weiweiJune 28, 20111min67525
ဝါဆိုလပြည့်နေ့ နီးလာပြီဆိုတာနဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ ဝါဆိုသင်္ကန်းကပ်လှူကြပါတယ်။ ဝါတွင်းကာလ ၃ လ မိုးရာသီအတွင်း ဝါကပ်ဝါဆိုကြမည့် သံဃာတော်များအတွက် ရည်ရွယ်ကပ်လှူကြလို့ ဝါဆိုသင်္ကန်းလို့ ခေါ်ဝေါ်ကြပါတယ်။ ထုံးစံမပျက် သင်္ကန်းဝယ်ပြီး ဘုန်းကြီးကျောင်းမှာသွားရောက်ကပ်လှူသူများ၊ ဘုန်းကြီးများ နေအိမ်သို့ပင့်ဖိတ်ပြီး ဆွမ်းကပ် သင်္ကန်းကပ် ကုသိုလ်ပြုကြသူများ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းသို့သွားပြီး သင်္ကန်းတန်ဖိုးငွေပေးပြီး သင်္ကန်းကပ်လှူသူများ စသဖြင့် အဆင်ပြေသလို ပြုလုပ်ကြပါတယ်။ ကျွန်မလည်းပဲ အများနည်းတူ ကုသိုလ်ရအောင် သင်္ကန်းတစ်စုံဝယ်ပြီး ပရိယတ္တိစာသင်တိုက်တစ်ခုသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ တကယ်တော့ သင်္ကန်းလှူတဲ့ကိစ္စမှာ လူတွေတော်တော်များများ မသိကြတဲ့ အဖြစ်အပျက်တွေ များစွာရှိနေပါသေးတယ်။ ကျွန်မတို့အိမ်ကတော့ စာသင်သားသံဃာတော်များ ဆွမ်းခံကြွတဲ့အိမ်ဖြစ်တာကတစ်ကြောင်း၊ ပရိယတ္တိစာသင်တိုက်တစ်ခုနဲ့နီးနေတာကတစ်ကြောင်း၊ ကျွန်မညီမဖွင့်ထားတဲ့ဆိုင်တစ်ခုဘေးမှာ သင်္ကန်း ပရိက္ခရာနဲ့ နိဗ္ဗာန်ကုန်ဆိုင်တစ်ခု ရှိနေတာကတစ်ကြောင်း၊ အကြောင်းကြောင်းတွေကြောင့် ကျွန်မသိသမျှ သင်္ကန်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မသိသေးတဲ့သူတွေ […]


weiweiJune 26, 20111min43218
ဦးဖက်ကလဲ လွမ်း၊ ကိုပေါက်ကလဲ လွမ်းတော့ ကျွန်မလဲ လွမ်းချင်စိတ်ပေါက်လာပါတယ်။ ကျွန်မရဲ့ အမိတက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို တစ်ခါပြန်လို့ လွမ်းမောမိပါတယ်။ ကျွန်မက သူများတွေထက် နဲနဲပိုလွမ်းသင့်တယ်လို့ထင်ပါတယ်။ ပုံမှန်ကျောင်းသားတွေ ၆ တန်းပဲ တက်ခဲ့တဲ့ကျောင်းကို ကျွန်မက ၈ တန်းအထိ တက်ရောက်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ဘဝနှစ်မျိုးနဲ့ ကျင်လည်ခဲ့တဲ့ ကျောင်းတော်ကြီးမှာ အမှတ်ရစရာတွေ အများကြီးရှိခဲ့ပါတယ်။ တစ်တန်းကို လူပေါင်း ခုနှစ်ရာကျော်နဲ့ အတန်း ၆ တန်းဆိုတော့ ကျောင်းသားပေါင်း ၄၀၀ဝ ကျော်နဲ့ အဆောင်တွေနဲ့ စည်ကားခဲ့တဲ့ကျောင်းတော်ကြီးမှာ နောက်ဆုံးမျိုးဆက်တစ်ခုအနေနဲ့ ၁၉၉၈ အထိ ဘီးအီးဘွဲ့အတွက် တက်ရောက်သင်ကြားခဲ့တဲ့ ၅ နှစ်တာ အချိန်တွေက တက်ကြွလန်းဆန်းမှုနဲ့ ငယ်ရွယ်နုပျိုမှုကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအခုအချိန်မှာ စိတ်နာမိတာတစ်ခုကတော့ ယောက်ျားလေး ၄၀၀ဝ လောက်မှာမှာ […]


weiweiJune 25, 20111min71619
ကျွန်မတို့ သူငယ်ချင်းတွေ ရောက်တက်ရာရာပြောကြရင်း လူကောင်းလူတော်နဲ့ လူတော်လူကောင်းအကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်မကို သူငယ်ချင်းက လူကောင်းလူတော်ဖြစ်ချင်လား လူတော်လူကောင်းဖြစ်ချင်လားလို့ မေးပါတယ်။ စကားလုံးနှစ်ခုက တူမလိုလိုနဲ့ သေချာစဉ်းစားလိုက်တော့ မတူတာကို တွေ့လိုက်ရပါတယ်။ ကျွန်မကတော့ လူကောင်းလူတော်ပဲ ဖြစ်ချင်လို့ ဖြေလိုက်ပါတယ် …. ရှေးယခင် ဘိုးဘွားမိဘများလက်ထက်တုန်းက လူတွေမှာ လူကောင်းတွေများပြီး လူတော်နဲပါတယ်။ အကျင့်စာရိတ္တကောင်းပြီး ရိုးသားကြသူများ ပေါများခဲ့ကြပြီး အသိပညာအတတ်ပညာသင်ယူရန် အခွင့်အရေးနဲပါးခဲ့ခြင်းကြောင့် လူကောင်းပြီးမှ လူတော်ဖြစ်နိုင်လို့ လူကောင်းလူတော်ခေတ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ (လူကောင်းမှ လူတော်ဖြစ်နိုင်) အခုခေတ်ကျတော့ ပြောင်းပြန်ဖြစ်သွားတယ်။ လူတွေမှာ လူတော်များလာပြီး လူကောင်းနဲလာပါတယ်။ အသိပညာ အတတ်ပညာတွေသင်ကြားနိုင်လို့ လူတော်တွေပေါများလာပေမယ့် အကျင့်စာရိတ္တပိုင်းမှာ အားနဲလာပါတယ်။ ပညာပိုသင်နိုင်မှသာ အသိဉာဏ်တိုးမြင့်လာပြီး လူကောင်းဖြစ်လာမည့် အခွင့်အရေးရနိုင်မည်ဖြစ်ပေမယ့် ပညာသင်ယူခွင့်မရနိုင်တဲ့ လူတန်းစားများအတွက် လူကောင်းဖြစ်ရန် အခွင့်အရေးနဲလာပါတယ်။ […]


weiweiJune 24, 20112min86236
မုန့်ဟင်းခါးကို ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်သက်စွာစားသုံးကြပါတယ်။ တစ်နိုင်ငံလုံးနေ့စဉ်စားသုံးနေကျ အစားအစာတစ်ခုဖြစ်ပါတယ်။ နေရာဒေသအလိုက် ချက်ပြုတ်ပုံချင်း မတူကြပေမယ့် နှစ်သက်စွာစားသုံးတာကတော့ အတူတူပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငါးပေါလို့ မုန့်ဟင်းခါးကို ငါးများများနဲ့ချက်ကြပါတယ်။ အညာဘက်မှာတော့ ပဲတွေ မြေပဲတွေကို များများထည့်ပြီး အစိမ့်အရသာပိုထွက်အောင်ချက်ကြပါတယ်။ နေပြည်တော်ဘက်မှာ မုန့်ဟင်းခါးထဲ ကြက်သားကိုတောင် ထည့်ချက်ကြတယ်။ ရန်ကုန်မှာကတော့ နံမည်စုံနဲ့ လက်ရာစုံ ချက်ရောင်းကြပါတယ်။ ရန်ကုန်မှာ အချိန်မရွေးဝယ်စားလို့ရလို့ သိပ်မသာပေမယ့် နိုင်ငံခြားမှာ ကြာကြာနေလိုက်ရင်တော့ မုန့်ဟင်းခါးကို သတိရတောင့်တကြတယ်။ ရယ်ဒီမိတ်တွေကို ချက်စားကြပေမယ့် လတ်ဆတ်တဲ့မုန့်ဟင်းခါးလောက်တော့ စားလို့မကောင်းပါဘူး။ ကျွန်မကတော့ အစားအစာကို ကိုယ်တိုင်ပဲ ရိုးရိုးရှင်းရှင်းချက်ရတာကို ဝါသနာပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရသာတွေ အနံ့တွေစုံနေအောင်ထည့်ချက်တာကို မကြိုက်တာနဲ့ စားချင်စိတ်ပေါက်လာရင် ကိုယ့်ဟာကိုယ်ပဲ ချက်စားလေ့ရှိပါတယ်။ ကျွန်မချက်လေ့ရှိတဲ့ အလွယ်နည်းလမ်းကတော့ မုန့်ဟင်းခါးတစ်ပိသာအတွက် …. […]


weiweiJune 21, 20111min48021
သူငယ်ချင်းတစ်ချို့ရဲ့ သားသမီးတွေတောင် ၁ဝ တန်းအောင်သွားကြပါပြီ။ အချိန်တွေကုန်တာ တော်တော်မြန်တာပဲနော်။ ဒီနှစ်အောင်တဲ့အထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့သမီးက ၆ ဘာသာဂုဏ်ထူးထွက်တယ်တဲ့။ နောက်တစ်ယောက်ရဲ့ သမီးကတော့ အောင်ရုံပဲအောင်ပါတယ်။ ကျွန်မနဲ့ ကလေးအမေတွေနဲ့ သူငယ်ချင်းတွေဆိုတော့ သမီးတွေကို ဘယ်မေဂျာယူရင် ကောင်းမလဲဆိုတာ ဝိုင်းဝန်းအကြံပေးရင်း ဦးနှောက်တော်တော်ချောင်သွားပါတော့တယ် ….. ကလေးတွေ ဘာကို ဝါသနာပါလဲ ? ဘာကို စိတ်ဝင်စားလဲ ? လို့ အရင်ဦးစားပေးပြီး မေးကြည့်လိုက်ပါတယ်။ သိပ်တော်တဲ့ကလေးတွေ … ဘာကိုမှ စိတ်မဝင်စားပါဘူးတဲ့၊ ဘာဝါသနာပါမှန်းလဲ မသိဘူးတဲ့၊ မေမေကောင်းသလိုပဲ စီစဉ်ပါတဲ့။ ကောင်းရောပဲ …. စိတ်တိုသွားပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ ခွင့်လွှတ်လိုက်ပါတယ်။ ကျွန်မ ၁ဝ တန်းအောင်တဲ့အထိ ဘာဝါသနာပါမှန်း တကယ်မသိခဲ့လို့ပါ။ ဘာဖြစ်ချင်မှန်းလဲ မသိခဲ့ပဲ ခပ်ပေါ့ပေါ့နေခဲ့မိပါတယ်။ ဝါသနာဘာပါမှန်း နောက်မှသိခဲ့ပေမယ့် […]


weiweiJune 20, 20111min133728
