လက်မဲ့၊ ဘာမှမရှိ၊- အားကိုးရာမဲ့နေကြတဲ့ ကျွန်တော်တို့နိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့၊ မိတ်ဆွေတို့ အ ကုန်လုံးမှာ ကိုယ်စီကိုယ်ငှ လုပ်နိုင်တာလေးတွေကနေစပြီးလုပ်ကြရင် ကောင်းမွန်တဲ့ လမ်းစတွေပေါ်လာနိုင်မှာပါ။ ဘာမှမပါရှိတဲ့လက်တွေအားလုံးစုစည်းညီညွတ်လာကြရင် အဲ့ဒီပေါင်းစည်းတဲ့အားကို ဘယ်လက်နက်၊ ဘယ်မတ ရားမှုကမှ ဖိနှိပ်လို့ရေရှည်ရမှာမဟုတ်ပါဘူး။ ဒါဖြင့်ဘာဖြစ်လို့အခုအချိန်အထိ ကျနော်တို့တွေအားလုံး ဒီဖိနှိပ်မှု အောက်မှာနေနေရသေးလဲဆိုပြီးတော့ မေးချင်မေးကြပါလိမ့်မယ်။ တကယ်က အားလုံးပါဝင်ကြရမဲ့အချိန်မှာ  အကုန်လုံး မပါကြသေးပဲ ဘေးက ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်နေခဲ့ကြလို့ပါ။  တကယ်လို့သာ အားလုံး တ ညီတညာတည်း စုပေါင်းညီညီညွတ်ညွတ်ပါဝင်ကြမယ်ဆိုရင် တနိုင်ငံလုံးမှာ ကျွန်တော်တို့လက်မဲ့၊ ခွန်အားမဲ့တဲ့ သူတွေအားလုံးပါဝင်ကြပြီး ခွန်အားဖြစ်လာပါလိမ့်မယ်။  အားလုံးက သူလုပ်နိုးနိုး၊ ကိုယ်လုပ်နိုးနိုးနဲ့ ကိုယ့်မိသား စုအတွက်ပဲအရေးထားပြီး သူများလုပ်တာကို ပွဲကြည့်ပရိတ်သတ်လိုပဲ ရပ်ကြည့်ကြရင်တော့ အားလုံးပဲ အခုလိုဘဝဆိုးထဲက လွတ်မြောက်တော့မှာမဟုတ်ပါဘူး။ အားလုံး၊ လက်တွဲညီညီနဲ့ အသိစိတ်ဓါတ်ရှိရှိပါဝင်ကြမှပဲ အားလုံး […]


ကျနော်လေ့လာမိသလောက် ( ကျနော်အမြင်ပါ) လူတစ်ယောက်ရဲံ.ဘဝမှာ ပညာဆိုတာ  သစ်ပင်တစ်ပင်နဲ. နိုင်းယှဉ်မယ်ဆိုရင် ရေသောက်မြစ်ပါပဲ။  ရေသောက်မြစ်ကောင်းမှ ပင်စည်ကောင်းမယ်၊ ပင်စည်ကောင်းမှ အခက်အလက်ဝေဖြာမယ်၊ အခက်အလက်ဝေဖြာမှ အရိပ်ခိုသူတွေအတွက် အေးမြသလို  သူကိုယ်တိုင်လဲ တည်ငြိမ်စွာရပ်တည်နိုင်ပါလိမ်.မယ်။  ပညာဆိုတဲ.နေရာမှာ ဘွဲ.ရမှ ဆယ်တန်းအောင်မှ ဆိုတဲ. ပညတ်ချက်တွေမဟုတ်ပဲ အသိပညာ ၊အတတ်ပညာ ၊ တွေးခေါ်မှုကအစ ထီးပြင် ၊ဖိနပ်ချူပ်၊ ဈေးရောင်း အထိ အားလုံက ပညာဆိုတဲ. အထဲမှာအကြုံးဝင်တယ်လို. ကျနော်ခံစားမိပါတယ်။ လောလောဆယ် ကျနော်တို့တိုင်းပြည်နဲ. အနီးစပ်ဆုံး ပညာရေးဆိုတာ လေ.လာကြည်.ရင် ၁။ အခြေခံပညာရေး (မူလတန်း မှ အထက်တန်းအထိ) ၂။အဆင်.မြင့် ပညာရေး (ဘွဲ.ကြို၊ ဘွဲ.ရ ) ၃။ သက်တမ်းလွန်ပညာရေး (ပညာ တစ်ပိုင်းတစ်စနဲ. ကျောင်းထွက်ရသည်.လူငယ်များ ) […]


မြန်မာပြည်တဲ.။ နှစ်ပေါင်းထောင်နဲ.ချီပြီးရပ်တည်ခဲ့တဲ့ ကျနော်တို့ နိုင်ငံ..။အရာရာဟာ အောက်ကျနောက်ကျဖြစ်နေပါလားလို.တွေးမိတိုင်း ကျနော် ဘယ်သူ.ကိုအြပြစ်ပြောရမယ်မသိ..။ သေချာတာက ကျနော်တို. ညံ့တာလဲ ပါပါလိမ်.မယ်။ ဒီလောက် ရေနံ၊ တွင်းထွက် ၊ ရေထွက်ပစ္စည်း၊ မြေလွတ်မြေရိုင်း ။သစ်တောထွက်၊  ပေါင်းစုံတဲ. သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ကျနော်တို. နေတဲ. နိုင်ငံ… ပြည်သူတွေ ဘာကြေင်.များ ဆင်းရဲတွင်း နက်နေရတာလဲဗျာ..။ ဘာကြေင်. နိုင်ငံတကာ (ဆောရီး.. အာရှမှာတောင် မျက်နှာ ငယ်ရပါတယ်)  မယှည်နိုင်ရတာလဲ။ ဘာမှ သယံဇာတ မရှိတဲ. တိုင်းပြည်တွေတောင် ချမ်းသာ နေကြတာ မျက်မြင်ပဲလေ… ကျနော်တို. ဘာတွေမှားနေကြတာလဲ.. ဘာတွေများလို.နေကြတာလဲ ကျနော်မတွေးတတ်တော.ဘူး…..။ ပညာရေးတဲ.  မူလတန်း အလယ်တန်း မှကတည်းက ကျူရှင်ထားမှ အောင်တဲ.စနစ်… ငွေပုံအောမှ ထူးချွန်မယ် […]