Zaw WonnaSeptember 24, 20101min1412
လေအားလျှပ်ထုတ်စက် အလုံး ၁၀ဝ ပါဝင်ပြီး တစ်နှစ်လျှင် အိမ်ခြေ ၂ သိန်းခန့်ကို လျှပ်စစ်စွမ်းအင် လုံလောက်စွာ ပေးနိုင်မည့် ကမ္ဘာ့ အကြီးဆုံး ကမ်းလွန် ပင်လယ်ပြင် လေအားလျှပ်စစ် ထုတ်လုပ်မှု လုပ်ငန်းကို စက်တင်ဘာလ ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ အရေးပါသော ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှု၏ ပဏာမခြေလှမ်း အဖြစ် ယခင် ဗြိတိန် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံ တောင်ပိုင်းရှိ Kent ကမ်းခြေတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်းကို ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံထားသော ဆွီဒင် စွမ်းအင် ကုမ္ပဏီဖြစ်သည့် Vattenfall က လုပ်ကိုင်မည် ဖြစ်သည်။ ဗြိတိန် ရေပြင်သည် လေတိုက်နှုန်း မြင့်မားသည့် အတွက် လေအားလျှပ်စစ် […]


Zaw WonnaSeptember 22, 20101min1091
ပီစီချစ်သူ မင်းနဲ့ စရင်းနှီးတော့ ငါက အရွယ်ရောက်နေခဲ့ပါပြီ သူများတွေလို ကစားဖော် မဖြစ်ခဲ့သလို စကားတွေ တွတ်ထိုးတတ်တဲ့ တိုးတိုးဖော်လည်း မဖြစ်ခဲ့ပါဘူး ….. ဒါပေမဲ့လည်း မင်းနဲ့ စတွေ့ချိန်ကစလို့ ငါ့ရဲ့အချိန်အတော်များများကို မင်းအတွက် ပေးထားမိပြန်တယ် ….. မင်းနဲ့အတူ သီချင်းတွေ နားထောင်ဖြစ်ခဲ့ ရုပ်ရှင်တွေ ကြည့်ဖြစ်ခဲ့ စာအုပ်တွေ ဖတ်ဖြစ်ခဲ့ စာတွေ ရေးဖြစ်ခဲ့ ပုံတွေ ဆွဲဖြစ်ခဲ့ – – – –  ဖြစ်ခဲ့ – – – –  ဖြစ်ခဲ့ မမေ့နိုင်တဲ့ နေ့တွေပါပဲ ငယ်ငယ်ကတည်းက မဆုံခဲ့ကြပေမဲ့ မင်းနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ သံယောဇဉ်ကို ဘာသာ သိနေခဲ့ ….. မင်းရှေ့  ရောက်တဲ့အခိုက်မှာ စိတ်ညစ်စရာတွေကို မေ့ […]


Zaw WonnaSeptember 17, 20101min2386
ခွင့်လွှတ်ခြင်းသည် လှပသော အရာတစ်ခု ဖြစ်သော်လည်း ပြုလုပ်ရန် လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်က သင့်အား ပြင်းထန်စွာ နာကျင်စေသောအခါ သင့်အနေနှင့် အာဃာတတရားကို ဖယ်ရှားရန်အတွက် အလွန်ပင် ခဲယဉ်းပေလိမ့်မည်။ သို့သော် ခွင့်လွှတ်ခြင်းသည် ဖြစ်နိုင်သော အရာတစ်ခုဖြစ်ပြီး သင့်အား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးရှိစေမည် ဖြစ်၏။ ခွင့်လွှတ်တတ်သော သူများသည် စိတ်ဓါတ်ကျမှု၊ စိတ်ဆိုးဒေါသဖြစ်မှု၊ စိတ်တင်းကျပ်မှု နည်းပါးပြီး ပိုမို၍ အလားအလာကောင်းသော သူများ ဖြစ်ကြပြီး ခွင့်လွှတ်ခြင်းသည် ကျန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေကာ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေသည်ဟု “Forgive for Good” စာအုပ်ကို ရေးသားသူ ပါရဂူ “Frederic Luskin” က […]


