ကုိ ထြဋ္October 28, 20148min62143
  –  အဟွာကို ရေပြန်နူးတာ မဟုတ်ပါ… တအုံ့ နွေးနွေး ဖြစ်ဖြစ်နေတာကို ရင်ပြန်ဖွင့်တာပါ.. ခုချိန်ထိ လတ်ဆတ်နေဆဲပဲ… – ဖြစ်ပုံက ဒီလိုဗျ… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကလင်.. ကလင်… ကလင်….                    ။ အောင်လေးလား???                   ။ ဟုတ်.. ကိုကြီး…                  ။  အဖေ ဆီးကြိတ်တည်နေလို့ ခွဲရမယ်… ရန်ကုန် တက်လာရမယ်တဲ့…                  ။ လာခဲ့လေ.. အမေ့တုန်းကတော့ ဂျပန်ဆေးရုံမှာ အဆင်ပြေသွားတယ်…                  ။ အေး .. ရောက်တော့ တိုင်ပင်တာပေါ့… ခုက ဆီးပိုက်နဲ့.. ငွေလဲ ၁ဝ သိန်း လောက်ပဲ ပါလာမယ်…                 ။ ဟုတ်.. လာခဲ့လေ… […]


ကုိ ထြဋ္October 28, 20142min45515
ဒီပုံမှာ ပဝါ ကျန်ခဲ့တယ်လေ… 🙂 ကျွန်တော် ဒေါခွီးနေလို့ သိပ်မပြုံးဖြစ်လိုက်ဘူး… 🙂 ဒီပုံက ပွဲအပြီး အလှပုံပေါ့… ဟဲ သက်ပြင်း ခုမှ ချနိုင်တာ… 🙂 ဒီပုံက ကျန်ခဲ့တဲ့ ပုဝါ အရှည်ကို အမှတ်တရ… 🙂 ဒီပုံက နှစ်ဘက်မိဘ နဲ့ အမျိုးတွေ… 🙂 ဘယ်အစွန်ဆုံးက အဖေ့ သူငယ်ချင်း သားအဖ၊ အမေ နဲ့ အဖေ၊ ကျွန်တော်တို့ လင်မယား၊ ဦးချိုအောင်သန်း၊ ယောက္ခထီး နဲ့ ယောက္ခမ ဒီပုံက ရုံးအဖွဲ့ နဲ့ သတို့သား သတို့သမီး အရံ… 🙂 ဒီဘယ်အစွန်ဆုံးက Finance Manager၊ ယောက်ဖ တို့ စုံတွဲ၊ ကျွန်တော်တို့ လင်မယား၊ […]


ကုိ ထြဋ္October 25, 20141min29713
ဒါက သူငယ်ချင်း တယောက် မွေးနေ့တုန်းက စုရိုက်ထားတာပါ… 🙂 ဒါလဲ ကစားနေတုန်း ရိုက်မယ် ဟေ့.. ရိုက်မယ် ဟေ့… ဆိုလို့… 🙂 သူငယ်ချင်း တယောက် အိမ် ပြန်ဆောက်နေတုန်း… လာ.. သားတို့ အမှတ်တရ ရိုက်မယ်ဆိုလို့… 🙂   ကဲ.. ဆိုးပေလေးကို ရှာလိုက်ကြရအောင်… ဂဇက် ပရိသတ်ကြီး ပျင်းနေမှာစိုးလို့ပါ… 🙂 အခုထိ အဲတုန်းက အကျီင်္လေးတွေ ဘဝ မမေ့အောင် သိမ်းထားပါတယ်… 🙂  


ကုိ ထြဋ္October 22, 20141min33910
လိမ်နိုင်လျှင် သမာဓိ ညာနိုင်လျှင် ပညာရှိ အပေါ်ဖားပြီး အောက်ဖိ… ။ ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ မြေနိမ့်တဲ့အခါ လှံစိုက် မရောင်ရာလဲ ဆီလူး… ။ ။ မရှက်အပ်သည်ကို ရှက် ရှက်သင့်သည်ကို မရှက် ငတေမာရင် ပြီးရောစိတ်ဓာတ်… ။ ။ ငကန်းသေရင် ငဆွေတက် သူများမိုးခါးဆို ဒို့မိုးခါး ငွေများရင် တရားနိုင်… ။ ။ ထမင်းတလုပ် တသံသရာ သမုဒ္ဒရာ ဝမ်းတထွာမို့ ဆိုရေးရှိရာ ဆိုပါစေတော့… ။ ။ လူ့ဘုံခန်းဝါ  လူ့ပြည်ရွာဝယ် နေတတ်ရင် ကျေနပ်စရာမို့ ထမင်းတနပ် ဝမ်းရေးမခက်ဖို့ မျက်လုံးကိုမှိတ် နှာခေါင်းပိတ်လို့ ဆေးခါးကြီးကို သောက်လိုက်တော့မည်…. – တခါတလေ အများနည်းတူ ကျှ် ကို […]


