လင်းဝေSeptember 30, 20111min32542
အငြင်းပွားမှုများဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေသော မြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် နေပြည်တော်တွင်ကျင်းပလျှက်ရှိသော လွှတ်တော်နှစ်ရပ်လုံးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ် လွှာပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားချက် ကို ပြည်တွင်းမီဒီယာများက မှန်ကန်ကြောင်း အတည်ပြုပြောကြားနေကြပါသည်။ ၂၀၁၁ မတ်လ ၃ဝ ရက်နေ့မှ စတင်တာဝန်ယူခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်မှာ ၅ နှစ်တာသက်တမ်းတာဝန်ထမ်းဆောင်သွားမည်ဖြစ် ကြောင်း ၎င်း၏ သက်တမ်းအတွင်း ဤစီမံကိန်းကို ရပ်တန့်ထားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း အင်တာနက် စာမျက်နှာများပေါ်တွင် ဖော်ပြနေကြပြီဖြစ်သည်။ သဝဏ်လွှာတွင် အချက် ၅ချက်ပါရှိပါသည်။ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့သော သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်မှာ နှစ် ၃ဝ လျှပ်စစ် မဟာဗျူဟာ […]


လင်းဝေSeptember 26, 20111min83473
သေချာတဲ့သတင်းရင်းမြစ်က ကြားရတာပါ။ လိင်ကိစ္စပညာပေး သင်ခန်းစာတွေကို မြန်မာပြည်မှာ မူလတန်းက စပြီး သင်ပေးတော့မယ်လို့ ဆိုပါတယ်။ ယူနီဆက်ဖ် အစီအစဉ်နဲ့ ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန တို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။ တကယ်တော့ မြန်မာကလေးတွေကို မြန်မာမိဘတွေ ထိမ်းသိမ်းပုံနဲ့ မြန်မာမိသားစု ပုံစံတွေနဲ့မှာတော့ လိင်ကိစ္စကိုသင်မပေးသင့်သေးပါဘူး။ အနောက်နိုင်ငံတွေမှာတော့ ထိမ်းလို့မရတော့ဘူး၊ သူတို့ဆီမှာ ၆ဝခုနှစ်များက Sex Revolution ကြောင့် လိင်ကိစ္စက လူငယ်တွေကြားမှာ ပေါက်ကွဲပြီးသွားလို့ အလယ်တန်းလောက်ရောက်ရင် လက်တည့်စမ်းနေကြတာများလာလို့ သင်ပေးသင့်တာ သင်ပေးတာ မဆန်းပါဘူး။ မြန်မာပြည်မှာ ဒီလို အခြေအနေမဖြစ်သေးပဲနဲ့ ဘာလို့များ သင်ပေးဖို့လုပ်နေကြသလဲ။ ကျနော့်ကိုယ်ပိုင်အမြင်ကတော့…. ယူနီဆက်ဖ်ကလည်း အလုပ်မရှိ လျှောက်လုပ်တာလား။ ပညာရေးဌာနကလည်း ယူနီဆက်ဖ် ပိုက်ဆံလေးတွေ အစည်းအဝေးတက်ရင် နေ့တွက်လေးတွေ ရတာနဲ့ပဲ မလွန်ဆန်ပဲ […]


