weiweiFebruary 19, 20112min1686
ဧဝရက်တောင်ခြေနားရောက်ခါနီး လမ်းခရီးမှ ရှုခင်းများဖြစ်ပါသည်။ ပုံထဲမှာ မြင်ရတဲ့ လမ်းပုံစံအတိုင်း မိုင် ၂ဝ သွားခဲ့ရပါတယ်။ ခရီးသွားလမ်းညွှန်က ကျွန်မတို့ကို လမ်းကြမ်းကိုသွားရမယ်ဆိုလို့ ဘယ်လောက်များကြမ်းမလဲလို့ တွေးထားတာ မြင်တဲ့အတိုင်းပါပဲ …


weiweiFebruary 15, 20111min48124
ပို့စ်ရေးမယ်လို့ စိတ်ကူးပေမယ့် လက်ရှိနေရာဒေသနဲ့ နေသားမကျဖြစ်နေတာတွေကို အဆင်ပြေအောင် ဖြေရှင်းရင်းနဲ့ မအားမလပ်ဖြစ်နေရပါတယ်။ တရုတ်ပြည်မှာ နေခဲ့တာ ကြာသွားတော့ အပြောင်းအလဲတစ်ခုကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးနဲ့ အမျိုးမျိုး ကြုံနေရပါတော့တယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ စားသောက်နေထိုင်ရေးကို အဆင်ပြေအောင် ကြိုးစားပေမယ့်လဲ အဆင်မပြေဖြစ်နေဆဲပါပဲ … တရုတ်ပြည်မှာ နေခဲ့စဉ်တုန်းက ပစ္စည်းတန်ဖိုးတွေကို ၁၅ဝ နဲ့ မြှောက်ပြီး သုံးခဲ့ဖူးတဲ့အကျင့်က အခုတော့ တန်ဖိုးတစ်ခုတွေ့တိုင်း ၁၅ဝ နဲ့ ပြန်စားနေမိပါတယ် … တွက်မိလိုက်တိုင်း ဝယ်ချင်စိတ် စားချင်စိတ် ပျောက်သွားတတ်လွန်းလို့ ဈေးသွားရတာကို ဒုက္ခလို့ ထင်လာမိတယ် … အလွန်လတ်ဆတ်တဲ့ သားငါးတွေနဲ့ ကျင့်သားရနေတဲ့ ကျွန်မအတွက် ရန်ကုန်က သားငါးတွေကို မလတ်ဘူးလို့ယူဆပြီး ဝယ်မစားဖြစ်ဘူး … အသီးအရွက်တွေကလဲ ခပ်နွမ်းနွမ်း ခပ်ရင့်ရင့်တွေဆိုတော့ ဝယ်မစားချင်ပြန်ဘူး […]


weiweiFebruary 5, 20111min33717
နေပြည်တော်လမ်းကို စိတ်ဝင်စားနေကြတာတွေ့လို့ လမ်းပုံတစ်ချို့တင်လိုက်ပါတယ်။ လမ်းတလျှောက် တစ်ပုံစံထဲမို့လို့ ပုံနဲနဲပဲ တင်လိုက်တော့မယ်။ ကားမှန်ခံပြီး ရိုက်ထားလို့ ပုံတွေက နဲနဲဝါးတာားတားဖြစ်နေတယ်။