ကုိ ထြဋ္October 21, 20141min2848
  – ဗီဒီယို အညွှန်း မတင်တာ ကြာပြီမို့… မေ့နေကြပြီ ထင်ပါတယ်… တကယ်တော့ ကိုယ်ပိုင် ပေ့ချ်မှာတော့ တော်တော် တင်ဖြစ်ပါတယ်… – ဒီမှာက မောင် ဘ လှိုင် တင်နေတော့ မတင်တော့တာဗျ… ကျွန်တော်က ကြည့်ကောင်းရင် ကြည့်လိုက်တာပဲ… နာမည်ပေးထားတာ မိုက်ရင် ဝယ်ဖြစ်တာ များတယ်… – ဘယ်မင်းသားရယ်၊ ဘယ် ဒါရိုက်တာရယ်၊ ဘယ် လောက် ဝင်ငွေရတယ်၊ နံပါတ် ဘယ်လောက်လဲ ဒါတွေကို သိပ် စိတ်မဝင်စားဘူးဗျ… ပြောရရင် ဝါသနာအိုး မစစ်ဘူး ပြောရမှာပေါ့… – ဘာပဲ ပြောပြော တင်ရင်တော့ ပြည့်စုံမှ ကောင်းမယ် ဆိုပြီး… မတင်ဖြစ်တာဗျ… ကြည့်တာကတော့ နေ့တိုင်းနီးပါး တကားတော့ ကြည့်ဖြစ်တယ်… […]


ကုိ ထြဋ္October 20, 20142min71424
ရေတွေက မသန့်ဘူး ညီလေး အနည်တွေပါတယ် ကိုယ်တို့ အရက်သောက်ကြမယ်… ။ ။ အရက်ဆိုတာ ပိုးသတ်ထားတဲ့ အရည်တမျိုးပဲ သူ့အရောင်အဆင်းက Sexy အရမ်းကျတယ် ပြီးတော့ သူ့ထုပ်ပိုးမှူတိုင်းမှာ ဂုဏ်သိက္ခာကြီးတယ်… ။ ။ သူ့အနံ့အသက်က သစ်မွှေးဆီတွေကနေ ချက်လုပ်ထားခဲ့တာဆိုတော့ တခါရပြီးတိုင်း နောက်တခါ တမ်းတမိနေတယ်… ။ ။ ဟန်ဆောင်မှုတွေကိုလည်း သူက ချွတ်ချပေးတယ် အဲဒါကြောင့် မရိုးသားတဲ့သူတွေ မသောက်ရဲတဲ့ သစ္စာရေတမျိုးပဲ… ။ ။ နောက်တနေ့ ဘာဖြစ်မယ်ကြိုမသိရတဲ့ လောကကြီးအတွက် ခွန်အားသစ်မွေးပြီး သွေးသစ်တွေ လောင်းပေးတဲ့ အားဆေးဆိုလဲ မမှားဘူး… ။ ။ ခင်မင်မှုကို တံတားထိုး ရင်ဘတ်ချင်းနီးစေပြီး အနုပညာ ဈာန်ကြွစေတဲ့ သိဒ္ဓိပေါက်တန်ခိုး တမျိုးပဲ… ။ ။ […]


ကုိ ထြဋ္October 20, 20141min2606
– အရီးရေ… ဒါ ၅ အုပ်စာလောက်ထဲက ဟုတ်ဘူး… ခုတလော ကဗျာတွေ ထွက်နေတယ် ထင်တယ်… ရေးမိနေတယ်… ဘဝ နဲ့ ဆိုင်တာလေးတွေပေါ့… – ဖြစ်ချင်တဲ့ ဆန္ဒလေးရယ်… နုံချာတဲ့ ကံတရားရယ်… အားပေးတဲ့ မိတ်ဆွေကောင်းတွေရယ်… တဘက်စောင်းနင်းတဲ့ ကံကြမ္မာရယ်ကို ဖွဲ့ထားတာ… – အားပေး မန့်ကြပါဦးနော်… 🙂   ” ပြည့်စုံရပါစေသား “     အမြင့်ကို   တက်ပါမယ်ဆိုမှ လှေကားက   မရှိ… ကြိုးနဲ့တက်ပေါ့..  ဟုတ်သားပဲ ! ကြိုးက လျော့ရဲနေတော့ တက်ဖို့   ယုံကြည်ချက်မရှိ…..   ရေဆန်ကို   လှော်ပါမယ်ဆိုမှ တက်က   မရှိ… ရွက်တိုက်လိုက်ပေါ့..  ဟုတ်သားပဲ ! လေက ကိုယ့်ဘက်မပါတော့ […]


