weiweiDecember 29, 20101min67412
အရိုက်အလွန်ကြမ်းသော စတုတ္ထတန်းမှ ဆရာတစ်ဦးကို ကျွန်မတစ်သက် ဘယ်လိုမှမေ့လို့မရပါ။ သူက ကျွန်မ (၄) တန်းတုန်းက အတန်းပိုင်ဆရာဖြစ်ပါတယ်။ ကျွန်မတို့ (၄) တန်းကျောင်းသားအားလုံး သူ့ရဲ့နောက်ဆုံးတပည့်တွေလဲဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ၄ တန်းဖြေပြီးတဲ့ နွေရာသီမှာပဲ ဆရာကွယ်လွန်သွားလို့ ဖြစ်ပါတယ်။ ဆရာက သချင်္ာကို အဓိကထားသင်ပြီး အဲဒီခေတ်တုန်းက ဘာသာစုံကို ဆရာတစ်ဦးတည်းကသင်ရတဲ့အချိန်မို့လို့ တခြားဘာသာတွေလဲ သူပဲသင်ပါတယ်။ ဒါပေမယ့် သူက သချင်္ာပဲစိတ်ဝင်စားပါတယ်။ ကျောင်းစတက်တဲ့အချိန်တိုင်းမှာ သချင်္ာနဲ့စသင်ပြီး တစ်ခန်းလုံးကို စိတ်မချမ်းမသာဖြစ်အောင်လုပ်တော့တာပဲ။ သချင်္ာတွက်ရင် အယောက် (၂၀) ပြီးလို့ စာအုပ်ထပ်ပြီးတာနဲ့ ကျန်တဲ့ ကျောင်းသား ၅ဝ က စာအုပ်ဆက်တင်ခွင့်မရှိတော့ပဲ ခုံပေါ်မတ်တပ်ရပ်နေရပါတယ်။ စာအုပ်တင်လိုက်တဲ့ ကျောင်းသား ၂ဝ ကလဲ ဘုရားတရားသာတနေပေတော့။ မှားလို့ကတော့ အရိုက်ခံရပါတယ်။ ကြိမ်လုံးအကြီးကြီးနဲ့တော်တော်နာအောင်ရိုက်တဲ့ဆရာပါ။ တစ်နှစ်လုံး […]


weiweiDecember 29, 20101min5038
အသိတစ်ယောက်က တရုတ်စာသင်ချင်တာ ဘယ်လိုသင်ရင်ကောင်းမလဲလို့ အကြံတောင်းလာတယ်။ ကျွန်မလဲ ဘယ်လိုအကြံပေးရမှန်းမသိဖြစ်သွားပါတယ်။ အခုခောတ်က ရန်ကုန်မှာ အလုပ်လုပ်ရင်ဖြစ်ဖြစ်၊ စင်ကာပူသွားလုပ်ရင်ဖြစ်ဖြစ် တရုတ်စာနဲ့စကားတတ်ဖို့ လိုအပ်နေတော့ တရုတ်စာသင်တာ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။ ကျွန်မသိသလောက် ကြုံတွေ့ခဲ့ရသလောက်ကို တခြားသူတွေ ချင့်ချိန်စဉ်းစားနိုင်အောင် ရေးလိုက်မယ်စိတ်ကူးပြီး ဒီပို့စ်ကို ရေးဖြစ်သွားပါတယ် …. ကျွန်မကတော့ ၉ တန်းစာမေးပွဲဖြေပြီးတဲ့အချိန်ကစပြီး တရုတ်စာကို စသင်ခဲ့ပါတယ်။ ကျွန်မတို့မြို့နယ်က တရုတ်စာကောင်းကောင်းတတ်တဲ့ တရုတ်အဖိုးကြီးတစ်ယောက်ဆီမှာ သွားသင်ရပါတယ်။ ဘာမှမသိတဲ့ ကလေးတစ်ယောက်အနေနဲ့ စာသင်ရတာ လွယ်သယောင်ယောင်ပါပဲ … သူသင်သမျှ သူပြောသမျှလဲ အမှန်တွေချည်းပဲလို့လဲ ထင်ခဲ့မိပါတယ် … ဒါပေမယ့် နောက်ပိုင်းကျောင်းပိတ်ရက်တွေမှာ ဆက်မသင်ဖြစ်ပါဘူး။ တရုတ်စာဆိုတာနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ နောက်တစ်ခေါက် တရုတ်စာသင်ဖြစ်တာကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က မနက်ပိုင်း ဒီပလိုမာသင်တန်းမှာပါ။ ဘွဲ့ရပြီးတဲ့အချိန်မှာ တက်ဖြစ်တာဖြစ်ပါတယ်။ အဲဒီမှာ သင်ကြားတဲ့စနစ်က […]


weiweiDecember 27, 20101min1394
ကျွန်မအတွက် မသက်သာသော discount လျော့ဈေးအစီအစဉ်တွေကတော့ နေရာတိုင်း ဆိုင်တိုင်းမှာ အမျိုးမျိုးပုံစံနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ အမြဲတမ်းနစ်နာနေခဲ့တယ်။ အများအားဖြင့် ကျွန်မက တစ်ယောက်ထဲ ဈေးဝယ်ထွက်လေ့ရှိတယ်။ တစ်ယောက်ထဲ ဆိုင်မှာစားလေ့လဲရှိပါတယ်။ ဈေးဝယ်ထွက်ရင်းမောလို့ ရေခဲမုန့်စားမယ်ဆိုပါစို့ … မက်ဒေါနယ်က ရေခဲမုန့်တစ်ခုကို ၉ ရွမ်၊ ၂ ခု ဝယ်ရင် လျော့ဈေး ၁၂ ရွမ် လို့ကြော်ငြာထားပါတယ်။ တစ်ခုတောင် အနိုင်နိုင်စားရမှာဆိုတော့ မတတ်နိုင်ဘူးလေ … မတန်မှန်းသိသိနဲ့ တစ်ခုကို ၉ ရွမ်နဲ့ဝယ်စားရပါတယ်။ ကျွန်မခဏခဏသွားစားဖြစ်တဲ့ မြေအိုးမြီးရှည်လိုဆိုင်ကလဲ တစ်ပွဲထဲဆိုရင် ၂ဝ ရွမ်၊ ၂ ပွဲဝယ်ရင် ရ ရွမ်တန်တဲ့ အအေး ၂ ခွက်ရယ်၊ ၁ဝ ရွမ်တန်တဲ့ မုန့်တစ်ပွဲရယ် လက်ဆောင်ပေးပါတယ်။ […]


weiweiDecember 25, 20101min33916
ခရစ်စမတ်အကြို ဈေးရောင်းပွဲတွေနဲ့ စည်ကားနေတဲ့ တရုတ်ပြည်က စူပါမတ်ကတ်တွေမှာ လျှော့ဈေးနဲ့ရောင်းတာတွေတွေ့မိတော့ ကျွန်မတစ်ခါ ခံခဲ့ရတာလေးကို ပြန်အမှတ်ရမိပါတယ်။ အကွက်စေ့စေ့နဲ့ လူလည်ကျတတ်တဲ့ တရုတ်ပြည်က လျော့ဈေးအစီအစဉ်တွေထဲက တစ်ခုပါ။ ဗဟုသုတရအောင်ပေါ့ … လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက တရုတ်နှစ်သစ်ကူးနီးတဲ့တစ်ရက်မှာ ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်ထွက်ကြပါတယ်။ စူပါမတ်ကတ်နားလဲရောက်ရော အထူးအစီအစဉ်ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ကြော်ငြာတွေကပ်ထားတယ်။ စိတ်ဝင်စားတာနဲ့ ဝင်ကြည့်လိုက်ပါတယ်။ ငွေရှင်းကောင်တာတွေမှာလဲ ရေးထားပါတယ်။ သူတို့ရေးထားတဲ့စာလုံးက ၁၃ဝ ဖိုးဝယ်ရင် ၁၀ဝ ဖိုး လက်ဆောင်ပေးမယ်တဲ့။ ကျွန်မတို့ တော်တော်အံ့ဩသွားပါတယ်။ အဲဒီစာလုံးလောက်ကို ကောင်းကောင်းဖတ်တတ်တော့ မှားစရာလဲမရှိဘူးပေါ့။ ဒါပေမယ့် အံ့ဩလွန်းလို့ အရောင်းစာရေးတစ်ယောက်ကို သေချာအောင်ထပ်မေးကြည့်ပါတယ်။ သူကလဲ ဟုတ်ပါတယ်တဲ့။ ၁၃ဝ ဖိုး ဘောက်ချာတစ်စောင်ပြနိုင်ရင် ၁၀ဝ ဖိုး အလကားပေးမှာတဲ့။ တော်တော်တန်နေပြီပေါ့နော် […]


weiweiDecember 21, 20101min1986
အပိုင်း (၁) မှာတုန်းက စာဖတ်များပြီး အတွေးတွေလွန်တဲ့အကြောင်း ရေးခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်တွေမှာတော့ တရားအသိကြောင့် ဘယ်အရာမှ ပျော်စရာမကောင်းဘူးလို့ ထင်ခဲ့တယ်။ ဘယ်သူ့ကိုပဲကြည့်ကြည့် စိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။ အမြင်မတော်သလိုလို သူတို့ဘာလို့ပျော်နေကြလဲ စဉ်းစားလို့မရဖြစ်ခဲ့ဖူးပါတယ်။ စာကိုလဲ မသင်ချင်ဖြစ်ခဲ့တယ်။ စာမေးပွဲအောင်ရုံလောက်ပဲ ကြိုးစားပြီး ကျောင်းစာတွေကို စိတ်မဝင်စားခဲ့ပါဘူး။ တစ်ခါတစ်လေ ဆရာတော်ကြီးဆီသွားပြီး သွားလျှောက်တဲ့အခါမှာ ဆရာတော်က ရီရုံပဲရီနေပြီး ဘာမှမပြောပါဘူး။ ကျွန်မစိတ်အခြေအနေနဲ့ အဖြစ်အပျက်တွေကို နားလည်နေတဲ့ ဆရာတစ်ယောက်က ကျွန်မကို စိတ်အကြောင်း ရှင်းပြခဲ့ပါတယ်။ စိတ်ကိုထားတတ်ဖို့အကြောင်းပါ။ အဓိက သူပြောခဲ့တာကတော့ နှိမ့်ချခြင်းဖြစ်ပါတယ်။ မာန်တက်နေတဲ့စိတ်ကို နှိမ့်ချပစ်လို့ အကြံပေးပါတယ်။ အမြင်တွေကို ပြောင်းလဲပစ်ဖို့အတွက်ပါပဲ။ သံဃာတွေကို အရိယာသံဃာတော်တွေလို့ စိတ်ထဲမှာသွင်းပြီး ရိုသေလေးစားဖို့ကို ပထမဆုံးလေ့ကျင့်ခိုင်းပါတယ်။ ကိုရင်သေးသေးလေးကို တရိုတသေနဲ့ သေသေချာချာ ကန်တော့ကြည့်ပါတဲ့။ ကျွန်မအိမ်မှာ ဆွမ်းခံကိုယ်တော်တွေအများကြီးရှိပြီး […]