weiweiFebruary 4, 20113min61523
နေပြည်တော်ကိုသွားဖို့ ကိစ္စတစ်ခုပေါ်လာတာနဲ့ ရန်ကုန် – နေပြည်တော် ကားလမ်းသစ်ကနေ သွားလိုက်တယ်။ ထောက်ကြံ့အလွန်မှာ နေပြည်တော်လမ်းစပြီး ဂိတ်ကြေးကောက်တဲ့ဂိတ်တစ်ခုရှိပါတယ်။ မိုင်တိုင် သုညကနေစပြီး ကွန်ကရစ် အချောလမ်းပါ။ လမ်းဖြတ်ခ ကားသေးတစ်စီးကို ၅၀၀ဝ ကျပ်ပေးရပါတယ်။ မနက်စောစောထသွားဖြစ်လို့ ကားပေါ်မှာ အိပ်ရက်နဲ့လိုက်သွားလိုက်တယ်။ တစ်လမ်းလုံး ကားလဲရှင်း လူလဲရှင်း ပတ်ဝန်းကျင်မှာလဲ အပင်နဲနဲကလွဲပြီး ဘာမှမတွေ့ရဘူး။ ၁၁၅ မိုင်ကိုရောက်တော့မှ ဆိုင်အနဲငယ်တွေ့ရလို့ ခဏနားပြီး မနက်စားစားလိုက်တယ်။ ပြီးတော့ နေပြည်တော်ကို ဆက်ထွက်လာခဲ့တာ မိုင် ၂၁ဝ လောက်မှ နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ ကိစ္စဝိစ္စတွေကို နေ့ခင်းပိုင်းမှာ လုပ်ပြီးတာနဲ့ အချိန်ပိုနေလို့ နေပြည်တော်က ဘုရားကို သွားဖူးဖြစ်ခဲ့တယ်။ ဒီဘုရားကို နိုင်ငံခြားက ဗမာတွေသာမက ဗမာပြည်က ဗမာတွေပါ ရောက်ဖူးသူနဲမှာမို့လို့ ဓါတ်ပုံတချို့ ကြိုးစားပြီး […]


weiweiJanuary 31, 20112min1836
တရုတ်ပြည် ကွမ်တုံးပြည်နယ်က shenzhen (深圳) ရှန်းကျန့်မြို့ကို ရောက်ရင်း ဆိပ်ကမ်းကို လေ့လာခွင့်ရခဲ့ပါတယ်။ ဟောင်ကောင်နဲ့ အနီးဆုံးဖြစ်တဲ့ ရှန်းကျန့်မြို့ကလေးက အလွန်ခေတ်မှီလှပတယ်။ ဆိပ်ကမ်းကို ရေထဲကနေ သင်္ဘောအသေးလေးနဲ့ လှည့်ပတ်ပြသပါတယ်။ တရုတ်ပြည်မှာ ရှန့်ဟိုင်ဆိပ်ကမ်းနဲ့ ဟောင်ကောင်ဆိပ်ကမ်းပြီးရင် တတိယအလုပ်အဖြစ်ဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ ဆိပ်ကမ်းအရှည် ကီလိုမီတာ ၂၆ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ အပိုင်းပိုင်းဖြစ်နေတယ်။ ပင်လယ်ရေ စိမ်းစိမ်းနဲ့ ကုတင်သင်္ဘောတွေ ကွန်တိန်နာတွေ အများကြီးကို မြင်ရတာ မြင်ကွင်းလှလို့ အားလုံးကြည့်ရအောင် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။


weiweiJanuary 30, 20111min27710
ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ခရီးထွက်ဖြစ်တယ်။ အလုပ်ကိစ္စမို့လို့ ရှုခင်းပုံတွေနဲ့ ခရီးသွားအတွေ့အကြုံ များများစားစားတော့ မရှိဘူး။ တရုတ်ပြည်တောင်ပိုင်းက ကွမ်ကျိုးမြို့ကို ရောက်ဖြစ်တုန်း ထူးဆန်းတာလေးတစ်ခုကို တွေ့လိုက်မိတယ်။ တခြားသူတွေအတွက် ထူးဆန်းချင်မှ ထူးဆန်းမှာပါ .. ကျွန်မက တောသူဖြစ်နေလို့ ထူးဆန်းတယ်ထင်နေတာဖြစ်ပါလိမ့်မယ် … ကားစီးရင်း ကားပေါ်မှာ တပ်ဆင်ထားတဲ့ GPS ကို သတိထားမိလိုက်တယ်။ GPS ကို မြင်ဖူးသိဖူးတာတော့ ကြာပါပြီ။ အရင်တုန်းကတော့ သင်္ဘောတွေမှာအသုံးများတယ်။ အခုတော့ ကားတွေမှာလဲ သုံးနေပါပြီ။ ကားရောက်နေတဲ့ တည်နေရာကို ပြပေးနိုင်တဲ့ ကိရိယာတစ်ခုအနေနဲ့ သိထားဖူးပါတယ်။ အခုတွေ့လိုက်တော့ အဲဒီဟာလေးက တော်တော်စွမ်းဆောင်နိုင်တာကို သိလိုက်ရတယ်။ ကွမ်ကျိုးမြို့က ခေတ်မီနေပြီး တော်တော်လည်း ကြီးပါတယ်။ ကျွန်မသွားချင်တဲ့နေရာကို ကားသမားကိုပြောလိုက်တော့ သူက GPS ကနေ အဲဒီနေရာကို […]


