who whoSeptember 22, 20111min1339
မှတ်မှတ်ရရ တနင်္ဂနွေနေ့ ညပိုင်း အားတာနဲ့ ရွှေကျီးမြင်ဘုရား သို့ တရားနာရန် အပြေးအလွှား သွားခဲ့သည်။ တစ်ပတ်မှ ဒီတစ်ရက်ပဲ အားရတာမို့ ခါတိုင်းလည်းတရားပွဲရှိနေမှန်း သိပေမယ့် သွားခွင့်မရခဲ့ဘူးလေ။ ဘယ်ဆရာ တော်ပဲဖြစြ်ဖစ် နာဖြစ်ရင်ကို အမြတ်ပဲရယ်လို့ သဘောထားတာကြောင့် ခုလည်း ဘယ်အချိန်မှန်းမသိ၊ ဘယ်ဆရာတော် မှန်းမသိပဲ လှူဖွယ်ပစ္စည်း လေးတွေ အပြေးအလွှား ဝယ်ပြီးလာခဲ့ပါတယ်။ ဘုရား ပရဝုဏ်က အကျယ် ကြီး မို့ တရားပွဲတော်တော်များများ မပြတ်တမ်း ပြုလုပ်လေ့ရှိတာကြောင့် ကိုယ့်အတွက်က အားရင်အားသလို ပြေးနေကျပါပဲ။ အချိန်ကတော့ (၇) နာရီ မိနစ်(၂၀) လောက်ပေါ့။ ဘုရားဝင်း အနီး ချိုးကွေ့လိုက်တယ်ဆိုရင်ပဲ အားပါးပါး…များလှတဲ့ လူအုပ်တွေက တဖွဲဖွဲမို့ လန့်တောင်သွားတယ်။ စိတ်ထဲမှာလည်း အရမ်း ကြည်နုးမိတယ်။ အော်… […]


who whoApril 21, 20111min765
ပွဲကတော့ ပွဲကြီးပွဲကောင်းပါပဲ။ သူများလိုတော့ အလှမယ်ရွေးချယ်ပွဲ တို့ ၊ မယ်စင်္ကြာဝဠါ ရွေးပွဲတို့တော့ မထင်လိုက်ပါနဲ့။ ခုလုပ်မယ့် ပြိုင်ပွဲကတော့ မယ်ဒုက္ခစစ်ရွေးချယ်ပွဲလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဒီမှာ လာပြိုင်ကြမယ့် ဒုက္ခ မယ်တွေကတော့ စာရင်းတွေပေးထားလိုက်ကြတာ အမျိုးမျိုးပါပဲ။ လုပ်မယ့် ရှိုးခန်းမကြီးကတော့ ကျနော့ ခန္ဓာအိမ်ဖြူတော် ခမ်းမကျယ်ထဲမှာပါပဲ။ ဒီထဲမှာ ဒုက္ခမယ်တွေက အလှည့်ကျ အစဉ်လိုက်ကိုပဲ ဝင်ရောက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ယှဉ်ပြိုင်တဲ့ထဲကမှ ဒုက္ခစစ်ကို ရွေးချယ်လို့ သရဖူ ပေးအပ်မှာ ဖြစ်ပါတယ်။ “ဉာဏ်”ကို ဒိုင်လူကြီးနေရာမှာထားလို့ သူကပဲ အမှတ်ပေးလို့ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ပွဲစဉ်မှာ အလှည့်ကျတဲ့ ဒုက္ခမယ်တွေ တစ်ဦးစီက ဒီခန္ဓာကြီးအပေါ် ဘယ်လောက်ထိ ဒုက္ခတွေ ပေးနိုင်တယ် ဆိုတာကို သူ့လက်စွမ်းတွေနဲ့ လက်တွေ့ပြသွားရမှာ ဖြစ်ပါတယ်။ […]