နောက်လိုက်လုပ်ခဲ့တာ သက်တမ်းတစ်ခုရှိနေပြီဆိုတော့လဲ အခြေအနေနဲ့ အချိန်အခါအရ အဖွဲ့သေးသေးလေးတစ်ခုမှာ ခေါင်းဆောင်နေရာကို ရလာပါပြီ။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့ မှတ်သားဖူးပါတယ်။ ကျွန်မက နောက်လိုက်ကောင်းဖြစ်ခဲ့သလားလို့ ပြန်စဉ်းစားကြည့်တော့ ဝေတေဝါးတားပါပဲ။ ကောင်းလဲမကောင်း ဆိုးလဲမဆိုးနဲ့ ဘယ်လိုအချိန်တွေကုန်ခဲ့မှန်းတောင် မတွေးတတ်ခဲ့အောင် အလုပ်သိပ်မလုပ်ခဲ့သူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းတွေကို တစ်ခုပြီးတစ်ခုတက်ရင်း ဘဝရဲ့ အရေးပါတဲ့အချိန်တွေကို ပညာတွေရှာရင်း ကုန်ဆုံးခဲ့ရပါတယ်။ အခုတော့ ပညာရှာတာကိုရပ်ပြီး တကယ်အလုပ်လုပ်တော့မယ်ဆိုတော့ ဒုက္ခလှလှ တွေ့ရပါတော့တယ်။ ဘာကိုဘယ်လိုစရမှန်းမသိခဲ့သလို တပည့်လုပ်မည့်သူများကိုလဲ ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။ အရာရာကို စာအုပ်ထဲကအတိုင်း စာလိုပဲတွေးတတ်တဲ့ ကျွန်မအတွက် လက်တွေ့ပြသနာတွေက လွယ်မယောင်နဲ့ ခက်ခဲနေပါတော့တယ်။ ကျွန်မလေ့လာခဲ့သမျှ ဘာသာရပ်တွေထဲမှာ ခေါင်းဆောင်မှုပညာရပ် မပါခဲ့ပါဘူး။ လူမှုဆက်ဆံရေးလဲ မသင်ခဲ့ရပါဘူး။ လက်တွေ့လုပ်ငန်းခွင်နဲ့ စာထဲကနဲ့လဲ တစ်ခုမှ မတူပြန်ပါဘူး။ အထက်လူကြီးတွေက ကျွန်မဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲလို့ အကဲခတ်နေကြသလို တပည့်တွေကလဲ […]


weiweiJune 17, 20111min37215
ကြက်သားကြော်ကို ကလေးတွေ သိပ်ကြိုက်ကြပါတယ် … ဆိုင်မှာသွားစားတိုင်း ဘယ်လောက်စားစားမဝဘူးလို့ပြောတတ်ကြလို့ ကျောင်းပိတ်ရက် အိမ်မှာပဲ ကြော်ကျွေးလေ့ရှိပါတယ် … ဆိုင်မှာဝယ်စားတာထက် ပိုသန့်ပြီး ဈေးနှုန်းလဲ ပိုသက်သာပါတယ် … လွယ်လွယ်ကူကူ ကြော်စားလို့ရပါတယ် … ပါဝင်သောပစ္စည်းများ ကြက်သား (အသားတိုးကြက်) ……… ၂ ပိသာခန့် ဆီ ………. ၇ဝ ကျပ်သားခန့် ဆား ………. အနဲငယ် ကော်မှုန့် ………. ၁၅ ကျပ်သား ကြက်ဥ ………. ၅ လုံး bread crumb (ပေါင်မုန့်ခြောက်အမှုန့်) …….. ၂၀ဝ ဂရမ် တစ်ထုပ် ပြုလုပ်နည်း ကြက်သားကို အနေတော်အတုံးလေးများတုံးပြီး သေချာဆေးကြောကာ ဆားနဲ့နယ်ထားရပါမယ်။ တစ်နာရီခန့်ဆားနဲ့နှပ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားရပါမယ်။ ကြက်ဥကို အကာသီးသန့်ထုတ်ပြီး […]