လင်းဝေSeptember 12, 20111min25419
အားလုံးသိကြပြီးတဲ့အတိုင်း ကားဟောင်းတွေကို အသစ်နဲ့ လဲခွင့်ပြုလို့ ကြေငြာလိုက်ပါပြီ။ သတင်းစာထဲက သတင်းကိုဖတ်ရင်း စကတည်းက စဉ်းစားမိတာက ယာဉ်မှတ်ပုံတင်သက်တမ်း နှစ် ၄ဝကျော် ၃ဝကျော် ၂ဝကျော် ဆိုကတည်းက နံပါတ်ကို မူတည်ပြီး ပြောကြဦးမယ်ထင်ပါရဲ့လို့ တွေးမိသား။ နောက်မှ ၁၁သတင်းငှာနအုပ်စု က ထုတ်တဲ့ ၁၁အပတ်စဉ်ထဲမှာ အသေးစိတ်ရေးပြတော့မှ အင်း လုပ်လိုက်ပြန်ပါပြီလို့ တွေးမိပါတယ်။ ရေးထားတာလေးကယ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြန်လည်ဖြေကြားခဲ့သည်။ “ယာဉ်မှတ်ပုံတင် သက်တမ်းကြာမြင့်တဲ့ ကားအိုကားဟောင်းတွေ ပယ်ဖျက်တဲ့ အစီအစဉ်ကို နောက်နှစ်ပတ်လောက်မှာစဖို့ စီစဉ်နေပါတယ်။ အဲဒီကားတွေကို တိုင်းဒေသကြီးအလိုက် ကညနရုံးတွေမှာ အပ်တာလက်ခံဖို့ စဉ်းစားထားတာ […]


လင်းဝေSeptember 9, 20111min21818
အခုတလော အပတ်စဉ် ၁၁ စာစောင်ထဲက ကောင်းကင်ပေါ်က သွားသည်ကို ဖတ်ပြီး မျက်လုံးပြူးနေကြသူများအတွက် ကိုယ်လည်း သိတာလေးတွေနဲ့ ကိုယ်တွေ့လေးတွေ ပေါင်းပြီး ပွားပေးလိုက်ပါဦးမယ်။ နေရှင်နယ် ဂျီအိုဂရပ်ဖစ်က Air Crash Investigation ကို ဒီနောက်ပိုင်းတော်တော် ကြည့်ဖြစ်တော့ ဘယ်လိုဖြစ်ပြီး ပျက်ကျတတ်တယ်ဆိုတာ တော်တော်လေးသိလာတယ်။ မသိခင်တုန်းကတော့ သိပ်မကြောက်ပါဘူး။ လေယာဉ်စီးရင် အတက်နဲ့ အဆင်းလေးပဲ နည်းနည်း စိုးရိမ်တတ်တာ။ အခုနောက်ပိုင်း ကြည့်မိလာတော့ အင်း ဘယ်အချိန်ဖြစ်ဖြစ်ကြောက်စရာပါလားလို့ သိလာတယ်။ အဓိက ကတော့ လေယာဉ်မောင်းတဲ့ လေယာဉ်မှုးတွေနဲ့ အဲဒီလေယာဉ်ကို စစ်ဆေး ပြုပြင်ပေးလိုက်တဲ့ အင်ဂျင်နီယာ အုပ်စုက အရေးအကြီးဆုံးပါပဲ။(မြန်မာ့လေကြောင်း အင်ဂျင်နီယာတစ်ယောက်တော့ အလုပ်ထွက်ပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီဆိုပြီး ထထောင်လေရဲ့ တော်တော်ထွေတဲ့ လေယာဉ်တွေပြင်ရတာပျင်းလာပြီး တိုင်းပြည်ကို […]


လင်းဝေSeptember 1, 20111min18819
ဒီနေ့ ထွက်လာတဲ့ သတင်းထူးကတော့ export earning ဖြင့် ကားသွင့်ခွင့်ပြုမယ်ဆိုတာပါပဲ။ သတင်းက သေချာသလားမမေးနဲ့ ကားသွင်းပြီး ပြန်ရောင်းဖို့အတွက် ဂျပန်ကားကုမ္ပဏီကြီးတွေကိုတောင် ဆက်သွယ်တဲ့သူက ဆက်သွယ်နေပါပြီ။ လူစီးကားတွေ ကို ပို့ကုန်ရငွေနဲ့ သွင်းခွင့်ပြုလိုက်တယ် လို့ ဆိုပါတယ်။ ဒီသတင်းကြောင့် ငွေဈေးစမာလာပါပြီ။ တကယ်သာ သွင်းခွင့်ပြုမယ်ဆိုရင်တော့ ငွေဈေးက အနည်းဆုံး တစ်ထောင်အပေါ်မှာ နေမှာပါပဲ။ ဒါပေမယ့် ဘယ်လောက်ကြာကြာပေးသွင်းခွင့်ပြုမယ်ဆိုတာလည်း မသိတဲ့အတွက် အလုအယက်စသွင်းကြမှာပါ။ အဲဒီတော့ နောက်တစ်ပါတ် သတင်းအတည်ဖြစ်တာနဲ့ ပို့ကုန်ရငွေဈေး အလွန်ထိုးတက်ဖွယ်ရှိပါတယ်။ ကားအသစ်ကို ဈေးသက်သက်သာသာနဲ့ စီးချင်သူများ ဝယ်ဖို့ငွေကို ပြင်သာထားပေတော့။ အိမ်ဈေးမြေဈေးတွေလည်း တန့်သွားမယ်လို့ထင်မြင်ယူဆပါကြောင်း။