who whoMarch 27, 20111min510
ဒီနေ့တော့ ကျနော်နဲ့ ရန်သူ အာသဝတို့ ဆုံဆည်းလာရပုံလေးကို ပြန်လို့ အနှစ်ချုပ်တွေးမိနေပါတယ်။ ဘယ်လိုကစလို့ သူတို့ကို တွေ့ရှိသွားရပါ လိမ့်ဆိုတာကစ အတွေးနယ်ချဲ့မိတော့သည်။ အရင်ဆုံးကတော့ အလုပ်တွေမအားလွန်းရာကစတာပါပဲ။ အင်း…ငါ ဒီနေ့သာ အလုပ်တွေ ဒီလောက်များတာပါ။ နက်ဖြန်တော့ နားရချည်သေးရဲ့ လို့ မျှော်မှန်းလိုက်တိုင်း မအားရာ မအားကြောင်းတွေက အမှတ်မထင် ဝင်ဝင် လာပြန်တယ်လေ။ ဒါကို သတိထားမိတာက တော်တော့ကို ကြာနေပါပြီ။ အင်း တစ်ရက်လောက်များ ဘာလုပ်စရာမှ မရှိပဲ အေးအေးဆေးဆေးလေး နေရရင် ကောင်းမယ်လို့များ တွေးထားမိရင် ပိုတောင်ဆိုးသေးတယ်ဗျာ။ ဘယ်က ဘယ်လို ပေါ်လာမှန်းမသိတဲ့ အကြောင်းတွေလေ။ အင်း…ဒါတွေကြောင့်ပဲ ကျနော့်မှာ မသင်္ကာဖြစ်လာရတာပေါ့နော်။ တစ်စုံတစ်ယောက်ကများ ငါ့ကို မအားမနားရအောင် ဖန်တီးခိုင်းစေနေသလားလို့ ဆိုတဲ့ သံသယစိတ်ကလေး ဝင်လာရတယ်လေ။ ဇာတ်လမ်းက […]


who whoMarch 25, 20111min744
ဒီနေ့တော့ စောစောစီးစီး ဘုရားရှိခိုးလို့ မြတ်ဘုရားရှေ့မှောက် ဆွမ်း တော်ကပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လို့ ဆန်းစစ်ကြည့်နေမိပါတယ်။ ဒီအလုပ် တွေကရော ဘယ်သူက စေခိုင်းလို့ လုပ်နေရတာပါလဲဆိုတာကိုလေ။ တစ်နေ့ တစ်နေ့လုပ်နေရတဲ့ လည်ပတ်နေရတဲ့ အလုပ်တိုင်းက အာသဝ လက်အောက် က လွတ်တယ်လို့မှ မရှိတာပဲမလား။ ခုလို ကုသိုလ်တွေ လုပ်နေရတာတွေ ကရော သူတို့လက်အောက်ကမှ လွတ်ရဲ့လားလို့ တွေးမိသွားပါတယ်။ ဒါဆိုရင်တော့ ဒီမေးခွန်းလေးကိုသာ အရင်ဖြေလိုက်ပါတော့လို့ ကိုယ့် ကိုယ်ကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ “နင်လုပ်နေတဲ့ ကုသိုလ် အလုပ်တွေ ဟာ သစ္စာသိပြီး လုပ်တဲ့ အလုပ်ဟုတ်ရဲ့လား”လို့ ပြန်မေးလိုက်ရပါတယ်။ “ဟင်..ဒါကတော့ ဘယ်သိဦးမှာလဲ။ သစ္စာသိအောင်လုပ်ဖို့ အချိန်မရအောင်မှ သူတို့က လုပ်ထားတာဥစ္စာကို ။ သစ္စာမသိပေမယ့် ကုသိုလ်လုပ်နေတာပဲ ကောင်းတာလုပ်နေတာပဲလေ။ ဘာများမှားနေလို့လဲ”ဆိုတဲ့ […]


who whoMarch 24, 20111min672
အင်း…ကျနော့ခန္ဓာအိမ်ကြီးမှာက ရန်သူတွေ တပ်စွဲပြီး ဖြစ်နေပါပြီ။ အရင်ကတော့ အဲလို ရန်သူ့လက်အောက် ရောက်လို့ရောက်မှန်း မသိလေ တော့ မိုးလင်းမိုးချုပ် သူတို့ခိုင်းတာကို ပျော်ပျော်ကြီးကို လိုက်လုပ်လို့ အဟုတ် ကြီးထင်ပြီး ငါကွလို့ ဂုဏ်တွေတောင် ယူနေပါသေးရဲ့နော်။ အင်း…သိပါပြီ။ သစ္စာသိခွင့်မရအောင် မျက်လုံးပိတ်လို့ အချိုသပ်ခိုင်းခံနေရတဲ့ ကိုယ့်ဘဝ ကိုယ် ဒုက္ခတွင်းထဲကျနေပါပေါ့လားလို့ သိလိုက်ရပါပြီ။ သစ္စာလေးပါးနဲ့ ယောင် လို့တောင် တွေ့ခွင့်ဆုံခွင့် မရရလေအောင် အဝိဇ္ဇာဆိုတဲ့ ခေါင်းဆောင်ကြီးက မျက်လုံးပိတ်၊ နားပိတ်လို့ သူ့တပည့် သုံးယောက်ကို တာဝန်တွေပေးလို့ အချိတ်အဆက်မိအောင်ကို လှည့်ခိုင်းလည်ခိုင်းနေလိုက်ကြတာ။ ဟူး…ဒီလက် အောက်က လွတ်ဖို့ကတော့ ဘယ်နှယ့်များ လုပ်ရပါ့မလဲဆိုတာ တွေးရင်းနဲ့ တောင် စိတ်တွေ မွန်းကျပ်လာရပါပြီ။ ဒီနေ့လည်း ကြည့်ပါဦးတော့။ သူတို့ခိုင်းတာလေး လုပ်ရင်းက သူတို့ […]


