Yin Nyine NwayAugust 13, 20101min1412
1989 ခုနှစ်တွင် အာမေးနီးယားပြည်တွင် ရစ်ချတာစကေး 8.2ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး 4 မိနစ်တွင် မပြည့်သည့်အချိန်အတောအတွင်း လူပေါင်း 30,000 ကျော် သေဆုံးခဲ့ရသည်။ အပျက်အစီးတွေ ဖရိုဖရဲ ကစဉ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော်ကျောင်းဆီရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီ။ ရုတ်တရက် သူ့ရင်ထဲဆို့နင်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကိုသူပေးထားသည့် ကတိစကားကို ပြန်ရျ်သတိရသည်။ “ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲ့၊ အဖေရောက်လာမယ်စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သော နေရာတွင် အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာမရှိအောင် ပိပြားနေသည့် အုတ်ပုံကြီး တစ်ခု။ သို့သော် သားထံပေးခဲ့သည့် ကတိစကားကို သူထပ်တလဲလဲပြန်ကြားနေသည်။ […]


Yin Nyine NwayAugust 12, 20101min1170
သစ်ပင် ကျွန်တော့်ကို သစ်ပင်လို့ ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို ဝါသနာပါတယ်။ ကျွန်တော့် အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့ ကျွန်တော်ရဲ့ ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ ဆိုင်း(Sign) အစား ဝင်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော် ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော် အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမ မှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည် ကိုယ်လုံးမရှိဘူး။ သာမန်မိန်းကလေးထဲက တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။ ကျွန်တော် သူမကို ချစ်တယ်… တကယ့်ကိုချစ်တယ်… သူမရဲ့ ရိုးသားမှုကို ချစ်တယ်.. သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူမရဲ့ အားနည်းချက်၊ သူမရဲ့ […]


Yin Nyine NwayAugust 12, 20103min1823
ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ ? ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ ခဲတွေကဓာတ်ငွေ့တွေ အဖြစ်ပြောင်းလဲသွားတယ်။ဖုန့်မှုန့်အပိုင်းအစတွေကိုအာကာသထဲဆွဲထုတ်ပစ် ထယ်။နေမှပျံထွက်လာတဲ့အမှုန်လေးတွေစုထားတဲ့တိမ်တိုုက်တွေဟာ(အာကာသထဲရှိလေကြောင့်) သူ့ဓာတ်ငွေ့တွေကိုနောက် ဘက်တွန်းထုတ်ပြီးဖုန်မှုန့်တွေနဲ့အမြီးတန်းအဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။ နေရဲ့အနားကဖြတ်ပျံနေစဉ်မှာအဲဒီဥက္ကာခဲရဲ့အမြီးတန်းကသိပ်လှတယ်။အလှဆုံးပဲ၊အမြီးတန်းကီ်လို မီတာသန်းနဲ့ချီပြီးရှည်လျားနိုင်တယ်။တစ်ချို့အမြီးတန်းတွေကသိ်ပ်ကိုပါးလွှာတယ်။ဥပမာအားဖြင့်ကမာ္ဘ့ အနီးမှဘေးဒုက္ခမပေးဘဲဖြတ်ပျံသွားတဲ့ဟေလီကြယ်တံခွန်ရဲ့အမြီးဟာသိပ်ကိုပါးလှပ်ပါတယ် _____________________________________________________________________ ပင်လယ်ဟာဘယ်လောက်နက်သလဲ ? ပစိဖိတ်သမုဒ္ဒရာဟာ အနိ်မ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက် (၁၁၀၃၀)မီတာရှိပြီး အနက်ဆုံး ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့အိနိ္ဒယသမုဒ္ဒရာဟာအနိမ့်ဆုံး (၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ တာရှိတယ်။အတ္တလန်တိတ်သမုဒ္ဒရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိပြီး မြေထဲပင်လယ်ကအများ ဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။ ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေ ကဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က (၄၆၀)မီတာရှိပြီးမြောက်ဘက်ပင်လယ်ကတော့(၉၁-၁၀၀)မီ တာနက်တယ်။ _____________________________________________________________________ သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ ? သက်တန့်တွေကိုညမှာမမြင်ရဘူးဆိုတာသင်သတိထားမိလိမ့်မယ်။တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့ အခါမှာလည်းသူတို့ကိုသင်မမြင်ရဘူး။မိုးရွာပြီးကြည်လင်သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့ အချိန်အတွင်းမှာသက်တန့်တွေပေါ်ပေါက် လာတယ်။ရေထဲမှာရှိတဲ့ရေစက်ကလေးတွေကိုနေရောင် ခြည်အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်သည်။ _____________________________________________________________________ လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ? လျှို့ဝှက်စာရေး နည်းပညာဆိုတာ စာလုံးတွေ […]


