အားလုံးပဲမင်္ဂလာပါဗျာ ကျနော်ဖိုးသစ္စာပါ password မေ့သွားလို့ ဖိုးမေတ္တာ လို့ ပြန်ဝင်လိုက်တာပါ သဂျီးကို မေးပို့ပြီး အကူအညီတောင်းဖို့ အကြံပေးပါတယ် ဒါပေမယ့် အလုပ်မရှုပ်စေချင်လို့ပါ ဖိုးမေတ္တာပဲခေါ်ခေါ် ဖိုးသစ္စာပဲခေါ်ခေါ် ကျနော်ပါ (အားလုံးအတွက်ခွင့်လွတ်ပေးပါဗျာ လို့ အရင်ဆုံးတောင်းပန်ပါရစေ) ကျနော်ရွာထဲမရောက်တာ အတော်လေးကြာခဲ့ပါပြီ ….. ထပ်မံတောင်းပန်ပါတယ်ဗျာ ကျနော်အမှတ်တရဆိုပြီး ခေါင်စဉ်လေးတပ်ထားပါတယ် ကျနော်တို့ ရွာသားတွေနဲ့အတူတူ သွားဖြစ်ခဲ့တဲ့ တွံတေးအောင်မင်္ဂလာမိဘမဲ့ဂေဟာကို ကျနော် အဖွဲ့တစ်ခုနဲ့ ပြီးခဲ့တဲ့စနေနေ့က ရောက်ရှိခဲ့ပါတယ် ဘုန်းတော်ကြီးများကိုဆွမ်းကပ်ခြင်း၊ ခလေးတွေကို နေ့လည်စာ ထမင်းတစ်နပ်ကျွေးခဲ့ကြပါတယ်။ ကျနော်ကတော့ တစ်နှစ်ကို သုံးခေါက်လောက်တော့ ရောက်ဖြစ်ပါတယ် တစ်ခါမှမရောက်ဘူးသူတွေလည်း ပါလာပါတယ် သူတို့ကို ကိုယ်သိသလောက် ကျောင်းနဲ့ပါတ်သက်လို့ ပြောပြပေးရင်း ကျနော်ဘုန်းကြီးကျောင်းအတွက် လုပ်ပေးချင်ခဲ့တာလေး တစ်ခုကို ပြောပြခဲ့ပါတယ်….. ဘုန်းတော်ကြီးကျောင်းကို အသက်အရွယ်ကြီးငယ်အစုံ၊ […]