အခု ကျမရေးတဲ့ခေါင်းစဉ်က ပညာရေးဆိုပေမယ့် အင်္ဂလိပ်စာတတ်မြောက်ရေးကို ဇောင်းပေးပြီးရေးထားတာဟာ နောင်အဆင့်မြင့်ပညာရပ်တွေ အကုန်လုံးကို အင်္ဂလိပ်စာကနေ သွားရမှာမို့ သင်ယူခြင်းဘားတန်းကျော်လွန်နိုင်ရေး အတွက် ရည်ရွယ်ပါတယ်။ ဒီခေတ်ကလေးတွေအများစု အင်္ဂလိပ်စာကို ပုံမှန်တတ်ရိုးတတ်စဉ်မတတ်ကြပါဘူး။ ဒါဟာ သင်ယူမှု လွဲမှားခြင်းကြောင့်ပါပဲ။ ပညာရေးအကြောင်း ဖတ်ရတဲ့စာဟူသမျှ ဆရာတွေ နာသုံးနာမရှိကြောင်း၊ ငွေကြေးကိစ္စ၊ ဘဝရဲ့အကြပ်အတည်းတွေ အဲဒါတွေများပါတယ်။ တကယ့်အဓိကအကြောင်းအရာကြီးကို တမင် လွှဲဖယ်ပြီးရေးနေကြသလားတောင် အောက်မေ့ရတယ်။ ——- မြန်မာပြည်မှာမွေးတဲ့ကလေးတစ်ယောက်ကို အဂ်လန်ပို့လိုက်ရင် အဲဒီကလေး လေးငါးနှစ်သားဆိုရင်ပဲ နားရည်ဝပြီး အင်္ဂလိပ်လို ပြောနိုင်ပါပြီ။ ဒီတော့ ဘာသာစကားသင်ယူဖို့ ဉာဏ်ရည်ဉာဏ်သွေး အများကြီး မလိုအပ်တာရှင်းလင်းပါတယ်။ မြန်မာပြည်မှာပဲနေမယ့် ကလေးကိုတော့ အင်္ဂလိပ်စကားပြောပတ်ဝန်းကျင် ဖန်တီးမပေးနိုင်ဘူး။ သာမန် လူတန်းစားတွေ ဘိုကျောင်းထားမပေးနိုင်ဘူး။ ဒီတော့ အပြင်းအထန်သင်ကြားကြရတယ်။ အဲဒီမှာ အစမကောင်းရင် အကုန်ခက်ခဲကုန်ပါတယ်။ letter […]