weiweiJune 14, 20111min32714
အခုတလော မိုးကလည်းများ အလုပ်ကလည်း မအားတာနဲ့ အပြင်ကို သိပ်မထွက်ဖြစ်တာကြာပြီ … ဓါတ်ပုံအလှတွေလဲ မရိုက်ဖြစ်တာ ကြာနေပြီ … လွန်ခဲ့တဲ့ ၃ ရက်လောက်က ညဘက် ၁ဝ နာရီ ကျော်မှာ ဓါတ်ပုံထဲက လိပ်ပြာတစ်ကောင် ကျွန်မအိမ်က ဧည့်ခန်းထဲကို မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာပါတယ် … ၄ ထပ်အမြင့်ရှိတဲ့ တိုက်ခန်းထဲမှာ ကျွန်မ ကွန်ပျူတာနဲ့အလုပ်ရှုပ်နေတုန်း ခါးနားကို လာနားလိုက်တာ လန့်လွန်းလို့ ထခုန်မိသွားခဲ့ပါတယ် … အဲဒါနဲ့ လိပ်ပြာလေးလဲ လန့်သွားပြီး ဘေးနားက ဘီဒိုအောက်နားလေးမှာ ခဏနားနေတုန်း ကင်မရာအမြန်ယူပြီး ဓါတ်ပုံရိုက်ထားလိုက်ပါတယ် … တော်တော်လှတဲ့ လိပ်ပြာလေးကိုကြည့်ပြီး ကဗျာစပ်ပြီးတင်မယ်စိတ်ကူးပြီး စာသားလေးတွေစဉ်းစားတာ ဘယ်လိုမှ ထွက်မလာတာနဲ့ ဒီအတိုင်းပဲ တင်လိုက်ပြီ … ကျွန်မက အပြင်ထွက်ပြီး […]


weiweiJune 7, 20111min35021
ဒီကနေ့ မိသားစုတွေ စုံစုံညီညီနဲ့ စကားပြောကြရင်း အဖွားအကြောင်းတွေကို ပြန်ပြောဖြစ်ကြပါတယ်။ ကွယ်လွန်သွားတာကြာပြီဖြစ်တဲ့ အဖွားအကြောင်းထဲမှာမှ အသက် ၈ဝ ကျော်အရွယ်က အဖွားနဲ့ပတ်သက်တဲ့ အမှတ်တရ ဟာသလေးတစ်ခုကို ကျွန်မမောင်လေးက သတိတရ ပြန်ပြောပြပါတယ် … တစ်ရက် မောင်လေးက အိမ်သာတံခါးကို စေ့ရုံစေ့ထားပြီး အိမ်သာတက်နေပါတယ်။ အဖွားက အိမ်သာထဲဝင်ချင်တော့ အိမ်သာထဲမှာ လူရှိ မရှိ မေးလိုက်ပါတယ်။ အဖွား။ ။ အိမ်သာထဲမှာ လူရှိသလားဟေ့ …. မောင်လေး။ ။ အိမ်သာထဲမှာ လူမရှိပါဘူး … ဆိုပြီး အထဲကနေ ပြန်ဖြေလိုက်ပါတယ် … အဖွား။ ။ အိမ်သာထဲမှာ လူရှိသလားဟေ့ …. မောင်လေး။ ။ အိမ်သာထဲမှာ လူမရှိပါဘူး … အဖွား။ ။ […]


weiweiJune 6, 20111min49324
