Bill Gate ၏ လူမသိသေးသည ့်အချက် (9) ချက် ။ ( ဖတ်ကြည့်နော် ။ တကယ်ထူးခြားတဲ့ အကြောင်းတွေပါ ။

zaylayJune 18, 20101min1024

၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅ဝ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက်
ဒေါ်လာသန်း ၂ဝ ဝင်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။

၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင်
ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်
အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင်
ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။

၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။
အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀
နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။

၄။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော်
၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။

၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော
မိုက်ကယ်ဂျော်ဒန် ၂၂ရ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ဝင်ငွေသည်
ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိူင်မည်။

၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇
ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လိမ့်မည်။

၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက
ကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိူင်ပြီး အသွားအပြန် ၁၄ ကြိမ် စီတန်းနိူင်မည်။
ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀ဝ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇
လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။

၈။ အသက် ၉ဝ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသော
အသက်အရွယ်မှ မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင်
၆.၇၈ သန်း သုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိူင်ပေမည်။

၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည်
Microsoft Windows Error တက်စဉ်တိုင်း ( သို့မဟုတ် )
Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို
တောင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေဝါလီခံသွားရနိူင်ပေသည်။

4 comments

  • intro

    June 18, 2010 at 10:30 am

    ဟားဟား… တကယ်လား? သူက ခိုးကူးသမားတွေဆီက ၁ဝ ဒေါ်လာဆီပဲ ပြန်တောင်းရင်ရော… သူဘယ်လောက်ရသွားနိုင်သလဲ?

  • Thaw Zin Loikaw

    June 18, 2010 at 10:51 am

    မိုက်လှချည်လား…ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပဲ အလှူအတန်းလုပ်ကြည့်ပေးပါ Bill Gateရေ.။

  • Shwemannmay

    June 19, 2010 at 2:39 am

    ပာိ ကြိုက်သွားပီ

  • etone

    June 22, 2010 at 1:55 am

    အောက်ဆုံးအချက်ကတော့အမိုက်ဆုံးပဲ ။ 😀

Leave a Reply