လင်းဝေJanuary 18, 20112min1126
ဒေါ်လာဈေး အတက်ဘက်ကို နည်းနည်း ဦးပြန်လည်လာပါတယ်။ အောက်ကဈေးမှာ FEC ကို ၇၉၅ ဆိုထားသော်လည်း ဒီနေ့ နေ့လည်ဘက် ကိုယ်တိုင်ရောင်းလိုက်တာ ၈၀ဝရပါတယ်။ မနက်ပိုင်းကတော့ ဒေါ်လာဈေးက ၈၃၅နဲ့ပဲရှိနေရာက နေ့လည်ဘက်မှာ ၈၄ဝထိတက်လာပါတယ်။ ပို့ကုန်ရငွေ (Earning)ဈေးလည်းနည်နည်းတက်လာလို့ ပို့ကုန်သမားတွေ စိတ်ထဲအသက်နည်းနည်းရှူနိုင်ကြတယ်။ US Dollar Exchange Rate ( Tuesday, January 18, 2011 ) Yangon Market (Offer Price @ 10:45 AM) Dollar >> 1 USD = 837 – 842 Kyats. [ Buy= 837 Kyats // Sell = […]


လင်းဝေJanuary 18, 20111min1025
ဒီနေ့တော့ တက်ကျမ်းကောက်နှုတ်ချက်လေးတွေပဲ တင်ပေးပါရစေ။ အပျင်းလည်းပြေ စိတ်ဓါတ်အင်အားလည်းတိုးစေဖို့ ရည်ရွယ်ရင်းပါ။ ဒီအချက်ကလေးတွေက အထူးအဆန်းမဟုတ် ကြားနေကျ ဖန်တရာတေ တွေဖြစ်ပေမယ့်လည်း ပေါ့ပေါ့တွေးရင် ပေါ့ပေါ့လေးပါပဲ။ လေးနက်စွာ ဆင်ခြင်ရင်တော့ လည်း တကယ်ထူးခြားသောအချက်တွေဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ ဘယ်သူမဆို သူ့နယ်ပယ်မှာ သူ့နည်းသူ့ဟန်နဲ့ အောင်မြင်လိုတာ ရှိစမြဲမို့ အောင်မြင်တိုးတက်ရန်ထောက်ကူပြုမယ့် အချက်များကို ဆင်ခြင်တွေးဆ မှတ်ယူကျင့်ကြံနိုင်စေဖို့ မျှဝေပါတယ်။ ၁။ ကတိအပေးနည်းပါစေ။ ၂။ အမှန်ကို အမြဲပြောပါ။ ၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။ ၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။ ၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ ၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။ ၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။ ၈။ သဒ္ဓါမရောက်မီ […]


လင်းဝေJanuary 18, 20111min550
ခင်မင်ရသော လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ကနေပို့ပေးထားတာပါ။ သူ့ကို ဘယ်သူပို့ပေးတာလည်းမသိရပါ။ စဉ်းစားစရာ အချို့အချက်တွေက လိုက်နာချင်စရာလေးတွေမို့ ဝေမျှပါရစေ ( ဉာဏ်စွမ်းရည် ) နားလည်သဘောပေါက်နိုင်စွမ်း ဉာဏ်မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှ ထူးလာမှာ မဟုတ်ပါ။ နားမလည်သရွေ့ သဘောမပေါက်နိုင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံဉာဏ်သစ်ကို ပြောင်းဖို့ လက်ခံမှာ မဟုတ်ပါ။ အချိန်ကုန်၊ ဒေါသထွက်ခြင်းသာ ကိုယ့်အတွက် ရလဒ်ဖြစ်သည်။ ( ဝေဖန်မှု ) သူများကိုဝေဖန် သုံးသပ်နေလျှင် မပြေလည်မှုများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန် စိစစ်သုံးသပ်ပါ။ လမ်းမှန်ပေါ် ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။ ( အားလုံးနှင့် ပြေလည်လိုလျှင် ) ကျွန်မဘဝမှာ အားလုံးနှင့် အဆင်ပြေအောင်နေဖို့ […]


လင်းဝေJanuary 17, 20111min841
ဒီနေ့ ဈေးနည်းနည်း ပြန်ပါလာပါတယ်။ ဒေါ်လာဈေးလေးမဆိုစလောက်ပြန်တက်လာတယ်။ အရွက်ဈေးကော အဝေးဈေးကော earning ဈေးကောပါပဲ။ ကျမယ်ထင်ထားကြတာကို နည်းနည်းပြန်တက်လာလို့ တစ်ချို့လည်းအားတက်နေကြတယ်။ စောစောပိုင်း မြန်မာကျပ်ငွေမာလာပုံက ဆန်တောင် နိုင်ငံခြားက တင်သွင်းပြီး စားရင် ပိုကိုက်မယ့်ပုံဖြစ်လာနေလို့။ ကဲ အောက်က ငွေလဲနှုန်းလေးတွေ ကြည့်လိုက်ပါဦး။ Earning Price Information ( Monday, January 17, 2011 ) Yangon Market ( Price @ 12:15 PM) Earning >> 904 ~ 906 Kyats. Yangon Market ( Price @ 3:00 PM) Earning >> 908 ~ […]