who whoMarch 23, 20111min1406
အင်း…အနီးကပ်ရန်သူသုံးယောက်ကိုတော့ တွေ့ပါပြီ။ သူတို့တွေက ဘယ်အချိန်ကတည်းကများ ကိုယ့်ခန္ဓာအိမ်ထဲရောက်နေကြပါလိမ့်ဆိုတာရယ်၊ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲဆိုတာရယ် သိချင်တာကြောင့် ဒီနေ့ တော့ဖြင့် မနက်မိုးလင်းကတည်းက သူတို့ ဝင်လာမယ့် ပုံစံကို ကြည့်ဖို့ စောင့် နေပါပြီ။ အင်း…အရင်ဆုံးကတော့ ကာမာသဝက အရင်ဆုံး ဝင်လာပါပြီ။ ဒီနေ့ ဘယ်သူ့ ဆွမ်းကျွေးကိုတော့ဖြင့် မသွားလို့ မဖြစ်ပေဘူး။ အပြန်ကျရင်တော့ ဈေးဝင်ဦးမှပဲရယ်လို့ စတွေးမိလိုက်တာနဲ့ပဲ အော..ကာမာသဝရေ.. ရောက် လာပါပေါ့လား ဆိုတာ တန်းသိလိုက်ပါပြီ။ မကြာပါဘူး…။ အော်..ဒီရက်ပိုင်း အလုပ်တွေများနေတာတောင် ကျန်းမာနေတာ တော်သေးရဲ့။ ဘာပဲဖြစ်ဖြစ် လူကလည်း ကျန်းမာလို့ လှူချင်တန်းချင်တာလည်း လှူနိုင်တန်းနိုင်နေတာကို က အရတော်တဲ့ ဘဝပဲ လို့ တွေးလုံးတွေက ပေါ်လာပြန်ပါတယ်။ ဟော…ဒီရန်သူက ဘယ်သူပါလိမ့်မယ်။ သတိနဲ့ ကြည့်လိုက်တော့မှ […]


who whoMarch 23, 20111min1103
ကျနော့ဘဝရဲ့ လက်ရှိအချိန်တွေကို ပိုင်းကြည့်လိုက်တော့ အချိန်က အလွန်နည်းလှသည်။ နက်ဖြန်ဆိုတာ မသေချာပေ။ အသေချာဆုံး လက်ရှိ အချိန်ကို သစ္စာသိအောင် ကြိုးစားဖို့သာ အရေးကြီးလှသည်မလား။ အင်း… ခက်တော့နေပါပြီ။ နေ့စဉ် ကျင်လည် လှုပ်ရှား ရုန်းကန်နေရတဲ့ အလုပ်တို့က တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်ပေါက်နေပါပြီ။ ကျနော်ပိုင်းခြားထားတဲ့ တစ်နေ့တာ အချိန်ဇယားကလည်း ပေါ်လာတဲ့ အရေးကိစ္စတွေနောက် မလိုက် နိုင်ရှာတော့ပေ။ ဘယ်မလဲ ကျနော့ရဲ့ ကိုယ်ပိုင်အချိန်။ သစ္စာလေးပါး အမှန်တရားကို သိအောင် မြင်အောင် ပွားများအားထုတ်ဖို့ အခွင့်အရေးတွေကို လိုက်ပြီး ပိတ်ပင်နေသော ရန်သူကတော့ ကျနော့အနီးမှာ သေချာပေါက် ရှိနေ ပါပြီ။ ဒီနေ့တော့ဖြင့် လုပ်စရာအလုပ်တွေကို လွတ်ထားလိုက်ပြီးမှ ရန်သူ ကို တွေ့အောင်ရှာရပေတော့မည်။ အင်း ကျနော်တို့ကို နေ့စဉ် […]


