ညကသတင်းတွေကြည့်ပြီး စိတ်စွဲတာရယ် အိမ်ကိုသတိရတာရယ်ပေါင်းပြီး ညအိပ်တော့ ဘာမှန်းမသိတာတွေမက်မိတယ်။မနက်ထတော့ အိပ်မက်ထဲကအကြောင်းတွေ စဉ်းစားပြီး ကိုယ့်ဘာသာပြုံးမိသေး။အိပ်မက်ဆိုတာမျိုးက ဟိုတခုဒီတခု အဆီအငေါ်မတည့်ခုကျဇာတ်လမ်း ကတကယ့်ချောက်ပေါက်ကြီးဆရာ။ကျွန်တော့်ရဲ့ သွက်ချာပါဒ အိ်ပ်မက်ကလေး အကြောင်းစလိုက်ရအောင်။ ဗြုန်းဆို….သတိထားကြည့်လိုက်တော့ ဒီနေရာကို သိသလို ရောက်ဖူးသလို ဇဝေဇဝါ ဖြစ်နေတယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့ လည်း မဆလာ(ရွာအခေါ်)အပြည့်ခင်းထားတဲ့ ကွင်းပြင်ကြီးအလယ်ကို ရောက်နေပြီး ရှေ့တည့်တည့်မှာတော့ ရွှေရောင်တံခါးချပ်ကြီးနဲ့ ဂိတ်ပေါက်ကြီးကို ထည်ထည်ဝါဝါ တွေ့ရတော့ နည်းနည်းတော့ ရှိန်တာအမှန်ဘဲ။အဲဒီအချိန်မှာဘဲ တာဝန်ရှိသူတစ်ဦး အနားရောက်လာပြီး ဖိတ်စာကြီးကြီးတစ်ခုကို လာပေးရင်း ” ကိုယ့်ညီရှေ့တည့်တည့်မှာရှိတဲ့ ရုံးခန်းမှာ ကိုယ့်ညီကိုစိစစ်ရေးလုပ်ရမယ် အဲဒီကိုယ်သွားပါလို့ “ခပ်အေးအေးဘဲ ပြောပြီးထွက်သွားပါတယ်။ဒီနေရာမှာ ဝန်ထမ်းတွေကိုကြည့်လိုက်တော့ သူတို့ရဲ့ဝတ်စုံတွေက အရင်မြင်ဘူးနေကြ ပုံစံတွေ မဟုတ်တော့တဲ့အပြင် ဝတ်စုံတွေရဲ့ ပိတ်သားကအစ၊ဆံပင်ပုံစံ၊လမ်းလျှောက်ပုံတွေအားလုံးတူညီကြပြီး နောက်ဆုံးလူကိုကြည့်တဲ့ မျက်နှာပေးတွေကအစ အရင်ပုံတွေမဟုတ်တာကို […]