လင်းဝေJune 21, 20101min1391
အင်တာနက်ပေါ်မှာ တွေ့မိတာလေးပါ။ တင်ပြထားတဲ့သူကတော့ သောမတ်စ်မောင်ရွှေ မဇ္ဈိမ။ နည်းနည်းဆန်းလို့ မျှဝေတာပါ။ ဟုတ်လား မဟုတ်လား ဆိုတာကိုတော့ ဘုရားဟောသလို ကိုယ်တိုင်သာတွေးကြည့်ကြပါကုန်။ တောင်ကိုရီးယား ဒေဝူးကုမ္ပဏီ၏ အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ရွှေသဘာဝရေနံမြေ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို `သူမသာကိုယ်မနာ အခြေအနေတရပ်´ ဟုူ၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ချီးကျူးထောက်ခံပြောဆိုခဲ့ဖူးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် သူ၏ သဘောထားနှင့်ပတ်သက်၍ နို်င်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက မေးခွန်းထုတ်မှုကို ကုလအတွင်းရေးမှူးချုပ် ရင်ဆိုင်နေရချိန်တွင် ထိုသို့ ဒေဝူးဓာတ်ငွေ့ပိုက်လိုင်းအပေါ် မစ္စတာဘန်၏ ထုတ်ဖော်ပြောဆိုချက်ကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပိုက်လိုင်းအပေါ် ထောက်ခံပြောဆိုသည့် သဘောထားမှတ်ချက်ကို မစ္စတာဘန်ကီမွန်းက ၂၀၀၅ ခုနှစ် ဩဂုတ်လအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး […]


လင်းဝေJune 16, 20101min1011
ကျွန်တော့် မေးလ်ကို ခင်မင်တဲ့သူငယ်ချင်းမိတ်ဆွေတွေ က ကျန်းမာရေးနဲ့ပတ်သက်တာ ဟိုဟာဒီဟာ တွေ ပို့ပေးကြပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။ ဒီလိုပို့တဲ့ အထဲမှာ စဉ်းစားချင့်ချိန်ဉာဏ်ကောင်းသူ များပါသလို စိုးရိမ်လွယ် ကြောက်လွယ်ပြီး မိတ်ဆွေသူငယ်ချင်းများအတွက် ပူပန်လို့ ထပ်ပို့ကာ forward လုပ်ပေးကြသူများလည်းပါပါတယ်။ အဓိက ပြောချင်တာကတော့ တစ်ခါတစ်လေ ဘာတွေမှန်းမသိပဲ လျှောက်ရေးလို့ အင်တာနက်ပေါ်မှာ တင်ကာ လူတွေကို အတွေးမှား အမြင်မှားဖြစ်လို့ စိုးရိမ်စိတ်တွေ ပွါးစေတာကို မလိုချင်လို့ ဒီစာကိုရေးမိတာပါ။ လူတစ်ချို့ရှိပါတယ် သူတို့က မဟုတ်က ဟုတ်က လျှောက်ရေးပြီး လူအထင်ကြီးခံရနည်းလားဆိုတာမျိုးက တစ်ဖုံ။ တစ်ချို့က ဟိုဟိုဒီဒီ အိုင်ဒီယာကွေးပြီး ထင်ရာမှန်မယ် လုပ်ကာ ရေးချင်ရာရေး ကြတာမျိုး တစ်သွယ် အမျိုးမျိုးပါပဲ။ အောက်က စာသား ဥပမာလေးကိုကြည့်ပါ။ သူငယ်ချင်းအရင်းခေါက်ခေါက်က ပို့ပေးတာပါ။ […]


လင်းဝေJune 15, 20101min1242
ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်း လမ်းဆုံအနီး ပတ်ဝန်းကျင်တွင် နိုင်ငံခြားသူ လူမည်း အမျိုးသမီး နှစ်ဦးသည် မြန်မာ အမျိုးသမီး အချို့ အပေါ် အကြောင်း ပြချက် ခိုင်လုံခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် ရိုက်နှက်ကြောင်း သတင်း ရရှိသည် ။ ဖြစ်စဉ်မှာ လူမည်း အမျိုးသမီး နှစ်ဦးသည် ဇွန်လ (၇) ရက်နေ့ လှည်းတန်းဈေး နှင့် ကွမ်းခြံဈေး အနီးတဝိုက်တွင် ဈေးရောင်း ချလျက် ရှိသော အမျိုးသမီး အချို့အား အကြောင်းမဲ့ ရိုက်နှက် သောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများက ဖမ်းဆီးကာ ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပို့ဆောင် ခဲ့ရကြောင်း မျက်မြင်သက်သေ အချို့က ဆိုသည်။ ၁၂ […]


