောင့် အိပ်ရေးတော့မဝဘူး။ တုံးခေါက်တာက မထမချင်းခေါက်နေသလိုပဲ။ မထချင်ထချင်နဲ့ထပြီး ၄ နာရီမတ်တင်းမှာ ဓမ္မာရုံထဲသွားပြီး တရားစထိုင်ရတယ်။ အချိန်စာရင်းထဲမှာကြည့်ထားတုန်းက ၄ နာရီကနေ ၅ နာရီခွဲအထိ တရားထိုင်လို့ပါလို့ ငါလဲ စိတ်လျော့ပြီး ထိုင်နေတာ။ အိပ်ပျော်ချင်လဲ အိပ်ပျော်ပါစေလို့ စိတ်ကိုလွှတ်ထားလိုက်တာ ထိုင်ရင်း အိပ်ပျော်သွားပါလေရော။ […]


weiweiNovember 14, 20111min33514
သူငယ်ချင်းရေ … မနက်ကရေးထားတာလေး ဆက်အုန်းမယ် … ရိပ်သာမှာ စကားမပြောတာအကောင်းဆုံးပဲလို့ ဆရာတော်ကြီးက ပြောထားလို့ ငါလဲ စပ်စုချင်တာတွေ မစပ်စုခဲ့ရဘူး။ မြင်သလောက်နဲ့ ထင်သလောက်ပဲ ပြောပြတော့မယ်။ ငါ့မျက်စိထဲမှာ သတိအပြုမိဆုံးတစ်ယောက်က ကိုရီးယားမယ်သီလရှင်တစ်ပါးပဲ။ အသက် ၄ဝ နဲ့ ၅ဝ ကြားရှိမယ်လို့ ခန့်မန်းရတာပဲ။ ကြည်ညိုစရာကောင်းလွန်းတဲ့ အသွင်အပြင် အမူအယာရှိတယ်။ ငါအကြိုက်ဆုံးကတော့ သူဝတ်ထားတဲ့ဝတ်စုံပဲ။ အတွင်းက မီးခိုးရောင်အကျီနဲ့ဘောင်းဘီအပွခဲရောင်ဝတ်ပြီး အပေါ်ကနေ အညိုရောင်ဝတ်ရုံခြုံထားတယ်။ ရှောင်လင်ဘုန်းကြီးတွေနဲ့ခပ်ဆင်ဆင်ပေမယ့် အရောင်ကတည်ငြိမ်တယ်။ အမူအယာက လေးလေးနက်နက်ရှိပြီး တရားထိုင်တာ ငြိမ်သက်နေတာပဲ။ ဘယ်သူနဲ့မှ စကားပြောတာမတွေ့ခဲ့ရဘူး။ သူ့ကိုမြင်လိုက်တိုင်း အေးချမ်းလွန်းလို့ မကြည့်ပဲမနေနိုင်ဘူး။ နောက်တစ်ပါးက ခပ်ငယ်ငယ်သီလရှင်လေး … သူကတော့ မီးခိုးရောင်ဝမ်းဆက်ဝတ်တယ်။ အသက် ၂ဝ ဝန်းကျင်လောက်ပဲရှိပြီး ရုပ်ရည်က အရမ်းချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့အပြုံးနဲ့ […]