လင်းဝေAugust 15, 20111min17515
ကြားကြမှာပေါ့။ သူပဲအပြောကောင်း ပြောချင်ရာပြောတဲ့သူတစ်ယောက် ငယ်ငယ်တုန်းက ဇာတ်ပွဲထဲ နောက်ပိုင်းဇာတ်တွေ အကြည့်များ အတုခိုးထားသလားမသိဘူး အငိုလေးပါတွဲပါလာလေရောလား။ ဘယ်သို့ဘယ်ပုံ ငိုသွားတယ်ဆိုတာကို သိရအောင်လို့ ဖွလိုက်ပါတယ်။ သူကတော့ ပြောရှာပါတယ် မဖွနဲ့နော်တဲ့။ သို့သော်လည်း ဖွပြီးသား မပွမှာ စိုးလို့ မန်းဂေပေါ်မှာပါ တက်ဖွပါရစေ။ အမေးအဖြေ လုပ်ရာကနေ ငိုသွားတာဆိုတော့… အမေးအဖြေလေးတွေကို စပြီးဖတ်လိုက်ပါဗျား.. ကိုဇေယျာမြတ်ခိုင် (မော်နီတာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ) “ကျနော်သိချင်တဲ့ မေးခွန်းကတော့ အခု KIA နဲ့ ဖြစ်တဲ့ကိစ္စမှာ KIA က မြစ်ဆုံ ရေကာတာကြောင့်လို့ ပြောပါတယ်။ အခုတိုက်ပွဲဖြစ်နေတာက ညှိနှိုင်းနေဆဲပဲလို့ သိရပါတယ်။ အဲဒီအတွက် နိုင်ငံတော် အစိုးရအနေနဲ့ မြစ်ဆုံရေကာတာကို ဆက်ဆောက်ဖို့ အစီအစဉ် ရှိမရှိသိချင်ပါတယ်။ နောက်တခုက နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ […]


လင်းဝေAugust 15, 20111min25219
ဈေးတွေကျတယ်။ ငွေဈေးက ပါးစပ်ထဲပြောချင်ရာပြောဖြစ်နေတော့တယ်။ မဝယ်ဘူးဆိုတဲ့သူတွေလည်းရှိနေတယ်။ နှိမ်ရသမျှ ဝိုက်ပြီး အောင်းထားမယ်ဆိုတဲ့သူတွေလည်းများနေတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူများ နိုင်ငံခြားငွေဝင်နေသူများအတွက်တော့ စိတ်ပျက်စရာ အချိန်ကာလပါပဲ။ အခုလောလောဆယ်မှာ ထင်ရာမြင်ရာခန့်မှန့်ချက်များ၊ လူတတ်ကြီးလုပ် ပြောချင်ရာ ပြောကြားချက်များ၊ အခွင့်အရေးဖန်တီး အမြတ်ထုတ်လိုသူများ၊ ရည်ရွယ်ချက်မဲ့ ကောလဟာလ ဖြန့်ဝေ သူများ ကြားမှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုကတော့ ငွေလဲနှုန်းပါပဲ။ ဟိုက တကယ်လုပ်မည့်သူများမှာ ဘယ်နှုန်းနဲ့ သတ်မှတ်ဖို့ ဆိုတာကို စဉ်းစားတဲ့အဆင့်တောင် မရောက်သေးပါဘူးတဲ့။ နှုန်းထား ထက် အဲဒီသတ်မှတ်မယ့် နှုန်းထားကို ဘယ်လိုပြောင်းဖို့၊ ဘယ်လို သတ်မှတ်ဖို့၊ မြန်မာကျပ်ငွေနဲ့ ဘယ်လိုလဲဖို့ ဆိုတဲ့ လုပ်ငန်းစဉ်တွေကို တွက်ဆနေတုန်းလို့ ဆိုပါတယ်။ သို့သော်လည်း ငွေဈေးကွက်မှာတော့ ဈေးအနည်းဆုံးနဲ့ ကောက်နိုင်သမျှကောက်ဖို့ရာ ရ၅ဝပြောလိုက် ၆၀ဝအောက်ပြောလိုက် ၅၀ဝလို့ပြောလိုက်နဲ့ ပြောချင်ရာပြောနေကြတာပါ။ […]