လင်းဝေJanuary 17, 20111min781
တန်ဖိုးထားမှုများ ကျွန်တော်ပထမဦးဆုံး အိမ်ဖြူတော်ကို မြင်ဖူးတာ ၁၉၈၄ ခုနှစ်မှာပါ။ ဘွဲ့ရပြီးကာစ နယူးယောက်စီးတီးကောလိပ် ဟာလန်ကျောင်းမှ ထွက်ပြီး ရက်ကွက်စည်းရုံးရေးမှူးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သမ္မတ ရေဂင်က အဲဒီ့အချိန်မှာ ကျောင်းသားများထောက်ပံ့ငွေကို ဖြတ်တောက်ဖို့ အဆိုပြုလာတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကျောင်းသားခေါင်းဆောင် အုပ်စု နဲ့ အတူဒီလိုဖြတ်တောက်မှုကို ဆန့်ကျင်ကြောင်း ပန်ကြားလွှာကို ကို ကောက်ခံဖို့ စုရုံးပြီး အလုပ်တွဲလုပ်ခဲ့တယ်။ သူတို့ထဲက အများစုက လူမည်း ဒါမှမဟုတ် ကာရစ်ဘီယံကျွန်းသားများ၊ အရှေ့ဥရောပ မိသားစုတွေ ကဆင်း သက်လာသူများ ဖြစ်ပါတယ်။ အများအားဖြင့် သူတို့ဟာ သူတို့ မိသားစုထဲ မှာ ပထမဆုံး တက္ကသိုလ် တက်နိုင်သူတွေဖြစ်ကြပါတယ်။ အဲဒီနောက် ကျွန်တော်တို့တွေဟာ နယူးယော့ခ် လွှတ်တော်ကိုယ်စားလှယ် ထံပို့ခဲ့ပါတယ်။ အဲဒီခရီးကတိုတောင်းတဲ့ခရီးတစ်ခုပါပဲ။ ရေဘန်အဆောက်အအုံရဲ့ […]


လင်းဝေJanuary 17, 20112min16611
ဒီစာကိုတွေ့တွေ့ချင်း ယုံမိတော့မလို့ from Customer Service Dept. <gcustomerdpt@gmail.com> to date Mon, Jan 17, 2011 at 8:03 AM subject Account Warning! This is a Vital Update/Information coming from Google Control Unit Department.We will be upgrading our Security Control Unit for 2011.We are appealing to all our free and premium Account Users.We are deleting all inactive accountS to […]


လင်းဝေJanuary 12, 20112min892
တင်မရလို့မတင်ပေးဖြစ်တဲ့ ငွေလဲနှုန်းလေး ဒီနေ့တော့ တင်ပေးဖြစ်ပါတယ်။ လင့်ခ်သိသူများအတွက်တော့ သိပြီးသားဖြစ်မှာပါ။ myanmar.exchange.29 ကနေယူတာပါ။ သူ့မှာ မပါတဲ့ ဈေးနှုန်းလေးပါ ပေးလိုက်ပါတယ်။ D-Transfer လို့ခေါ်ပါတယ်။ ပြည်တွင်းရငွေ ( လစာ၊ အိမ်ငှားခ အစရှိသည်တို့ ) ကို စားရင်လွှဲပြောင်းရောင်းငွေပါ။ သူ့ဈေးက အရွက်ထက်ဈေးများနေပါတယ်။ သူက အနည်းအများကိုလိုက်ပြီး ဈေးကလည်း အနည်းအများရှိပါတယ်။ D-Transfer Rate ( Wednesday, January 12, 2011 ) Yangon Market (Offer Price @ 10:45 AM) Dollar >> 1 USD = 855- 860 Kyats. [ Buy= 850-855 Kyats […]


