ကျွန်တော်တို့နေ့စဉ်နဲ့အမျှ ပြုံးနေကြရပါတယ် ။ နေ့စဉ်ပြုံးရာမှာ အပြုံးတုတစ်ကြိမ်တော့ပါစမြဲပါ ။ လူမှုရေး ၊ စီးပွါးရေး ၊ နိုင်ငံရေးကြောင့်အပြုံးတုတွေပြုံးနေကြရတယ် ။ အပြုံးတုတစ်ခုဖန်တီးရတာ အလွန်ပင်ပန်းပါတယ် ။ ရင်ထဲကလာတဲ့အပြုံးကတော့အသက်ဝင်နေပေမယ့် အပြုံးတုတစ်ခုကို အသက်ဝင်အောင်ကြိုးစားရတာ တစ်ကယ်မလွယ်တဲ့ကိစ္စပါ ။ တစ်ဖက်လူကများ ငါ့အပြုံးအစစ်မဟုတ်တာကိုရိပ်မိသွားမလား ။ ငါပြုံးတာနည်းနေသေးလားမသိဘူး ။ ငါပြုံးတာ အိုဗာကြီးဖြစ်သွားပြီလားမသိပါဘူး ။ အဲဒီလိုခံစားချက်တွေနဲ့ဆိုတော့မသက်သာဘူးပေါ့ ။ တစ်ချို့ကျတော့လမ်းတွေ့နုတ်ဆက်ရင် နုတ်ခမ်းတွန့်ရုံးပြုံးပြနုတ်ဆက်ကြတယ် ။ တစ်ချို့ကျတော့လဲ သွားတိုက်ဆေးကြော်ငြာသလို အစွမ်းကုန်ပြုံးပြကြတယ် ။ တစ်ချို့ကြတော့ နုတ်ဆက်တာကို ပြုံးဖြီးဖြီးနဲ့ ဟဲဟဲ … တဲ့ ။ အဲလိုပါပဲ အမျိုးမျိုးအဖုံဖုံလူတွေ သတိမထားမိတာတစ်ခုတော့ရှိတယ် ။ လူတွေရဲ့ ၈၀% လောက်က ကိုယ့်ရဲ့အပြုံးးစစ်ကိုကိုယ် ပြန်မမြင်ဖူးကြဘူး ။ မြင်ဖူးသူတွေကလဲ […]


မြစ်တစ်စင်းကိုအဖေါ်ပြု လူထုနဲ့ရည်တည် သံယောဇဉ်တွေနယ်ကျွံတော့ ခံစားချက်တွေပေါက်ကွဲ မီးပြင်းပြင်းမြစ်ထဲကူးရင်း အမှောင်တွေဝေးလွင့်ချိန် အလင်းကပျောက်ဆဲ တမ်းတရင်းနဲ့ သာသနာကို ရွှေဝါရောင်သင်္ကန်းလွှမ်းခဲ့တယ် … ။ နှလုံးသွေးတွေစီးဆင်းနေတဲ့မြစ် ခံစားချက်တို့ကိန်းအောင်းတဲ့မြစ် ကိုငှက်ကြီးတင်စားခဲ့တဲ့ ရာဇဝင်ညရဲ့သတို့သမီး ငိုညာည်းသံသဲ့သဲ့ မကြားရက်တဲ့အဆုံးမှာ ဒေါသမှောင်ဖုံးလို့ လူလုံးမပြနိုင်တော့တဲ့အခြေ နှလုံးသားဒဏ်ရာတွေနဲ့ ဧရာဝတီရေ နင့်နှလုံးသား ပြန်ရှင်သန်နိုင်ပါတော့မလား ….. ။ ရင်ခုန်သံပြင်းပြင်း မြစ်တစ်စင်းကိုအဖေါ်ပြုရင်း အနာဂတ်နိုင်ငံတော်မှာ ဧရာဝတီနိုင်ငံသားတွေ မွေးဖွားရတော့မယ် ….. ။ ။