လင်းဝေJuly 25, 20111min1316
အရင် နဝတ(နအဖ) လက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ်ခန့်ထားခဲ့တဲ့ အခုလက်ရှိအစိုးရအဖွဲ့မှာလည်း အလုပ်သမားဝန်ကြီးအဖြစ်နဲ့ အစိုးရအဖွဲ့မှာ ဆက်လက်ပါဝင်နေသေးတဲ့ ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့သိရပါတယ်။ ဒီနေ့ နေ့လည် တစ်နာရီမှာ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခွင့်နဲ့ပတ်သက်ပြီး အစိုးရဘက်က သတိပေးချက်ကို အန်အယ်ဒီ ဘက်မှ ပြည်ထဲရေး ဝန်ကြီးဆီ စာပြန်အကြောင်းကြားတာနဲ့ ဆက်စပ်မယ်လို့ ထင်ပါတယ်။ ရယ်စရာကောင်းနေပေမယ့် ဘယ်သူမှ ရယ်စရာလို့ မြင်မှာ မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးကို စာပို့လိုက်တာ အလုပ်သမားဝန်ကြီး နဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဖြစ်သူ ဦးအောင်ကြည်က လက်ခံတွေ့သလိုဖြစ်နေလို့ပါပဲ။ အန်အယ်ဒီ ကို ပြန်လည်နေရာချထားဖို့လားမသိပါဘူး။ ဘာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ နေ့လည် သုံးနာရီမထိုးမီလေးမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီးမှာ […]


လင်းဝေJuly 14, 20111min22818
ကျူရှင် ဆိုတာ ပညာရေးစနစ်ကို အကျိုးပြုသလား မပြုသလား ဆွေးနွေးဖို့ရာလည်း သပ်သပ်ရှိပါလိမ့်မယ်။ အဲဒါအပြင် ကျူရှင်ဆရာများ အကြောင်း ( သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အမူအကျင့်များ ) ကို အရင်ဆွေးနွေးချင်ပါသေးတယ်။ ဘာဖြစ်လို့ ဆွေးနွေးတာလည်းဆိုတော့ မိဘများ၊လူငယ်များ ဆရာဆိုပြီး ယုံမှတ်လို့ အပ်ထားရင် ပြဿနာကြီးသွားနိုင်လို့ပါ။ ဟိုးတုန်းကတော့ ကျူရှင်ဆရာဆိုသူများဟာ အမြင်ကျယ်တယ်၊ အပြောကောင်းတယ်၊ အသင်အပြရှင်းလင်းပြီး လူမှု ဆက်ဆံရေးပါကောင်းလို့ မြို့ကလေးမှာပဲဖြစ်ဖြစ် မြို့ကြီးတွေမှာ ဖြစ်ဖြစ် လူမှုအသိုင်းအဝိုင်းမှာ လူလက်ခံပြီး လူသိများပါတယ်။ လူ့သဘာဝအတိုင်း အဆိုးအကောင်းကတော့ ရောနေမှာပေါ့လေ။ အခုနောက်ပိုင်းမှာ ကျူရှင်တွေက မှိုလိုပေါက်လာပြီး အလုပ်အကိုင်အခွင့် မသာတဲ့သူတွေက ကျူရှင်လုပ်ငန်းကို စီးပွားဖြစ် လုပ်ကြတော့ ပိုပြီး ရောကော သောကော တွေများလာတယ်ထင်ပါရဲ့။ သူငယ်ချင်းတွေထဲမှာ တောင် ကျူရှင်ဆရာ၊ […]


