wunnaApril 22, 20101min2062
နယူးဇီလန်နိုင်ငံ Otago Univesity တွင် မြန်မာစစ်ဘက်အရာရှိ ၃ ဦး အင်္ဂလိပ်ဘာသာ ကို စကော်လာ အဖြစ်လာရောက် လေ့လာနေကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က အတည်ပြုပြောကြားလိုက်ပါသည်။ နယူးဇီလန်နိုင်ငံတွေခိုလုံနေသော မြန်မာ နိုင်ငံရေးသမားများအား ထို စစ်ဘက်အရာရှိများအနေဖြင့် ထောက်လှန်းခြင်း ပြု၊ မပြုကို မူ ထိုနိုင်ငံခြားရေး ဝန်ကြီးက အာမခံ နိုင်ခြင်း မရှိသေးကြောင်းလည်း သိရှိရပါသည်။ ထိုကဲ့သို့ စစ်ဘက်ဆိုင်ရာ အရာရှိများကို စကော်လာပေးခြင်းကို ဝေဖန်မှုများ ပေးထွက်လျက်ရှိပါသည်။ ကိုးကား – http://www.odt.co.nz/news/national/102796/military-junta039s-officials-studying-nz http://www.scoop.co.nz/stories/PA1004/S00280.htm


wunnaApril 22, 20101min2927
သင်္ကြန်အကျက်နေ့မှာ ဗုံး ၃ လုံးပေါက်တယ်။ အဲနောက်မှာ၊ လွန်ခဲ့တဲ့ တစ်ရက်ကျော်က လပြည့်ဝန်းပလာဇာမှာ ဗုံးပေါက်တယ်ဆိုပြီး သတင်းမှားတစ်ခု ထွက်တယ်။ မနေ့က၊ ယုဇနပလာဇာမှာ ဗုံးပေါက်တယ်လို့ သတင်းထပ်ထွက်တယ်။ ဒီ ၂ ခု ထဲက တစ်ခုများ မြင်ရကြားရမလားမသိ။ ၁) နိုင်ငံတော်တစ်ဝှန်း လုံခြုံရေး အခြေအနေရ ရွေးကောက်ပွဲကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည်။ သို့မဟုတ် ၂) လုံခြုံရေး အခြေအနေအရ ပြည်ပ အဖွဲ့အစည်းများနဲ့ မီဒီယာများကို ရွေးကောက်ပွဲသို့ လာရောက် လေ့လာခွင့် ပြုမည်မဟုတ်ကြောင်း၊ မဲရုံ များတွင်လည်း လုံးခြုံရေများ တင်ကြပ်စွာ ချထားမည်ဖြစ်ကြောင်း။


wunnaApril 12, 20101min1702
တင်္နင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နှလုံးအခြေအနေကို စစ်ဆေးရန် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်ပြီး ၄၅ မိနစ် ကြာမျှ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။


wunnaApril 9, 20101min2505
မြန်မာ့အလင်း သတင်းစာတိုက်ကို နေပြည်တော်သို့ပြောင်းပြီး နေပြည်တော်နေ့စဉ် သတင်းစာဟု အမည် ပြောင်းကာ ထုတ်ဝေသွားမည် ဟုသိရှိရပါသည်။


wunnaApril 8, 20101min1180
ဗီယက်နန် နိုင်ငံ ဟနွိုင်းမှာ ကျင်းပမဲ့ အာဆီယံထိပ်သီး အစည်းအဝေး ဟာ နဂိုမူလက စီးပွားရေး နှင့် ပတ်သက်ပြီး အဓိကဆွေးနွေးရန် စီစဉ်ထားသော်လည်း လတ်တလော ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရဲ့ မငြိမ်သက်မှုနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကိစ္စ တွေကြောင့် ထို အကြောင်းအရာ နှစ်ခုကို အလေးပေး ဆွေးနွေးရမည့် အနေအထားသို့ရောက်နေပါတယ်။ နိုင်ငံအတော်များများကလည်း မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို ထင်သာမြင်သာရှိတဲ့ ပွင့်လင်းတဲ့ရွေးကောက်ပွဲဖြစ်အောင် ဖိအားပေးရန်အတွက် အာဆီယံ ကိုတွန်းအားပေးနေကြပါတယ်။