ချစ်သူ ….. အနေဝေးတာလေးတစ်ခုနဲ့ မင်းနှလုံးသားမှာစီးဆင်းနေတဲ့ ကိုယ့်အတွက် နှလုံးသွေးတွေ အေးသွားခဲ့ပြီလား ….. ။ တစ်ချိန်ကကိုယ့်အတွက်ဖြစ်ခဲ့တဲ့ မင်းပါးပြင်လေးတွေက သနပ်ခါးလိမ်းရုံသက်သက်ဖြစ်သွားခဲ့ပြီလား ….. ။ ကိုယ့်ကိုအရမ်းချစ်တယ်လို့ပြောခဲ့ဖူးတဲ့ မင်းနုတ်ခမ်းလေးတွေက သရော်ပြုံးတွေပြုံးတတ်နေပြီလား …. ။ ကိုယ့်ရဲ့ဘယ်ဘက်ရင်ခွင်မှာ မင်းပြန်လည်နားခိုမယ့်နေ့ကို မျှော်လင့်ရင်း အသည်းကွဲမှန်းမသိ ကွဲခဲ့ရပြီ …… ။ ။


ဖိုးသီးချိုဆိုတာလူတစ်ယောက်နာမည်မဟုတ်ပါဘူး ။ ကျွန်တော်တို့သံတွဲမြို့ကို ၂၄ နာရီ မီးပေးနေတဲ့ ကုမ္ပဏီတစ်ခုနာမည်ပါ ။ ဖိုးသီးချိုကမီးပေးလာတာ ခုဆိုရင် ၄ လကျော်ခဲ့ပါပြီ ။ ဒါပေမယ့် ခုလက်ရှိအချိန်မှာတော့ ဖိုးသီးချိုရဲ့မီးအလင်းရောင်က သံတွဲမြို့ပေါ်နေရာတော်တော်များများမှာ မရောက်ရှိနိုင်တာကိုတော့ ဝမ်းနည်းဖွယ်မြင်တွေ့နေရပါတယ် ။ ချစ်ကောင်းလဘက်ရည်ဆိုင်ရှေ့ ဈေးကြီးဘေးက လမ်းမှာလည်း မှောင်မိုက်နေပါတယ် ။ ပြီးတော့ မြို့နယ်ခန်းမနောက်ဘက် ၊ ဈေးပတ်လမ်း ၊ တောင်ပိုင်းရပ် ၊ လ.၀.က ရုံးရှေ့ ရတနာလမ်းတစ်လျှောက် နဲ့ နေရာအတော်များများမှာလဲ ညဘက်တွေမှာ လမ်းမီးတိုင်တွေ မီးမလင်းတာကိုတွေ့နေရပါတယ် ။ နောက်တစ်ခုကတော့ မီတာခကိစ္စတွေပါ ။ မီတာထိမ်းသိမ်းစောင့်ရှောက်ခ ၁၀၀ဝ ထပ်ပြီးတိုးမြှင့်ကောက်ခံနေပါတယ် ။ အဲဒီကိစ္စကို မြို့မှာရှိတဲ့ ရပ်မိ ၊ ရပ်ဘ ဆိုတဲ့သူတွေကတော့ သဘောတူတယ်ပြောပါတယ် […]