Hot pot ဆိုင်မှာသွားစားလျှင် ဈေးကြီးပြီးမတန်တာနဲ့ ကျွန်မကတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လုပ်စားပါတယ် … သူငယ်ချင်းတွေတစ်ရက်ဆုံဖြစ်ကြတော့ hot pot လုပ်ကျွေးရင်း ရွာသားတွေကို သတိရတာနဲ့ လုပ်နည်းလေး တင်ပေးလိုက်ပါတယ် … hot pot လုပ်စားရာတွင် ကိုယ်ထည့်ချင်သော အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ရေစင်စင်ဆေးပြီး သင့်တော်သလို လှီးဖြတ်ထားပြီး ပန်းကန်ထဲတွင် ထည့်ထားရပါမည်။ အရိုးပြုတ်ရည်အိုး (သို့မဟုတ်) ရိုးရိုးရေဖြင့်လည်း ပြုတ်စားလို့ရပါသည်။ အရေးကြီးသော ပြင်ဆင်မှုမှာ တို့စားရန်အချဉ်စပ်နည်းဖြစ်ပါသည်။ ကျွန်မ၏ အချဉ်စပ်နည်းကို မျှဝေပေးလိုက်ပါသည်။ ပါဝင်သောပစ္စည်းများ golden mountain တံဆိပ် ငရုတ်သီးအချဉ် …. တစ်ပုလင်း (အသေး) golden mountain တံဆိပ် ခရမ်းချဉ်သီးအချဉ် …. တစ်ပုလင်း (အသေး) […]


weiweiJune 3, 20111min2134
စည်းကမ်းဥပေဒေများအတိုင်း တသွေမတိမ်းကျင့်ကြံလိုက်နာတတ်သူများကို စာအုပ်ကြီးသမားများဟု ပြောဆိုလေ့ရှိကြပါသည်။ ငယ်ငယ်တုန်းက ဆရာ ဆရာမများတွင် အများဆုံးတွေ့ခဲ့ရဖူးပါသည်။ ကျွန်မတို့ မိသားစုများထဲတွင် အဖိုးတစ်ယောက်သာ စာအုပ်ကြီးအတိုင်း စားသောက်နေထိုင်ပြုမူလေ့ရှိပြီး ကျန်မိသားစုဝင်များအားလုံးကတော့ လွတ်လပ်သော အရောင်းအဝယ်လုပ်သူများပီပီ စားချင်တာစား၊ ဝတ်ချင်တာဝတ်ပြီး ပျော်သလိုနေကြသူများ ဖြစ်ကြပါသည်။ ကျွန်မငယ်ငယ်က အဖိုးနဲ့တူပြီး စည်းကမ်းတကျ နေထိုင်ဖို့ ကြိုးစားခဲ့ဖူးပါသည်။ စည်းကမ်းလိုက်နာသူများကို အားကျခဲ့ဖူးပါသည်။ ၁၉၈၈ အရှေ့ပိုင်း မဆလခေတ်တွင် အဖိုး၏မိတ်ဆွေတစ်ဦးမှာ ပါတီဥက္ကဌတစ်ဦးဖြစ်ပြီး အလွန်သမာသမတ်ကျသော စာအုပ်ကြီးသမားတစ်ဦးဖြစ်ပါသည်။ ကျွန်မကို လူကြီးအရာသွင်းပြီး စာအုပ်ထဲပါ အကြောင်းအရာများနှင့် အတွေးအခေါ်များကို အချိန်အားတိုင်း ပြောပြလေ့ရှိပါသည်။ ကျွန်မက ကလေးပီပီ ရိုရိုသေသေနားထောင်လေ့ရှိပြီး သူ၏ အတွေးအခေါ် အပြုအမူများကို အားကျခဲ့ပါသည်။ ကျွန်မမိဘများကတော့ စာအုပ်ကြီးအတိုင်းနေထိုင်ပြုမူပြီး မိသားစုကို ဆင်းရဲအောင်ထားသော၊ တာဝန်မကျေသော အိမ်ထောင်ဦးစီးတစ်ဦးဖြစ်နေသော ထိုဘဘကြီးကို […]


weiweiMay 29, 20111min2535