wunnaApril 8, 20101min2023
မင်းဘူးမြို့တွင် ၂၀၁ဝ ခုနှစ် ဧပြီလ၊ ၇  ရက်နေ့ အပူချိန်မှာ ၄၅.၆ ဒီဂရီစင်တီဂရိတ် (၁၁၄.၁ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့သဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်အတွင် အမြင့်ဆုံးအပူချိန်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ယခင်စံချိန်ဟောင်းမှာ ၁၉၇၃ ခုနှစ် ဧပြီလ၊ ၁ရ ရက်နေ့တွင် ၄၅.၂ ဒီဂရီစင်တီဂရိတ် (၁၁၃.၄ ဒီဂရီဖာရင်ဟိုက်) ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ ကိုးကား တင်ပြလိုက်ပါသည်။


wunnaApril 8, 20101min1862
ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင် အရပ်အခေါ် ၅ သိန်းဖုန်းဟု ခေါ်သော သတ်မှတ်ထားတော့ ဧရိယာ (မြို့နယ်) အတွင်းသာ ပြောဆိုနိုင်သော စီဒီအမ်အေ ဖုန်းတစ်မျိုးကို ချပေးလျက်ရှိပါသည်။ ထိုဖုန်းများသည် ၁ဝ နှစ်သာ သက်တမ်းရှိခြင်းနှင့် ရန်ကုန်တစ်မြို့လုံး သယ်ယူ ပြောဆိုခြင်း မပြုနိုင်သဖြင့် လျောက်ထားဝယ်ယူသူနည်းလျက်ရှိရာ ယခုအခါ ဧပြီလ ၁၅ ရက်နေ့မှ စပြီး ထိုဖုန်းများကို ရန်ကုန်တစ်မြို့လုံး မည်သည့် နေရာတွင်မဆို ပြောဆိုနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုသို့သာ တစ်ကယ်ဖြစ်လာပါက ၅ သိန်း တန်ဖုန်းများဈေးတက်ပြီး တရားဝင် ၁၅ သိန်း ၅ သောင်း သွင်းရသော GSM ဖုန်းများကို လူကြိုက်နည်းသွားနိုင်ပြီး ဝယ်လိုအားကျသွားနိုင်ကြောင်း ဖုန်းဈေးကွက်မှ ခန့်မှန်းကြပါသည်။


wunnaApril 6, 20101min2071
ယနေ့ထုတ် အစိုးရ သတင်းစာအရ ဧပြီလ (၅) ရက်နေ့တွင် အောက်ပါ နိုင်ငံရေးပါတီ (၂) ခု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် လျှောက်ထားကြောင်းသိရှိရပါသည်။ ၁) ကချင်ပြည်နယ် တိုးတက်ရေးပါတီ ၂) မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ


wunnaApril 6, 20101min1321
ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီးတွေ ၁၁ နာရီ ခွဲ ဝန်းကျင်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ၁၁ ခန့် တွင် လျှပ်စစ်မီး ပြန်လည်ရရှိပြီးနောက် နာရီဝက်ခန့်အကြာတွင် လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်သည်ဟုသိရှိရပါသည်။ လျှပ်စစ်မီးဖို၊ လျှပ်စစ်မီးပူ စသည့် ပစ္စည်းတစ်ခုခုကို မီးပျက်နေချိန်တွင် ဖွင့်လျှက်ထားခဲ့ရမှာ မီးပြန်လာပြီးနောက် လောင်ကျွမ်း ခြင်း ဖြစ်လောက်သည်ဟု ခန့်မှန်းကြပါသည်။ ရန်ကုန်မြို့ရှိ မီးလောင်မှု အများစုမှာ ထိုကဲ့သို့ လျှပ်စစ်မီး ပြန်လာချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းမျိုး ဖြစ်ပါသည်။


wunnaApril 5, 20101min1693
မီးတော့မလာပါ သို့သော် … ရန်ကုန်မြို့တွင် အစိုးရမှ ဖြန့်ဝေ ပေးနေသော လျှပ်စစ်မီးပုံမှန် မရသည်မှာ ပုံမှန်ဖြစ်နေသော်လည်း ယခင် နှစ် အနည်းငယ်ခန့် မီတာထိန်းသိမ်းစောက်ရှောက်ခကို ကျပ် ၅၀ဝ သို့တိုးမြှင့်ကောက်ထားခဲ့သည်။ ယခုတစ်ဖန် ဧပြီလ ၁ ရက်နေ့မှ စပြီး မီတာ ထိန်းသိမ်းစောင့်ရှောက်ခကို ကျပ် ၁၀၀ဝ သို့ တိုးမြှင်လိုက်သည်ဟု သိရှိရသည်။ ထိုပြင် မီတာ နှင့်ပတ်သက်တော့ ဒဏ်ကြေးများကိုလည်း ၁၀၀ဝ မှ ၂၀၀၀၊ ၂၀၀ဝ မှ ၃၀၀၀၊ ၃၀၀ဝ မှ ၅၀၀ဝ သို့ အသီးသီး တိုးမြှင့်လိုက်ကြောင်းသိရှိရသည်။ အချို့ ရပ်ကွက်များတွင် တစ်ရက်လျှင် ၆ နာရီ ခန့်ပင် မီးမရရှိဖြစ်နေလျက်ရှိပြီး။ နေပြည်တော် ရှိ မလိုအပ်သော […]