ကျွန်တော်တို့သံတွဲမြို့အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် ။ သဂျီးနဲ့တကွ သံတွဲကိုမရောက်ဖူးသေးတဲ့ရွာသူရွာသားတွေ သိရအောင်ပါ ။ သံတွဲမြို့ဆိုတာ တစ်ချိန်တုန်းက ရခိုင်ရာဇဝင်မှာပါရှိတဲ့ ။ “အာကာတိမ်ယံမိုးသို့ပျံ ၊ သံနှင့်ချိတ်ကာတွဲ´´လို့အအဆိုရှိတဲ့ ဒါွရာဝတီမြို့ပါပဲ ။ ဝါသုဒေဝ ၊ ဗလဒေဝ ညီနောင်တစ်ကျိပ်ကစလို့ အဓွန့်ရှည်တည်တံ့ခဲ့တဲ့မြို့ ။ သာသနာတော်မှာ သံဃာတော်ကို ရွှေကျောင်းကြီးဆောင်လုပ်ပြီးလှူဓါန်းခဲ့တဲ့မြို့ ။ အရိမေတ္တယျ မြတ်စွာဘုရားကိုရည်မှန်းပြီး ရွှေစင်ရွှေသား ရုပ်ပွါးတော်ကြီး တည်ထားခဲ့ဖူးတဲ့မြို့ ။ အသျှင်ကဝိသာရထွက်ပေါ်ခဲ့တဲ့မြို့ ။ ပါမောက္ခဦးကျော်ရင်ထွက်ပေါ်ခဲ့တဲ့မြို့ ။ မောင်ဘဦးကိုမွေးဖွါးပေးခဲ့တဲ့မြို့ ။ ရှင်အာဒိစ္စရံသီ (ဆန်းလွှင်) ထွက်ပေါ်ခဲ့တဲ့မြို့ ။ ငပလီကမ်းခြေအလှနဲ့ ကမ္ဘာမှာကျော်ကြားခဲ့တဲ့မြို့ ။ ပညာရေးထွန်းကားတဲ့မြို့ ။အားကစားထူးချွန်တဲ့မြို့ ။ ဒီလိုဝိသေသတွေနဲ့ထင်ရှားတဲ့မြို့ကလေးပါ ။ကျွန်တော်တို့သံတွဲမြို့လေးက နယ်မြေဧရိယာကျဉ်းပါတယ် ။ အရေးကိစ္စတစ်ခုပေါ်တာနဲ့ တစ်မြို့လုံးချက်ချင်းသိကြရပါတယ် ။ […]


သံတွဲမြို့ကတင်တဲ့ပိုစ့်တွေကလဲ တော်တော်များနေပြီ ။ ဒါပေမယ့် အများကြီးပဲကျန်သေးတယ် ။ ခုတင်မှာကတော့ ဒွါရာဝတီမြို့ဦးတံတားပေါ်မှာဖြစ်နေတာလေးတွေကို ပြောပြချင်တာပါ ။ သံတွဲမြို့မှာ မီး (၂၄ ) နာရီရပါတယ် ။ လမ်းမီးတွေကတော့ ညနေ (၆)နာရီကနေ မိုးလင်းတဲ့ထိရတယ် ။ တစ်မြို့လုံးလမ်းတွေမှာမီးတွေနဲ့ ။ ဒါပေမယ့် မြို့ရဲ့အချက်အခြာကျတဲ့ တံတားကြီးအလယ်မှာတော့ မီးလုံးဝမလင်းပါဘူး ။ မှောင်မည်းနေတာပဲ ။ ကားတွေ ၊ ဆိုင်ကယ်တွေ တံတားအလယ်ရောက်ရင် မီးကြီး (full light) ထွန်းမောင်းရတယ် ။ ဒီတော့ ဆိုက်ကားတွေ ၊ စက်ဘီးတွေ ၊ လမ်းလျှောက်သွားတဲ့သူတွေအတွက် အလွန်အန္တရာယ်များပါတယ် ။ ကားတွေ ဆိုင်ကယ်တွေဆိုရင်လဲ တံတားကြီးပေါ်ရောက်တာနဲ့စိတ်တထင့်ထင့်နဲ့ ။ စက်ဘီးနဲ့ငြိမလား ။ ဆိုက်ကားနဲု့ငြိမလား ဆိုပြီးတော့ပေါ့ […]