weiweiJanuary 17, 20115min25811
တိဗက်ခရီးစဉ် (၄) ဒီကနေ့မနက်မှာတော့ ၃ ညအိပ်ခရီးတစ်ခုအတွက် လိုအပ်တာတွေကို အဆင်သင့်ပြင်ဆင်ထားကြပါတယ်။ ဧဝရတ်တောင်ခြေမှာ တစ်ညအိပ်ဖု့ိအတွက် အချမ်းဒဏ်ခံနိုင်မဲ့ အဝတ်အစားတွေ၊ လမ်းခရီးမှာစားဖို့ စားစရာတွေနဲ့ လိုအပ်မဲ့ဆေးဝါးတွေကို အပြည့်အစုံစီစဉ်ထားလိုက်ပါတယ်။ မနက်စောစောစာကို ဟိုတယ်မှာစားပြီး မနက် ၈ နာရီမှာ ခရီးစထွက်ကြပါတယ်။ ဒရိုင်ဘာရယ် ခရီးသွားလမ်းညွှန်ရယ်၊ ကျွန်မတို့ သုံးယောက်ရယ် ကားတစ်စီးနဲ့ စထွက်ခဲ့ပါတယ်။ လားဆားမြို့က စထွက်လိုက်တာနဲ့ လမ်းခရီးက တောင်တွေ ကွေ့ပတ်ပြီးသွားရတယ်။ ပတ်ဝန်းကျင်က အရမ်းသာယာတယ်။ လာဆားကနေ နိပေါလ်ကိုသွားတဲ့ Sino-Nepal friendship Highway road ကနေ သွားရပါတယ်။ အဲဒီလမ်းမကြီးက လာဆားကနေ နိပေါလ် ခေတ္တမန္ဒူမြို့အထိပေါက်ပြီး ကီလိုမီတာ ၉၀ဝ ကျော်ရှိပါတယ်။ ယနေ့ခရီးစဉ်ကတော့ လားဆားကနေ တိဗက်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ Shigatse ရှီဂစီ မြို့အထိပါပဲ။ […]


weiweiJanuary 14, 20112min1435
လမ်းတလျှောက် သဘာဝပုံတွေပါ … ပန်းရောင်ဖြစ်နေတဲ့တောင်ကတော့ အဲဒီနေရာတစ်နေရာထဲမှာပဲ မြင်ဖူးခဲ့ပါတယ် … ပန်းရောင်တောင်နဲ့ အဝါရောင်မုန်ညင်းခင်းက ဆေးရောင်စုံပန်းချီကားတစ်ခုလိုပဲ အရမ်းလှတယ် … လမ်းတလျှောက်မှာ အနေအထားကတော့ ခပ်ဆင်ဆင်တွေပါပဲ … တောင်တွေ ပုံစံအမျိုးမျိုး … အရောင်အမျိုးမျိုးနဲ့ ထူးခြားတာကတော့ အလွန်ကောင်းတဲ့ လမ်းမကြီးပဲ …