wunnaApril 2, 20101min2253
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကုန်သည်လမ်းနဲ့ လမ်း ၃ဝ နားမှာ အဆောက်အဦး တစ်ခု ပြိုကျခဲ့ပါတယ်။ အဲဒီ့ ပြိုကျမှုကြောင့် မိန်းကလေး တစ်ဦးသေဆုံးပြီး လူတစ်ချို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲ့ဒီ့ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာမှ နေပြီး လူနေရန် မသင့်တော်တော့သည့် အဆောက်အဦးများကို လိုက်လံ စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့စိစစ်မှုများလုပ်ပြီးနောက် လူနေထိုင်ရန် မသင့်တော်သော အဆောက်အဦးဟု စည်ပင်သာယာမှ သတ်မှတ်ပါက ၃ ရက်အတွင်း ဖယ်ရှားပေးရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ၃ ရက်အတွင်း ဖယ်ပေးပါက နောင်တွင် သတ်မှတ်ထားတော မြို့အစွန်ရှိ နေရာများတွင် ပြန်လည်နေရာ ချပေးမည် ဖြစ်သော်လည်း ၃ ရက်အတွင်း မဖယ်ရှားပေးပါက အင်အားသုံးပြီး ဖယ်ရှားမည့်အပြင် အိမ်ယာ ပြန်လည်နေရာချထားခြင်းလည်း ပြုမည်မဟုတ်ဟု သိရှိရပါသည်။ ရန်ကုန်မြို့လည်တွင် […]


wunnaApril 2, 20101min1461
ဒီနှစ် သင်္ကြန်တွင် အင်းယားလမ်းအတွင်းတွင် ယခင်ကဲ့သို့ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် မပြုတော့ဘဲ၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း နှင် တစ်ခြားနေရာများတွင်သာ ဆောက်လုပ်ခွင့်ပြုမည်ဟု သတင်းထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ယခုအခါတွင် ဦးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်၏ ချန်နယ်ဗွီ ဆိုတောသ သင်္ကြန်မဏ္ဍပ် ကိုမူ အင်ယားလမ်းထဲတွင် ဆောက်လုပ်ခွင့် ပြုထားကြောင်းကြားသိရပါသည်။ တစ်ကယ်သာ ထိုကဲ့သို့ဆောက်လုပ်ခွင့်ပြုခဲ့ပါက ဥပဒ၏ အထက်တွင် မည်သူများရှိနေသည်ဆိုသည်မှ ပိုမိုထင်ရှားလာမည်ဖြစ်ပါသည်။


wunnaMarch 31, 20101min1570
မနေ့က ည မြန်မာစံတော်ချိန် ၁ဝ နာရီ ၃ဝ မိနစ် ခန့်တွင် အန်ဒမန်ကျွန်းစု ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆.၆ ရှိတဲ့ ငလျင်တစ်ခု လှုတ်သွားပါတယ်။ ရန်ကုန်မှာ နေသူ တစ်ချို့ ငလျင်လှုတ်တာကိုသိရှိလိုက်ရပါတယ်။ Pacific Tsunami Warning Center မှ ဆူနာမီဖြစ်ပေါ်မည့် အခြေအနေမရှိသဖြင့် အန္ဒိယ၊ ထိုင်း၊ နှင့် မြန်မာ အပါအဝင် မည်သည့်နီးစပ်ရာ နိုင်ငံတွင်မှ ဆူနာမီ သတိပေးချက်မှ ထုတ်ပြန်ခြင်းမှရှိပါ။ Earthquake Details (http://earthquake.usgs.gov/earthquakes/recenteqsww/Quakes/us2010ula2.php#details) Magnitude 6.6 Date-Time Tuesday, March 30, 2010 at 16:54:47 UTC Tuesday, March 30, 2010 at 10:24:47 […]