အလောင်းမင်းတရားစေလွှတ်သော ပထမဦးဆုံးသံအဖွဲ့ အလောင်းမင်းတရား၏သံတမန်ရေးရာ သော့ချက်ကျသောကာလတွင် ရာဇသံရွှေပေကို ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ မည်သို့မည်ပုံပို့ခဲ့သနည်း။ ပြည်ကိုအောင်နိုင်ပြီး တောင်ဘက်သို့ အလောင်းမင်းတရား၏တပ်များ ချီလာသော ၁၇၅၅ ခု၊ဖေဖော်ဝါရီ လဆန်းတွင် အလောင်းမင်းတရားသည် မိမိနယ်မြေမြောက်ဘက်တစ်လွှားထက် မြစ်ဝှမ်းတွင် သာ၍ထွေပြားသော စိတ်ခေါ်မှုများကို ရင်ဆိုင်ရမည်ဟု သတိထားခဲ့မိသည်။ အောက်မြန်မာပြည် သို့မဟုတ် ဂန္ထဝင်အခေါ်အဝေါ်ဖြစ်သော ‘ရာမညတိုင်း’ သည် လူမျိုးတစ်မျိုးတည်းနေထိုင်သောမြေ မဟုတ်ဘဲ မွန်၊မြန်မာ၊ကရင်တို့၏မြေဖြစ်သည်။ ကြာမြင့်စွာဝန်းရံထားဖို့၊ ရန်သူနှင့်ကြည်းကြောင်းရေကြောင်း ရင်ဆိုင်ဖို့အတွက် လူသူလက်နက်လိုအပ်မှုကို မီးမောင်းထိုး ပြနေရာ ရွာများထဲတွင် ရဲမက်တော်စုဆောင်းပြီး တိုက်ရေးခိုက်ရေးလေ့ကျင့်ပေးရသည်။ မွန်တို့၏အဓိကမြို့ကြီးနှစ်ခုဖြစ်သော သံလျင်နှင့်ပဲခူးသည် ခံတပ်တောင့်တင်းသောမြို့ကြီးများဖြစ်၏။ အမြောက် စိန်ပြောင်းနှင့် ခဲယမ်းမီးကျောက် လက်နက်ပိုင်ဆိုင်မှုတွင် မွန်တို့က မြန်မာတို့ထက်သာသည်ဟု အဆိုရှိသည်။ တောင်ဘက်သို့ချီရာတွင် အလောင်းမင်းတရားသည် တာထွက်ကောင်းလှသော်လည်း ပဲခူးကိုသိမ်းပြီး အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည်၏ အရှင်သခင်ဟု […]


အရှေ့အိန္ဒိယကုမ္ပဏီ နှင့် မြန်မာပြည် အိနိ္ဒယပြည်တွင် ပြင်သစ်နှင့်အင်္ဂလိပ်ကုန်သည်များသည် အိနိ္ဒယထီးနန်းဆက်ခံရေးကိစ္စထဲ ကြားဝင်စွက်ဖက် ခြင်းဖြင့် ရေရှည်အကျိုးအမြတ်ထွက်ကြောင်း တွေ့ခဲ့ပြီးဖြစ်ရာ ၎င်းတို့သည် မြန်မာပြည်တွင်လည်း ပဲခူးဘုရင်နှင့် ရွှေဘိုမှရှင်ဘုရင်အသစ်- ဘုရင်တစ်ပါးပါးဘက်သို့ ရိုင်းပင်းရန်အသင့်ဖြစ်နေကြသည်။ အိန္ဒိယနှင့်မြန်မာပြည် နှစ်နိုင်ငံစလုံးတွင် ၎င်းတို့ထိုသို့လုပ်ခဲ့ခြင်းမှာ ပို့ကုန်သီးသန့်ဝေစုကို အာသာငမ်းငမ်းလိုချင်သောကြောင့်ဖြစ်သည်။ မဂို ဆိုသောကုန်းမြေပြင်ကို ပိုင်စိုးသူများပင် မိမိတို့၏ကမ်းခြေတစ်လျှောက် ကိုယ့်မင်းကိုယ့်ချင်း ကြီးစိုးနေသော တိုင်းတစ်ပါးသား အဖွဲ့အစည်းများကို ရာစုနှစ်ခုကြာအောင် သီးခံနေခဲ့ရသည်။ အိန္ဒိယပြည်မှ ဗြိတိသျှခံတပ် တံတိုင်းများသည် ကိုယ့်မင်းကိုယ့်ချင်းကုန်သည်များ  အဖွဲ့အစည်းများကို လက်ခံထားသည်။ ကုန်သည်များသည် ၎င်းတို့၏အခွင့်အရေးအတွက် စာမျက်နှာပေါ် ရေးသားထားသော သဘောတူညီချက်ကို ရယူထားသည်။ ထို့ပြင် ၎င်းတို့၏ကုန်သွယ်ရေးသည် နှစ်ဦးနှစ်ဖက်သာတူညီမျှ အကျိုးကျေးဇူးဖြစ်ထွန်းစေသည်ဟု အထင်ရောက်နေကြသည်။ ပြင်သစ်နှင့်ဗြိတိသျှကုမ္ပဏီများသည် မြန်မာ့မြေပြင်ပေါ်တွင် ၎င်းတို့အရေးကိစ္စပြီးစီးရန် အိနိ္ဒယတွင်ကြုံခဲ့ရ သည့်အခြေအနေများအတိုင်း တူညီသောအခြေအနေများကို မျှော်လင့်ထားခဲ့ပုံရသည်။ […]