ကုိ ထြဋ္October 19, 20141min45020
– ကျွန်တော် ၈ တန်းလောက်တုန်းက အမျိုးတွေ စုပြီး တရုတ်စာသင်ဖူးတယ်… ကြီးမှ ထပ်ပြီး GESC မှာတက်တယ်… – အခု ကြီးမှ တက်တာ မမှတ်မိတော့ဘူး.. ဆရာမတွေ မကောင်းတာ မဟုတ်ဘူး… တကယ်တော့ ငယ်တုန်းက မှတ်ဉာဏ်က ပိုမှတ်မိတယ် ဆိုလိုချင်တာပါ… – အဲတုန်း ကဗျာ တပုဒ် သင်ပေးတယ်.. မှတ်မိတယ်ဗျ… ဆရာမက ဘာသာပြန်ပြီး စပ်တာလား… တရုတ်မှာလဲ  ရှိတာလား ဖြေပေးကြပါဗျာ…   ” ငါးလေးတကောင် ဖမ်းမိတယ်… “   တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး … ငါးလေးတကောင် ဖမ်းမိတယ်… ဘာဖြစ်လို့ လွှတ်လိုက်တယ်… ကျွန်တော့်လက်ကို သူ ကိုက်တယ်… […]


ကုိ ထြဋ္October 18, 20141min54819
ဒီတခါတော့ ဆောင်ပါပြီ… လေးပေါက်ရယ်… မပြီးသေးသော်လဲ… ပြီးသွားပြီလေ… အထွန့်တက်ပြီး ဟန်းနီးမွန်းသွားလို့ ၅ ပိုင်း ဖြစ်သွားတာ… စုပြီး လေးပေါက်ဖတ်လို့ ရပါပြီလို့… တက်တောင်  မင်္ဂလာဆောင်ပို့စ်ဆိုပြီး စုစည်းလို့ ရအောင် အတူတူပေးထားတယ်… တကယ်တော့ စိတ်ထဲမှာ စာစီနေလို့ ကြာသွားတာပါ… မကျန်သင့်တာ မကျန်ရအောင်ပါဗျာ.. နော်… 🙂   ဆောင်ကြမယ်ဟေ့… ဆိုတော့… တန်းဆောင် မရပါဘူးဗျ… ငွေက တလုံးတည်း မရှိတာရော… အလောသုံးဆယ် လုပ်ရင် မှားမှာ စိုးတာရယ်… တသက်တခါဆိုတော့ စိတ်ကြိုက်လုပ်ချင်တာရယ်ကြောင့်ပါ… ကြိုက်ပြီးကတည်းက ငါ သူ့ကို ယူမှာဆိုတဲ့ အသိရယ်… အိမ်ကို လာရင် အထင်သေးမှာ စိုးတဲ့ အသိရယ်နဲ့… ကြိုပြင်ဆင်ရပါတယ်… အရင်ဆုံး မဒမ်နဲ့ ကြိုက်ပြီး ၁ […]


ကုိ ထြဋ္October 17, 20141min2076
– ဒါက ဟိုး တလောက… စောစောအိပ်လို့၊ စောစောထလို့၊ စောစောကားတိုက်ခံကြပါစို့ ပို့စ်ထဲက ဦးလေးပါ… – ဟိုတနေ့က မင်္ဂလာဆောင် ပုံတွေ ပြန်ကြည့်ရင်း မင်္ဂလာပွဲတုန်းက အတူတူ ရိုက်ထားတာကို ပြန်တွေ့လိုက်ရတော့ စိတ်မကောင်းဘူး… – ပိုဆိုးတာက တရားခံကို မမိပါဘူးတဲ့ဗျာ…  🙁  အခုက သူ့အတွက် ရည်စူးပြီး ထပ် လုပ်တဲ့ အလှူပါ… ဖိတ်စာလေးနဲ့ တကွ ပို့စ်တင်လိုက်ပါတယ်ဗျာ…     – အမှတ်တရ အနေနဲ့ တင်တာမို့ ပွိုင့်မပေးပါနဲ့နော်… 🙁  