weiweiNovember 14, 20111min39937
တန်ဆောင်တိုင်မှာ အလုပ်ပိတ်ရက်တွေနဲ့ အလှူအတန်းတွေများနေတုန်း ခွင့်ယူပြီး သန်လျင်က ဖားအောက်တောရရိပ်သာမှာ ၉ ရက် သွားရောက်နေထိုင်ပြီး ရိပ်သာဝင်ဖြစ်ခဲ့ပါတယ်။ အလှူဒါနအနေနဲ့ ဆွမ်းစရိတ်အတွက် အလှူငွေ ၂၀၀၀ဝ ကျပ်လှူဒါန်းခဲ့ပါတယ်။ သတ်သတ်လွတ်ဆွမ်းနဲ့ ၉ ပါးသီလကို ၉ ရက် ဆောက်တည်ခဲ့ပါတယ်။ သမထဘာဝနာကမ္မဌာန်း ၉ ရက်အားထုတ်ခဲ့ပါတယ်။ ဆရာတော်ကြီး၏ ဩဝါဒများကိုလဲ နာကြားခဲ့ပါတယ်။ ယခုကဲ့သို့ ္စ္ကပြုလုပ်ခဲ့ရသော ဒါန၊ သီလ၊ ဘာဝနာ အစရှိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ဂေဇက်မှ သူကြီးအား အမှူးထား၍ ရွာသူရွာသားအားလုံးအား အမျှပေးဝေပါတယ်။ အားလုံးအမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြသည် ဖြစ်ကြပါစေသော်ဝ် …… အတွေ့အကြုံလေးတွေလဲ မျှဝေပေးချင်ပါသေးတယ်။ လေးလေးနက်နက်ကြီး ငြင်းခုန်ကြမှာကိုလဲ မလိုလားတဲ့အတွက် ရင်းနှင်းပြီးသား သူငယ်ချင်းတစ်ယောက်ကို ပြောပြတဲ့ ပုံစံလေးနဲ့ ရေးပြမယ်လို့ စိတ်ကူးမိပါတယ်။ […]


weiweiOctober 23, 20112min48723
ခရီးသွားဆောင်းပါးရှည်ရေးရတာ အချိန်ကုန် လူပင်ပန်းဖြစ်ရလို့ သွားခဲ့သမျှအားလုံး မရေးဖြစ်ခဲ့ပါဘူး။ အခုတလော ရွာထဲမှာ ခရီးသွားပို့စ်တွေဖတ်ပြီးတော့ အားကျလာတာနဲ့ ကွေ့လင်ခရီးစဉ်ကို မှတ်တမ်းကျန်ခဲ့အောင် ရေးချင်စိတ်ပေါက်လာပါတယ်။ တရုတ်ပြည်က တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ တစ်နှစ်ကို နှစ်ကြိမ် ကျောင်းပိတ်ရက်ရှည်ပေးလေ့ရှိပါတယ်။ ဆောင်းရာသီပိတ်ရက်အနေနဲ့ တရုတ်နှစ်သစ်ကူးရက်ရဲ့ အရှေ့ကို တစ်ပတ်နဲ့ အနောက်ကို သုံးပတ် စုစုပေါင်း လေးပတ်ပိတ်ပါတယ်။ နွေရာသီပိတ်ရက်အနေနဲ့ အရမ်းပူတဲ့ ဇူလိုင်လလယ်မှ စက်တင်ဘာလလယ်အထိ ၂ လ ပိတ်လေ့ရှိပါတယ်။ တရုတ်လူမျိုးတွေက ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း သိပ်မအေးတဲ့နေရာဒေသတွေကို ခရီးထွက်လေ့ရှိကြပြီး နွေရာသီပိတ်ရက်မှာ တရုတ်ပြည်မြောက်ပိုင်း အအေးပိုင်းဒေသတွေကို ခရီးထွက်ကြပါတယ်။ ကျွန်မက တရုတ်ပြည်မြောက်ပိုင်းမှာနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း ကွမ်ရှီးပြည်နယ်က ကွေ့လင်မြို့ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ယောက်ထဲသွားရဲပေမယ့် တစ်ယောက်ထဲသွားရင် အလွန်ပျင်းစရာကောင်းတယ်။ […]