လင်းဝေJune 11, 20101min27910
အလုပ်အကိုင်ရှားပါးလို့ အလုပ်လုပ်ချင်နေသူတွေကို အနိုင်ကျင့်နှိပ်စက်နေတာတွေကို အသည်းယားလွန်း မခံရပ်နိုင်လွန်းလို့ မေးလ်ထဲရောက်လာတာလေး ကူးပြီး တင်ပေးလိုက်ပါတယ်။ တကယ်ကို စိတ်ကုန်ဖို့ကောင်းတဲ့ Law Inforcement ပါပဲ။ ကိုယ်ချင်းစာစိတ်မရှိသူတွေကလည်းလုပ်ပဲ လုပ်ရက်နိုင်လွန်းကြတယ်။ ဟိုတစ်လောက လည်း “ဖြိုးဓန” ဆိုလား အကြော်သည်ကုလားက မြန်မာ ကလေးတွေကို နှိပ်စက်ပြီး အလုပ်မှာ ခိုင်းတာလည်း ဘာမှ ကိုမဖြစ်တာ။ အခုလည်း ဒီ သောက်သုံးမကျတဲ့ မဟာမြကျွန်းသာ ဆိုတာ ပိုင်တာက ကုလား။ သူ့အောက် က ကောင်တွေက ဘာကြောင့်များ လုပ်ပေးနေကြသလဲမသိဘူး။ ပေးတဲ့ လခ ကလည်း အစိုးရ အလုပ် လခ ကမှ ပိုများဦးမယ်။ မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့PRIVATE SCHOOL ရဲ့လိမ်ညာမှုုုုုုုုုု *private school တွေဖွင့်တော့ M.Sc M.A […]


လင်းဝေJune 10, 20101min1594
ရတနာ-ရန်ကုန် (၂၄)လက်မ ကမ်းလွန် သဘာဝဓါတ်ငွေ့ပိုက်လိုင်း အောင်မြင်စွာ ဆက်သွယ်ပြီးစီး၊ ရတနာဓါတ်ငွေ့မြေမှ သဘာဝဓါတ်ငွေ့အား ကမ်းလွန်ပိုက်လိုင်း သစ်အတွင်းသို့ စတင်ပို့လွှတ်။ ဒီလို ဒီလို ခေါင်းစဉ်ကြီးနဲ့ ကို ဒီနေ့သတင်းစာတွေမှာ ပါလာတာပါ ခင်ဗျား။ ဖွင့်တာက ဇွန်လ ( ၈ ) ရက် နံနက် မင်္ဂလာ အချိန်ကျရောက်သော (၉)နာရီမှာပါ။ ဒီနေ့ (၁၀)ရက်နေ့ မနက်ထိတော့ ဘာမီးမှ မှန်အောင်မလာနိုင်သေးပါဘူး။ သတင်းစာအလိုအရတော့ ဓါတ်ငွေ့တွေလွှတ်လိုက်ပေမယ့် ရွာမကို ချက်ချင်းရောက်မလာနိုင်သေးပုံ ဆိုထားပါတယ်။ ကြားထဲက ကုန်းတွင်းစခန်း ဒေါ်ညိမ်း( တစ်ခါတစ်လေ သူတို့ စာလုံးပေါင်းတာက ဒေါ်ငြိမ်း တဲ့၊ အခု တွေ့ပြန်တော့ ဒေါ်ညိမ်း ပြန်ပြီ။ ကိုယ်တိုင် အဲဒီဘက်ရောက်တုန်းက တော့ ဒေါ်ငြိမ်း လို့ […]


လင်းဝေJune 9, 20101min1621
အထိမခံနိုင်လောက်အောင် အားနည်း ပျော့ခွေနေတဲ့ မြန်မာ့ ငွေကြေးဈေးကွက် ဟာ မနေ့က စလို့ မြန်မာ ကျပ်ငွေ မာပြီး တန်ဖိုးတက်လာလို့ နည်းနည်း မျက်လုံးလေးတွေ ပျာကလပ် ပျာကလပ်ဖြစ်နေကြပါပြီ။ စီးပွါးရေး လောက က လူတွေ စုလို့ ဘာကြောင့်တုန်း ဘာညာ ထင်ကြေးတွေပေးကြနဲ့ ပေါ့။ မြန်မာ့စီးပွါးရေး ဟာ အဓိက အားဖြင့် သူများနိုင်ငံတွေလိုပါပဲ နောက်ဆုံးတော့ နိုင်ငံတကာ ကုန်သွယ်မှု ပေါ်မှာ မှီတည်နေရတာပါပဲ။ ဒါပေမယ့်လည်း တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုကတော့ တစ်နှစ်လုံးမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ လောက်သာ ရှိတဲ့စီးပွါးရေးစနစ်ပါ။ ဒါဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထက် ၁ဝဆ မက နည်းပါးပြီး ကမာ္ဘ့ကုန်သွယ်မှု မှာလည်း အနည်းဆုံး အဆင့်မှာ ပါပါတယ်။ […]