လင်းဝေJuly 6, 20111min23621
အလုပ်တွေများနေလို့ ဒီဆိုက်ကိုမရောက်ဖြစ်တာ ကြာသွားပါတယ်။ အခုတစ်လော တက်ဖြစ်တော့ တိုနံ့နံ့ နဲ့ ပို့စ်မဟုတ်တာတွေကို တင်ထားတာတွေ့ဖြစ်တယ်။ မေးခွန်းတွေပါတယ်။ နည်းနည်းဖွကြည့်တာပါဆိုတာမျိုးတွေပါတယ်။ ဒီလို အကြောင်းကိစ္စတွေအတွက် ဖိုရမ် လေးလုပ်ပေးထားရင်ကောင်းမယ်။ ဖိုရမ်မှာ ပါဝင်ဆွေးနွေးနိုင်မှုကို အမှတ်ပေးချင်လည်းပေးပေါ့။ မပေးချင်လည်း နေပေါ့။ ဖိုရမ်လောက်မှာ သာ ရေးရမယ့် အကြောင်းလေးကို (ခပ်တိုတိုအကြောင်းကို) ပို့စ်အဖြစ်တင်ရင်၊ စာလုံးရေမပြည့်ပဲ တင်ရင် ပွိုင့်ကို အနှုတ်ပြန်လုပ်ကြည့်ပါလား။ ဒီဆိုက်မှာ စာတွေ တတ်နိုင်သမျှ သန့်သွားလိမ့်မယ်။ သတင်းတွေကို ကိုယ်ပိုင်အမြင်မပါပဲ အခြားက ကူးပြီး လာတင်ရင်လည်း နှုတ်မယ်လုပ်လိုက်ပေါ့။ သူများစာတွေ မေးလ်ထဲက ရတာတွေကို အလွယ်ကူးတင်တာတွေ မလုပ်ဖို့လည်း အနှုတ်စနစ်နဲ့ တားပေးပေါ့။ ( ပြန်လည်ဝေဖန်သုံးသပ်ချက်ပါရမယ် လုပ်ပေါ့ ) အခု ဒီအကြံကိုလည်း ဖိုရမ်မရှိလို့ ပို့စ်လုပ်ပြီး […]


လင်းဝေJune 22, 20111min29530
အားနာပါးနာ ဆိုတာ ပါးဘယ်လိုနာတာမှန်းတော့မသိဘူး။ အားနာသလိုလိုအခြေအနေတွေကို ပြောမယ်ဆိုရင် အားနာပါးနာ လို့ပဲ ညွှန်းလိုက်ပါတယ်။ အားနာပါးနာ ဟန်ဆောင်လိုက်ရသေးတာပေါ့ ဆိုတာမျိုးလည်းပြောကြတာပါပဲ။ အဓိက ပြောချင်တာကတော့ အားနာ တယ်ဆိုတာ ဘာလည်း လို့ သုံးသပ်မိတာလေးကိုပါ။ တစ်လောက တင်ဖြစ်သေးတယ်။ တင်တာမအောင်မြင်ပါဘူး။ တင်ရခက်ပြီး စာတွေ မပေါ်လို့ ကိုယ်ပေးချင်တဲ့ theme မပေးဖြစ်ဘူးထင်လို့ ထပ်တင်ပေးလိုက်ပါဦးမယ်။ အား တော့ နာပါရဲ့ လို့ စကားဦးသမ်းလိုက်ပါရစေ.. “အားတော့ နာပါရဲ့။ သို့သော် ပြောစရာရှိတာတော့ ပြောရဦးမယ်” လို့ စကား စချီပြီး ပြောချင်တာတွေ ပြောကြတဲ့ စကားပြောပုံစံရှိပါတယ်။ “အားတော့ နာတယ်ဗျာ” ဆိုပြီး လိုချင်တာတောင်းတာ။ ဒါမှ မဟုတ်ငြင်းချင်တာ ငြင်းတာလည်း လုပ်ကြတာပါပဲ။ “အာ… မလုပ်ပါနဲ့ အားနာစရာကြီး” […]