weiweiOctober 22, 20111min55426
အခုတစ်ပတ်လုံးလုံး ကျွန်မအတွေးအားလုံးကို အကြောင်းအရာတစ်ခုထဲက လွှမ်းမိုးနေပါတယ်။ စတင်တွေးမိတာက ဖိတ်စာလေးတစ်စောင်ကြောင့်ပေါ့ … မင်္ဂလာဆောင်ဖိတ်စာလေးတစ်ခုပါ … ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ဖိတ်စာလေးမို့ လာနောက်နေတာများလားလို့ ဖိတ်စာကို ထပ်ခါထပ်ခါကြည့်မိတယ် … သေချာပါတယ် … ဘယ်လိုမှ မလွဲဘူး … မင်္ဂလာဆောင်မှာ သူမှသူအစစ် … ကျွန်မသူငယ်ချင်းအရင်းခေါက်ခေါက် အသက် ၄ဝ ထဲဝင်တော့မယ့် အပျိုကြီးမမ မင်္ဂလာဆောင်မှာတဲ့။ ကျွန်မတို့တွေ တက္ကသိုလ် တတိယနှစ်မှာစတင်ရင်းနှီးပြီး တစ်ဆောင်ထဲတစ်ခန်းထဲအတူနေခဲ့ကြတယ်။ ကျောင်းပြီးသွားပေမယ့်လဲ အဆက်အသွယ်မပြတ်ပဲ နေခဲ့ကြလို့ သူ့အကြောင်းကောင်းကောင်းသိနေတာပေါ့။ အိမ်ထောင်ပြုဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပြီး အကြိမ်ကြိမ်လွဲခဲ့လို့ လက်လျော့ခဲ့တာကြာပြီ။ သေချာပေါက် အပျိုကြီးဘဝနဲ့ ဒီတစ်သက်နေပါတော့မယ်လို့ ဆုံးဖြတ်ပြင်ဆင်နေခဲ့တာ ကျွန်မအသိဆုံးပဲလေ။ အခုမှ ကောက်ခါငင်ခါ ဆိုင်းမဆင့် ဗုံမဆင့်နဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကအထိတောင် ဘာအစီအစဉ်မှ မရှိခဲ့တာသေချာပါတယ်။ […]


weiweiOctober 17, 20111min36815
ကိုဖောရိန်းတင်လိုက်တဲ့ ပင်လယ်ကမ်းခြေထဲက ရေလွှာလျောစီးတာကို မြင်မိတော့ ကျွန်မ ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားကို သတိရသွားပါတယ်။ ရုပ်ရှင်ဝါသနာရှင်အားလုံး ကြည့်သင့်ကြည့်ထိုက်သော ဇာတ်ကားကောင်းတစ်ခုမို့လို့ ကြော်ညာဝင်လိုက်ပါတယ်။ တကယ့်အဖြစ်အပျက်ဖြစ်တဲ့ ရေလွှာလျောစီးချန်ပီယံကောင်မလေးတစ်ယောက် အကြောင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းမှာ ဆွဲဆောင်မှုအရှိဆုံးကတော့ ပင်လယ်ကမ်းခြေရှုခင်း၊ လှိုင်းလုံးကြီးများ၊ လှပတဲ့ ရေလွှာလျောစီးပညာရပ်များဖြစ်ပါတယ်။ ဇာတ်လမ်းထဲက ကောင်မလေးက ရေသူမလေးတစ်ယောက်လိုမျိုး ရေထဲမှာပဲ နေရတာကို နှစ်သက်တယ်။ မိဘနှစ်ပါးလုံးကလဲ ရေလွှာလျောစီးဝါသနာပါသူတွေ၊ အကို ၂ ယောက်လဲ ရှိပြီး တကူတကွ ရေထဲမှာ ကစားကြရင်း ကြီးပြင်းလာသူလေးဖြစ်ပါတယ်။ အဝေးကြီးကျောင်းသွားတက်ရင် အချိန်ပိုကုန်မှာစိုးရိမ်ပြီး အိမ်မှာပဲ စာသင်သည်အထိ ရေလွှာလျောစီးရတာကို နှစ်သက်ပါတယ်။ ချန်ပီယံပြိုင်ပွဲတစ်ခုအတွက် ပင်လယ်ကမ်းခြေတစ်နေရာမှာ သူငယ်ချင်းမိသားစုနဲ့အတူ သွားလေ့ကျင့်ရင်း ငါးမန်းကိုက်ခံရလို့ လက်တစ်ဖက်ပြတ်ခဲ့ရပါတယ်။ သတိ္တရှိပုံနဲ့ စိတ်ဓါတ်ခိုင်မာပုံများက အတုယူစရာကောင်းပါတယ်။ လက်တစ်ဖက်မရှိပေမယ့် ပြိုင်ပွဲဝင်ဖို့အတွက် သူ့ဖခင်နဲ့အတူ […]