Yin Nyine NwayAugust 12, 20101min1893
နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။ အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချုုိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ […]


Yin Nyine NwayAugust 12, 20101min1421
Bermuda Triangle (ဘာမူဒါ တြိဂံ) ကို လူတိုင်းကြားဖူးမှာဖြစ်ပါတယ်။ Devil’s Triangle လို့လဲ တမျိုးတဖုန်သိကြပါသေးတယ်။ ထိုနေရာကတော့ အတ္တလန်တိတ်သမုဒ္ဒ မြောက်ဖက် ပိုင်းမှာတည်ရှိပါတယ်။ ရေပူရအားဖြင့်တော့ Miami, FloridaSan, Juan, Puerto Rico Bermuda ကျွန်တွေ အလည်မှာဖြစ်ပါတယ်။ ထိုနေရာကိုရောက်သွားရင် အထူးသဖြင့် သင်္ဘော ၊ လေယာဉ် တို့ဟာ ထူးထူးဆန်းဆန်းပျောက်ကွယ်သွားကြပါတယ်။ (ကားနဲ့သွားလို့မရလို့ ကားနဲ့သွားလို့ ရင် ကားလည်းပျောက်အုံးမှာ) ယာဉ်တွေမှာတပ်ဆင်ထားတဲ့ အသံလွင့်စနစ် အဆက်အသွယ်ပြုလုပ်တဲ့ စနစ်တွေပါ အလိုအလျှောက် ပျောက်သွားကြပါတယ်။ လူတွေကတော့ အမျိုးမျိုးထင်ကြေးပေး ကြပါတယ်။ လူအချို့မှ သူတို့ရဲ့တီထွင်ထားမှု လျှိူဝှက်မှု့ကို မသိစေခြင်လို့ လာသမျှယာဉ်တွေကို ပစ်ချ လိုက်ကြတာဖြစ်တယ်လို့ ဆိုသူကဆို၊ ကမာ္ဘ့ သံလိုက်စက်ကွင်း အလယ်ဗဟို အားအပြင်း […]


Yin Nyine NwayAugust 12, 20101min1321
Developer များသောအားဖြင့်က databaseကို ချိတ်ဆက်တယ် access လုပ်တယ်ဆိုတာကို application ရဲ ့ အဆုံးသက်တစ်ခုလို့ တွေးတောတတ်ကြပါတယ်။ ဒါပေမယ့် database ကို ချိတ်ဆက်ဖို့ access လုပ်ဖို့အတွက် ချိတ်ဆက်တာမဟုတ်ပါဘူး။ database ကို များပြားတဲ့ စီးပွားဆိုင်ရာ အချက်အလက် data အသွားအလာ(transaction)တွေအတွက် ချိ်တ်ဆက်ပါတယ်။ ဒါဆိုရင် Framewrok ရဲ ့ business logic တွေကို ချိတ်ဆက်တာ access လုပ်တာကနေစပြောရအောင်။ Action ကိုသုံးပါ။ အကောင်းဆုံးကတော့ Action တွေကို web/presentation-tier နဲ့ business classes ကြားမှာ thin adaptor တစ်ခုအနေနဲ့ သုံးတာပါပဲ။ ဒါ့ကြောင့် ပထမဆုံးက ရိုးရိုး java classes […]


Yin Nyine NwayAugust 11, 20102min1300
ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။ ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။ ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ […]