လင်းဝေJune 14, 20111min1015
နိုင်ငံခြားမှာ သွားအလုပ်လုပ်နေကြတဲ့ အထူးသဖြင့် မလေးရှား နဲ့ ထိုင်းမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား တွေရဲ့ အနေအထားနဲ့ ဘဝ ကို မြန်မာပြည်က လူတွေ၊ ဟိုးတောကနေ သွားလုပ်ချင်ပါတယ်ဆိုတဲ့သူတွေ၊ တောကနေ ရန်ကုန်ရောက်ပြီး သွားလုပ်ဖို့ ပြင်နေသူတွေ၊ အဓိကအားဖြင့် စာဖတ်ပေဖတ်နည်းသူတွေ၊ ဗဟုသုတ နည်းသူတွေ ကိုသိစေချင်တာပါ။ ဒီပေါ်လာတင်တော့ သူတို့ဘယ်သိမှာလဲ လို့ မေးရင် ဟုတ်ပါတယ်။ ဖတ်မိသူများ နီးစပ်ရာ ထဲက မလေးတို့ ထိုင်းတို့မှာ အလုပ်သွားလုပ်မယ်ဆိုရင် တားဖို့၊ ရှင်းပြနိုင်ဖို့၊ ဒီသတင်းတွေ အခြေအနေတွေကို ဆက်လက်ဖြန့်ဖြူးရင်း သူတို့တွေဆီရောက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်အတွက်တော့ အဲဒီလူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်နေတော့( တစ်ခါတစ်လေ ဟိုမှာဝေပေးတဲ့ လက်ကမ်း ပညာပေး စာစောင်တွေကို ဒီကနေ ကူညီပြီး […]


လင်းဝေJune 14, 20111min16112
သတင်းတွေထဲကပဲ တွေ့တာကို ပြန်တင်ပေးလိုက်တာပါ။ ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့က မြောက်ဦးမြို့ လောကမဉ္စူ ဘုရား ပြုပြင်ရေး လုပ်နေစဉ် ရှာဖွေ တွေ့ရှိခဲ့ရတဲ့ ဘုရား ဆင်းတုတော်များထဲက အလေးချိန် လေးပိဿာကျော် ရှိတဲ့ ဘုရား ဆင်းတုတော်ကို ဇွန်လ ၅ ရက်နေ့မှာ ကျွမ်းကျင်သူ ပညာရှင်များနဲ့ စစ်ဆေး လိုက်တဲ့အခါမှာ မူလ သတင်းတွေထဲမှာ ပါသလို ရွှေဘုရား မဟုတ်ဘဲ ကြေးဆင်းတုတော်ကို ရွှေရည်စိမ် ထားတာသာ ဖြစ်တာကို တွေ့ရတယ်လို့ သတင်းရပါတယ်။ ဒီဆင်းတုတော်ကို တွေ့ပြီးတဲ့နောက် ရှေးဟောင်း သုတေသနဌာနက သူတို့ လုပ်ထုံး လုပ်နည်း အတိုင်း အမျိုးအစား ခွဲခြားဖို့ အတွက် နေပြည်တော်ကို သယ်ဆောင်ဖို့ စီမံနေတဲ့ အချိန်မှာ ရခိုင်အမျိုးသား တိုးတက်ရေး […]