weiweiOctober 14, 20112min2437
သီတင်းကျွတ်ပိတ်ရက် သန်လျင်ဘက်ရောက်တုန်း မျက်စိအေးစရာ အစိမ်းရောင်ရှုခင်းများကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ လေတဖြူးဖြူးနဲ့ သာယာလှပတဲ့ ရှုခင်းတွေက အပြင်မှာ မျက်စိတစ်ဆုံးပါပဲ … အပြာရောင်တိမ်တိုက်နဲ့ အစိမ်းရောင်လယ်ကွင်းတွေ၊ သစ်ပင်တွေကြားထဲကနေမြင်ရတဲ့ ရွှေရောင်စေတီလေးကလဲ သပ္ပာယ်လှပါတယ် …


weiweiOctober 12, 20111min58523
အခုတလော ခရီးသွားပို့စ်တွေ တော်တော်များများဖတ်ဖြစ်ပြီး ကျွန်မ သတိထားမိတာတစ်ခုက ကျွန်မက ခရီးစဉ်တော်တော်များများကို ရောက်ဖူးပြီးသားဖြစ်နေပြီး တစ်ချို့နေရာတွေကို ထပ်ခါထပ်ခါ သွားဖူးပြီးသားလဲဖြစ်နေပါတယ်။ ကွန်မန့်တွေကို ဖတ်ကြည့်ရသလောက် ခရီးသွားတဲ့အလုပ်ကို ရွာသူရွာသားတွေ အားနဲကြတာကို သတိပြုမိတာနဲ့ ခရီးသွားခြင်းအတတ်ပညာအကြောင်း တစေ့တစောင်း ရေးချင်စိတ်ပေါ်လာပါတော့တယ်။ ခရီးသွားတယ်ဆိုတာကလဲ ဝါသနာကို အရင်းခံတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ တကူးတက သင်ယူလေ့လာထားတာမဟုတ်ပေမယ့် လူတိုင်းအလွယ်တကူလုပ်လို့မရနိုင်ပါဘူး။ လူတော်တော်များများက ခရီးသွားရမှာကို ကြောက်ကြတယ်။ ပိုက်ဆံကုန်မှာ၊ ပင်ပန်းမှာ၊ ကျန်းမာရေးအဆင်မပြေဖြစ်မှာ စသဖြင့်ပေါ့။ ကျွန်မကတော့ ခရီးသွားကံဇာတာပါလာသူဖြစ်မယ်ထင်ပါတယ်။ ၄ တန်းအရွယ်ကစပြီး နှစ်စဉ် နွေကျောင်းပိတ်ရက်တွေမှာ တစ်မိသားစုလုံး ခရီးထွက်တဲ့အလေ့အကျင့်ကို ဖေဖေက ဦးဆောင်စီစဉ်ပေးခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး ဈေးရောင်းရတဲ့ဖေဖေ၊ မီးဖိုချောင်ထဲက မထွက်ရတဲ့မေမေနဲ့ စာသင်ကျောင်းနဲ့အချိန်ကုန်နေရတဲ့ သားသမီးတွေကို ထွက်ပေါက်တစ်ခုဖြစ်စေတာက ခရီးထွက်ခြင်းပဲဖြစ်ပါတယ်။ ကျောင်းစာထဲမှာပါတဲ့ ပထဝီနဲ့ သမိုင်းကို […]


weiweiOctober 3, 20111min44419
ရေးချင်ခဲ့တာကြာပါပြီ။ ရေးဖို့စဉ်းစားရင်းစဉ်းစားရင်းနဲ့ မရေးဖြစ်ခဲ့ဘူး။ တော်ကြာ အထင်လွဲပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆွေမျိုးတော်ပေးလိုက်မှာလဲစိုးရိမ်ခဲ့လို့ … 😛 ကျွန်မတစ်သက်တာမှာ သင်တန်းတွေအများကြီးတက်ခဲ့ရဖူးပါတယ်။ သင်တန်းတွေကို အလွန်မုန်းပါတယ်။ ကျွန်မက ဆရာတစ်ယောက်ကသင်နေတာ ထိုင်နားထောင်ရတာကို အလွန်ပျင်းပါတယ်။ အတတ်ပညာတော်တော်များများကို ကိုယ့်ဟာကိုယ် လေ့လာရတာကို နှစ်သက်ပါတယ်။ သင်တန်းတွေကို မုန်းပေမယ့်လည်း ဘဝအကျိုးပေးကိုက တပည့်လုပ်ဖို့ဖြစ်လာတာဆိုတော့ စာသင်ခန်းတွေကြားထဲမှာပဲ ဘဝအတွေ့အကြုံတွေတိုးရင်း ကျောင်းသားတို့၏ လူလည်ကျနည်းမျိုးစုံကိုလဲ တတ်မြောက်ခဲ့ပါတယ်။ အခုပြောချင်တဲ့ သင်တန်းကတော့ အားလုံးထဲမှာ အထူးခြားဆုံးသင်တန်းလေးတစ်ခုဖြစ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ဖြစ်ပါတယ်။ တက်ဖူးတဲ့သူတွေရှိသလို မတက်ဖူးတဲ့လူတွေလဲရှိမှာပါ။ တက်ဖူးရင်တော့ အလွမ်းပြေဖြစ်နိုင်ပြီး မတက်ဖူးသူများအတွက်တော့ ဗဟုသုတပေါ့။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဖောင်ကြီးသင်တန်းကို တက်ရောက်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ဘွဲ့ရပြီး ကွန်ပျူတာတွေနဲ့အလုပ်ရှုပ်နေချိန်၊ ကျန်းမာရေးသိပ်မကောင်းဖြစ်နေတဲ့အချိန်၊ ဖောင်ကြီးသင်တန်းဆိုတာ အတော်ပင်ပန်းပြီး […]