who whoDecember 15, 20101min58
အင်း ခုတလော ခေါင်းကသိပ်မကောင်းချင် ။ ဆရာဝန်ပြတော့ လည်း အာရုံကြော အားနည်းလို့ အနားကောင်းကောင်းယူဖို့ ညွှန်ကြား ပါတယ်။ အိမ်မှာ အေးအေးဆေးဆေးလေး နားလိုက်ရင်တော့ ကောင်း သွားမှာပါလေ ဆိုပြီး ဒီနေ့တော့ နားလိုက်တော့မယ်လို့ စိတ်ကူးမိတယ် ပေါ့။ အဲ စိတ်ကူးနေတုန်းရှိသေး သူငယ်ချင်းတစ်ယောက် ရောက်လာ ပါတယ်။ ဒီနေ့ သူ ပဲပိဿာ (၃ဝ ) ကို မုန်လည် ဆရာတော်ဆီကို သွား ကပ်မှာဖြစ်ကြောင်းနဲ့ ဆိုင်ကယ်နောက်ကဆိုတော့ ပဲအိတ် အလေးချိန် က ဝိတ်က များလွန်းနေတာကြောင့်လို့ ဆိုလာပါတယ်။ ဒါနဲ့ ကျနော် လည်း တစ်ဝက်ကို ကျနော့ ဆိုင်ကယ်နောက်က ကူပြီးသယ်ပေးလို့ ရ ကြောင်းပြောရင်းနဲ့ပဲ ကျနော်တို့ရဲ့ ပဲအိတ်ကိုယ်စီနဲ့ မုန်လယ်ဆရာ […]


who whoDecember 8, 20101min702
အင်း ဒီနေ့ သင်တန်း စတက်ရမယ်ဆိုလို့ ဝမ်းတွေသာလို့ အပြတ် ရွိုင်းသွားတယ်ပေါ့။ ကိုယ်ထင်ထားတာကတော့ သင်တန်းမှာ ဆရာသင်တာ နားထောင် ၊ ခေါင်းရမ်းညိတ်ပြီး စတိုင်နဲ့ပြန်လာမယ်။ ပြီးမှ ဆရာပေးတဲ့ သင်ခန်းစာကို ထုံးစံ အတိုင်း မေးမယ်ဆိုမှပဲ ပြန်ကြည့်တော့မယ်ပေါ့လေ။ ပြီးရင်တော့ သင်ခန်းစာ ပိုင်သည် မပိုင်သည် မသိ၊ သင်တန်းဆင်း လက်မှတ် လေးတော့ ယူလိုက်ချင်သေးတာပေါ့။ ဒါမှပဲ ချမ်းသာရေးလမ်းညွန် သင်တန်း ဆင်းတစ်ယောက်ဆိုတဲ့ အနေနဲ့ စိတ်ပုံအလယ်မှာ ဂုဏ်ယူနိုင်သွားမယ်မ လား။ တကယ်တော့လည်း ကိုယ်ထင်ထားသလို မဟုတ်ပါလား။ ဘာလို့ လည်းဆိုတော့ ဆရာက သင်ခန်းစာ-၁ ကို အလုပ်အပ်ပွဲနဲ့ပါတွဲ ပြီးသင်ပြသွား တာဆိုတော့ ကျနော့ အနေနဲ့ နေ့ရွေ့ညရွေ့ နဲ့ ထွေလီကာလီတွေ များနေလို့ […]