လင်းဝေJune 8, 20101min2224
စက်သုံးဆီအရောင်းဆိုင်တွေကို ပုဂ္ဂလိက ပိုင်ရှင်များကို လုပ်ကိုင်ခွင့်ပေးပြီး ရောင်းချမှုကို ဇွန်လ (၁၀)ရက် စတင်လို့ အကောင်အထည်ဖော်မှာ ဖြစ်ကြောင်းနဲ့ စက်သုံးဆီ (ဓါတ်ဆီ ) ဈေးကို ဆိုင်များအား အစိုးရ ၊ စွမ်းအင်းဝန်ကြီးဌာနမှ တစ်ဂါလံ ဈေးနှုန်း ကျပ်၂၃၅ဝ ဖြင့်ရောင်းချပေးပြီး လူအများကို ထိုဆိုင်များမှ ၂၅၀ဝကျပ်ထက် မများစေပဲ ပြန်လည်ရောင်းချပေးရန် ညွှန်ကြားထားတယ် လို့ သတင်းစာစောင်တွေမှာတွေ့ရပါတယ်။ အဲဒီသတင်းစာစောင်တွေရဲ့ အင်တာနက် ဆိုက်တွေမှာလည်း တင်ထားတာမို့လို့ အောက်က ထင်မြင်ချက်ပေးတာလေးတွေဖတ်ရပါတယ်။ တစ်ယောက်ကဆိုရင် ဘာဖြစ်လို့ သူတို့ကို ၁၅ဝကျပ် အမြတ်ပေးရမှာတုန်း၊ အစိုးရ ကတစ်ခါတည်းလူတွေကို ဈေးသက်သာအောင်တိုက်ရိုက်ပေးလိုက်ပါလား ၊ ဒီဆိုင်ဖွင့်တဲ့သူတွေ က ဘာဖြစ်လို့ ဒီအမြတ်ကို ဝင်ယူတာခံရမှာတုန်း ဆိုတာမျိုးတွေ့တော့ အင်းလေ ဒီလို လုပ်ထားတော့ ဒီပုံစံမျိုးတွေစရာဖြစ်နေတာပေါ့လို့ပဲ […]


လင်းဝေJune 7, 20101min1614
“ ပြီးစီးလုနီးပါးဖြစ်သဖြင့် မကြာမီ ” စသည်ဖြင့် အခြေသတင်းကြီးနေတဲ့ ၂၄လက်မ ပိုက်လိုင်းကြီး ကတော့“ ပြီးပါပြီ ”တဲ့။ ပြီးပါပြီ ဆို တာ ရေစုန်မျောသွားတာကိုပြောတာမဟုတ်ပါဘူး။ တကယ်ပြီးသွားတာပါ။ ဘယ်လိုတကယ်ပြီးသွားတာလည်းဆိုတော့ မပြီးရင် ဝန်ကီး (ဝန်ကြီး) ပြုတ်စော်နံလာလို့ ပြီးအောင်ကို ပြီးလိုက်တာပါ။ အခု ဇွန်လ ရှစ်ရက်နေ့မှာ စမ်းသပ်လည်ပတ်ပါတော့မယ်လို့ မခိုင်လုံသော သတင်းရပ်ကွပ်က မရဲတရဲပြောတာကို ကြားမိပါတယ်။ တကယ်ပဲ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ ရန်ကုန်ကို ဒီလထဲမြင်ရတော့မလား။ ဒါမှမဟုတ် မီးကို အပြည့်မပေးတာကြာတော့ လျှပ်စစ် ခွဲရုံတွေမှာ ဘာညာချို့ယွင်းတာတွေ အခုမှ ပေါ်လာပြန်ဦးမလား မသိတော့ပါလေ။ စွမ်းအင်ဘက်ကတော့ တာဝန်ကျေအောင် ကျေပေးလိုက်ပြီဆိုတော့ လျှပ်စစ် ( ၁တွေ ၂တွေ ) ဘက်က ဘာတွေ […]