weiweiDecember 20, 20102min29013
ဒီဓါတ်ပုံတွေက မနေ့ကရေးခဲ့တဲ့ တိဗက်ခရီးစဉ် (၂) မှာ လာဆားမြို့ကနေ နမ်ဆိုရေကန်ကိုအသွား လမ်းတစ်လျှောက်မှ ရှုခင်းများဖြစ်ပါတယ်။ ကားပေါ်ကနေရိုက်ထားခဲ့တာဖြစ်ပါတယ်။ တိဗက်က အိမ်ပုံစံ၊ တိဗက်စာလုံးနဲ့ သဘာဝရှုခင်းတွေကြည့်ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ် …


weiweiDecember 20, 20101min2196
အကြီးနဲ့အငယ် အခုကျွန်မရေးမှာက ကျွန်မ အသက် ၂ဝ ကျော်လောက်မှာ ဆရာတစ်ယောက်က ဆုံးမခဲ့ဖူးသော အကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီဆရာလဲ ဆုံးပါးသွားတာကြာပါပြီ။ အရိယာပြစ်မှား ဒါဏ် (၁၀)ပါးဆိုပြီး ပြောပြရင်းကနေ လူကိုမြင်တိုင်း မပြစ်မှားမိစေဖို့ အသိပေးတဲ့ ဆုံးမစကားဖြစ်လို့ ဆရာ့ကျေးဇူးကိုလဲ သတိရရင်း တခြားသူတွေကိုလဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျွန်မတို့ လူဘာသာစကားနဲ့ပြောမယ်ဆိုရင်တော့ အသက်ပိုကြီးရင် အကြီး အသက်ပိုငယ်ရင် အငယ်ဆိုပြီး အကြီးအငယ်ကို အသက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ အသက်ကြီးသူကို ရိုသေရမယ်လို့ လူကြီးတွေက ဆုံးမကြပါတယ်။ ဒါပေမယ့် ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အကြီးအငယ်ဆိုတာကို အသက်နဲ့တိုင်းတာလို့မရပါဘူး။ ရ နှစ်သားကိုရင်လေးကိုတောင်မှ အဘိုးကြီး အဖွားကြီးတွေက ထိုင်ကန်တော့ရတယ်မဟုတ်လား။ သံဃာဆိုတာ ရတနာသုံးပါးထဲမှပါလို့ သံဃာဖြစ်တာနဲ့တင် ကန်တော့ဖို့ ထိုက်တန်ပြီး ကုသိုလ်လဲရပါတယ်။ အကြီးနဲ့ပတ်သက်ပြီး တရားတစ်ပုဒ်မှာ နာခဲ့ဖူးတာကတော့ မြတ်စွာဘုရား […]


weiweiDecember 20, 20101min35213