weiweiSeptember 24, 20111min42714
အခုလထဲမှာ ကျွန်မအလုပ်လုပ်တဲ့ဌာနကို အလုပ်သင်ခန့်ထားတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ တော်ရုံနဲ့ ကျွန်မတို့ဌာနအတွက် ဝန်ထမ်းအသစ်ခန့်လေ့မရှိတော့ နဲနဲတော့ အံ့ဩမိတယ်။ နောက်တော့မှ သူကလေးက ဘောစိနဲ့အမျိုးတော်တယ်တဲ့ (တူမဘယ်နှစ်ဝမ်းကွဲလဲတော့မသိ)။ ကျွန်မက ဌာနအတွင်းမှာတော့ လူကြီးပေမယ့် စည်းကမ်းပိုင်းမှာတော့ ခပ်ညံ့ညံ့ပါပဲ။ ခေါင်းဆောင်ကိုယ်တိုင်က စည်းကမ်းဖောက်နေတော့ တပည့်တွေကိုလဲ မပြောရဲဘူးပေါ့။ ဒါပေမယ့် အလုပ်အဆင်ပြေနေတော့ အေးဆေးပါပဲ … ကျွန်မတို့ဌာနကို အလွယ်တကူ ဒီဇိုင်းဌာနလို့ နံမည်တပ်ထားပေမယ့် တကယ်လုပ်တာက mechanical design ပါ။ စက်ရုံထဲမှာ အသစ်ထွင်စရာရှိရင်ဖြစ်ဖြစ်၊ အဟောင်းကို ပြင်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေပေးရတဲ့ ပင်မနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတလော စီးပွားရေးအခြေအနေက သိပ်မကောင်းတော့ ကျွန်မတု့ိကို အလကားလခပေးထားရသလိုဖြစ်နေတယ်။ ဘေးမဲ့လည်းပေးထားလေသတည်းပေါ့။ ဂိမ်းကစားလိုက်၊ အတင်းပြောလိုက်၊ ကော်ဖီသောက်လိုက်၊ မုန့်စားလိုက်နဲ့ ပျော်သလိုနေနေကြတာပေါ့။ ကောင်မလေးက […]