Zaw WonnaSeptember 13, 20101min2157
ဖိလစ်ပိုင်နိုင်ငံ မနီလာလေဆိပ်တွင် မွေးကာစ ကလေးငယ်လေး တစ်ဦးအား လေယာဉ် အမှိုက်အိတ်အတွင်းမှ တွေ့ရှိခဲ့ရသည်။  Gulf လေကြောင်းလိုင်းဖြင့် ဘာရိန်းနိုင်ငံမှ ရောက်ရှိလာသော လေယာဉ်ပေါ်မှ  ကလေးငယ်မှာ ချက်ကြိုး တန်းလန်းနှင့် ဖြစ်ပြီး သွေးများဖုံးလွှမ်းနေကာ တစ်ရှုးစက္ကူများဖြင့် ပတ်ထားသည်။ ကလေးငယ်မှာ အသက်ရှင်ဆဲ ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။ အစိုးရ အရာရှိပိုင်းက ရဲများအား ကလေး၏ မိခင်ဖြစ်သူကို ရှာဖွေဖော်ထုတ်၍ အပြစ်ပေးနိုင်ရန် ကြိုးစားနေကြကြောင်း ပြောကြားသည်။ Gulf လေကြောင်းလိုင်း၏ သင်္ကေတဖြစ်သော GF ကိုရည်ရွယ်၍  George Francis ဟု အမည်ပေးထားသော ၎င်းကလေးငယ်မှာ ယောက်ျားလေး ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ Ninoy Aquino နိုင်ငံတကာ လေဆိပ်မှ လုံခြုံရေး ရဲတစ်ဦးသည် လေယာဉ်အိမ်သာ […]


Zaw WonnaSeptember 13, 20101min1130
အခမဲ့ ဖြန့်ဝေသော အပြာဗွီဒီယိုကဲ့သို့ ပုံမှားရိုက်ထားသော ကွန်ပြူတာ ဗိုင်းရပ်စ်ပါဝင်နေသည့် အီးမေးလ်တစ်စောင်သည် အင်တာနက်မှတဆင့် တောမီးကဲ့သို့ ပြန့်နှံ့လျက်ရှိကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတို့က သတိပေးထားသည်။ “Here you have” ဟု ခေါင်းစဉ်တပ်ထားသော ၎င်းအီးမေးလ်သည် သုံးစွဲသူအား PDF ဖိုင်တစ်ခုကို လင့်ပေးထားသည်။ ထိုလင့်တွင် မည်သည့်ဖိုင်မျှ မရှိသော်လည်း အကယ်၍ ကလစ်နှိပ်လိုက်မိပါက အသုံးပြုသူ၏ Outlook adress book ပါ လိပ်စာများအတိုင်း အီးမေးလ်များကို မိမိဘာသာ ဖြန့်ဝေသွားနိုင်သည်။ ထို့နောက် လုံခြုံရေး စံနစ်များကို ဖျက်ဆီးကာ ကွန်ပြူတာ၏ ဟာ့ဒစ်ထဲတွင် ဝင်ရောက် နေရာယူနိုင်ရန် ကြိုးစားပေလိမ့်မည်။ worn အမျိုးအစား ဖြစ်သော ထိုဗိုင်းရပ်စ်သည် လုံခြုံရေး အားနည်းသော ကွန်ယက်များမှ တဆင့်လည်း ဝင်ရောက်နိုင်သည်။ […]


Zaw WonnaSeptember 5, 20101min81720
စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။ အမေရိကန် ရူပဗေဒ ပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။ ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် […]


Zaw WonnaSeptember 3, 20101min1745
မြန်မာနိုင်ငံက ကုန်ပစ္စည်း အတုတွေ အကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင်လို့ပါ။ မြန်မာနိုင်ငံဟာ တော်တော်လေးကို အတုပေါတဲ့ နိုင်ငံပါ။ ပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ပစ္စည်း အတုတွေ အပြင် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အတုတွေကလည်း အများကြီးပါ။ ပစ္စည်းတစ်ခု နည်းနည်းလေး လူသုံးများလာတာနဲ့ အတုတွေ ထွက်လာတော့တာပဲ။ ဒီကြားထဲ နေ့စဉ် စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်၊ သားငါးလို ကုန်ပစ္စည်းတွေကို ပုံမှားရိုက်၊ အလေးခိုးပြီး ရောင်းတာမျိုး ရှိသေးတယ်။ ထားပါတော့လေ၊ ဒါတွေက မြန်မာပြည်က လူတိုင်းသိကြတဲ့ ကိစ္စပါ။ အခု ကျနော်ပြောမှာက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာပါ။ ရန်ကုန်မှာ ကျနော်သိတဲ့ အိမ်တစ်အိမ်ဟာ အရင်တုန်းကတော့ သနပ်ခါးလုပ်ငန်းကို လုပ်ပါတယ်။ အသင့် ရေဖျော်ပြီး လိမ်းရတဲ့ သနပ်ခါးတွေပေါ့။ […]