who whoDecember 8, 20101min1056
ဒီနေ့တော့ သင်တန်း တက်ကြမယ့် သင်တန်းသားလေးတွေ တော်တော် များလာပြီ လို့ ယူဆလို့ အလုပ်ခန့်အပ်ပွဲလေးပါ တွဲပြီး စကြစို့ရဲ့။ အားလုံးကို အရင်ဆုံး ကျနော့အနေနဲ့ မင်္ဂလာပါ လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကိုယ့်ခန္ဓာမှာ ကိုယ့်ကို အမြဲစိုးမိုးနေတတ်တဲ့ ဒီစိတ်ကို ပြန်ပြီး သင်တန်းပေးရမှာမို့ပါပဲ။ ခါတိုင်းတော့ သူက ပြောမရ၊ ဆိုမရ၊ အမြဲ ကိုယ့်ကို ဗိုလ်ကျနေတာလေ။ သူခိုင်းတဲ့ နောက်ကိုပဲ ကိုယ်က မဖြစ်ဖြစ် အောင်လိုက်လုပ်ပေး နေရတာနော်။ အင်းခုတော့ သူ့ဖက်က အမြင်မှန်ရလို့ပဲ ဒီသင်တန်းကို တက်ချင် လွန်းလို့ အင်တာဗျူးတောင် အပြေးအလွှား လာရ တာပဲကြည့်လေ။ ဒါကြောင့်ပဲ သူ တက်ချင်တုန်းလေးကို သင်တန်းစမှဖြစ် ပါ့မယ်နော်။ သင်ခန်းစာ-၁ -ချမ်းသာစေဖို့ […]


who whoDecember 7, 20101min610
ဒီနေ့ အမှတ်မထင် ယူဖတ်လိုက်တဲ့ စာအုပ်လေးထဲက သိလိုက်ရတဲ့ ကံ သတ္တိလေး အကြောင်း ဖောက်သည်ချချင်တယ်။ ကံပြုတဲ့နေရာမှာ အရေးကြီးဆုံးကတော့ စေတနာပါပဲ။ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာကို ခွဲပြထားပါတယ်။ ပြုလုပ်ဆဲ အမှုတွေဟာ စေတနာ ဖြစ်ပြီး ပြုပြီးသွားတာက ကံ လို့ဖော်ပြထားတယ်လေ။ ကောင်းမှု ပြုလုပ်ဆဲပဲဖြစ်ဖြစ်၊ မကောင်းမှု ပြုဆဲပဲဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေပါတယ်နော်။ အဲဒီ စေတနာ လေးတွေကလည်း အကြာကြီး တည်မနေပဲ ဖြစ်ပြီးတာနဲ့ တန်းပျက်နေ ပါတယ်။ တနည်းပြောရင် ချုပ်ချုပ်သွားတယ်လို့ ဆိုပါတယ်နော်။ အဲလို ချုပ်ချုပ်သွားပေမယ့် ဘာလေးကျန်ခဲ့သလဲ ဆိုရင် ကမ္မသတ္တိလေးတွေ ကျန်ခဲ့ပါတယ်။ စေတနာလေးတွေချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်နေလိုက် ၊ တခါ စေတနာလေးတွေ ထပ်ချုပ်သွားလိုက် […]


who whoDecember 6, 20101min25112
ဒီနေ့တော့ ကျနော့ခန္ဓာအိမ် ခန်းမထဲမှာ အင်တာဗျူးပွဲလေး တစ်ခု လုပ်ဖြစ်ပါတယ်။ လုပ်မယ့်အချိန်က နံက် (၁၀)နာရီ တိတိမှာပါ။ အင်တာဗျူး အစီအစဉ်အရ စိတ်ကလေးကို အင်တာဗျူးလုပ်ရမှာပဲ ဖြစ်ပါတယ်။ ကျနော်က အင်တာဗျူးမယ့်သူ ဆိုတော့ ကြိုရောက်နေနှင့်တာပေါ့။ အင်း (၁၀) နာရီ ထိုးပြီး ငါးမိနစ်လောက်ကျမှ စိတ်ကလေးက ခန်းမထဲကို အမောတကော ပြေးဝင်လာပါတယ်။ ကျနော်တို့ရဲ့ အင်တာဗျူးခြင်း စတင်ပါပြီ။ ဗျူး – စိတ်ကလေးရေ မင်း ကြည့်ရတာ တော်တော်လေး မောနေပုံပဲ။ ဘယ်တွေသွားနေလို့ နောက်ကျပြီး ခုလိုတွေ မောနေရတာလဲ။ ပြောစမ်းပါဦး။ စိတ် – ဟုတ်ကဲ့ပါ။ ကျနော်ကတော့ အမြဲလိုလို အာရုံခင်းသောလမ်းမှာ လျှောက်နေရသူမို့ ခုလည်း အာရုံတွေရဲ့ နောက်ကို လိုက်နေရင်းက ပြေးလာရ […]