သန်လျင်မြို့မှ ဘုံပျံပရိယတ္တိစာသင်တိုက်မှ တည်ထောင်ထားသော ဘက ကျောင်းတစ်ကျောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ သူငယ်တန်းမှ ၈ တန်းအထိ ပညာသင်ပေးနေပြီး ကျောင်းသားပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ သန်လျင်တံတားမှ ဆင်းဆင်းချင်း အောင်သုခ မီးရထားဘူတာ ဘေးမှာ တည်ရှိပါတယ်။ မနှစ်က ကျောင်းအပ်လက်ခံတဲ့ မေလမှာ ကျွန်မတို့မိသားစုကလဲ ဆရာတော့်ကို အလှူပင့်ဖိတ်ဖို့သွားရင်း ကျောင်းလာအပ်တဲ့ ကျောင်းသားများနဲ့ မိဘများအခြေအနေကို တွေ့မြင်ခဲ့ရပါတယ် … (ဓါတ်ပုံမရိုက်ခဲ့မိလို့ ပြစရာမရှိပါ) ဦးဇင်းတစ်ပါးက စားပွဲလေးတစ်လုံးနဲ့ ထိုင်နေပါတယ်။ ကျောင်းသားမိဘတွေက သူတို့ကလေးတွေကို လက်စွဲလို့ ဘုန်းကြီးကျောင်းပေါ်တက်လာပြီး ကျောင်းအပ်ကြပါတယ်။ ဦးဇင်းက စာရင်းစာအုပ်ထဲမှာ ဘယ်နှစ်တန်းလဲ? နံမည်ဘယ်သူလဲ? အဖေနံမည်ဘယ်သူလဲပဲမေးပြီး ကျောင်းအပ်ခြင်း ပြီးဆုံးသွားပါတယ်။ စေတနာရှိလျှင် အလှူငွေထည့်ဝင်နိုင်ပြီး မလှူနိုင်လဲရပါတယ်။ ဘာစာအုပ်ဖိုးမှလဲ ပေးစရာမလိုပါဘူး။ ကျောင်းဖွင့်လျှင် ဆရာတော်မှ ကျောင်းသားအားလုံးအတွက် စာအုပ်အလကားပေးဝေမှာဖြစ်ပါတယ်။ […]


weiweiMay 27, 20111min32912
အရင်အပတ်က ငယ်သူငယ်ချင်းတွေ ဆုံမိခဲ့ကြပါတယ်။ လူ့ဘဝသက်တမ်း ထက်ဝက်ကျော်လာပြီဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းလေးယောက် တစ်နေရာထဲမှာ တွေ့ဆုံနိုင်တဲ့ အခွင့်အရေး အလွန်နဲပါးလာခဲ့ပါတယ်။ ကျွန်မသက်တမ်းတလျှောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ် လေးခုမှာ ပညာသင်ခဲ့ဖူးတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ အများအပြားရှိခဲ့ပေမယ့် စက်မှုတက္ကသိုလ်ဝင်းထဲက ဂျီဟောလ်ဆောင်မှာ တစ်ခန်းထဲအတူနေခဲ့ကြတဲ့ သူငယ်ချင်း ၄ ယောက်ကတော့ အချစ်ဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြပါတယ်။ 1998 ကျောင်းပြီးကထဲက တစ်ယောက်တစ်လမ်းစီလျှောက်ခဲ့ကြရင်း ရံဖန်ရံခါမှသာ ၄ ယောက်စုံနိုင်ပါတော့တယ်။ ၆ နှစ်လောက် မဆုံခဲ့ကြတဲ့သူတွေ ပြီးခဲ့တဲ့အပတ်က စင်ကာပူရောက်နေတဲ့ သူငယ်ချင်း ရန်ကုန်ကို ခဏပြန်လာတာနဲ့ အားလုံးတွေ့ရအောင် အတင်းစီစဉ်ပြီး ကျွန်မအိမ်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတော့တယ် … ပြောမနာ ဆိုမနာ အားမနာ ပါးမနာ ဝေဖန်ရန်ဖြစ်ခဲ့ကြတဲ့ ကျွန်မတို့တွေ […]