weiweiJanuary 13, 20111min29710
လက်တစ်လုံးခြား အခုကိစ္စကတော့ လူလည်ကျတယ်ပဲ ပြောရမယ်။ သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး လူလည်လုပ်တာပါ။ တရုတ်ပြည်မှာ ခရီးသွားရင် ခရီးစရိတ်ထက် ဝင်ကြေးတွေက ပိုဈေးကြီးလေ့ရှိပါတယ်။ ဝင်ကြေးပေးရတိုင်း ကျွန်မကတော့ ရင်ထဲမှာ နှမြောစိတ်အမြဲဖြစ်ပါတယ်။ တစ်နေရာဝင်ကြည့်ရင် ဗမာငွေ တစ်သောင်းကျော် နှစ်သောင်း တစ်ချို့နေရာဆို သုံးသောင်းခန့်ပေးရပါတယ်။ သူတို့ဈေးနှုန်းမှာ တစ်ဝက်ဈေးနဲ့ ဝယ်နိုင်တဲ့ လူစာရင်းရှိပါတယ်။ အဲဒီလူတွေကတော့ အသက် (၆၀) အထက်၊ စစ်မှုထမ်း၊ ကျောင်းသား (သူငယ်တန်းကနေ တကသိုလ်နောက်ဆုံးနှစ်) အထိဖြစ်ပါတယ်။ ကလေးကိုတော့ အရပ် ၁.၂ မီတာအောက်ဆို ပိုက်ဆံမပေးရပါဘူး။ မာစတာကျောင်းသားနဲ့ တခြားဘယ်ကျောင်းသားမဆို တစ်ဝက်ဈေးမရပါဘူး။ ဆိုလိုတာကတော့ ကျွန်မမှာကိုင်ထားတဲ့ ကျောင်းသားစာအုပ်လေးက တစ်ဝက်ဈေးမရပါဘူး။ အဲဒါလေးပြဝယ်ရင် အပြည့်ပဲ ပေးရပါတယ်။ အဲဒီကိစ္စကြောင့် ရင်ထဲမှာ တော်တော်ကသိကအောက်ဖြစ်ရတယ်။ တစ်ခါကျတော့ ကျွန်မသူငယ်ချင်းက […]


weiweiJanuary 11, 20111min52130
ဒီပို့စ်မှာတော့ အမှာစာလိုမျိုး နဲနဲရေးလိုက်ချင်တယ်။ ကျွန်မကစာရေးရင် ကိုယ်တွေ့တွေထဲကပဲ တခြားသူတွေသိသင့်တယ်ထင်တာကို ထုတ်ရေးလေ့ရှိပါတယ်။ ဗဟုသုတရအောင် တရုတ်ပြည်က အတွေ့အကြုံလေးတွေကို အလျဉ်းသင့်သလိုရေးရင်း အများအားဖြင့်တော့ ကိုယ်ညံ့တဲ့အကြောင်း မရေးဘူးပေါ့။ ဒါပေမယ့် တကယ့်တကယ်မှာတော့ ကောင်းတာနဲ့ဆိုးတာမှာ ကျွန်မအတွက်က ဆိုးတာက ပိုများပါတယ်။ ကျွန်မအသုံးမကျတာတွေကိုသာအကုန်စုပြီးရေးရင် ဝတ္ထုတစ်အုပ်စာလောက်ကို ရှိလောက်တယ်။ အဲဒီအထဲကမှ ရီစရာအဖြစ်အပျက်လေးတစ်ခုကို အရမ်းပြောပြချင်စိတ်ပေါ်လာတာနဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရအုန်းမှာပေါ့ .. ဒါပေမယ့် သိပ်မနာအောင် ဖြည်းဖြည်းပဲ ထောင်းမှာပါ .. 😛 ကျွန်မနေတဲ့မြို့မှာ ပန်းခြံတွေအများကြီးရှိပါတယ်။ မြို့သူမြို့သားနဲ့ ကလေးတွေ အပန်းဖြေဖို့လုပ်ထားတာမို့လို့ အများအားဖြင့် ဝင်ကြေးမပေးရပါဘူး။ ဒါပေမယ့် သေချာစီစဉ်ပြီး အကုန်အကျခံထားရတဲ့ ပန်းခြံတွေကတော့ ဝင်ကြေးပေးရတယ်။ ကျွန်မနှစ်သက်တဲ့ ပန်းခြံတစ်ခုက ဝင်ကြေး ၃ဝ ပေးရပါတယ်။ ကျွန်မတို့မြို့ကို လာလည်တဲ့ ဗမာသူငယ်ချင်းတွေကို အဲဒီပန်းခြံကို […]


weiweiJanuary 8, 20112min17810
လားဆားကနေ ဧဝရတ်တောင်ခြေအထိ ကား ၂ ရက် ခရီးသွားခဲ့ရတယ် … ကားပေါ်ကနေ လမ်းဘေးကို လှမ်းရိုက်ထားတဲ့ပုံတွေပါ … ကင်မရာက ဘတ်ထရီအပိုမရှိလို့ တော်တော်ချွေတာပြီး ရိုက်ခဲ့ရတယ်။ လမ်းခရီးတစ်လျှောက် လမ်းမကြီးရယ် တောင်ရယ်ပဲရှိပေမယ့် အရမ်းလှတယ် … ကြည်လင်သန့်ရှင်းနေသလိုပဲ … လမ်းတွေကလဲ ချောမွတ်နေတယ် … ရာသီဥတုကလဲ အေးတယ် … ကားကလည်း အကောင်းစားနဲ့ဆိုတော့ ပင်ပန်းတယ်လို့ မခံစားရဘူး …