လင်းဝေJune 2, 20101min1070
ပြီးခဲ့တဲ့နှစ်က စလို့ မြန်မာကျပ်ငွေဟာ ခပ်မာမာ ရပ်တည်နေရာ က ဒီလပိုင်းမှာ ပိုလို့သာ မာလာပါတော့တယ်။ ဒီလို ငွေလဲလှယ်နှုန်းက အဓိက ထိခိုက်စေတာကတော့ ပို့ကုန်သမားတွေနဲ့ သွင်းကုန် အစားထိုး လူသုံးကုန်ထုတ်လုပ်သူတွေဖြစ်ပါတယ်။ ဒီနှစ်မှာ ကံကောင်းကြတာကတော့ မြန်မာပြည်ရဲ့အဓိက ပို့ကုန်တစ်မျိုးဖြစ်တဲ့ ပဲအမျိုးမျိုးဈေးက မြင့်တက်လာတော့ ပဲသမားများ ဈေးကောင်းရကြလို့ ငြီးသံတော့ သိပ်မကြားရပါဘူး။ ပဲသမားတွေ နဲ့ အခြားသော ပို့ကုန်တွေဖြစ်တဲ့ ရာဘာ၊ နနွင်းတက် ၊ ပြောင်းဆန် တွေကတော့ ဈေးကောင်းရလို့ ပြဿနာ မရှိကြပေမယ့် ရေလုပ်ငန်းနဲ့ ဆန် အစရှိသည်တို့မှာတော့ အနီးအနားနိုင်ငံများမှ ပို့ကုန်များနဲ့ ဈေးကွက်မှာ မယှဉ်နိုင်ဖြစ်ရပါတယ်။ ပို့ကုန်ပစ္စည်းဆိုတာ ထုတ်လုပ်သူ ( တောင်သူ ၊ မွေးမြူရေးသမား ၊ တံငါ ၊ […]


လင်းဝေJune 1, 20101min1381
ပုဂ္ဂလိက ပညာသင်ကျောင်းများ ဖွင့်ခွင့်ပြုမယ် အသံကြားတော့ လက်ရှိ ပညာရေးစနစ် ကို အားမရတဲ့ကျောင်းသားလူငယ်တွေရဲ့မိဘတွေ ခမျာ မမျှော်လင့် ရဲစွာနဲ့ မျှော်လင့်မိကြပါတယ်။ တကယ်ကို စည်းကမ်းကောင်းကောင်း သင်ကြားမှုကောင်းကောင်းနဲ့ ပညာကို တကယ်ပဲပေးနိုင်တော့မလား ၊ ကလေးတွေ ရဲ့အချိန်တွေကို အများကြီးမသုံးပဲ ပညာအဆီအနှစ်နဲ့ စဉ်းစားနိုင်မှုကို ကလေးတွေ ရတော့မလားရယ်လို့ ဝေဝေဝါးဝါးကြားရတဲ့ ပုဂ္ဂလိက ကျောင်းဥပဒေ နည်းလမ်းတွေကို သိလိုစိတ် ပြင်းပြကြပါတယ်။ ဒီနေ့ ခေတ်မှာ မြန်မာပြည်ထဲ လွပ်လပ်ရေး ရနေပေမယ့် ပညာသင်ကြားရေးမှာ တော့ ကျွန်ခေတ်က လို အင်္ဂလိပ်ကျောင်းထားသလား မြန်မာကျောင်းထားသလား ရယ်လို့ မေးခွန်းပြန်မေးတဲ့ အသုံး ခေတ်ထနေချိန်ပါ။ အင်္ဂလိပ်ကျောင်းလို့ အလွယ် ဝိသေသပြုကြတဲ့ကျောင်းဆိုတာတွေက မြန်မာစာ မသင်၊ မြန်မာ့သမိုင်းမသင်၊ မြန်မာ့ပထဝီမသင်တဲ့ ပုဂ္ဂလိကပိုင် Education […]


လင်းဝေMay 26, 20101min1422
မေလ ၁ရ ရက်က စပြီးရွာတဲ့မိုး ဟာ ဒီနေ့ ၂၆ ရက်ဆိုရင် ဆယ်ရက်ပြည့်သွားပြီ။ ရန်ကုန်မှာတော့ လူတွေ ကပူတယ်လို့ပြောတဲ့အသံပျောက်သွားပြီပေါ့။ မိုးရွာတာနဲ့အတူ မျှော်လင့်ကြတာကတော့ မီးလာမလား ဆိုတာပါပဲ။ လက်ရှိ စစ်အစိုးရ ရဲ့ အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်နေတဲ့ လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရေးဟာ သူတို့ ရည်မှန်းထားတဲ့ မေလ ကုန် ပေးနိုင်ရေး ရည်မှန်းချက် နီးလာပေမယ် အခြေအနေတွေက ဝါးတားတားသာဖြစ်နေတုန်းပါပဲ။ ကံကောင်းစွာနဲ့ မုန်းတိုင်းကြောင့်မိုးရွာပေးလိုက်တာ မို့ ရေပြဿနာနဲ့ အပူဒဏ်ပြဿနာကို အခိုက်အတန့် ပြေလည်စေပေမယ့် တကယ့်မုတ်သုန် မိုး က သေချာစွာ ဝင်လာပြီလား ဆိုတာတော့ မိုးလေဝသ ဌာနကလည်း ခိုင်ခိုင်မာမာ ပြောတာကိုတော့ မတွေ့မိသေးပါဘူး။ တကယ်လို့များ မုန်တိုင်းမိုးစဲသွားပြီး မုတ်သုန် […]