ရာဇသံရွှေပေ (၁၇၅၆၊ မေလ ရရက်) (ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရွှေသဝဏ်လွှာ) သက္ကရာဇ် ၂ဝဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr. Friedrich Hulsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာဂျက်၊ပီ၊လိုင်ဒါ  ထံအကူအညီတောင်းခံလာခဲ့သည်။ Dr. Friedrich Hulsmann ၏အီမေးလ်နှင့် တွဲလျက်ပါသော ရွှေသဝဏ်လွှာဓာတ်ပုံကြောင့် လက်ရေးစာသားများကား အိန္ဒိယစာပေ မဟုတ်ဘဲ မြန်မာစာပေဖြစ်နေကြောင်းကို ဒေါက်တာလိုင်ဒါ ရှင်းလင်းစွာတွေ့လိုက်ရ၏။ ၂ဝဝရ ခု၊ ဧပြီလတွင် ဟန်နိုဗာမြို့သို့ ဒေါက်တာလိုင်ဒါ မဖြစ်မနေရောက်လာခဲ့သည်။ Ms IV 571a ဟုသာ မှတ်တမ်းတင်ထားခဲ့သော […]


အလင်းဆက် ဆိုတဲ့ အနုပညာကို ရူးသွပ်သူ ဆရာသမားလေး တစ်ယောက်က Surrealism အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ လှပတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပုဒ် ပြုံးကို လက်ဆောင်ပေးလာခဲ့တယ်။ သူပေးတဲ့လက်ဆောင်လေးကတော့ THE ROSE THIEVES + SOMEONE BE A ROSE TREE SOME BE THE WIND’ S DAUGHTERS SOME THE ROSE THIEVES . + THE ROSE THIEVES CREEP UP ON THE ROSE TREE ONE OF THEM STEAL A ROSE , HIDES IT IN HIS […]


မျက်စိစွေတာကို ဟိုယခင်တုန်းကတော့ ခပ်ပေါ့ပေါ့သာ သဘောထားခဲ့ဖူးပါတယ်။ ကျွန်မ သမီးလေးမွေးတော့ ကလေးက မွေးရာပါ မဆိုစလောက်ကလေး မျက်စိစွေနေခဲ့တယ်။ အိမ်နီးပါးချင်းတွေက ကလေးကြီးလာရင် အလိုလိုပျောက်ကင်းသွားမယ်လို့ အားပေးခဲ့တာကတစ်ကြောင်း၊ နေတာက နယ်မြို့ကလေးဆိုတော့ မျက်စိအထူးကုဆရာဝန် မရှိတာကတစ်ကြောင်း၊ ပေါ့ဆတာကလည်းတစ်ကြောင်း၊ ဒီလိုနဲ့ ကလေး အသက် ငါးနှစ်ပြည့်ချိန်အထိ ဆရာဝန်မပြခဲ့မိပါဘူး။ စိတ်ကိုလှည့်စားဖို့အတွက်များ ဖန်တီးနေခဲ့သလား အောက်မေ့ရအောင် ကလေးမျက်စိဟာ တော်ကြာကောင်းသွားလိုက်၊ တော်ကြာစွေလိုက်နဲ့ အမျိုးမျိုးအထွေထွေ ဖြစ်နေခဲ့တယ်။ မျက်ခွံပေါ်ကနေ သံပုရာသီးနဲ့ လှိမ့်ပေးရတယ် ပြောကြလို့ နှစ်ပေါက်အောင် သံပုရာသီးနဲ့ လှိမ့်ပေးခဲ့တယ်။ မနက်မနက်ဆိုရင် မျက်စိလေ့ကျင့်ခန်းဆိုပြီး ကလေးကို မျက်လုံးကစားခိုင်းခဲ့တယ်။ ဘယ်လိုပဲလုပ်လုပ် ကလေးမျက်စိဟာ စွေချိန်ကြာမြင့်ခဲ့ပါပြီ။ ကလေးရဲ့ အဖွားက မနေနိုင်တော့ဘဲ ရန်ကုန်ကမျက်စိအထူးကုဆရာဝန်ပြဖို့ စုံစမ်းပြီး နယ်မှာနေတဲ့ ကျွန်မတို့ သားအမိသားအဖ သုံးယောက်ကိုလှမ်းခေါ်၊ […]


ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေနဲ့ လမ်းခွဲခဲ့ရတိုင်း ကွဲချင်ချင် ဖြစ်နေခဲ့တဲ့ ကျွန်မအသည်းက ခုများတော့ ဟက်တက်ကွဲသွားခဲ့ပြီလား မသိ။ လူမှန်းသိတတ်စကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ဒီအနံ့ဒီအရသာတွေကို အရိုးသားဆုံး တွယ်တာခဲ့ရပါတယ်ဆိုရင် လောကကြီးက ကျွန်မ အမှားလို့ပြောမယ်မထင်ဘူး။ နောက်ဆုံးပိတ် အသည်းဟက်တက်ကွဲသွားခဲ့တာ တစ်ပတ်လောက်ပဲရှိဦးမယ်လေ။ ဖြစ်ပုံက မန်းဂေဇက်ကို ဝင်ဖတ်နေရင်း နာမည်ခေါ်ရခက်တဲ့သူတစ်ယောက်က ငပိငံပြာရည်အကြောင်း တင်လာတယ်။ သူ့ရဲ့ပို့စ်အရ ငပိကို ပုလဲဓာတ်မြေဩဇာနဲ့ ငါးမြန်မြန်ပုပ်အောင်လုပ်ကြောင်း၊ ပြီးတော့ ငံပြာရည်ချက်ပုံအကြောင်း တင်လာတယ်။ ငံပြာရည်ချက်ပုံကတော့ ကျွန်မသိပြီးသားကိစ္စမို့ မထူးဆန်းပေမယ့် ငယ်ကျွမ်းဆွေ ငပိအကြောင်းကိုတော့ မယုံချင်ဘူး။ ဒါနဲ့ အဲဒါကို ပရင့်ထုတ်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကြီးကို စာရွက် ပေးပြီး ဈေးထဲကငပိဆိုင်တွေကို သွားမေးခိုင်းလိုက်တယ်လေ။ သူကပြောတယ် ”ဟုတ်ရင်တောင် ဘယ်သူက ဝန်ခံမှာလဲ” […]


((ရင်ထဲမှကဗျာ)) တစ်ခါတရံ … ကွေ့ကောက်လှည့်ပြေး၊ လမ်းကလေးကို မျှော်ငေးပြန်ကြည့်၊ တမ်းတမိလျှင် …၊ အသိမကြွယ်၊ ဝင့်မထယ်လည်း ပြုံးရယ်ရွှင်လန်း၊ ပွင့်သစ်ပန်းနှယ် ဖြတ်သန်းလျှောက်ခဲ့ဖူးပါရဲ့။ ဒီလိုနဲ့ဘဲ … ဘဝပီပြင်၊ ကြည်စင်လှိုက်မော မာယာတောမှာ၊ သောသောညံညံ ချစ်ဟန်မုန်းဟန်၊ ငိုသံရယ်သံ ပတ်လည်ရံ၍၊ ရုန်းကန်လှုပ်ရှား အမှားအမှန်၊ အခါးအချို မလိုတမာ၊ လိုသကာတွေ …။ စိတ်မှာရင့်ကျက်၊ အသိနက်နဲ၊ ဝေခွဲပိုင်ပိုင်၊ ဆုံးဖြတ်နိုင်သော် … ဘယ်မှာလေလဲ၊ အောင်ပွဲတွေ၊ ဘယ်မှာလေလဲ၊ တရားသစ္စာ၊ အော် … ရေရာသေချာခြင်းမရှိ၊ ပကတိ … သုည … ဒုက္ခဘုံ။ ပြုံး စာတိုပေစတွေ လက်တည့်စမ်းတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ယနေ့ထက်တိုင် “ဘုတ်သိုက်မအနေနဲ့ ဘဝမှာ ဘာလုပ်လုပ်ဖြစ်နိုင်တယ်။ ဒါပေမယ့် စာရေးဆရာတော့ […]