weiweiJanuary 7, 20111min2489
လမ်းဘေး ပလက်ဖောင်းပေါ်မှာ မြေဖြူခဲရောင်စုံနဲ့ ပန်းချီဆွဲပြီး ပိုက်ဆံတောင်းတဲ့သူပေါ့ … ခြေထောက်တစ်ဖက်ပြတ်နေပြီး ဂျိုင်းထောက်နဲ့ … လူစည်ကားတဲ့နေရာတွေမှာ သူ့ကို အဲဒီလိုပုံနဲ့ ခဏခဏတွေ့မိပါတယ် … ကင်မရာပါတဲ့တစ်ခေါက်က ရိုက်ထားလိုက်မိတာ .. အခုဓါတ်ပုံက ၆ လလောက်တော့ရှိပြီထင်တယ် … အသိမ်းလွန်နေတာနဲ့ အခုမှတွေ့လို့ ကြည့်ရအောင် တင်ပေးလိုက်တယ် … တခြား အဆင့်မြင့် ပိုက်ဆံတောင်းနည်းတွေလဲ အများကြီးပဲ .. ဓါတ်ပုံရိုက်ရမှာ အားနာလို့ မပြဖြစ်တာ ..


weiweiJanuary 7, 20111min41522
မောင်ညီမလေးတို့တွေကို ပုံပြင်တွေ မပြောဖြစ်တာတောင်ကြာနေပြီနော် … နှစ်သစ်မှာ ရွာသူရွာသားတွေအားလုံး အေးအေးချမ်းချမ်း ငြိမ်ငြိမ်ဝပ်ဝပ် ပိပိပြားပြားနဲ့ လိမ်မာနေကြတယ်ကွဲ့ … ဒါပေမယ့် ဝီစကီလိကနေ သဂျီးအကြောင်း သဲလွန်စတစ်ခုရမိလို့ သဂျီးပုံပြင်လေး ပြောပြအုန်းမယ်ကွယ်။ ဒီလိုကွဲ့ … ရတနာပုံနေပြည်တော်က ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲဘွဲ့ယူထားတဲ့ ဦးကိုင်တစ်ယောက် စီးတော်ယာဉ်လဲပျက်ရော ဘုန်းတော်တွေလျောကျလို့ ဆိုက်ကားပြန်စီးပြီး ရွာသဂျီးရာထူးကိုပဲ တိတ်တဆိတ်ပြန်လည်ယူထားတယ်ဆိုပဲ … အထက်ကို ဆက်သရမယ့်အခွန်တော်တွေကို အပြည့်မပေးပဲ စီးတော်ယာဉ်ပြင်ဆင်ရေးမှာ ထည့်သုံးထားသတဲ့။ ရွာသူရွာသားအခွင့်အရေးဖြစ်တဲ့ ရေးချင်တာရေးပြီး တင်ချင်သလိုတင်နေတဲ့ကိစ္စလဲ အခွန်တော်အပြည့်မဆက်တော့ အကန့်အသတ်နဲ့သာရတော့သတဲ့။ ဒါပေမယ့် သဂျီးက သူလုပ်တာမဟုတ်၊ အထက်က ပညာပြတာလို့ ခပ်တည်တည်ဖြီးထားသတဲ့။ ရွာသားတွေက ဘာမှမတတ်နိုင်ဘူး။ ရသမျှလေးယူရမဲ့ အခြေအနေတွေမဟုတ်လား။ စောဒကတက်မိရင် ရွာသားတွေကိုထောက်ပံ့ထားတဲ့ မဖြစ်စလောက်ပံ့ပိုးငွေလေးတောင် ပြန်ရုတ်သိမ်းသွားနိုင်တယ်မဟုတ်လား။ ရွာသူရွာသားတွေကတော့ အလေ့အကျင့်အခိုင်အမာရပြီးသားပဲလေ […]