Zaw WonnaAugust 31, 20101min2257
သင့်အနေနှင့် အွန်လိုင်းမှ တဆင့် အပိုဝင်ငွေ ရှာလိုပါသလား။ အွန်လိုင်းမှတဆင့် ငွေရှာနိုင်သော အလုပ်အကိုင် အမျိုးအစား များစွာရှိပါသည်။ သို့သော် သင့်အနေနှင့် စိတ်ရှည်ရမည် ဖြစ်သည့်အပြင် စွဲစွဲမြဲမြဲ လုပ်ကိုင်ရန် လိုအပ်ပါသည်။ အချိန်ပြည့် လုပ်ကိုင်သည့် အွန်လိုင်း အလုပ်မှတဆင့် သင့်အနေနှင့် အသက်မွေးဝမ်းကြောင်း အတွက် လိုအပ်သော ဝင်ငွေကိုပါ ရရှိနိုင်ပါသည်။ အွန်လိုင်းမှ ဝင်ငွေရှာနိုင်သော နည်းလမ်းများစွာ ရှိပါသည်။ ၁။ eBay မှတဆင့် ပစ္စည်းရောင်းဝယ်ခြင်း။ eBay ကဲ့သို့သော ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်များမှတဆင့် သင့်အနေနှင့် ရောင်းချလိုသော ပစ္စည်းများကို အိုးအိမ်မကွာ ရောင်းချနိုင်သည်။ ၂။ အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်း။ သင်၏ အရည်အချင်း စွမ်းဆောင်မှုပေါ် မူတည်၍ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။ ဥပမာ […]


Zaw WonnaAugust 30, 20101min1341
ကျနော်တို့ မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခု  ထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေး ပါရစေ။ အဲဒီအလှူက ငွေကြေး အကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့ အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ ရပါတယ်။ အချိန်လေး နည်းနည်းလောက် ပေးနိုင်ရင် ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ။ မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသား ၇၁ ဦး ရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာ သင်ကြားနေတဲ့ ကျောင်းသား ၇၉ ဦး ရှိပါတယ်။ အဲဒီ မျက်မမြင် ကျောင်းသားတွေ ဖတ်နိုင်အောင်လို့ စီမံထားတဲ့ မျက်မမြင်စာအုပ်တွေ ရှိပေမဲ့ […]


Zaw WonnaAugust 29, 20101min35511
အထက်မြန်မာပြည်တွင် မွန်တို့ အရေးနိမ့်ပြီးနောက် အလောင်းဘုရားသည် မြန်မာပြည်တောင်ပိုင်းသို့ တိုင်အောင် ဆက်လက်ချီတက် တိုက်ခိုက်ကာ ၁၇၅၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနှစ် မေလတွင် မွန် တံငါရွာငယ် တစ်ခုဖြစ်သော ဒဂုံသို့ ဝင်ရောက်ခဲ့သည်။ မွန်တို့သည် ဒဂုံကို ကာကွယ်ရန် မကြိုးပမ်းသောကြောင့် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်း မရှိ၍  ဒဂုံသည် စစ်ဘေးဒါဏ်မှ ကင်းလွတ်ခဲ့သည်။ သို့သော် မွန်တို့ အနေဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွင် အရေးပါသော ရှုံးနိမ့်မှု တစ်ခုမဟုတ်ခဲ့ပေ။ ထိုနောက်ပိုင်းတွင် ဒဂုံသည် စစ်ဆင်ရေးအတွက် အကောင်းဆုံးသော ဒေသ ဖြစ်လာခဲ့သည်။ ပဲခူးနှင့် သန်လျင်တို့တွင် မွန်တို့ အခြေတကျ နေရာယူထားသည့်အတွက် အလောင်းဘုရားသည် ဒဂုံကို စစ်ဌာနချုပ်အဖြစ် ပြုလုပ်ကာ တစ်ဘက်ကမ်းမှ သန်လျင်ကို […]