weiweiSeptember 23, 20111min34014
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲမှာ မဟာသိပ္ပံဘွဲ့ဝတ်စုံကြီးနဲ့ ပူလောင်အိုက်စပ်တဲ့ မိတ်ကပ်မျက်နှာနဲ့ ထိုင်နေရင်း ဦးနှောက်က ဘွဲ့တစ်ခုအတွက် တွက်ချက်နေမိပါတယ်။ အကြောင်းရင်းကိုပြန်စဉ်းစားလိုက်တော့ B.Sc တုန်းက qualify ဖြစ်အောင် လိုက်ခဲ့မိတာက စမှားခဲ့တာပဲ။ အဲဒီတုန်းက ဘာသာစုံယူခဲ့တဲ့ ကျူရှင်လခ၊ စာမေးပွဲဖြေပြီး အမှတ်ကောင်းကောင်းရအောင် နည်းမျိုးစုံနဲ့လိုက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် မဟာဘွဲ့ဆက်တက်ခွင့်ရခဲ့တာဆိုတော့ … ဆက်တက်ခွင့်ရပေမယ့်လည်း တက်ချင်မှ တက်လို့ရတာကို ဆက်တက်မိတာကလဲ ဂုဏ်မက်မိလို့လား၊ အလုပ်ရဖို့ ပိုသေချာအောင်လား၊ ဘာမှလုပ်စရာမရှိလို့ မိဘပိုက်ဆံထိုင်ဖြုန်းတာလား၊ ဘာပဲဖြစ်ဖြစ် အလကားအိမ်မှာနေရမယ့်အတူတူဆိုပြီး ဆက်တက်ခဲ့မိတယ်။ နေ့စဉ်ကျောင်းသွားခဲ့တဲ့ လမ်းစရိတ်၊ စားစရိတ်တွေဖယ်ထားပြီး စာတမ်းအတွက် ဆရာမကို ပေးခဲ့ရတာက အသားတင် ရှစ်သိန်းတောင်၊ ဆရာမပြောတော့ research လုပ်ခ ဈေးကြီးလို့တဲ့။ ဘာပဲဖြစ်ဖြစ် သူလုပ်ပေးခဲ့လို့ စာအုပ်တစ်အုပ်ဖြစ်ခဲ့တာပဲလေ။ စာအုပ်ရိုက်ခ၊ ကူးခ၊ ချုပ်ခတွေကလဲ တစ်သိန်းနီးနီးကုန်ခဲ့တယ်။ […]


weiweiSeptember 20, 20111min37517
ဒီကနေ့ ဥပုသ်နေ့မှာ အလုပ်ထဲမှမိတ်ဆွေတစ်ယောက်အလှူကို သွားခဲ့ပါတယ်။ အလှူလုပ်တဲ့နေရာက ဗဟိုလမ်းမပေါ် သမိုင်းကုန်းကျော်အနီးက မေတ္တာဝါဒီပရဟိတဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းဖြစ်ပါတယ်။ ငါးထပ်ကျောင်းဆောင်တစ်ခုနဲ့ ၉ ထပ်ကျောင်းဆောင်တစ်ခုတွေ့ခဲ့ပါတယ်။ ဆရာတော်ဆွမ်းဘုန်းပေးရာနေရာနဲ့ ရေစက်ချအမျှပေးဝေတဲ့နေရာက ငါးထပ်ကျောင်းဆောင် ပထမထပ်မှာ ဖြစ်ပါတယ်။ ကျွန်မတို့လဲ ရေစက်ချချိန်အမှီရောက်သွားပြီး နဲနဲပါးပါး စပ်စုခဲ့ရသလောက် မိဘမဲ့ကျောင်းသား ၄၀ဝ ကျော်ရှိတယ်လို့သိရပါတယ်။ အငယ်ဆုံး ၂ နှစ်ကနေ တက္ကသိုလ်ကျောင်းသားအရွယ်အထိ ရှိပါတယ်။ ယောက်ျားလေးများကိုသာတွေ့ခဲ့ရပြီး မိန်းကလေးလဲလက်ခံပါတယ်တဲ့။ အနီးအနားက သီလရှင်ကျောင်းတစ်ကျောင်းမှာ ထားလို့ ကျွန်မတို့မတွေ့ခဲ့ရပါဘူး။ မိန်းကလေး အယောက် ၅ဝ လောက်ရှိပါတယ်။ ဘုန်းကြီးနဲ့ကျောင်းသားအားလုံးစာအတွက် အာရုံဆွမ်း တစ်သိန်းခွဲ၊ နေ့ဆွမ်း နှစ်သိန်းခွဲနဲ့ ညနေစာ ကလေးတွေအတွက် တစ်သိန်းသတ်မှတ်ထားပါတယ်။ နေ့ဆွမ်းအတွက် ရေစက်ချတရားချီးမြှင့်ပြီး ဆရာတော်၊ ဦးဇင်း၊ ကိုရင်နဲ့ ဧည့်သည်များကို အရင်ကျွေးမွေးပါတယ်။ ကိုရင်ကလေးများ […]