ကုိ ထြဋ္October 17, 20141min31214
– ကျွန်တော် တွေးမိတာလေးတွေပါ… ဆဲရင် လဲ ခံရမှာပဲ.. ဒါပေမဲ့ သိသူများ ဖြေပေးစေချင်ပါတယ်… 🙂 – တချို့ အတွက်က အဖြေတွေ ရှိတယ်.. ကြားဖူးတယ်… မမှတ်မိတော့လို့ … နံပါတ်စဉ် တပ်လိုက်မယ်နော်…   ၁ – ည အရက်သောက်ပြီး … မနက် ရေ ပြန်သောက်ရင် ဘာလို့ ချိုတာလဲ… ????????   ၂ – ကြမ်းပိုးကို သတ်ပြီးရင် နံမှန်းသိရက်နဲ့ ဘာလို့ နမ်းကြည့်ကြတာလဲ…?????????   ၃ – နှာခေါင်းထဲမှာ ဘယ်ကနေ နှပ်ချေးတွေ ရောက်လာတာလဲ…. အဖတ်လိုက်ကလေး( မဲမဲလေးတွေ အဓိက) ဘယ်ကရောက်လာတာလဲ…????????????   ၄ – အထူးသဖြင့် […]


ကုိ ထြဋ္October 16, 20141min49321
– စကားဦးလေး သန်းထားမယ်နော်… ကျွန်တော် အရင်က  အချစ်ကဗျာတွေ ရေးတယ်ဗျ… ဒါပေမဲ့ ဦးကြိးမိုက်ကတော့ ဝေး နေလို့တဲ့ ကဗျာလို မမြင်ဘူးတဲ့… 🙂 – ဟီး… ဒါပေမဲ့ စမ်းကြည့်တာပေါ့လေနော်… အဆင်မပြေရင် ပွိုင့်မပေးပါနဲ့… – အရင်က တချက်တချက် သတိရလို့ ရေးလိုက်… ကြုံရာ ရေးတော့ ပျောက်ပျောက်သွားရော.. – ဘယ်ထားမှန်း မသိနဲ့ … ခုတော့ စုစည်းထားလိုက်မယ်နော်… မော့မော့များ… 🙂 – တခုပဲ တောင်းဆိုချင်ပါတယ်… ကဗျာရေးတဲ့ အလင်းဆက်၊ ကိုခ၊ ကိုစစ်၊ ကိုကမ်းဝေး… သိသလောက်ပေါ့… ကျန်ခဲ့ရင် ဆောရီးနော်.. နည်းနည်းလေး မန့်ပေးပါလားလို့… အားမနာတမ်းနော်…  🙂 – အော် ကျန်လို့… လေးပေါက်ရယ်၊ […]


ကုိ ထြဋ္October 16, 20141min38118
ဒါက နောက်ဆုံး အပိုင်းပေါ့… စိတ်မရှည်လို့ ဆဲချင်သူများ… ပို့စ်ပြီးသွားလို့ အမြင်ကပ်ပြီး မပေါင်းချင်သူများ ပိုမို ပေါ်ထွက်လာမယ်ထင်တယ်… ဟီး… ငယ်ငယ်ထဲက အရမ်း ခြစ်ဖို့ကောင်းတဲ့ ( ဓားနဲ့ ပြောတာ )…. ကျွန်တော့်ကို… မမွေးခဲ့ရင် ပြီးပြီ မျက်စိနောက် သက်သာတယ်လို့ ပြောမယ့်သူတွေလဲ အပုံအပင် ဖြစ်လာမှာပေါ့နော့…. ဟဲ… 🙂   ကဲပါ… ၈ တန်း – ဘီခန်းကို ကျသွားတယ်… အံ့ဩမဆုံးဘူး… စာတွေ တောက်လျှောက်ရ အဆင့်လဲ ကောင်းရဲ့သားနဲ့ပေါ့… ဒါပေမဲ့ ဆုတော့ တောင်းခဲ့တယ်… အမေထားနဲ့ အင်္ဂလိပ်စာ သင်ချင်တယ်လို့… သူက ဘီခန်းပဲ သင်တာကိုး… ကံမကောင်းခဲ့ဘူး… သူက အဲနှစ် တသက်လုံး ဘီကို သင်လာတာ.. […]