လင်းဝေJanuary 12, 20111min16610
မြန်မာဟင်းချက်ရင် မပါမဖြစ်၊ မုန်းဟင်းခါးချက်ရင် များများပါရတဲ့ ကြက်သွန်နီ ဈေးအတက်ကြမ်းနေပါတယ်။ ပြီးခဲ့တဲ့လက တစ်ပိဿာ ၆၀ဝ လောက်သာရှိတဲ့ ကြက်သွန်နီဟာ အခုလဆန်းကစလို့ ဒိုင်ဈေး ၁၄၀ဝကနေပြီး ပြီးခဲ့တဲ့အပတ်မှာ ဒိုင်ဈေး ၁၆၀ဝ နဲ့ ၁၈၀ဝအထိဖြစ်လာပါပြီ။ လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ၂၅၀ဝကျပ်အထိရောင်းနေကြပါပြီ။ အရင်နှစ်က တစ်ပိဿာ ၃၀ဝပဲဈေးရလို့ ကားခနဲ့ အလုပ်သမားခတောင်မကာမိလို့ ကြက်သွန်နီကို တူးပြီး သွန်ပစ်ခဲ့ရတဲ့အတွက် ဒီနှစ်မှာ အစိုက်နည်းပါတယ်။ အစိုက်နည်းတော့ အထွက်နည်းပါတယ်။ မြန်မာပြည်တွင်းမှာ အထွက်နည်းရတဲ့အထဲမှာ အိန္ဒိယမှာလည်း ကြက်သွန်နီပြတ်လို့ ဒီနားတဝိုက်မှာ ကြက်သွန်ရှားနေတော့ ဈေးတွေက မိုးထိုးထောင်တက်ကုန်ပါပြီ။ ပုံမှန်ဆိုရင် ဇန်နဝါရီလဆို ကြက်သွန်အဝင်များလို့ဈေးဆင်းရင်ဆင်း မဆင်းတောင်မှ ဈေးငြိမ်ရမှာကို အခုတော့ ဈေးက ထိုးတက်နေပါပြီ။ အခုလောလောဆယ် ကြက်သွန်ခင်းတွေကို မြေပေါ်ဈေးတောင် တစ်ပိဿာ ၁၈၀၀၊ […]


လင်းဝေDecember 22, 20103min1626
ငွေဈေးအကျမှာအေးနေပါတယ်။ ဒီဈေးအရ ၈၇၅လို့ ဆိုသော်လည်း ၈၇ဝလောက်နဲ့ နှိမ်ကောက်ချင်သူများလည်းရှိပါတယ်။ ရွှေဈေးလေးပါထည့်ပေးလိုက်ပါတယ်။ ၆၆၀,၀၀ဝ မှာ ငြိမ်နေတဲ့ရွှေဈေး ကမာ္ဘ့ဈေးလေးနည်းနည်းကျလို့ ၅၀ဝလောက်ဆင်းသလိုဖြစ်ပါသေးတယ်။ အခုလောလောဆယ် ရန်ကုန်မှာ ဘာမှ မကောင်းဘူးလို့ ညည်းနေသူများပါတယ်။ ကားဈေးတွေကလည်း ဆက်ကျနေပါတယ်။ မနေ့က အသုံးမလို ပိုလျှံယာဉ်များ လေလံပစ်ဦးမယ်ဆိုလို့ အဝယ်တွေတန့်ပြီး အရောင်းတွေ ထိုးဆင်းနေပါတယ်။ US Dollar Exchange Rate ( Wednesday, December 22, 2010 ) Yangon Market (Offer Price @ 10:45 AM) Dollar >> 1 USD = 875 – 880 Kyats. [ Buy= 875 […]


လင်းဝေDecember 22, 20101min770
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ(Diversity) ဒိုင်ဗားစတီး စာစောင်ထုတ်ဝေရေးပြီး ပါတီရံပုံငွေရှာမယ်လို့ဆိုပါတယ်။ ရရှိတဲ့ သတင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပါတီသည် ၂၀၁၁ ခု နှစ်ဇန်နဝါရီလမှစတင်၍ (Diversity) ဒိုင်ဗားစတီးစာစောင် ကိုစတင်ထုတ် ဝေမည်ဖြစ်ပေသည်။(Diversity) ဒိုင်ဗားစတီး လစဉ်ထုတ်စာစောင်ထုတ်ဝေရာတွင် ပါတီ၏ နသ ဝ၆၈ နှင့် အညီ စာပေစိစစ်ရေးသို့ ၁ဝ စုံ တင်ပြပြီး တရားဥပဒေနှင့်အညီထုတ်ဝေခြင်းဖြစ်ပေသည် ။ ဒိုင်ဗားစတီးစာစောင်တွင် ဆောင်းပါးကဏ္ဍ ၊ ပါတီဝင်များ၏ လတ်တလော နိုင်ငံရေးအမြင် ၊ မိဘပြည်သူများ၏ နိုင်ငံရေးအမြင်များကို ထည့်သွင်းဖော်ပြထားပါသည် ။ ဒိုင်ဗားစတီးစာစောင်ကို စာအုပ်ပုံစံ ရောင်စုံ စာမျက်နှာများဖြင့် ထုတ်ဝေရန်စီစဉ်နေပါသည် ။ အင်တာနက် စာမျက်နှာများတွင်လည်း၊ face book တွင်  naymyowai@gmail.com နှင့် ဘလော့ဂ်လိပ်စာ   http://www.pdpmyanmar.co.cc/ […]