ကလေးဘဝ အသက် ၁၈ နှစ်အထိ အတွေ့အကြုံကို ဗုဒ္ဓဘာသာနဲ့ ကလေးဘဝ နံမည်နဲ့ ရေးသားပြီးဖြစ်ပါတယ်။ ဒီနေ့တော့ ၁၈ နှစ်နောက်ပိုင်း လူကြီးအတွေ့အကြုံပေါ့ … (နောက်ထပ် ၁ဝ နှစ်စာ .. အသက် ၂၈ လောက်အထိ) ကျွန်မတို့ခောတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက် နားလိုက်ရသေးတယ် … တရားရိပ်သာကပြန်လာပြီးတော့ ဝိပသနာတရားကို အရမ်းစိတ်ဝင်စားမိပါတယ်။ အိမ်လဲရောက်ရော စာအုပ်တွေရှာဖတ်ပါတော့တယ်။ အဲဒီတော့မှ သတိထားမိတာက ကျွန်မအိမ်ပေါ်မှာတင် တရားဘဏ္ဍာတိုက်ကြီးရှိနေပါတယ်။ ၁၈ နှစ်လုံးလုံး ကိုယ်နဲ့မဆိုင်သလို ဖတ်ရကောင်းမှန်းမသိ လူကြီးတွေကလဲ ဖတ်ပါလို့ မတိုက်တွန်းခဲ့တဲ့ စာအုပ်ဘီဒိုအကြီးကြီးတစ်လုံးထဲမှာ တရားစာအုပ်တွေ အပြည့်ပါပဲ။ ကျွန်မလဲ ဝမ်းသာလုံးစို့ပြီး ဘယ်စာအုပ်က စဖတ်ရမှန်းမသိအောင်ဖြစ်ခဲ့ပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ်ဆုံးဖြတ်ပြီး ဝိပသနာဆိုတဲ့နံမည်ပါတဲ့ စာအုပ်တွေကို ပထမဦးစားပေးအနေနဲ့ရွေးဖတ်ပါတယ်။ […]


weiweiDecember 20, 20101min2247
တရုတ်ပြည်မှ တက်စီများ ဒီနေ့ အပြင်သွားတော့ တက်စီစီးဖြစ်တယ်။ ခါတိုင်းအပြင်ထွက်ရင် မလိုအပ်ပဲ စကားသိပ်ပြောလေ့မရှိပေမယ့် ဒီနေ့တော့ စပ်စုချင်တာနဲ့ ခရီးကလဲဝေးတာနဲ့ ကားဆရာကလဲ သဘောကောင်းပုံပေါ်တာနဲ့ စကားလက်ဆုံကျသွားမိပါတယ်။ ဗဟုသုတရအောင် ပြန်လည်ဝေငှပေးလိုက်ပါတယ်။ တရုတ်ပြည်မှာတော့ တက်စီကို တာတီးလို့ အလွယ်ခေါ်ပါတယ်။ တက်စီတွေမှာ ကုမ္ပဏီတံဆိပ်တွေပါပါတယ်။ ကုမ္ပဏီပေါ်မူတည်ပြီး တက်စီရဲ့အရောင်တွေကွာပါတယ်။ လူတစ်ယောက်က တက်စီမောင်းတဲ့အလုပ်လုပ်ချင်ရင် တက်စီတစ်စီးဝယ်ပြီး ကုမ္ပဏီမှာစာရင်းပေးပြီး အခွန်ဆောင်ရပါတယ်။ ကားက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရပေမယ့် ကုမ္ပဏီနံမည်နဲ့မှ လိုင်စင်က အဆင်ပြေတယ်လို့သိရပါတယ်။ ကားတစ်စီးရဲ့သက်တမ်းကိုလဲ ၁ဝ နှစ်အထိပဲ သတ်မှတ်ထားပါတယ်။ ၁ဝ နှစ်ပြည့်ရင် ကားအသစ်နဲ့ အလိုက်ပေးပြီး ပြန်လဲရပါတယ်။ တက်စီအများစုက သစ်လွင်တောက်ပနေပါတယ်။ ထိုင်ခုံတွေကို ပိတ်အဖြူရောင်အစွပ်တွေနဲ့ စွပ်ထားကြရတယ်။ ကားတွေက လူမပါပဲသွားနေရင် ကားရှေ့မှာ အနီရောင်စာတမ်းလေးနဲ့ ကားအလွတ်လို့ ရေးထားပြီး အဝေးကနေမြင်နိုင်ပါတယ်။ […]


