wunnaMay 31, 20101min194
မြို့တော့်ဝန် ဦးအောင်သိန်းလင်းတို့ မိသားစု စီးလာသော ကားသည် နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီးပေါ်တွင် ၂၉ ရက်နေ့က မတော်တဆတိုက်ခိုက်မှုဖြစ်ခဲ့ပြီး ၎င်း၏ မြေးဖြစ်သူသည် ထို့နေ့တွင် မင်္ဂလာဒုံတပ်မတော်ဆေးရုံတွင် သေဆုံးသွားခဲ့ပါသည်။ ကျန်ထိခိုက်မှုသတင်းများကို အတိအကျမသိရှိရသေးပါ။


wunnaMay 25, 20102min2304
ဒီသတင်းလေး ဖတ်မိတော့၊ စိတ်ဝင်စားစရာ ရီစရာလေး တွေ့လို့ လက်ဆင့်ကမ်းလိုက်တာပါ။ – ဂျပန် ဘူတာ မှာ တိုင်ဝမ် နိုင်ငံခြားသား ဧည်သည်တွေကို ကြိုဆိုတာမှာ တိုင်ဝမ် အလံ နဲ့ မြန်မာအလံ မှားလွှင့်မိပါသည်။ – ၂၀၀၈ ဘေဂျင်း အိုလံပစ် မှာ ကွင်းထဲကို တိုင်ဝမ်အလံတွေ ယူခွင့်မရှိလို့ မြန်မာအလံတွေ အစားထိုးယူသွားကြတယ်တဲ့။ original link – http://www.chinapost.com.tw/taiwan/foreign-affairs/2010/05/25/257891/Myanmars-flag.htm Myanmar’s flag mistaken as Taiwan’s in Okinawa TAIPEI, Taiwan — The Okinawa monorail station in Japan reportedly mistook the national flag of […]


wunnaMay 25, 20101min3086
မင်္ဂလာဈေးမီး ဘာကြောင့်ဒီလောက်ကြာကြာ လောင်ရသနည်း။ မီးသတ်ဝန်ထမ်းများကို အပြစ်မပြောလိုပါ။ သူ့တို့လည်း တစ်ရက် နှင့် တစ်ည တိတိ မအိပ်၊ မစားကြိုးစားပြီး ငြိမ်းသတ်ကြပါသည်။ ဘာကြောင့် မငြိမ်းသနည်း။ အဖြေကရှင်းပါသည်။ ပစ္စည်းကိရိယာ မပြည့်စုံသောကြောင့်ဖြစ်ပါသည်။ အထပ်မြင့်များသို့ လှေကားထောင်ပြီး ပက်နိုင်သော မီးသတ်ကား ၂ စီး၊ ၂ စီးသာရှိပါသည်။ ရေတစ်မျိုးတည်းဖြင့်သာ ငြိမ်းသတ်ရပါသည်။ လောင်နေသော ပစ္စည်းများတွင် ဓါတုပစ္စည်းများ (ဆေးဆိုင်နှင့် အလှကုန်ဆိုင်) ပါဝင်နေမည်မှ သေချာပါသည်။ ဓါတုပစ္စည်းများလောင်ကျွမ်းပါက ငြိမ်းသတ်ရာတွင် သုံးသော ပစ္စည်းများ သုံးစရာမရှိပါ။ နောက်ဆုံးတော့ ဒီ ဘူတာ ပဲဆိုဒ်ပါသည်။ အုပ်ချုပ်သူ လူတန်းစား မကောင်းသဖြင့် ဖြစ်ပါသည်။ နေပြည်တော်ကြီး ဆောက်နိုင်သည်။ မီးဘေးအန္တရာယ်တားဆီးမည် လိုအပ်ချက်များကို မဖြည့်ပေးပါ။ ကျန်းမာရေးလိုအပ်ချက်များကို လှစ်လူ […]


wunnaMay 24, 20101min1920
– မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၃ဝ မိနစ် အထိ မီးမငြိမ်းသေးပါ။ မီးသတ်ကားများ သွားလာနေတုံးဖြစ်ပါတယ်။ ထိန်းနိုင်သွားပြီဟုဆိုပါသည်။ – မီးလောင်သော အထပ်တွင် နံရံပြိုကျမှုများရှိသည်ဟု သိရပါသည်။ – အပေါ်ဆုံးထပ်တွင်ရှိသော စားသောက်ဆိုင်မှ ဂစ်အိုး ပေါက်ကွဲပြီး စတင်လောင်ကျွမ်းသည်ဟု သိရပါသည်။


wunnaMay 24, 20101min2020
မြန်မာစံတော်ချိန် ၁၁ နာရီ မိနစ် ၅ဝ အထိ မင်္ဂလာဈေးမီးမှာ ဆက်လောင် လောင်ကျွမ်းလျက်ရှိပါသည်။ မီးသတ်ကားများ ဝင်ထွက် ငြိမ်းသတ်လျက်ရှိဆဲဖြစ်ပါသည်။ ဆေး နှင့် အလှကုန်ပစ္စည်းဆိုင်များဖြစ်သဖြင့် အနံဆိုးများလည်း ထွက်လျက်ရှိပါသည်။