Yin Nyine NwayAugust 11, 20101min1151
သီချင်းဖိုင်လေးတွေလုပ်ထားမယ်ဆိုရင် မိမိကွန်ပျူတာထဲကိုဒေါင်းလုပ် လုပ်စရာမလိုတဲ့အတွက် virus ရန်ကိုလဲ မကြောက်ရဘူး။ ့hardisk လဲသက်သာပါတယ်။ အွန်လိုင်းကပဲ သီချင်းတွေကိုတစ်ပုပ်ပြီးတစ်ပုဒ်ရှာဖွင့်စရာမလိုပဲ အဲဒီလင့်လေးလေးဖွင့်ရုံနဲ ့ ကိုရွေးထားတဲ့သီချင်းတွေ တစ်ပုပ်ပြီးတစ်ပုပ် auto play တဲ့အပြင် အဲဒီသီချင်းတွေကိုလဲ သူငယ်ချင်းကိုလဲမျှဝေ ခံစားပေးဖို ့ ပို ့ပေးလို ့ ရပါတယ်။ း) လွယ်လွယ်လေးမို ့သိပြီးသားဆိုရင်လဲ အချိန်ကိုဖြုန်းတီးသလိုဖြစ်တဲ့အတွက်တောင်းပန်ပါတယ်။ မသိသေးဘူးဆိုရင်တော့ စမ်းကြည့်ရအောင်နော်။ ၁။http://www.mixpod.com/ အဲဒီ link ကို click လုပ်ပါ။ register လုပ်ရပါမယ်။ ၂။ log in ဝင်ပြီးတာနဲ ့ my playlists ရဲ့ down arrow key နှိပ်ပြီး news playlist ကိုနှိပ်ပါ။ ပြီးတာနဲ […]


Yin Nyine NwayAugust 11, 20101min1080
ပထမ ဆုရှင် Angela Scognamiglio အီတလီနိုင်ငံမှာတော့ အိုဗာဝိတ် မမ တွေအတွက် ဝယဉ်ကျေးမယ် ပြိုင်ပွဲတစ်ခုကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲ ခေါင်းစဉ်နာမည် ကတော့ Miss Cicciona ဖြစ်ပြီး ဆွဲဆောင်မှု့အားကောင်းသော မမ ဝဝကြီးများလို့ အဓိပ္ပါယ်ရပါတယ်။ ပြိုင်ပွဲရဲ့ သတ်မှတ်ချက်ကတော့ ပြိုင်ပွဲ ဝင်မယ် မမ ကြီးများအနေဖြင့် အနည်းဆုံး အလေးချိန် ကီလိုဂရမ် (၁ဝဝ) ရှိရမယ်ဖြစ်ပါတယ်။ ဆွဲဆောင်မှု့ ကောင်းတဲ့ sexy အဝတ်အစားတွေနဲ့ ဝတ်ဆင်လမ်း လျှောက်ပြရမှာဖြစ်ပြီး ဒိုင်လူကြီးတွေ စိတ်ကြိုက်တွေ့တဲ့သူက ပထမရမှာဖြစ်ပါတယ်။ ဆုအနေနဲ့ ကတော့ ကိတ်မုန့်ကြီးတစ်လုံးသာထားရှိပြီး အနိုင်ရတဲ့သူမှ သူ့ရဲ့ ပြိုင်ဖက်များကို မျှဝေ ကျွေးရမှာ ဖြစ်ပါတယ်။ Miss Cicciona ပြိုင်ပွဲမှာတော့ တကယ်လှတဲ့ […]


Yin Nyine NwayAugust 11, 20101min1311
ဆေးလိပ် သောက်ခြင်းနှင့် ရင်သား ထိပ်ဖျားတွင် အပေါက် ဖောက် အလှဆင်ခြင်းများက အမျိုးသမီး များ၏ ရင်သားတွင် ပြည်တည်နာ ဖြစ်ပေါ် စေနိုင်ကြောင်း သုတေသီများက ပြောကြား လိုက်သည်။ အမေရိကန် သုတေသန ပညာရှင်များက ယခု လေ့လာမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုများကြောင့် ရင်သားတွင် ပြည်တည်နာ ဖြစ်ပေါ်မှုကို သာမန်ထက် ၄ဝ မှ ၅ဝ ရာခိုင်နှုန်း တိုးပွား လာစေကြောင်း သတိပေးခဲ့ကြသည်။ လိုဝါ ကာဗာ ဆေး ကောလိပ်မှ ဒေါက်တာ ဗီနော့ဂိုလာပါလီက လိုဝါဆေးရုံနှင့် ဆေးခန်းများမှ မှတ်တမ်းများနှင့် ရေဒီယို ကုထုံး စနစ်များဖြင့် ကုသ ခံရသူများကို စုံစမ်း လေ့လာမှုများ ပြုလုပ် ပြီးနောက် ယခု […]