“ကဗျာမဟုတ်တဲ့ကဗျာ´´ မိုးကုတ်စက်ဝိုင်းကွေးကွေး ဟိုး …. အဝေးတစ်နေရာ တိမ်တွေကိုဖမ်းဆုပ် ကဗျာတစ်ပုဒ်ဖွင့်ထုတ်ဆဲ နာရီတွေပြောင်းပြန်လည်ပတ် ကာလယန္တရားကြီးရပ်တန့်ခဲ့ ….. ။ တွဲလက်တစ်စုံ လမ်းကလေး အချိန်ဒီရေတိုက်စား မေတ္တာတံတားကျိုးပျက် သံယောဇဉ်ဒေါက်တိုင်တွေကို အမုန်းရေစီးချိုးဖျက် သံယောဇဉ်ဒေါက်တိုင်တွေကို အမုန်းရေစီးချိုးဖျက်ခံခဲ့ရ မှောင်မိုက်တဲ့လမ်းထဲ တုန်ရီစွာနဲ့ တိုးဝင် ပျောက်ကွယ် ဝေးလွင့် ….. ။ ။


• Laptop: လက်ပတော့ ဆိုတာက Notebook နဲ့ တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီးကို ကွဲပြားပါတယ်။ ထုထည်အရွယ်အစားက အစပေါ့ဗျာ။Portable Computer လို့ ကျနော်တို့ ပြောကြတဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ… Laptop က ထုထည်ကြီးမားမှု ရှိပြီး .. Performace အရည်အသွေးအားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါတယ်။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီးပါးလောက် ခေါ်ဆို သမုတ်လာခဲ့ကြပါတယ်။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ် လို့လဲ ပြောလို့ရပါတယ်။ Laptop တွေ တဖြေးဖြေး တိန်ကောလာခဲ့တာတော့ အမှန်ပါပဲ ……. လက်ပတော့ရဲ့ […]


“ဇင်ယော်ရင်ဖွင့်သံ´´ ကျောက်ဆောင်နဲ့တင့်တယ်တဲ့ကမ်းခြေလေး အုန်းတောနဲ့သာယာတဲ့ကမ်းခြေလေး လှိုုင်းပုတ်သံချိုချို ရှက်အားပိုတဲ့ကမ်းခြေလေး လောဘ ဒေါသ မောဟ ခဝါချပြီး ရင်ကိုဖွင့်လို့ ပျော်ရွှင်ခွင့်ပေးထားတယ် … ။ အတာကူးတဲ့နေ့တွေမှာ အယ်လ် ကိုဟောကျေးဇူးနဲ့ ပင်လယ်ပြာကိုအရောင်တွေမဆိုးပါနဲ့ ကမ်းခြေလေးကိုဒုက္ခတွေမပေးပါနဲ့ ပင်လယ်ဆိုတာဖြူစင်ပါတယ် ဒရက်ကူလာမဟုတ်ပါဘူး ကမ်းခြေလေးကိုလူအထင်သေးအောင်မလုပ်ပါနဲ့ ဇင်ယော်တွေငိုကြလိမ့်မယ် …. ။ ။


သေမင်းခေါ်သံ မိုးဦးကျပြီ မိုးရွာပြီတည်း ဟိုဆီကွင်းစပ် ဟိုအရပ်က မပြတ်တမူ အော်ဆူကြသည် ဖါးပူထောင်သောင်း အအော်ကောင်းသော် ဖားကောင်းတစ်သိန်းသေရသည် ။ ကဗျာနာမည်လေးက `သေမင်းခေါ်သံ´ ကျွန်တော်အရမ်းကြိုက်တဲ့ကဗျာလေးပါ ။ ကဗျာဆရာကတော့ ပန်းညို(သံတွဲ) ပါ ။ ခုကျွန်တော်တို့ သံတွဲက အဖွဲ့တွေမှာလဲ ကဗျာလေးထဲကလိုဖြစ်နေပြီ ။ ဘာမှအသုံးမကျတဲ့ ဖား အော်သံကြောင့် ဖားတွေအများကြီးသေတာမျိုးဖြစ်တော့မယ် ။ မဖြစ်သင့်တာပါ ။ ဇာတ်တူသားစား ရင် ဟင်္သာကိုးသောင်းပျက်တဲ့သဓကလည်းရှိပြီးသားပါ ။ အသံဆူတဲ့ဖါးတွေကလဲ ကိုယ့်ကိုကိုယ်ဆင်ခြင်ကြပါ ။ ကိုယ့်မြို့ ၊ ကိုယ့်ရွာကို ဘယ်လိုလူတွေကဖျက်ဆီးနေတာလဲ ။ သေချာစဉ်းစားပါ ။ ပြီးရင် ဘယ်ဘက်ကရပ်တည်သင့်လဲ စဉ်းစားပါ ။ ကိုယ့်ကိုအရေးပေးတာနဲ့ပဲ တစ်မြို့လုံး ပျက်စီးမယ့်လုပ်ရပ်တွေကိုတော့မလုပ်ပါနဲ့ ။ ဘယ်သူတွေကမြို့ကိုဖျက်နေတယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ် […]