weiweiDecember 19, 20102min3618
တိဗက် ခရီးစဉ် (၂) လာဆားမြို့က ပေကျင်းစံတော်ချိန် ည ၈ နာရီကျော်ပေမယ့် အလင်းရောင်အနဲငယ်ရှိနေပါသေးတယ်။ ကျွန်မကတော့ ခေါင်းမထောင်နိုင်အောင် မူးနေပါပြီ။ ကိုယ်ခံအားနည်းနေတာကြောင့် အောက်စီဂျင်နဲပါးမှုဒဏ်ကို မခံနိုင်ဖြစ်နေပါတယ်။ ဆေးလဲမယူသွားမိဘူး။ ကျွန်မသူငယ်ချင်းယူလာတဲ့ဆေးကလဲ မလုံလောက်တာနဲ့ အဲဒီညမှာပဲ ဟိုတယ်ကဝန်ထမ်းကို အကူအညီတောင်းပြီး ဆေးဆိုင်မှာ ဆေးသွားဝယ်ရပါတယ်။ ဆေးကတော့ အထူးတလည်မဟုတ်ပါဘူး။ ဂလူးကို့စ်အမှုန့်ကို ရေကျက်အေးထဲထည့်ဖျော်ပြီး များနိုင်သလောက်များများသောက်ရပါတယ်။ အက်စပရင်ဆေးပြားလဲ သောက်ရပါတယ်။ ဘာမှမစားနိုင်အောင်မူးနေလို့ ညနေစာမစားပဲ အိပ်လိုက်ပါတယ်။ နောက်တစ်နေ့မိုးလင်းတော့ မနက်စာကို ဟိုတယ်က ကျွေးပါတယ်။ တရုတ်ပြည်က ဟိုတယ်တော်တော်များများရဲ့ မနက်စာတွေက ခပ်ဆင်ဆင်တူပါတယ်။ မန်းထိုလို့ခေါ်တဲ့ အသားမပါတဲ့ပေါက်စီ၊ ကြက်ဥကိုလက်ဖက်ခြောက်ရည်နဲ့ပြုတ်တဲ့ ကြက်ဥပြုတ်၊ ဆန်ပြုတ်ခပ်ကျဲကျဲ၊ ပဲနို့ရည်နဲ့ ချဉ်ဖတ်မျိုးစုံကို ကြိုက်သလောက် အဝစားလို့ရပါတယ်။ ကျွန်မတို့ကတော့ မနက်စောစော အစားမစားတတ်တာကတစ်ကြောင်း၊ သူတို့အစားအစာတွေကို မကြိုက်တာကတစ်ကြောင်းမို့ […]


weiweiDecember 19, 20101min40012
ဒါလဲပဲ တော်တော်လွယ်တဲ့ဟင်းတစ်မျိုးပဲ … ပဲကြီးကို တစ်ညရေစိမ်ထားလိုက်တယ် … ပွလာတော့မှ အခွံတွေ ခွာလို့ရပါတယ် … ပြီးတော့ အိုးထဲမှာ ဆီနဲနဲထည့် ကြက်သွန်နီနဲနဲဆီသတ်ပြီး ပဲကြီးထည့်ကြော်လိုက်တယ် .. ဆားနဲနဲထည့်ပြီး ရေနဲ့ နာရီဝက်လောက်ချက်ထားလိုက်ပြီး ရေခန်းတာနဲ့ စားလို့ရပါပြီ .. အရောင်လှချင်ရင် ဆီသတ်နေချိန်မှာ ဆနွင်းနဲနဲထည့်ရပါမယ် … ကြက်သွန်နီကြော်လုပ်ရတာအဆင်ပြေရင်တော့ ပဲကြီးချက်ပြီးပန်းကန်ထဲထည့်ပြီးချိန်မှာ အပေါ်ကဖြူးလိုက်ရင် လှပပြီး မွှေးသွားပါလိမ့်မယ် ..