wunnaMay 17, 20101min2322
ရန်ကုန်မှာ ရွာတဲ့မိုး ရန်ကုန်မြို့သူတွေ အားလုံး မျက်နှာလေးတွေ ပြုံးပြုံးနဲ့၊ ဖုန်းပြောရင်လည်း ပျော်ရွှင်သံတွေနဲ့၊ ဂူဂယ်တော့ ကာစတန် မက်ဆချ် တွေကလည်း ဝမ်းသာသံတွေနဲ့၊ ဘာများဖြစ်လို့ပါလိမ့်။ အားလုံးများ ထီပေါက်ကြလို့လား။ မဟုတ်ပါ။ ပူအိုက်တဲ့ဒဏ် ကို ခံနေရတဲ့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက်ကတော့ မိုးလေး တဗျိုက် ရွာချလိုက်လို့ပါ။ အပူချိန်က ၃၂ လောက်အထိ ထိုးဆင်းသွားလေတော့ လူတွေ ရင်ထဲ အေးသွားတာပေါ့။ ညည ပူကလည်း ပူ။ ပန်ကာ၊ အဲကွန်းဖွင့်ဖို့ကလည်း ကိုရွှေမီးမလာ။ ဒီတစ်ညတော့ ကောင်းကောင်းအိပ်ရပြီဆိုပြီး ပျော်နေလိုက်ကြတာ။ မိုးရယ် …. ဆက်လက် ကောင်းချီးပေးပါဦးဗျာ။


wunnaMay 12, 20102min2010
ဒီသတင်း အရတော့ ငါလှေငါထိုး ပဲခူး ရောက်ရောက် ငါ့မြင်း ငါစိုင်း စကိုင်းရောက်ရောက် ဆိုတဲ့ ပုံစံမျိုးလုပ်တော့မယ် ထင်ပါသည်။ ရှေ့စကားနဲ့ နောက်စကားတွေက လွဲနေလေရဲ့။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ကတော့ နိုင်ငံတကာ တွေလာစောင့်ကြည်ရန်မလိုပါတဲ့။ ကျော်ဆန်းကတော့ အမေရိကန် ရဲ့ အကူအညီ နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံမယ် ဆိုပဲ။ Myanmar junta rejects election monitors, but asks for US cooperation 03:05 PM May 12, 2010t // YANGON, Myanmar (AP) – Myanmar’s military leaders have rejected international poll monitors […]


wunnaMay 7, 20101min1730
NLD မန်ဘာ တစ်ချို့ ပါတီ အသစ်ထောင်မည်။ ကိုးကား – ဧရာဝတီအင်တာနက်ဝဘ်ဆိုဒ် NLD ခေါင်းဆောင်တချို့ ပါတီထောင်မည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တချို့က ရွေးကောက်ပွဲ ဝင်ရန် ပါတီသစ်တခု သီးခြား ထောင်မည်ဟု သိရသည်။ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် သဘောမတူခဲ့သည့် အဖွဲ့ဝင်များ ပါဝင်မည့် ယင်း ပါတီအမည်ကို“အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force)” ဟု အမည်ပေးမည် ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီသို့ ပြောသည်။ “ကျနော်တို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ သက်သက်ပါပဲ၊ […]


wunnaMay 6, 20101min2723
သူတို့အလိုကျ ရေးဆွဲထားတဲ့ ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မှာ ဝန်ထမ်းများ ပါတီ နိုင်ငံရေးနှင့်ကင်းရှင်းရမည် လို့ရေးထားပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်က ပါတီ ထောင်ပါတယ်။ ဘယ်လိုမျိူး နားလည်ရမည်နည်း မသိတော့ပါ။


wunnaApril 28, 20101min2715
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အပေါင်းအပါများ စီးရန် လေယာဉ် အသစ် ၂ စင်း ရောက်ရှိလာပြီး ထိုလေယာဉ်များကို ဆင်ဖြူတော် (white elephant) ဟု အမည်ပေးထားသည်ဟု ဧရာဝတီ သတင်း မှ သိရှိရပါသည်။ ငါးထောင်တန်ငွေစက္ကူတွင်လည်း ဆင်ဖြူတော် ပုံတစ်ပုံပါရှိခြင်း ကိုထောက်ပြပြီး ယတြာ လုပ်ခြင်းများ ဖြစ်မယ်ဟု သုံးသပ်ထားပါသည်။


wunnaApril 26, 20101min3665
လက်ရှိ ၅ သိန်းတန် ဖုန်းလို့ ခေါ်နေကြတဲ့ ဖုန်းဟာ ဖုန်းပြောဆိုခကို အစိုးရကောက်ခဲ့သည့် ၁ မိနစ်ကို စက္ကန့်ပိုင်းကျော်သည်နှင့် ၂ မိနစ် ဟု ကောက်ခံသည့် စနစ်မျိုးကို မသုံးဘဲ၊ စက္ကန့်နှင့် အတိအကျ တွက်ယူသည် ဟုသိရှိရပါသည်။ များမကြာမှီလည်း ထိုဖုန်းများကို သတ်မှတ် မြို့နယ်သာ မက ရန်ကုန်တစ်မြို့လုံးတွင် အသုံးပြုနိုင်တော့မည့် အပြင် ဖုန်း လာရောက်လျှောက်ထားပါက နာရီပိုင်းအတွင်း ရစေရန် စီစဉ်နေသည်ဟုလည်း သိရှရပါသည်။


wunnaApril 23, 20101min2232
ဝန်ထမ်းများလစာထပ်တိုးမည် ယခုလကုန်မှစပြီး အစိုးရဝန်ထမ်းများအနေဖြင့် လစာ များ တိုးမည်ဟုသိရှိရပါသည်။ တိုးမည့် ပမာဏ မှာ ယခင် တစ်ခေါက်ကဲ့သို့ တစ်မျိုးတည်းမဟုတ်ဘဲ ရာထူးအလိုက် ကွဲပြားသည်ဟု သိရှိရပါသည်။ နောက်ဆုံး ကြားသိချက်အရ ပြန်တန်းဝင်အရာရှိ အဆင့်ဖြစ်ပါက သုံးသောင်းကျပ်ခန့်တိုးမည်ဟု သိရှိရပါသည်။