လင်းဝေDecember 16, 20102min1567
မအားတာ ပျင်းတာ အဆင်မသင့်တာတွေကြောင့် နေစဉ်တင်ပေးချင်တဲ့ ငွေလဲနှုန်းကို ဒီနေ့ တင်ပေးလိုက်ပါတယ်။ Earning ဈေးနဲ့ အရွက်ဈေး မနေ့ကထက်စာရင်နည်းနည်းပြန်တက်လာပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့အပတ်က ဈေးကိုပြန်ရောက်တာပါ။ ဈေးနှုန်းတွေကို အပြင်ဈေးနဲ့ တိုက်ကြည့်ပြီး realtime ကပို့ပေးတဲ့ ဈေးနှုန်းတွေအတိုင်းတင်ပေးထားတာပါ။ US Dollar Exchange Rate ( Thursday, December 16, 2010 ) Yangon Market (Offer Price @ 10:45 AM) Dollar >> 1 USD = 878 – 882 Kyats. [ Buy= 878 Kyats // Sell = 882 Kyats […]


လင်းဝေNovember 25, 20101min34117
မနေ့က ငှက်ပျောသီး အကြောင်းရေးမိလိုက်လို့ထင်ပါရဲ့။ ဒီနေ့ အုန်းသီးအကြောင်း သူငယ်ချင်းတစ်ယောက် က ပို့လိုက်တယ်။ သူ့မေးလ်ထဲကဟာကို နည်းနည်းပြုပြင်ပြီး တင်ပေးလိုက်ပါတယ်။ ကမာ္ဘကြီးမှာ ငှက်ပျောသီးစားပြီး အုန်းရည်သာသောက်နေလို့ရတော့မယ်ထင်ပါရဲ့။ ကမာ္ဘပျက်ကိန်းနီးလာလို့ကြောက်နေသူများ အသက်ရှင်ကျန်ခဲ့တဲ့အခါ ဘာမှာ စားစရာ သောက်စရာမရှိရင် စားဖို့သောက်ဖို့ ကြိုတင် သင်ကြားပေးထားတယ်မှတ်ပါ။ မြန်မာပြည်လို အရှေ့တောင်အာရှက တိုင်းပြည်မှာနေတဲ့သူတိုင်းလိုလို အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်။ ချိုမြမြ အီတီတီ ဖန်တွတွ အရသာ ရှိတယ်တဲ့ အုန်းရည်ကို လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းပါတယ်။ အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်။ အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် […]


လင်းဝေNovember 24, 20101min14515
ငှက်ပျောသီးကို ပေါ့ပေါ့မထင်ပါနဲ့တဲ့။ အလွန်မှ စိတ်ဝင်စားဖွယ်ကောင်းသောအသီးဖြစ်ပါတယ်တဲ့။ (မဟုတ်တာမတွေးကြပါနဲ့ ကိုယ့်လူတို့) ငှက်ပျောသီး ဟာ အားအင်ကိုဖြစ်စေလို့ စိတ်ကို ကြည်လင် လန်းဆန်းစေပါသတဲ့။ အသေးစိတ်ရှင်းပြထားချက်ကိုတော့ အောက်မှာ ကြည့်တော်မူပါ။ ဒီလိုရှင်းပြထားတာကိုဖတ်ကြည့်ပြီးရင် ငှက်ပျောသီးကို နောက်တစ်ခါကြည့်မိရင် စိတ်ထဲမှာ လေးလေးစားစားနဲ့ကို ကြည့်မိမယ်လို့တောင် စာက ညွှန်းပါသေးတယ်ခင်ဗျား။ ငှက်ပျောသီးမှာ သဘာဝ သကြားဓါတ် သုံးမျိုးပါ ပါတယ်တဲ့။ ဆူးခရို့၊ ဖရက်တို့စ် နဲ့ ဂလူးကို့စ် တို့ဖြစ်ကြပြီး ဖိုင်ဘာဓါတ်လည်းပါဝင်ပါတယ်။ ငှက်ပျောသီး တစ်လုံးဟာ ကြွယ်ဝသော အင်အားကို လျှင်မြန်စွာရရှိစေနိုင်ပါတယ်။ သုတေသနပြုချက်တွေအရဆိုရင် ငှက်ပျောသီးနှစ်လုံးကနေပြီး ရရှိတဲ့ အင်အားဟာ မိနစ် ကိုးဆယ် အလုပ်လုပ်နိုင်သော စွမ်းအင်ကိုပေးပါတယ်တဲ့။ ဒါကြောင့်မို့ ကမာ္ဘ့အားကစားသမားအကျော်အမော် အများစုက နှစ်သက်စွာ စားသုံးကြတဲ့ နံပါတ်တစ် သစ်သီးအဖြစ် ငှက်ပျောသီးက […]