…… ငါတို့မြို့ …….. * မြို့ကိုပတ်ဝိုင်း ၊ တောင်တံတိုင်းတု့ိ ရှုတိုင်းသာစွ ၊ စိမ်းစိုမြ၏ …. ။ * သုံးဆူဘုရား ၊ ဝန်းရံထား၍ ဆီးတားဒုက္ခ ၊ ကင်းဝေးရ၏ …. ။ * ငပလီကမ်း ၊ လှပဆန်းကြောင့် တင့်ဆန်းသာစွ ၊ ဂုဏ်ရှိလှ၏ …. ။ * နေထိုင်မျိုးရင်း ၊ ရိုးသားခြင်းကြောင့် အဆင်းတိုးလှ ၊ ဂုဏ်ယူရ၏ …. ။ * ဝံသာနုကျိုး ၊ ဆထက်တိုးအောင် အမျိုးသီလ ၊ စောင့်ထမ်းကြ၏ …. ။ * မိုးအောက်ဝဠာ ၊ ဘယ်နေရာတွင် ဖွေရှာမရ ၊ မြို့အလှတည့် […]


ငပလီ * ရေပြာကြည်လဲ့ ၊ အုန်းပင်နွဲ ထူးတဲ့ဌာနီ ငပလီ ။ * ဘော်ငွေဖြူရွ ၊ ကမ်းအလှ ရွှန်းပသာစည် ငပလီ ။ * ကျောက်စွယ်ကျောက်တန်း ၊ ကျောက်ခက်ပန်း တင့်ဆန်းဝေစီ ငပလီ ။ * ကမ်းမြောင်ကမ်းကွေ့ ၊ ရှုအတွေ့ ပျော်မွေ့စိတ်ကြည် ငပလီ ။ * ဇင်ယော်မောင်နှံ ၊ ဝဲကာပျံ ကာရံလှိုုင်းသီ ငပလီ ။ * ရှုတင့်ဖွယ်စုံ ၊ hotel zone လှဂုဏ်ဝင့်ထည် ငပလီ ။ ။


Window စနစ်၏မူလအခြေအနေသို့ပြန်တင်ခြင်း window XP ststem Restore လုပ်ဆောင်ချက်သည် သင့် computer တွင် software များပြသနာတစ်ခုခုဖြစ်ပေါ်ပါက အလွန်အသုံးဝင်ပါသည်။ computer ဖျက်ဆီးပျက်ဖို့ ……ဟီး….ဟုတ်ဘူးနော်……… တစ်နည်းအားဖြင့် အဆိုပါပြသနာမျိုး မပေါ်မီ တစ်ရက်အလိုခန့်က အနေအထားမျိုးသို့ file များပြန်ရွှေပေးခြင်းဖြစ်သည်။ ၎င်းသည် စနစ် file များကိုသာ ပြန်တင် ပေးခြင်းဖြစ်ပြီး လက်ရှိအလုပ်လုပ်နေသော file များကို မဖယ်ထုတ်ပေးပါ။ မည်သို့ပင်ဖြစ်စေ သင့် computer အား အမှားမ ေပေါ်ခင်က အနေအထားအတိုင်း ပုံမှန် အလုပ်လုပ်စေသည်။ ၎င်းအတွက် start–>All Programs–>Accessaries>System Tools –>System Restore ကိုဖွင့်ပါ။ System Restore box ပွင့်လာပါလိမ့်မည် ။ ၎င်းတွင် […]