Zaw WonnaAugust 24, 20101min1161
အခုတစ်လော အင်္ဂလိပ် ဝေါဟာရတွေကို မြန်မာမှုပြုသင့်၊ မပြုသင့် ဆိုတာနဲ့ ပတ်သက်ပြီး မကြာမကြာ ကြားနေရတဲ့အတွက် စဉ်းစားမိတာလေးတွေပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဆောင်းပါးတစ်ခု ဖတ်မိပါတယ်။ ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဘာသာပြန် ဆောင်းပါးလို့ ထင်ပါတယ်။ အဲဒီဆောင်းပါးမှာ စာရေးသူက Software ကို “အပျော့ထည်”၊ Hardware ကို “အမာထည်”  စသဖြင့် ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ အားလုံးကို မြန်မာလို ရေးထားတာပါ။ ပြီးတော့မှ အညွှန်းတွေတပ်ပြီး အောက်မှာ မူရင်း အင်္ဂလိပ်ဝေါဟာရကို ဖော်ပြထားပါတယ်။ အဲဒီ ဆောင်းပါးကို စဖတ်ဖတ်ချင်းတော့ ဘာအကြောင်းအရာကို ရေးထားမှန်းကို ရုတ်တရက် မသိနိုင်တာ အမှန်ပါ။ ကိုယ် ရင်းနှီးနေတဲ့ စကားလုံးတွေ မဟုတ်တာကြောင့်ပါ။ […]


Zaw WonnaAugust 23, 20101min1874
ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့သည့် ပန်းချီကားများအနက်မှ  ဒေါ်လာ သန်း ၅ဝ ခန့် တန်ကြေးရှိသည့်  “Poppy Flowers” နှင့် “Vase of Flowers” ဟု ထင်ရှားသော ပန်းချီကားမှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ပြတိုက်တစ်ခုမှ ပြီးခဲ့သော စနေနေ့က ခိုးယူခြင်း ခံခဲ့ရသည်။ ပန်းချီကား ခိုးယူခြင်း ခံရသော Khalil ပြတိုက်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ ၄၃ လုံးတွင် ရ လုံးခန့်သာ အလုပ်လုပ်ပြီး မည်သည့် အချက်ပေးမှုမှ မရှိခဲ့ဟု အီဂျစ်နိုင်ငံမှ ထိပ်တန်း အစိုးရရှေ့နေ တစ်ဦးဖြစ်သူ Abdel Meguid Mahmud က ပြောကြားခဲ့သည်။ အီဂျစ် ယဉ်ကျေးမှု ဝန်ကြီး ဖြစ်သူ၏ […]


Zaw WonnaAugust 17, 20101min970
ယမန်နေ့က မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူး ရှိ အီလက်ထရောနစ်ပစ္စည်း စက်ရုံတစ်ရုံတွင် လုပ်ဖော်ကိုင်ဖက် အလုပ်သမား တစ်ယောက် သေဆုံးမှုကြောင့် နိုင်ငံခြားသား အလုပ်သမား ၅၀၀ဝ ခန့် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ မနက် ရ နာရီလောက် အလုပ်သမား ရပ်ကွက် အနီးတွင် ဖြစ်ပွားသော ဆန္ဒပြပွဲတွင် ဗီယက်နမ်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုး အလုပ်သမားများ ပါဝင်ခဲ့သည်။ ဆန္ဒပြသူများသည် တွေ့ရာပစ္စည်း များဖြင့် ပစ်ပေါက်ကြကာ အဓိကရုဏ်း အသွင် ဖြစ်ခဲ့သည်။ အလုပ်သမား သေဆုံးရခြင်းသည် အလုပ်ရှင်မှ ဆေးရုံတင် နောက်ကျသောကြောင့် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြသည်။ Federal Reserve Unit (FRU) နှင့် ရဲများ ရောက်ရှိလာသည် […]