weiweiDecember 19, 20101min34315
သောဝါစဿတာ ဧတံ မင်္ဂလ မုတ္တမံ ဆုံးမရလွယ်ကူခြင်းသည် မြတ်သော မင်္ဂလာဖြစ်၏။ ထုံးစံအတိုင်းပဲ ငယ်ငယ်တုန်းက အကြောင်းကို စဉ်းစားမိပါတယ်။ ကျွန်မတွေ့ဖူးကြုံဖူးသလောက်တော့ လူတော်တော်များများဟာ ဆုံးမရမလွယ်ပါဘူး။ ကိုယ့်လုပ်တာမှန်တယ် ကိုယ်ထင်တာမှန်တယ်လို့ ထင်နေကြလို့ ဆုံးမဖို့ဝေးလို့ ဝေဖန်မိရင်တောင်မှ မကြိုက်ကြပါဘူး။ တစ်ခုခုကို သိတဲ့သူက ပြောပြရင်လဲ သူကဘယ်လောက်သိလို့ ဆရာလုပ်တာလဲဆိုပြီးလဲ ထင်ကြပါတယ်။ ဝေးဝေးမကြည့်ပါနဲ့ အိမ်မှာ မိဘက သားသမီးကိုပြောရင်တောင် မိဘတွေကို သူတို့ခောတ်ကနဲ့မတူဘူး သူတို့မသိပဲဝင်ပါတယ်ဆိုပြီး စိတ်ဆိုးလေ့ရှိပါတယ်။ ကျွန်မ ကလေးတုန်းကတော့ ဆုံးမမှာကို မကြိုက်လို့ မခံချင်လို့ အတတ်နိုင်ဆုံး လိမ်မာအောင် ကြိုးစားပြီးနေခဲ့ဖူးပါတယ်။ အဲဒီလိုနေတဲ့ကြားထဲက အမြင်မတော်လို့ ဆုံးမတာကိုခံလိုက်ရရင် သေချာမှတ်ထားပြီး နောက်တစ်ခါမလုပ်မိအောင်သတိထားလိုက်ပါတယ်။ ကလေးတုန်းကတော့ မိဘ ဘိုးဘွားတွေကို ချစ်ခင်လေးစားတဲ့စိတ်ရှိနေတော့ သူတို့တွေနဲ့လဲ အဆင်ပြေပြေနေနိုင်ခဲ့ပါတယ်။ အဆင်မပြေခြင်းကတော့ ၁ဝ […]


weiweiDecember 18, 20101min52323
အနုပညာနှင့် ကလေးဘဝ ပြီးခဲ့တဲ့နေ့က ဆရာမ မေငြိမ်းရဲ့ စာပေဟောပြောပွဲနားထောင်ရင်းနဲ့ အနုပညာအကြောင်း တွေးမိခဲ့ပါတယ်။ ငယ်ငယ်တုန်းက အနုပညာဆိုတာ ဘာမှန်းမသိခဲ့ပေမယ့် အနုပညာအလုပ်တွေ အလိုအလျောက်လုပ်ခဲ့မိပါလားလို့ ပြန်တွေးမိပါတော့တယ် … ကျွန်မတို့မိသားစုတွေ ဆွေမျိုးတွေထဲမှာတော့ အနုပညာရှင်တစ်ယောက်မှမရှိပါဘူး။ အများစုက အရောင်းအဝယ်အလုပ်ကိုပဲ လုပ်ကြပါတယ်။ ကျွန်မတို့ခေတ်မူလတန်းက ကျောင်းတက်ရုံနဲ့ပြီးတယ် .. ကျူရှင်မရှိသေးဘူး။ အချိန်တွေပိုတာပေါ့။ ရွှေသွေး၊ တေဇနဲ့ မိုးသောက်ပန်းကို ထွက်သမျှဝယ်ပေးပါတယ်။ အဲဒါတွေကိုပဲ အလုအယက်ဖတ်ခဲ့ရတယ်။ ညအိပ်ခါနီးရင် မေမေက ပုံပြောပြပါတယ်။ အများအားဖြင့် သီချင်းဆိုပြတာများတယ်။ ကျွန်မ အမေက ဝင်းဦးကို သိပ်ကြိုက်တော့ ဝင်းဦးသီချင်းအားလုံးကို အလွတ်ရပါတယ်။ ကျွန်မတို့ကို ခဏခဏဆိုပြတော့ ကျွန်မတို့လဲ ကလေးဘဝကထဲက ဝင်းဦးသီချင်းတွေကို အလွတ်ရနေပါတော့တယ်။ ကျွန်မ ၅ တန်းရောက်တဲ့အချိန်မှာတော့ အိမ်မှာ တီဗီနဲ့ ဗီဒီယိုစက် […]